ကမ္ဘာကျော်အဆိုတော် Taylor Swift ရဲ့ ပရိသတ်တစ်ယောက်ဟာ Taylor Swift ကို မြင်ဖူးခဲ့တဲ့မျက်ကပ်မှန်တွေကို ဒေါ်လာတစ်သောင်းနဲ့ ရောင်းချခဲ့ပါတယ်။

ပရိသတ်တစ်ယောက်ဟာ Taylor Swift's Eras tour ဖျော်ဖြေမှုမှာ အဲဒီမျက်ကပ်မှန်ကို တပ်ပြီး ကြည့်ခဲ့ပါတယ်။

အဲဒီနောက် Taylor Swiftကို  ကြည့်ခဲ့တဲ့ မျက်ကပ်မှန်ဆိုပြီး ပြန်ပြီးရောင်းချလိုက်ပါတယ်။ ဒီသတင်းကတော့ အင်တာနက်တစ်ခွင်မှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီမျက်ကပ်မှန်တွေကို သူ့ရဲ့ပရိသတ်က Depop လို့ခေါ်တဲ့ အသုံးပြုပြီးသားပစ္စည်းရောင်းတဲ့ website မှာရောင်းချလိုက်တာပါ။ ရောင်းတဲ့အခါမှလည်း Taylor Swift ကို  မြင်ဖူးတဲ့မျက်ကပ်မှန်ဆိုပြီးတော့ ရောင်းခဲ့တာပါ။

ရောင်းတဲ့အခါမှာတော့ ဟာသသဘောစနောက်ပြီး ရောင်းချခဲ့တာပါ။ မကြာခင်မှာပဲ သူ့ရဲ့အရောင်း post ကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေရဲ့ comment တွေကတော့ မရပ်တန့်သွားပါဘူး။

Taylor Swift's Eras tour ဖျော်ဖြေမှုမှာ သီချင်းပေါင်း ၄၄ ပုဒ်ကို သီဆိုသွားခဲ့ပြီး ၃ နာရီကြာမြင့်ခဲ့ပါတယ်။ သူမရဲ့အချစ်ဆုံးသူငယ်ချင်း Selena Gomez က ဒီပွဲကို တက်လား၊ မတက်လားဆိုတာကိုတော့ မသိရသေးပါဘူး။

Zombie (lovemedia)

for zawgyi

Taylor Swift ရဲ႕ပြဲမွာ တပ္ၿပီး ၾကည့္ခဲ့တဲ့ မ်က္ကပ္မွန္ကို ေဒၚလာတစ္ေသာင္းနဲ႔ ျပန္ေရာင္းတဲ့ အမာခံပရိသတ္

ကမာၻေက်ာ္အဆိုေတာ္ Taylor Swift ရဲ႕ ပရိသတ္တစ္ေယာက္ဟာ Taylor Swift ကို ျမင္ဖူးခဲ့တဲ့မ်က္ကပ္မွန္ေတြကို ေဒၚလာတစ္ေသာင္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။

ပရိသတ္တစ္ေယာက္ဟာ Taylor Swift's Eras tour ေဖ်ာ္ေျဖမႈမွာ အဲဒီမ်က္ကပ္မွန္ကို တပ္ၿပီး ၾကည့္ခဲ့ပါတယ္။ အဲဒီေနာက္ Taylor Swiftကို  ၾကည့္ခဲ့တဲ့ မ်က္ကပ္မွန္ဆိုၿပီး ျပန္ၿပီးေရာင္းခ်လိုက္ပါတယ္။ ဒီသတင္းကေတာ့ အင္တာနက္တစ္ခြင္မွာ အလ်င္အျမန္ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ဒီမ်က္ကပ္မွန္ေတြကို သူ႔ရဲ႕ပရိသတ္က Depop လို႔ေခၚတဲ့ အသုံးျပဳၿပီးသားပစၥည္းေရာင္းတဲ့ website မွာေရာင္းခ်လိုက္တာပါ။ ေရာင္းတဲ့အခါမွလည္း Taylor Swift ကို  ျမင္ဖူးတဲ့မ်က္ကပ္မွန္ဆိုၿပီးေတာ့ ေရာင္းခဲ့တာပါ။

ေရာင္းတဲ့အခါမွာေတာ့ ဟာသသေဘာစေနာက္ၿပီး ေရာင္းခ်ခဲ့တာပါ။ မၾကာခင္မွာပဲ သူ႔ရဲ႕အေရာင္း post ကို ျပန္ဖ်က္သြားခဲ့ပါတယ္။ ဒါေပမယ့္ အင္တာနက္အသုံးျပဳသူေတြရဲ႕ comment ေတြကေတာ့ မရပ္တန႔္သြားပါဘူး။

Taylor Swift's Eras tour ေဖ်ာ္ေျဖမႈမွာ သီခ်င္းေပါင္း ၄၄ ပုဒ္ကို သီဆိုသြားခဲ့ၿပီး ၃ နာရီၾကာျမင့္ခဲ့ပါတယ္။ သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း Selena Gomez က ဒီပြဲကို တက္လား၊ မတက္လားဆိုတာကိုေတာ့ မသိရေသးပါဘူး။

Zombie (lovemedia)