Wanessa Moura က အသက် ၂၉ နှစ်အရွယ်ရှိတဲ့ ဘရာဇီးမော်ဒယ်၊ online influencer  တစ်ယောက်ဖြစ်ပါတယ်။ Wanessa Moura  က သူမကိုယ်တိုင်ထုတ်လုပ်တဲ့ ရေမွှေးကို မိတ်ဆက်လိုက်တာကြောင့် လူအများရဲ့အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အဲဒီရေမွှေးကတော့ သူမရဲ့ခန္ဓာကိုယ်ကထွက်တဲ့ ချွေးနဲ့ ပြုလုပ်ထားတာပါ။

Wanessa Moura ရဲ့ကိုယ်သင်းရနံ့က ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း လက်ရှိရည်းစားရော ရည်းစားဟောင်းကပါ ပြောပါတယ်။ အဲဒါကြောင့် သူမခန္ဓာကိုယ်က ထွက်တဲ့ချွေးကို ရေမွှေးအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ ရေမွှေးတစ်ဘူးစီမှာ Wanessa Moura ရဲ့ချွေး ၈ မီလီမီတာ ပါဝင်ပါတယ်။

ချစ်သူကောင်လေးနဲ့ ချိန်းတွေ့ဖို့သွားမယ်ဆိုရင် မိန်းကလေးဆန်အောင်၊ ဆွဲဆောင်မှုရှိအောင် ဒီရေမွှေးကို သုံးဖို့ ညွှန်းထားပါတယ်။ သူမရဲ့ရေမွှေးကို သုံးပြီး ချိန်းတွေ့တဲ့သူတွေကလည်း ရည်းစားနဲ့ အရမ်းအဆင်ပြေလာကြောင်း ပြောပါတယ်။

ရေမွှေးထဲမှာ သူမရဲ့ ချွေးအပြင် အခြားသော ပါဝင်ပစ္စည်းတွေလည်း ပါဝင်ပါသေးတယ်။ အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဆွဲဆောင်မှုရှိတဲ့ ရေမွှေးရလာတယ်လို့ ဆိုပါတယ်။

Wanessa Moura ကတော့ ၅၀ မီလီမီတာ ပါဝင်တဲ့ရေမွှေးကို အမေရိကန်ဒေါ်လာ ၁၃၈ ဒေါ်လာနဲ့ ရောင်းချပါတယ်။

Zombie (lovemedia)

for zawgyi

ခန္ဓာကိုယ်က ထွက်တဲ့ချွေးကို ရေမွှေးအဖြစ် ရောင်းချတဲ့ မော်ဒယ်






Zombie (lovemedia)