လူအများစုဟာ alarm ပေးပြီးရင် ချက်ချင်း မထကြ သေးပါဘူး။ Snooze ကို ၃ ခါ ၄ ခါလောက် နှိပ်ပြီးမှ ထကြပါတယ်။ တစ်ခါတရံ ဆိုရင်တော့ ပြဿနာမရှိပေမယ့် နေ့စဉ် alarm မှာ snooze ပေးထားရင် ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

၁။ အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေခြင်း

သင်တကယ် မထသေးခင် နှစ်နာရီ အလိုမှာ သင့်ခန္ဓာကိုယ်က တစ်နေ့တာကို စတင်ဖို့ ပြင်ဆင်ပါတယ်။ ကိုယ်အပူချိန် မြင့်လာပြီး သင်နိုးလာစေဖို့ ခန္ဓာကိုယ်က ဓါတုပစ္စည်းတွေ ထုတ်လွှတ်ပါတယ်။ သင်က အရင်ဆုံး နှိုးစက်အသံကို ကြားရင် သင့်ခန္ဓာကိုယ်က ထဖို့အတွက် ကောင်းကောင်း ပြင်ဆင်ပြီးသွားပါပြီ။ ဒါပေမယ့် သင်က မထသေးဘဲ snooze ကို နှိပ်လိုက်ရင် သင့်တစ်နေ့တာလုံး အိပ်ချင်မူးတူး ဖြစ်နေမှာပါ။

၂။ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း

Alarm မှာ ပါတဲ့ snooze ကို နှိပ်လိုက်ရင် သင့်ရဲ့အိပ်ချိန်ပိုရမယ်၊ ပိုပြီးအားအင် ပြည့်မယ်လို့ ထင်နေပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ လူပေါင်း ၂၀၀၀၀ကို စစ်တမ်းကောက်ကြည့်အခါ alarm မြည်တာနဲ့ ချက်ချင်း မထဘဲ ခဏတာ ပြန်အိပ်တတ်သူတွေက တစ်နေကုန် ပင်ပန်းနေကြောင်းကို တွေ့ရပါတယ်။

၃။ ကျန်းမာရေးကို ထိခိုက်စေခြင်း

ခန္ဓာကိုယ်က သင့်ရဲ့ပုံမှန်ထနေကျ အချိန်ကို သိပါတယ်။ ခဏလေး ထပ်အိပ်ချင်သေးလို့ snooze ကို နှိပ်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းက နာရီက ရှုပ်ထွေးသွားပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ သင်က ဘယ်အချိန်မှာ အိပ်ပြီး ဘယ်အချိန်မှာ ထမယ်လို့ ခန္ဓာကိုယ်က သေချာမသိတော့တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဇီဝကမ္မဖြစ်စဉ် ကမောက်ကမ ဖြစ်သွားပြီး ကိုယ်အလေးချိန်လည်း တိုးလာမှာပါ။

၄။ အသားအရေက အထိမခံ ဖြစ်လာခြင်း

သင့်အသားအရေကို ဂရုစိုက်တယ် ဆိုရင် အိပ်ရေးဝဝ အိပ်ဖို့ လိုပါတယ်။ Snooze ပေးထားပြီး အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေ တိုးလာပြီး အဆီဖုတွေ ပိုထွက်တာ၊ ဝက်ခြံတွေ ပိုပွားလာတာ ကြုံတွေ့ရမှာပါ။

၅။ ကိုယ်ခံအားစနစ်ကို ထိခိုက်စေခြင်း

နည်းနည်းလေး ပိုအိပ်ရမယ်အထင်နဲ့ snooze လုပ်တာကြောင့် သင့်ရဲ့ကိုယ်ခံအားတွေ မကြာခဏ နည်းလာတာ တွေ့ရမှာပါ။ အိပ်နေရင်း ခဏခဏ နိုးလာတာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်တွေကို တိုက်မထုတ်ပေးနိုင်တော့ပါဘူး။

၆။ ရာသီစက်ဝန်းကို ထိခိုက်စေခြင်း

နေ့စဉ် alarm ပေးထားပြီး snoozeကို နှိပ်ပြီး ပြန်အိပ်တဲ့အခါ အိပ်စက်မှုစက်ဝန်း ကမောက်ကမ ဖြစ်လာပါတယ်။ အဲဒီကနေ မျိုးပွားဟော်မုန်းတွေကို ထိခိုက်စေပြီး ရာသီချိန် မမှန်တာ ကြုံတွေ့ရမှာပါ။

Alarm ပေးပြီး ပြန်အိပ်တတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ။

- တက်တက်ကြွကြွနေပါ။ ကိုယ်လက်လှုပ်ရှား နေတတ်သူတွေက alarm ပေးပြီးရင် snooze ကို နှိပ်ပြီး ပြန်မအိပ်ကြပါဘူး။ တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်တတ်တဲ့ အကျင့်ရသွားရင် snooze နှိပ်တဲ့အကျင့်လည်း ပျောက်သွားပါတယ်။

- Alarmကို ကိုယ့်ရဲ့အိပ်ခန်းထဲမှာ မထားဘဲ တခြားအခန်းမှာ ထားပြီး အသံကျယ်ကျယ် ပေးထားပါ။ ရှေးဟောင်းနာရီတွေမှာ snooze မပါတာကြောင့် ပိုပြီး အဆင်ပြေပါတယ်။

- မနက်အလင်းရောင်ရတဲ့ နေရာမှာ အိပ်ပါ။ မနက်နေရောင်ခြည်ကလည်း အကောင်းဆုံး နှိုးစက်ပါ။

- Snooze မပါတဲ့ နာရီကို ဝယ်ပါ။ သင့်နာရီမှာ snooze မပါရင် သင်လည်း ပြန်အိပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဖုန်းနဲ့ alarm ပေးတာကလည်း snooze ပါတာကြောင့် ဖုန်းနဲ့ alarm မပေးသင့်ပါဘူး။

Zombie (Lovemedia)

for zawgyi

Alarm ေပးၿပီး မထဘဲျပန္အိပ္ေနရင္ ရလာမယ့္ က်န္းမာေရးျဖစ္စဥ္ (၆) ခု

လူအမ်ားစုဟာ alarm ေပးၿပီးရင္ ခ်က္ခ်င္း မထၾကေသးပါဘူး။ Snooze ကို ၃ ခါ ၄ ခါေလာက္ ႏွိပ္ၿပီးမွ ထၾကပါတယ္။ တစ္ခါတရံ ဆိုရင္ေတာ့ ျပႆနာမရွိေပမယ့္ ေန႔စဥ္ alarm မွာ snooze ေပးထားရင္ က်န္းမာေရးကို ထိခိုက္လာေစပါတယ္။

၁။ အိပ္စက္မႈစက္ဝန္းကို ထိခိုက္ေစျခင္း

သင္တကယ္ မထေသးခင္ ႏွစ္နာရီ အလိုမွာ သင့္ခႏၶာကိုယ္က တစ္ေန႔တာကို စတင္ဖို႔ ျပင္ဆင္ပါတယ္။ ကိုယ္အပူခ်ိန္ ျမင့္လာၿပီး သင္ႏိုးလာေစဖို႔ ခႏၶာကိုယ္က ဓါတုပစၥည္းေတြ ထုတ္လႊတ္ပါတယ္။ သင္က အရင္ဆုံး ႏႈိးစက္အသံကို ၾကားရင္ သင့္ခႏၶာကိုယ္က ထဖို႔အတြက္ ေကာင္းေကာင္း ျပင္ဆင္ၿပီးသြားပါၿပီ။ ဒါေပမယ့္ သင္က မထေသးဘဲ snooze ကို ႏွိပ္လိုက္ရင္ သင့္တစ္ေန႔တာလုံး အိပ္ခ်င္မူးတူး ျဖစ္ေနမွာပါ။

၂။ တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္ေနျခင္း

Alarm မွာ ပါတဲ့ snooze ကို ႏွိပ္လိုက္ရင္ သင့္ရဲ႕အိပ္ခ်ိန္ပိုရမယ္၊ ပိုၿပီးအားအင္ ျပည့္မယ္လို႔ ထင္ေနပါလိမ့္မယ္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ အဲဒီလိုမဟုတ္ပါဘူး။ လူေပါင္း ၂၀၀၀၀ကို စစ္တမ္းေကာက္ၾကည့္အခါ alarm ျမည္တာနဲ႔ ခ်က္ခ်င္း မထဘဲ ခဏတာ ျပန္အိပ္တတ္သူေတြက တစ္ေနကုန္ ပင္ပန္းေနေၾကာင္းကို ေတြ႕ရပါတယ္။

၃။ က်န္းမာေရးကို ထိခိုက္ေစျခင္း

ခႏၶာကိုယ္က သင့္ရဲ႕ပုံမွန္ထေနက် အခ်ိန္ကို သိပါတယ္။ ခဏေလး ထပ္အိပ္ခ်င္ေသးလို႔ snooze ကို ႏွိပ္လိုက္တဲ့အခါ ခႏၶာကိုယ္တြင္းက နာရီက ရႈပ္ေထြးသြားၿပီး အိပ္စက္မႈကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ သင္က ဘယ္အခ်ိန္မွာ အိပ္ၿပီး ဘယ္အခ်ိန္မွာ ထမယ္လို႔ ခႏၶာကိုယ္က ေသခ်ာမသိေတာ့တဲ့အခါ ခႏၶာကိုယ္တစ္ခုလုံးက က်န္းမာေရးကို ထိခိုက္ေစပါတယ္။ အထူးသျဖင့္ ဇီဝကမၼျဖစ္စဥ္ ကေမာက္ကမ ျဖစ္သြားၿပီး ကိုယ္အေလးခ်ိန္လည္း တိုးလာမွာပါ။

၄။ အသားအေရက အထိမခံ ျဖစ္လာျခင္း

သင့္အသားအေရကို ဂ႐ုစိုက္တယ္ ဆိုရင္ အိပ္ေရးဝဝ အိပ္ဖို႔ လိုပါတယ္။ Snooze ေပးထားၿပီး အိပ္ေရးမဝရင္ ခႏၶာကိုယ္မွာ စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ ေဟာ္မုန္းေတြ တိုးလာၿပီး အဆီဖုေတြ ပိုထြက္တာ၊ ဝက္ၿခံေတြ ပိုပြားလာတာ ႀကဳံေတြ႕ရမွာပါ။

၅။ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစျခင္း

နည္းနည္းေလး ပိုအိပ္ရမယ္အထင္နဲ႔ snooze လုပ္တာေၾကာင့္ သင့္ရဲ႕ကိုယ္ခံအားေတြ မၾကာခဏ နည္းလာတာ ေတြ႕ရမွာပါ။ အိပ္ေနရင္း ခဏခဏ ႏိုးလာတာေၾကာင့္ ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္ေတြကို တိုက္မထုတ္ေပးႏိုင္ေတာ့ပါဘူး။

၆။ ရာသီစက္ဝန္းကို ထိခိုက္ေစျခင္း

ေန႔စဥ္ alarm ေပးထားၿပီး snoozeကို ႏွိပ္ၿပီး ျပန္အိပ္တဲ့အခါ အိပ္စက္မႈစက္ဝန္း ကေမာက္ကမ ျဖစ္လာပါတယ္။ အဲဒီကေန မ်ိဳးပြားေဟာ္မုန္းေတြကို ထိခိုက္ေစၿပီး ရာသီခ်ိန္ မမွန္တာ ႀကဳံေတြ႕ရမွာပါ။

Alarm ေပးၿပီး ျပန္အိပ္တတ္တဲ့ အက်င့္ကို ဘယ္လိုေဖ်ာက္မလဲ။

- တက္တက္ႂကြႂကြေနပါ။ ကိုယ္လက္လႈပ္ရွား ေနတတ္သူေတြက alarm ေပးၿပီးရင္ snooze ကို ႏွိပ္ၿပီး ျပန္မအိပ္ၾကပါဘူး။ တစ္ေန႔ကို နာရီဝက္ေလာက္ လမ္းေလွ်ာက္တတ္တဲ့ အက်င့္ရသြားရင္ snooze ႏွိပ္တဲ့အက်င့္လည္း ေပ်ာက္သြားပါတယ္။

- Alarmကို ကိုယ့္ရဲ႕အိပ္ခန္းထဲမွာ မထားဘဲ တျခားအခန္းမွာ ထားၿပီး အသံက်ယ္က်ယ္ ေပးထားပါ။ ေရွးေဟာင္းနာရီေတြမွာ snooze မပါတာေၾကာင့္ ပိုၿပီး အဆင္ေျပပါတယ္။

- မနက္အလင္းေရာင္ရတဲ့ ေနရာမွာ အိပ္ပါ။ မနက္ေနေရာင္ျခည္ကလည္း အေကာင္းဆုံး ႏႈိးစက္ပါ။

- Snooze မပါတဲ့ နာရီကို ဝယ္ပါ။ သင့္နာရီမွာ snooze မပါရင္ သင္လည္း ျပန္အိပ္ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ဖုန္းနဲ႔ alarm ေပးတာကလည္း snooze ပါတာေၾကာင့္ ဖုန္းနဲ႔ alarm မေပးသင့္ပါဘူး။

Zombie (Lovemedia)