Nanami Kana လို့ခေါ်တဲ့ဂျပန်အမျိုးသားတစ်ယောက်ဟာ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်နဲ့အတော်တူပါတယ်။

ဒါပေမယ့် အဝလွန်ပြီး မုတ်ဆိတ်မွေးတွေနဲ့ ရိုက်ထားတဲ့ လွန်ခဲ့တဲ့၁၂ နှစ်က ဓာတ်ပုံလေးကို သူ့ရဲ့တွစ်တာမှာ တင်ခဲ့လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ပရိသတ်တွေက အရမ်းကို အံ့ဩသွားပါတော့တယ်။

Nanami Kana က တွစ်တာမှာ followers ပေါင်း ၃ သောင်းခွဲရှိပါတယ်။ သူ့ရဲ့အသွင်အပြင်က ဆယ်ကျော်သက်အရွယ်မိန်းကလေးနဲ့တူတာကြောင့် အွန်လိုင်းမှာ အဝတ်အစားတွေကို ဝတ်ပြတဲ့မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ တကယ်တော့ သူ့ရဲ့အသက်က ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ကလေးတစ်ယောက်လည်း ရှိပါတယ်။

Nanami Kana ရဲ့ လှပတဲ့ပုံစံကြောင့် followers တွေ အများကြီးရှိနေခဲ့တာပါ။ ဒါပေမယ့် Nanami Kana က လွန်ခဲ့တဲ့ ၁၂ နှစ်က သူ့ရဲ့ပုံလေးနဲ့ follower တွေကို အံ့အားသင့်အောင်လုပ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက သူ့ရဲ့ကိုယ်အလေးချိန်က ၁၃၂ ပေါင်ရှိပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်က ကိုယ်အလေးချိန်ဟာ ၂၅၃ ပေါင်အထိ ရောက်သွားတာကြောင့် ကိုယ်အလေးချိန်လျှော့ဖို့ ဆရာဝန်က သတိပေးခဲ့ပါတယ်။

ဆရာဝန်ရဲ့သတိပေးစကားအတိုင်း ကိုယ်အလေးချိန်ကို သေချာလျှော့ချလိုက်တဲ့အခါမှာ အခုဆိုရင်တော့ ကိုယ်အလေးချိန်က ၁၁၉ ပေါင်သာ ကျန်ပါတော့တယ်။

ကိုယ်အလေးချိန်လည်း အများကြီးကျသွားတာကြောင့် သူ့ရဲ့စိတ်ကူးအိပ်မက်အတိုင်းဖြစ်တဲ့ အမျိုးသမီးအဝတ်အစားတွေ ဝတ်ဆင်ပြရတဲ့အလုပ်ကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ပြီး အွန်လိုင်းမှာ ကြော်ငြာတဲ့အလုပ်က ဂျပန်လူမျိုးတွေအတွက်တော့ ထူးဆန်းတဲ့အရာမဟုတ်ကြောင်း ရေးသားထားပါတယ်။

Zombie (lovemedia)

for zawgyi

ဆယ္ေက်ာ္သက္ မိန္းကေလးအဝတ္အစားေတြဝတ္ဆင္ၿပီး ေၾကာ္ျငာရင္းကေန ေအာင္ျမင္လာခဲ့တဲ့ အသက္၄၅ ႏွစ္အ႐ြယ္အမ်ိဳးသား

Nanami Kana လို႔ေခၚတဲ့ဂ်ပန္အမ်ိဳးသားတစ္ေယာက္ဟာ ဆယ္ေက်ာ္သက္အ႐ြယ္မိန္းကေလးတစ္ေယာက္နဲ႔အေတာ္တူပါတယ္။ ဒါေပမယ့္ အဝလြန္ၿပီး မုတ္ဆိတ္ေမြးေတြနဲ႔ ႐ိုက္ထားတဲ့ လြန္ခဲ့တဲ့၁၂ ႏွစ္က ဓာတ္ပုံေလးကို သူ႔ရဲ႕တြစ္တာမွာ တင္ခဲ့လိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ပရိသတ္ေတြက အရမ္းကို အံ့ဩသြားပါေတာ့တယ္။

Nanami Kana က တြစ္တာမွာ followers ေပါင္း ၃ ေသာင္းခြဲရွိပါတယ္။ သူ႔ရဲ႕အသြင္အျပင္က ဆယ္ေက်ာ္သက္အ႐ြယ္မိန္းကေလးနဲ႔တူတာေၾကာင့္ အြန္လိုင္းမွာ အဝတ္အစားေတြကို ဝတ္ျပတဲ့ေမာ္ဒယ္တစ္ေယာက္အျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳပါတယ္။ တကယ္ေတာ့ သူ႔ရဲ႕အသက္က ၄၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး ကေလးတစ္ေယာက္လည္း ရွိပါတယ္။

Nanami Kana ရဲ႕ လွပတဲ့ပုံစံေၾကာင့္ followers ေတြ အမ်ားႀကီးရွိေနခဲ့တာပါ။ ဒါေပမယ့္ Nanami Kana က လြန္ခဲ့တဲ့ ၁၂ ႏွစ္က သူ႔ရဲ႕ပုံေလးနဲ႔ follower ေတြကို အံ့အားသင့္ေအာင္လုပ္ခဲ့တာပါ။

လြန္ခဲ့တဲ့ ၁၂ ႏွစ္တုန္းက သူ႔ရဲ႕ကိုယ္အေလးခ်ိန္က ၁၃၂ ေပါင္ရွိပါတယ္။ လြန္ခဲ့တဲ့ ၈ႏွစ္က ကိုယ္အေလးခ်ိန္ဟာ ၂၅၃ ေပါင္အထိ ေရာက္သြားတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ဖို႔ ဆရာဝန္က သတိေပးခဲ့ပါတယ္။ ဆရာဝန္ရဲ႕သတိေပးစကားအတိုင္း ကိုယ္အေလးခ်ိန္ကို ေသခ်ာေလွ်ာ့ခ်လိုက္တဲ့အခါမွာ အခုဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္က ၁၁၉ ေပါင္သာ က်န္ပါေတာ့တယ္။

ကိုယ္အေလးခ်ိန္လည္း အမ်ားႀကီးက်သြားတာေၾကာင့္ သူ႔ရဲ႕စိတ္ကူးအိပ္မက္အတိုင္းျဖစ္တဲ့ အမ်ိဳးသမီးအဝတ္အစားေတြ ဝတ္ဆင္ျပရတဲ့အလုပ္ကိုလည္း လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ မိန္းကေလးတစ္ေယာက္လိုဝတ္ဆင္ၿပီး အြန္လိုင္းမွာ ေၾကာ္ျငာတဲ့အလုပ္က ဂ်ပန္လူမ်ိဳးေတြအတြက္ေတာ့ ထူးဆန္းတဲ့အရာမဟုတ္ေၾကာင္း ေရးသားထားပါတယ္။

Zombie (lovemedia)