ရောင်ပြန်ဟပ်တဲ့ ကျောက်တုံးကို နေရောင် ထိုးတော့ ချက်ချင်း ပြေးပြီး ဦးချတယ်။ ထင်းခုတ်ရင်း ပင်စည်က သူ့သဘာဝနဲ့ သူ အကွက် ပေါ်လာတာ ကိုလည်း အိမ်ထိ ယူသွားပြီး ဦးချတယ်။ လွင့်ချင်ရာ လွင့်တဲ့ တိမ်က ကြည့်တဲ့သူ အမြင်မှာ ပေါ်ချင်တဲ့ပုံ ပေါ်တာကိုလည်း မော့ကြည့်ပြီး လက်အုပ်ချီတယ်။ တောင်တလုံး တွေ့ရင်လည်း အပြေးလေး တက်ပြီး ဘုရား တည်လိုက် ရမှ။

တနှစ်ပါတ်လုံး အမြတ်ကြီးစား၊ မတန်တဆ စီးပွားရေး လုပ်၊ ရှိတဲ့ ဝန်ထမ်း တွေကို နွားလိုခိုင်း၊ သန့်ရှင်းတဲ့ ဝင်ငွေလား ဘာလား ပြန်ပြီးတော့ သုံးသပ် မကြည့်ဘူး။ တနှစ် ဝင်သမျှ ဝင်ငွေရဲ့ ဆယ်ပုံ တပုံလောက် သုံးပြီး စတုဒီသာ ကျွေးသလိုလို အလှူလုပ် သလိုလို လုပ်လိုက်တာနဲ့ သူတော်ကောင်း ဖြစ်သွားပြီတဲ့။

အမျိုးတယောက် ဆေးကုဖို့ ငွေကြေး တသောင်းလာက် ထောက်ပံ့မယ့် အစား တသိန်းလောက် ဘုရားမှာ သွားလှူပြီး နေကောင်းပါစေလို့ ဆုတောင်းပေး နေချင်တဲ့ သူက တပုံကြီး။ (ဘုရားက ဘယ်အချိန် ကယ်မလဲ မသိ။ လောလောဆယ်တော့ ဟိုကလူက ဆေးဖိုး မတတ်နိုင်လို့ ဆေးတောင် မသောက်နိုင်)

ဘုရားဆင်းတုနားမှာ အေးပြီး ခြောက်သွေ့လို့ မြွေတွေ ဘာတွေများ ဝင်ခွေ မိရင် အဲ့မြွေက အလိုလို နတ်မြွေ၊ သူတော်ကောင်းမြွေ ဖြစ်ပြီ။ သူတော်ကောင်းမြွေ ဖြစ်လို့ အဲ့မြွေ ကံကောင်းပြီ မထင်နဲ့။ ပါးစပ်ကို အတင်း ဆွဲဖြဲပြီး နွားနို့တွေ လောင်းထည့်၊ ပြီးရင် အလှူခံ ပါပြီ။ ဘုရားစောင့်မြွေ အတွက် ကျွေးမွေး စရိတ် ဘာညာ အနေအထား။

(မယုံမရှိနဲ့ ဘုန်းကြီးကျောင်းတွေကို စည်းရုံး၊ မြွေ အကောင် ၅၀ ကျော် မွေးထားတဲ့ သူက ကောက်လို့ရတဲ့ အလှူငွေ အပေါ်မှာ ရှယ်ယာ တယောက် တဝက်စား စနစ်နဲ့ မြွေဘုရားတွေ မြန်မာပြည်မှာ အများကြီး။ မြွေက တနေ့ ဘာမီတွန် ၃ လုံးလောက် ပုံမှန် ကျွေးထား လိုက်ရင် ဘယ်ကိုမှ ထွက် မပြေးတော့ဘူး တဲ့။ ဘိန်းမှိန်းသလို ငြိမ်နေတာ။ သေသွားလည်း လုံးပတ်တူ အရွယ်တူ အရောင်တူက အဆင်သင့် ချက်ချင်း လဲပေးသတဲ့)

မနက်ဖြန် အလှူရှိရင် ဒီနေ့ ကတည်းက ချက်ရင်း ပြုတ်ရင်း တရပ်ကွက်လုံး ကြားအောင် မနောနဲ့ PSY တွေ အပီဖွင့်။ (အလဲ့၊ စဖွင့်တုန်း ကတော့ နမော နမော နမော နမောတဲ့။ ကြာလာတော့ နမော ကနေ မနော ဖြစ်သွားရော)

ဘယ်လောက် လှူလှူ ၂၀၀ လှူလည်း "အလှူ့ ဒါယကာကြီး ဘလာ ဘလာ မှ အလှူငွေ ၂၀၀ ကျပ်ကို စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့်" ဆိုပြီး မိုက်ကြီးနဲ့ ကျုံးအော်။ ပတ်ဝန်းကျင်မှာ နေမကောင်းတဲ့ သက်ကြီး ရွယ်အိုတွေ ရှိတာ မသိ။ အမျိုးဘာသာ သာသနာ အတွက် အထူးဟောမယ့် တရားပွဲကြီး၊ ဖြစ်မြောက်ရေး တာဝန်ခံ ကိုတင်မောင်။

ဆရာတော် ရောက်လာတော့ သွားပင့်ကြတာက မန်ယူအသင်း ဖလားရလို့ အောင်ပွဲ ခံလာသလား ထင်ရတယ်။ တဝူးဝူး တဝေးဝေးနဲ့။ တကယ်လည်း တရားပွဲ စရော စင်အောက်မှာ အမျိုးသမီးနဲ့ ကလေးတွေက ငုတ်တုတ်လေးတွေ လက်အုပ် ချီရင်း ငိုက်။ အမျိုးကောင်းသား များကတော့ အော်တိုမက်တစ် Security တွေ Guard တွေဖြစ်၊ ဆေးလိပ်လေးတွေ တဖွာဖွာ ကွမ်းလေး တပြစ်ပြစ်။

အိမ်မှာ ရှိတဲ့ ဘုရားစင်က ဆင်းတုတော်ထက် မန္တလေး ပုဂံညောင်ဦး ကျိုက်ထီးရိုးက ဘုရားဆင်းတု တွေက ပိုပြီး တန်ခိုးကြီး ပြီး ဆုတောင်း ပြည့်တယ်တဲ့။ ဟုတ်ပါပြီ။ ဘယ်နားမှာ ဘုရားတွေ့တွေ့ ပြေးပြီး ဦးချ။ ပြီးလည်း ပြီးရော ကျွန်တော့် Crush က အဖြေ အမြန် ပြန်ပေးပါစေ ဘုရားတဲ့။ ကောင်းမှုကဖြင့် မလုပ်ရ သေးဘူး။ ဘုရားကို လူမှုရေး အကျိုးတော်ဆောင်များ မှတ်နေသလား မသိ။ ကျွန်တော်မျိုး ဘာလိုချင်ပါသည် ဆိုတာက အရင်။

ဘုရားလောင်း မျောက်မင်းဘဝက ဘုရားလောင်း ဆင်မင်း ဘဝက ဘလာ ဘလာ Free style ရွတ်လည်း ဟုတ်မဟုတ် မသိ၊ ဘယ်ကျမ်း ဘယ်စာမှာ ပါ မပါ မသိ။ ဘုရားလို့သာ ပြောလိုက် အကုန် ယုံပြီ။ အသံမစဲ ပဋ္ဌာန်းပွဲ တဲ့။ ဘေးနားမှာ အိပ်ယာထဲ လဲနေတဲ့ လူမမာ ကိုမှ မညှာ။ အဲ့ဒီအချိန် ရောက်ပြီဆို အနားရှိတဲ့ အိမ် ၇ ရက် လုံးလုံး အိပ်ရေး ပျက်ပြီ။

နောက်ပြီး ဘုရားတရား ကိစ္စနဲ့ ပက်သက်ပြီး မရှင်းတာ မေးမေး ဝေဖန်တာ ပြောပြော ဘုရားတရားနဲ့ ပတ်သက်ပြီး မကောင်းတာ တခုခု ပြောမိရင် ပညာပါပါနဲ့ ပြန်ဖြေရှင်းမယ့် သူကို မမျှော်နဲ့။ ယောကျာ်းဆို ဖာခေါင်း၊ မိန်းမဆို ဖာသည် အော်တို အပြော ခံရပြီ။

ကိုယ်တကယ် သိစေချင်တာက ဘယ်ဘာသာ ဖြစ်ဖြစ် ဘုရားတရားကို စိတ်ထဲကနေ တကယ် လေးလေးစားစား ကြည်ကြည် ညိုညို ယုံကြည် ကိုးကွယ် ကြဖို့ပါ။ အပေါ်ယံ အလှူ ဘာညာ သာရကာ တွေနဲ့ ဟန် မလုပ်ကြပါနဲ့။ May Thri Kyaw

for zawgyi

အယူအဆ မမွားၾကေစဖို႔

ေရာင္ျပန္ဟပ္တဲ့ ေက်ာက္တုံးကို ေနေရာင္ ထိုးေတာ့ ခ်က္ခ်င္း ေျပးၿပီး ဦးခ်တယ္။ ထင္းခုတ္ရင္း ပင္စည္က သူ႔သဘာဝနဲ႔ သူ အကြက္ ေပၚလာတာ ကိုလည္း အိမ္ထိ ယူသြားၿပီး ဦးခ်တယ္။ လြင့္ခ်င္ရာ လြင့္တဲ့ တိမ္က ၾကည့္တဲ့သူ အျမင္မွာ ေပၚခ်င္တဲ့ပုံ ေပၚတာကိုလည္း ေမာ့ၾကည့္ၿပီး လက္အုပ္ခ်ီတယ္။ ေတာင္တလုံး ေတြ႕ရင္လည္း အေျပးေလး တက္ၿပီး ဘုရား တည္လိုက္ ရမွ။

တႏွစ္ပါတ္လုံး အျမတ္ႀကီးစား၊ မတန္တဆ စီးပြားေရး လုပ္၊ ရွိတဲ့ ဝန္ထမ္း ေတြကို ႏြားလိုခိုင္း၊ သန႔္ရွင္းတဲ့ ဝင္ေငြလား ဘာလား ျပန္ၿပီးေတာ့ သုံးသပ္ မၾကည့္ဘူး။ တႏွစ္ ဝင္သမွ် ဝင္ေငြရဲ႕ ဆယ္ပုံ တပုံေလာက္ သုံးၿပီး စတုဒီသာ ေကြၽးသလိုလို အလႉလုပ္ သလိုလို လုပ္လိုက္တာနဲ႔ သူေတာ္ေကာင္း ျဖစ္သြားၿပီတဲ့။

အမ်ိဳးတေယာက္ ေဆးကုဖို႔ ေငြေၾကး တေသာင္းလာက္ ေထာက္ပံ့မယ့္ အစား တသိန္းေလာက္ ဘုရားမွာ သြားလႉၿပီး ေနေကာင္းပါေစလို႔ ဆုေတာင္းေပး ေနခ်င္တဲ့ သူက တပုံႀကီး။ (ဘုရားက ဘယ္အခ်ိန္ ကယ္မလဲ မသိ။ ေလာေလာဆယ္ေတာ့ ဟိုကလူက ေဆးဖိုး မတတ္ႏိုင္လို႔ ေဆးေတာင္ မေသာက္ႏိုင္)

ဘုရားဆင္းတုနားမွာ ေအးၿပီး ေျခာက္ေသြ႕လို႔ ေႁမြေတြ ဘာေတြမ်ား ဝင္ေခြ မိရင္ အဲ့ေႁမြက အလိုလို နတ္ေႁမြ၊ သူေတာ္ေကာင္းေႁမြ ျဖစ္ၿပီ။ သူေတာ္ေကာင္းေႁမြ ျဖစ္လို႔ အဲ့ေႁမြ ကံေကာင္းၿပီ မထင္နဲ႔။ ပါးစပ္ကို အတင္း ဆြဲၿဖဲၿပီး ႏြားႏို႔ေတြ ေလာင္းထည့္၊ ၿပီးရင္ အလႉခံ ပါၿပီ။ ဘုရားေစာင့္ေႁမြ အတြက္ ေကြၽးေမြး စရိတ္ ဘာညာ အေနအထား။

(မယုံမရွိနဲ႔ ဘုန္းႀကီးေက်ာင္းေတြကို စည္း႐ုံး၊ ေႁမြ အေကာင္ ၅၀ ေက်ာ္ ေမြးထားတဲ့ သူက ေကာက္လို႔ရတဲ့ အလႉေငြ အေပၚမွာ ရွယ္ယာ တေယာက္ တဝက္စား စနစ္နဲ႔ ေႁမြဘုရားေတြ ျမန္မာျပည္မွာ အမ်ားႀကီး။ ေႁမြက တေန႔ ဘာမီတြန္ ၃ လုံးေလာက္ ပုံမွန္ ေကြၽးထား လိုက္ရင္ ဘယ္ကိုမွ ထြက္ မေျပးေတာ့ဘူး တဲ့။ ဘိန္းမွိန္းသလို ၿငိမ္ေနတာ။ ေသသြားလည္း လုံးပတ္တူ အ႐ြယ္တူ အေရာင္တူက အဆင္သင့္ ခ်က္ခ်င္း လဲေပးသတဲ့)

မနက္ျဖန္ အလႉရွိရင္ ဒီေန႔ ကတည္းက ခ်က္ရင္း ျပဳတ္ရင္း တရပ္ကြက္လုံး ၾကားေအာင္ မေနာနဲ႔ PSY ေတြ အပီဖြင့္။ (အလဲ့၊ စဖြင့္တုန္း ကေတာ့ နေမာ နေမာ နေမာ နေမာတဲ့။ ၾကာလာေတာ့ နေမာ ကေန မေနာ ျဖစ္သြားေရာ)

ဘယ္ေလာက္ လႉလႉ ၂၀၀ လႉလည္း "အလႉ႔ ဒါယကာႀကီး ဘလာ ဘလာ မွ အလႉေငြ ၂၀၀ က်ပ္ကို ေစတနာ သဒၵါတရား ထက္သန္စြာျဖင့္" ဆိုၿပီး မိုက္ႀကီးနဲ႔ က်ဳံးေအာ္။ ပတ္ဝန္းက်င္မွာ ေနမေကာင္းတဲ့ သက္ႀကီး ႐ြယ္အိုေတြ ရွိတာ မသိ။ အမ်ိဳးဘာသာ သာသနာ အတြက္ အထူးေဟာမယ့္ တရားပြဲႀကီး၊ ျဖစ္ေျမာက္ေရး တာဝန္ခံ ကိုတင္ေမာင္။

ဆရာေတာ္ ေရာက္လာေတာ့ သြားပင့္ၾကတာက မန္ယူအသင္း ဖလားရလို႔ ေအာင္ပြဲ ခံလာသလား ထင္ရတယ္။ တဝူးဝူး တေဝးေဝးနဲ႔။ တကယ္လည္း တရားပြဲ စေရာ စင္ေအာက္မွာ အမ်ိဳးသမီးနဲ႔ ကေလးေတြက ငုတ္တုတ္ေလးေတြ လက္အုပ္ ခ်ီရင္း ငိုက္။ အမ်ိဳးေကာင္းသား မ်ားကေတာ့ ေအာ္တိုမက္တစ္ Security ေတြ Guard ေတြျဖစ္၊ ေဆးလိပ္ေလးေတြ တဖြာဖြာ ကြမ္းေလး တျပစ္ျပစ္။

အိမ္မွာ ရွိတဲ့ ဘုရားစင္က ဆင္းတုေတာ္ထက္ မႏၲေလး ပုဂံေညာင္ဦး က်ိဳက္ထီး႐ိုးက ဘုရားဆင္းတု ေတြက ပိုၿပီး တန္ခိုးႀကီး ၿပီး ဆုေတာင္း ျပည့္တယ္တဲ့။ ဟုတ္ပါၿပီ။ ဘယ္နားမွာ ဘုရားေတြ႕ေတြ႕ ေျပးၿပီး ဦးခ်။ ၿပီးလည္း ၿပီးေရာ ကြၽန္ေတာ့္ Crush က အေျဖ အျမန္ ျပန္ေပးပါေစ ဘုရားတဲ့။ ေကာင္းမႈကျဖင့္ မလုပ္ရ ေသးဘူး။ ဘုရားကို လူမႈေရး အက်ိဳးေတာ္ေဆာင္မ်ား မွတ္ေနသလား မသိ။ ကြၽန္ေတာ္မ်ိဳး ဘာလိုခ်င္ပါသည္ ဆိုတာက အရင္။

ဘုရားေလာင္း ေမ်ာက္မင္းဘဝက ဘုရားေလာင္း ဆင္မင္း ဘဝက ဘလာ ဘလာ Free style ႐ြတ္လည္း ဟုတ္မဟုတ္ မသိ၊ ဘယ္က်မ္း ဘယ္စာမွာ ပါ မပါ မသိ။ ဘုရားလို႔သာ ေျပာလိုက္ အကုန္ ယုံၿပီ။ အသံမစဲ ပ႒ာန္းပြဲ တဲ့။ ေဘးနားမွာ အိပ္ယာထဲ လဲေနတဲ့ လူမမာ ကိုမွ မညႇာ။ အဲ့ဒီအခ်ိန္ ေရာက္ၿပီဆို အနားရွိတဲ့ အိမ္ ၇ ရက္ လုံးလုံး အိပ္ေရး ပ်က္ၿပီ။

ေနာက္ၿပီး ဘုရားတရား ကိစၥနဲ႔ ပက္သက္ၿပီး မရွင္းတာ ေမးေမး ေဝဖန္တာ ေျပာေျပာ ဘုရားတရားနဲ႔ ပတ္သက္ၿပီး မေကာင္းတာ တခုခု ေျပာမိရင္ ပညာပါပါနဲ႔ ျပန္ေျဖရွင္းမယ့္ သူကို မေမွ်ာ္နဲ႔။ ေယာက်ာ္းဆို ဖာေခါင္း၊ မိန္းမဆို ဖာသည္ ေအာ္တို အေျပာ ခံရၿပီ။

ကိုယ္တကယ္ သိေစခ်င္တာက ဘယ္ဘာသာ ျဖစ္ျဖစ္ ဘုရားတရားကို စိတ္ထဲကေန တကယ္ ေလးေလးစားစား ၾကည္ၾကည္ ညိဳညိဳ ယုံၾကည္ ကိုးကြယ္ ၾကဖို႔ပါ။ အေပၚယံ အလႉ ဘာညာ သာရကာ ေတြနဲ႔ ဟန္ မလုပ္ၾကပါနဲ႔။ May Thri Kyaw