မနက်ပိုင်း လူကျသောအချိန် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ရဲ့ ထောင့်စွန်းဝိုင်းလေးမှာထိုင်ကာ လက်ဖက်ရည်တခွက် မှာလိုက်တယ်။ ခဏကြာတော့ ဆိုင်ဝန်ထမ်းညီလေးက မှာထားတဲ့ လက်ဖက်ရည်တခွက်ကို လာချပေးရင်း ရုတ်တရက် လက်ချော်လွတ်ကျပြီး လက်ဖက်ရည်ခွက်က ကွဲသွားတယ်ဗျ။

ဆိုင်ထဲမှာ စားသုံးနေတဲ့ လူတွေအားလုံးရဲ့ မျက်လုံးတွေဟာ ဝန်ထမ်းကောင်လေးဆီ ရောက်လာကြတယ်။ ဝန်ထမ်းကောင်လေးက ကြောက်ကြောက်ရှက်ရှက် မျက်နှာဖြစ်နေတယ်။

ဆိုင်ရှင်ရဲ့သားဖြစ်သူက ဒီကောင်ကွာ သေချာမလုပ်ဘူးဆိုပြီး ငေါက်မယ် လုပ်တုန်း သူ့အဖေဖြစ်သူက သားဖြစ်သူကို ဆက်မပြောဖို့ လက်ကာပြရင်း နောက်တခွက်ယူခဲ့သားရေ ဆိုပြီး ဝန်ထမ်းကောင်လေးကို ပြုံးပြီးပြောလိုက်တယ်။

ဝန်ထမ်းကောင်လေးဟာ နောက်ထပ် လက်ဖက်ရည်တခွက်ကို ဂရုတစိုက်ယူလာရင်း လမ်းတဝက်မှာ ထပ်ပြီးလွတ်ကျကာ ကွဲပြန်တယ်။ ကောင်လေးက ဒီတခါတော့ အငေါက်ခံရမှာ သေချာသွားပြီ ဆိုတဲ့အတွေးနဲ့ မျက်နှာလေး ညှိုးငယ်နေရှာတယ်။

ဆိုင်ပိုင်ရှင်ရဲ့သားက ဝန်ထမ်းကောင်လေးကို ငေါက်ဖို့ ဟန်ပြင်တုန်း အဖေဖြစ်သူက သားဖြစ်သူကို လက်ကာပြပြီး တားပြန်တယ်။ ကွဲသွားတာ ဘယ်တတ်နိုင်မလဲ သားရ နောက်တခွက် ထပ်ယူခဲ့ပေါ့ ဆိုပြီး ဆိုင်ရှင်ဦးလေးက ပြောလိုက်တယ်။

ဒီတခါတော့ ဆိုင်ထဲက စားသုံးသူတွေဟာ ဝန်ထမ်းကောင်လေးထက် ဆိုင်ရှင်ဦးလေးကြီးကို ပိုပြီး စိတ်ဝင်စားနေကြတယ်ဗျ။ ထိုစဉ် ဝန်ထမ်းကောင်လေးက လက်ဖက်ရည်နောက်တခွက် ထပ်ချပေးတယ်။ ဒီတခါတော့ လွတ်မကျတော့ဘူး အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ ကောင်လေးမျက်နှာလေးက သိပ်တော့ မကောင်းရှာဘူး။

ဆိုင်ရှင်ဦးလေးကြီးက ဝန်ထမ်းကောင်လေးပုခုံးကို ဖက်ပြီးတော့ "စိတ်ထဲသိပ်မထားပါနဲ့ သားရ။ ဒါသင်ခန်းစာပဲကွ။ လူ့ဘဝမှာလည်း ဒီလိုပဲ တခါတလေ မထင်မှတ်ပဲ မှားတတ်ကြတယ်။ တခါတလေ မှားမှာကြောက်လို့ ဂရုစိုက်နေရင်းကြားက အမှားလုပ်မိသွားတာလည်း ရှိတယ်။ အရေးကြီးဆုံးက ရည်ရွယ်ချက်ရှိရှိနဲ့ အမှားမလုပ်မိဖို့ပဲ" လို့ ပြောပြီး ကောင်လေးကို လုပ်စရာရှိတာလုပ်ဖို့ စိတ်ထဲဘာမှမထားဖို့ ပြောပြီး ကောင်လေးကို သွားခိုင်းလိုက်တယ်။

ခဏနေတော့ ဆိုင်ရှင်ဦးလေးကြီးက သူ့သားကိုခေါ်ပြီး စကားပြောတယ်။ "မနက်ကတည်းက ဝန်ထမ်းကောင်လေးဟာ မနားတမ်း အလုပ်လုပ်နေရတာ သူလည်း ပင်ပန်းနေရောပေါ့။ ကိုယ့်ဆိုင်ရဲ့ဝန်ထမ်းဟာ ကိုယ့်မိသားစုပဲ။ တခုခုဖြစ်ရင် အဖေတို့က ကိုယ့်ဝန်ထမ်းဘက်က ကာကွယ်ပေးရမယ်။ မနက်ကတည်းက သူကောင်းကောင်း အလုပ်လုပ်နေတာ ဒီတခါပဲ မှားတာပါ။

လူတွေဟာ မွေးရာပါ အဆိုးမြင်စိတ် ရှိကြတယ် ငါ့သားရ။ လက်ခုပ်တီးဖို့ထက် လက်ညှိုးထိုးဖို့ ပိုပြီးစိတ်အားထက်သန်ကြတယ်။ လူတွေဟာ အကောင်းတွေ အများကြီးကြားက အဆိုးတွေကို ရွေးပြီးမြင်တတ်ကြပေမဲ့ အဆိုးတွေကြားက အကောင်းတွေကိုတော့ မသိချင်ယောင် ဆောင်နေတတ်ကြတယ်။

အဆိုးတွေ အများကြီးကြားက အကောင်းကို ရွေးပြီးမြင်တတ်အောင် ကြိုးစားပါ။ ကောင်းမွန်တဲ့ လုပ်ရပ်တွေအတွက် လက်ခုပ်တီးဖို့ ဝန်မလေးပါနဲ့ သားရေ" ဆိုပြီး အဖေဖြစ်သူက သားဖြစ်သူကို ဆုံးမစကား ပြောနေတယ်။

ဒီအဖြစ်အပျက်တွေကို ကြည့်ရင်း အေးနေတဲ့ ကျနော့်ရှေ့က လက်ဖက်ရည်ခွက်ကို တကျိုက်တည်း အပြီးမော့လိုက်တယ်။ လက်ဖက်ရည်ရဲ့ အရသာက လူကြီးလူကောင်း ဆန်လိုက်တာဗျာ။ သီဟနိုင်

Zawgyi

အဆိုးေတြၾကားက အေကာင္း

မနက္ပိုင္း လူက်ေသာအခ်ိန္ ျဖစ္သည္။ လက္ဖက္ရည္ဆိုင္ရဲ႕ ေထာင့္စြန္းဝိုင္းေလးမွာထိုင္ကာ လက္ဖက္ရည္တခြက္ မွာလိုက္တယ္။ ခဏၾကာေတာ့ ဆိုင္ဝန္ထမ္းညီေလးက မွာထားတဲ့ လက္ဖက္ရည္တခြက္ကို လာခ်ေပးရင္း ႐ုတ္တရက္ လက္ေခ်ာ္လြတ္က်ၿပီး လက္ဖက္ရည္ခြက္က ကြဲသြားတယ္ဗ်။

ဆိုင္ထဲမွာ စားသုံးေနတဲ့ လူေတြအားလုံးရဲ႕ မ်က္လုံးေတြဟာ ဝန္ထမ္းေကာင္ေလးဆီ ေရာက္လာၾကတယ္။ ဝန္ထမ္းေကာင္ေလးက ေၾကာက္ေၾကာက္ရွက္ရွက္ မ်က္ႏွာျဖစ္ေနတယ္။

ဆိုင္ရွင္ရဲ႕သားျဖစ္သူက ဒီေကာင္ကြာ ေသခ်ာမလုပ္ဘူးဆိုၿပီး ေငါက္မယ္ လုပ္တုန္း သူ႔အေဖျဖစ္သူက သားျဖစ္သူကို ဆက္မေျပာဖို႔ လက္ကာျပရင္း ေနာက္တခြက္ယူခဲ့သားေရ ဆိုၿပီး ဝန္ထမ္းေကာင္ေလးကို ၿပဳံးၿပီးေျပာလိုက္တယ္။

ဝန္ထမ္းေကာင္ေလးဟာ ေနာက္ထပ္ လက္ဖက္ရည္တခြက္ကို ဂ႐ုတစိုက္ယူလာရင္း လမ္းတဝက္မွာ ထပ္ၿပီးလြတ္က်ကာ ကြဲျပန္တယ္။ ေကာင္ေလးက ဒီတခါေတာ့ အေငါက္ခံရမွာ ေသခ်ာသြားၿပီ ဆိုတဲ့အေတြးနဲ႔ မ်က္ႏွာေလး ညႇိဳးငယ္ေနရွာတယ္။

ဆိုင္ပိုင္ရွင္ရဲ႕သားက ဝန္ထမ္းေကာင္ေလးကို ေငါက္ဖို႔ ဟန္ျပင္တုန္း အေဖျဖစ္သူက သားျဖစ္သူကို လက္ကာျပၿပီး တားျပန္တယ္။ ကြဲသြားတာ ဘယ္တတ္ႏိုင္မလဲ သားရ ေနာက္တခြက္ ထပ္ယူခဲ့ေပါ့ ဆိုၿပီး ဆိုင္ရွင္ဦးေလးက ေျပာလိုက္တယ္။

ဒီတခါေတာ့ ဆိုင္ထဲက စားသုံးသူေတြဟာ ဝန္ထမ္းေကာင္ေလးထက္ ဆိုင္ရွင္ဦးေလးႀကီးကို ပိုၿပီး စိတ္ဝင္စားေနၾကတယ္ဗ်။ ထိုစဥ္ ဝန္ထမ္းေကာင္ေလးက လက္ဖက္ရည္ေနာက္တခြက္ ထပ္ခ်ေပးတယ္။ ဒီတခါေတာ့ လြတ္မက်ေတာ့ဘူး ေအးေအးေဆးေဆးပဲ။ ဒါေပမဲ့ ေကာင္ေလးမ်က္ႏွာေလးက သိပ္ေတာ့ မေကာင္းရွာဘူး။

ဆိုင္ရွင္ဦးေလးႀကီးက ဝန္ထမ္းေကာင္ေလးပုခုံးကို ဖက္ၿပီးေတာ့ "စိတ္ထဲသိပ္မထားပါနဲ႔ သားရ။ ဒါသင္ခန္းစာပဲကြ။ လူ႔ဘဝမွာလည္း ဒီလိုပဲ တခါတေလ မထင္မွတ္ပဲ မွားတတ္ၾကတယ္။ တခါတေလ မွားမွာေၾကာက္လို႔ ဂ႐ုစိုက္ေနရင္းၾကားက အမွားလုပ္မိသြားတာလည္း ရွိတယ္။ အေရးႀကီးဆုံးက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ အမွားမလုပ္မိဖို႔ပဲ" လို႔ ေျပာၿပီး ေကာင္ေလးကို လုပ္စရာရွိတာလုပ္ဖို႔ စိတ္ထဲဘာမွမထားဖို႔ ေျပာၿပီး ေကာင္ေလးကို သြားခိုင္းလိုက္တယ္။

ခဏေနေတာ့ ဆိုင္ရွင္ဦးေလးႀကီးက သူ႔သားကိုေခၚၿပီး စကားေျပာတယ္။ "မနက္ကတည္းက ဝန္ထမ္းေကာင္ေလးဟာ မနားတမ္း အလုပ္လုပ္ေနရတာ သူလည္း ပင္ပန္းေနေရာေပါ့။ ကိုယ့္ဆိုင္ရဲ႕ဝန္ထမ္းဟာ ကိုယ့္မိသားစုပဲ။ တခုခုျဖစ္ရင္ အေဖတို႔က ကိုယ့္ဝန္ထမ္းဘက္က ကာကြယ္ေပးရမယ္။ မနက္ကတည္းက သူေကာင္းေကာင္း အလုပ္လုပ္ေနတာ ဒီတခါပဲ မွားတာပါ။

လူေတြဟာ ေမြးရာပါ အဆိုးျမင္စိတ္ ရွိၾကတယ္ ငါ့သားရ။ လက္ခုပ္တီးဖို႔ထက္ လက္ညႇိဳးထိုးဖို႔ ပိုၿပီးစိတ္အားထက္သန္ၾကတယ္။ လူေတြဟာ အေကာင္းေတြ အမ်ားႀကီးၾကားက အဆိုးေတြကို ေ႐ြးၿပီးျမင္တတ္ၾကေပမဲ့ အဆိုးေတြၾကားက အေကာင္းေတြကိုေတာ့ မသိခ်င္ေယာင္ ေဆာင္ေနတတ္ၾကတယ္။

အဆိုးေတြ အမ်ားႀကီးၾကားက အေကာင္းကို ေ႐ြးၿပီးျမင္တတ္ေအာင္ ႀကိဳးစားပါ။ ေကာင္းမြန္တဲ့ လုပ္ရပ္ေတြအတြက္ လက္ခုပ္တီးဖို႔ ဝန္မေလးပါနဲ႔ သားေရ" ဆိုၿပီး အေဖျဖစ္သူက သားျဖစ္သူကို ဆုံးမစကား ေျပာေနတယ္။

ဒီအျဖစ္အပ်က္ေတြကို ၾကည့္ရင္း ေအးေနတဲ့ က်ေနာ့္ေရွ႕က လက္ဖက္ရည္ခြက္ကို တက်ိဳက္တည္း အၿပီးေမာ့လိုက္တယ္။ လက္ဖက္ရည္ရဲ႕ အရသာက လူႀကီးလူေကာင္း ဆန္လိုက္တာဗ်ာ။ သီဟႏိုင္