လောကကြီးမှာ မမြင်နိုင်တဲ့ ဆန်းကြယ်မှုပေါင်းများစွာ ရှိပါတယ်။ ဆန်းကြယ်မှုပေါင်းများစွာထဲမှာ ကိုမာဖြစ်နေတဲ့အမျိုးသမီးကို ဆုံးပါးသွားတဲ့ခင်ပွန်းသည်က သတိရလာအောင်ပြုလုပ်ပေးတာလည်း ပါဝင်ပါတယ်။

Carole Attle ဆိုတဲ့အမျိုးသမီးဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး ဆုံးပါးသွားတဲ့ခင်ပွန်းသည်က သူ့အသက်ကို ကယ်တင်ပေးခဲ့ကြောင်း ပြောပါတယ်။ Carole Attle က ဈေးဝယ်ထွက်ရင်းနဲ့ ဘတ်စ်ကားတစ်စီးနဲ့ တိုက်မိခဲ့ပါတယ်။

ကားတိုက်မိတဲ့ဒဏ်ရာကနေ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ နံရိုး ၃ ချောင်ကျိုးသွားပြီး ဦးနှောက်လည်း သွေးယိုစီးခဲ့ပါတယ်။ ဒါ့အပြင် ကိုမာလည်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့် သူမကို ချက်ချင်းဆေးရုံတင်ပြီး ၅ ပတ်ခန့်ကြာအောင် ကိုမာဖြစ်နေခဲ့ပါတယ်။

Carole Attle ကိုမာဖြစ်နေချိန်မှာ ကွယ်လွန်သွားတဲ့ခင်ပွန်းသည်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ခင်ပွန်းသည်က ၂၀၁၉ ခုနှစ်၊ အသက် ၇၄ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။

ကိုမာဖြစ်နေချိန် ခင်ပွန်းသည်က အားတင်းထားဖို့ သူမကို တိုက်တွန်းပါတယ်။ ဒါ့အပြင် "မင်းအတွက် အပေါ်ထပ်မှာ အခန်းမရှိတော့ဘူး" လို့လည်း ပြောလိုက်ပါသေးတယ်။ အဲဒီစကား ကြားကြားရချင်းမှာပဲ Carole Attle က ကိုမာဖြစ်ရာကနေ ချက်ချင်းသတိပြန်ရလာပါတယ်။

ဆေးပညာရှင်တွေကတော့ ဒါဟာ တစ်စုံတစ်ရာကို စွဲလမ်းပြီး မြင်လိုတဲ့အရာတွေကို စိတ်ကူးထဲမှာ ပုံဖော်တာဖြစ်ကြောင်း ဆိုပါတယ်။ ချစ်ခင်ရသူတစ်ယောက်ယောက် ဆုံးပါးပြီးနောက်မှာ စိတ်စွဲလမ်းပြီး မြင်ရတာဖြစ်ကြောင်း သူမကို ပြုစုပေးတဲ့ သူနာပြုဆရာမက ပြောပါတယ်။

ဒါပေမယ့် Carole Attle ကတော့ ကိုမာဖြစ်နေချိန်မှာ ခင်ပွန်းသည်ကို မြင်တွေ့လိုက်ရပြီး ခင်ပွန်းသည်ရဲ့ စကားတစ်ခွန်းကြောင့် အသက်ပြန်လည်ရှင်သန်ခွင့်ရတာကို အရမ်းဝမ်းသာနေပါတယ်။

Zombie (lovemedia)

for zawgyi

ဆုံးပါးသြားတဲ့ခင္ပြန္းသည္ရဲ႕အသံကို ၾကားၿပီးေနာက္ ကိုမာျဖစ္ရာကေန ျပန္လည္သတိရလာတဲ့အမ်ိဳးသမီး

ေလာကႀကီးမွာ မျမင္ႏိုင္တဲ့ ဆန္းၾကယ္မႈေပါင္းမ်ားစြာ ရွိပါတယ္။ ဆန္းၾကယ္မႈေပါင္းမ်ားစြာထဲမွာ ကိုမာျဖစ္ေနတဲ့အမ်ိဳးသမီးကို ဆုံးပါးသြားတဲ့ခင္ပြန္းသည္က သတိရလာေအာင္ျပဳလုပ္ေပးတာလည္း ပါဝင္ပါတယ္။

Carole Attle ဆိုတဲ့အမ်ိဳးသမီးဟာ မုဆိုးမတစ္ေယာက္ျဖစ္ၿပီး ဆုံးပါးသြားတဲ့ခင္ပြန္းသည္က သူ႔အသက္ကို ကယ္တင္ေပးခဲ့ေၾကာင္း ေျပာပါတယ္။ Carole Attle က ေဈးဝယ္ထြက္ရင္းနဲ႔ ဘတ္စ္ကားတစ္စီးနဲ႔ တိုက္မိခဲ့ပါတယ္။

ကားတိုက္မိတဲ့ဒဏ္ရာကေန ခႏၶာကိုယ္တစ္ခုလုံး ဒဏ္ရာေတြ ရသြားခဲ့ပါတယ္။ နံ႐ိုး ၃ ေခ်ာင္က်ိဳးသြားၿပီး ဦးေႏွာက္လည္း ေသြးယိုစီးခဲ့ပါတယ္။ ဒါ့အျပင္ ကိုမာလည္း ဝင္သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ သူမကို ခ်က္ခ်င္းေဆး႐ုံတင္ၿပီး ၅ ပတ္ခန႔္ၾကာေအာင္ ကိုမာျဖစ္ေနခဲ့ပါတယ္။

Carole Attle ကိုမာျဖစ္ေနခ်ိန္မွာ ကြယ္လြန္သြားတဲ့ခင္ပြန္းသည္နဲ႔ ေတြ႕ဆုံခြင့္ရခဲ့တယ္လို႔ ဆိုပါတယ္။ သူမရဲ႕ခင္ပြန္းသည္က ၂၀၁၉ ခုႏွစ္၊ အသက္ ၇၄ ႏွစ္အ႐ြယ္မွာ ဆုံးပါးသြားခဲ့ပါတယ္။

ကိုမာျဖစ္ေနခ်ိန္ ခင္ပြန္းသည္က အားတင္းထားဖို႔ သူမကို တိုက္တြန္းပါတယ္။ ဒါ့အျပင္ "မင္းအတြက္ အေပၚထပ္မွာ အခန္းမရွိေတာ့ဘူး" လို႔လည္း ေျပာလိုက္ပါေသးတယ္။ အဲဒီစကား ၾကားၾကားရခ်င္းမွာပဲ Carole Attle က ကိုမာျဖစ္ရာကေန ခ်က္ခ်င္းသတိျပန္ရလာပါတယ္။

ေဆးပညာရွင္ေတြကေတာ့ ဒါဟာ တစ္စုံတစ္ရာကို စြဲလမ္းၿပီး ျမင္လိုတဲ့အရာေတြကို စိတ္ကူးထဲမွာ ပုံေဖာ္တာျဖစ္ေၾကာင္း ဆိုပါတယ္။ ခ်စ္ခင္ရသူတစ္ေယာက္ေယာက္ဆုံးပါးၿပီးေနာက္မွာ စိတ္စြဲလမ္းၿပီး ျမင္ရတာျဖစ္ေၾကာင္း သူမကို ျပဳစုေပးတဲ့ သူနာျပဳဆရာမက ေျပာပါတယ္။

ဒါေပမယ့္ Carole Attle ကေတာ့ ကိုမာျဖစ္ေနခ်ိန္မွာ ခင္ပြန္းသည္ကို ျမင္ေတြ႕လိုက္ရၿပီး ခင္ပြန္းသည္ရဲ႕ စကားတစ္ခြန္းေၾကာင့္ အသက္ျပန္လည္ရွင္သန္ခြင့္ရတာကို အရမ္းဝမ္းသာေနပါတယ္။

Zombie (lovemedia)