အိမ်ဖြူတော်ရဲ့ ပျက်စီးနေတဲ့ ခြံစည်းရိုးတွေကို ပြင်ဖို့ ကန်ထရိုက် သုံးယောက်ဟာ ဈေးပြိုင်ပေးနေကြပါတယ်။ တယောက်က ရှီကာဂိုက၊ နောက်တယောက်က တင်နက်ဆီက၊ တတိယတယောက်က မင်နီဆိုတားက ဖြစ်ပါတယ်။

သူတို့သုံးယောက်ဟာ အိမ်ဖြူတော်က တာဝန်ခံအရာရှိနဲ့အတူ ပျက်စီးနေတဲ့ ခြံစည်းရိုးတွေကို သွားရောက် စစ်ဆေးကြပါတယ်။ မင်နီဆိုတာ ကန်ထရိုက်က ပေကြိုးလေးထုတ် တိုင်း၊ ခဲတံလေးတချောင်းနဲ့ တွက်ချက်ပါတယ်။

ပြီးတော့မှ သူက ပြောပါတယ်။ "ရပြီ၊ ဒီအလုပ်ကဒေါ်လာ ၉၀၀ လောက် ကုန်ကျမယ်။ ဒေါ်လာ ၄၀၀ က ပစ္စည်းခ၊ ဒေါ်လာ ၄၀၀ က အလုပ်သမာခ။ ဒေါ်လာ ၁၀၀ က ကျွန်တော့်အတွက် အမြတ်ငွေ"

တင်နက်ဆီက ကန်ထရိုက်ကလည်း သူ့လိုပဲ တိုင်း၊ တွက်ပြီး ပြောပြန်ပါတယ်။ "ကျွန်တော်ကတော့ ဒေါ်လာ ၇၀၀ နဲ့တောင် လုပ်နိုင်သဗျ။ ပစ္စည်းခက ဒေါ်လာ ၃၀၀၊ အလုပ်သမားခက ဒေါ်လာ ၃၀၀၊ ကျွန်တော့်အတွက် အမြတ်ငွေက ဒေါ်လာ ၁၀၀ ပေါ့။

နောက်ဆုံးကျန်တဲ့ ရှီကာဂိုက ပုဂ္ဂိုလ်ကတော့ တိုင်းလည်းမတိုင်း၊ တွက်လည်းမတွက်ပဲ အိမ်ဖြူတော်အရာရှိနား ကိုယ်လေးကိုင်းပြီး တိုတိုးလေး ပြောလိုက်ပါတယ်။

"ဒေါ်လာ၂၇၀၀"

မယုံနိုင်ဖြစ်သွားတဲ့ အရာရှိက "ခင်ဗျားက ဟိုလူတွေလို တိုင်းလည်းမတိုင်း၊ တွက်လည်းတွက်တာ မဟုတ်ဘူး။ ဘယ်လိုလုပ် ဒီလောက် ဈေးကြီး လာပြောရတာလဲ"

ထိုအခါ ရှီကာဂိုက ပုဂ္ဂိုလ်က တိုးတိုးလေး ပြန်ပြောပါတယ်။ ဒေါ်လာ ၁၀၀၀ က ကျွန်တော့်အတွက်၊ ဒေါ်လာ ၁၀၀၀ က ဆရာ့အတွက်။ ပြီးတော့မှ တင်နက်ဆီက ငနဲကို ခြံစည်းရိုးပြင်ဖို့ ဒေါ်လာ ၇၀၀ နဲ့ ငှါးလိုက်ပေါ့"

"ခင်ဗျားကိုရွေးလိုက်ပြီ" လို့ အိမ်ဖြူတော်အရာရှိက ပြောလိုက်ပါတော့တယ်။ crd

Zawgyi

အထာနပ္ဖို႔ပဲ လိုတယ္

အိမ္ျဖဴေတာ္ရဲ႕ ပ်က္စီးေနတဲ့ ၿခံစည္း႐ိုးေတြကို ျပင္ဖို႔ ကန္ထ႐ိုက္ သုံးေယာက္ဟာ ေဈးၿပိဳင္ေပးေနၾကပါတယ္။ တေယာက္က ရွီကာဂိုက၊ ေနာက္တေယာက္က တင္နက္ဆီက၊ တတိယတေယာက္က မင္နီဆိုတားက ျဖစ္ပါတယ္။

သူတို႔သုံးေယာက္ဟာ အိမ္ျဖဴေတာ္က တာဝန္ခံအရာရွိနဲ႔အတူ ပ်က္စီးေနတဲ့ ၿခံစည္း႐ိုးေတြကို သြားေရာက္ စစ္ေဆးၾကပါတယ္။ မင္နီဆိုတာ ကန္ထ႐ိုက္က ေပႀကိဳးေလးထုတ္ တိုင္း၊ ခဲတံေလးတေခ်ာင္းနဲ႔ တြက္ခ်က္ပါတယ္။

ၿပီးေတာ့မွ သူက ေျပာပါတယ္။ "ရၿပီ၊ ဒီအလုပ္ကေဒၚလာ ၉၀၀ ေလာက္ ကုန္က်မယ္။ ေဒၚလာ ၄၀၀ က ပစၥည္းခ၊ ေဒၚလာ ၄၀၀ က အလုပ္သမာခ။ ေဒၚလာ ၁၀၀ က ကြၽန္ေတာ့္အတြက္ အျမတ္ေငြ"

တင္နက္ဆီက ကန္ထ႐ိုက္ကလည္း သူ႔လိုပဲ တိုင္း၊ တြက္ၿပီး ေျပာျပန္ပါတယ္။ "ကြၽန္ေတာ္ကေတာ့ ေဒၚလာ ၇၀၀ နဲ႔ေတာင္ လုပ္ႏိုင္သဗ်။ ပစၥည္းခက ေဒၚလာ ၃၀၀၊ အလုပ္သမားခက ေဒၚလာ ၃၀၀၊ ကြၽန္ေတာ့္အတြက္ အျမတ္ေငြက ေဒၚလာ ၁၀၀ ေပါ့။

ေနာက္ဆုံးက်န္တဲ့ ရွီကာဂိုက ပုဂၢိဳလ္ကေတာ့ တိုင္းလည္းမတိုင္း၊ တြက္လည္းမတြက္ပဲ အိမ္ျဖဴေတာ္အရာရွိနား ကိုယ္ေလးကိုင္းၿပီး တိုတိုးေလး ေျပာလိုက္ပါတယ္။ "ေဒၚလာ၂၇၀၀"

မယုံႏိုင္ျဖစ္သြားတဲ့ အရာရွိက "ခင္ဗ်ားက ဟိုလူေတြလို တိုင္းလည္းမတိုင္း၊ တြက္လည္းတြက္တာ မဟုတ္ဘူး။ ဘယ္လိုလုပ္ ဒီေလာက္ ေဈးႀကီး လာေျပာရတာလဲ"

ထိုအခါ ရွီကာဂိုက ပုဂၢိဳလ္က တိုးတိုးေလး ျပန္ေျပာပါတယ္။ ေဒၚလာ ၁၀၀၀ က ကြၽန္ေတာ့္အတြက္၊ ေဒၚလာ ၁၀၀၀ က ဆရာ့အတြက္။ ၿပီးေတာ့မွ တင္နက္ဆီက ငနဲကို ၿခံစည္း႐ိုးျပင္ဖို႔ ေဒၚလာ ၇၀၀ နဲ႔ ငွါးလိုက္ေပါ့"

"ခင္ဗ်ားကိုေ႐ြးလိုက္ၿပီ" လို႔ အိမ္ျဖဴေတာ္အရာရွိက ေျပာလိုက္ပါေတာ့တယ္။ crd