ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က မိသားစုတစ်ခုရဲ့အိမ်နဲ့ မြေကွက်ကို အိမ်ယာစီမံကိန်းလုပ်မယ့်သူတွေက ဒေါ်လာ ၁၀ သန်းနဲ့လာဝယ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့မိသားစုကတော့ အိမ်နဲ့ မြေကွက်ကို မရောင်းချဘဲ ငြင်းလွှတ်လိုက်ပါတယ်။

အဲဒီမိသားစုနာမည်ကတော့ Zammit မိသားစုဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆစ်ဒနီမှာတော့ အိမ်ခြံမြေလုပ်ငန်းနဲ့ပတ်သက်ပြီး နာမည်ကြီးပါတယ်။ သူတို့ရဲ့အိမ်ဘေးပတ်ပတ်လည်မှာ အိမ်ယာစီမံကိန်းပြုလုပ်တာကြောင့် သူတို့ရဲ့ခြံဝိုင်းကို ဈေးကောင်းပေးပြီး ဝယ်ကြပါတယ်။ သူတို့ရဲ့အိမ်နီးနားချင်းတွေကလည်း ဈေးကောင်းရတာကြောင့် ခြံတွေကို ရောင်းပြီး အခြားနေရာကို ပြောင်းသွားကြပါတယ်။

ဒါပေမယ့် Zammit မိသားစုကတော့ သူတို့မိသားစုပိုင်မြေ ၅ ဧကကို လုံးဝမရောင်းဘဲ နဂိုနေရာမှာဘဲ ဆက်လက်နေထိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ အိမ်ရာစီမံကိန်းလုပ်ဆောင်သူတို့က သူတို့ရဲ့ခြံကို အမေရိကန်ဒေါ်လာ ၃၃ သန်းနဲ့ လာဝယ်လည်း မရောင်းလိုက်ပါဘူး။

Zammit မိသားစုက သီးသန့်ဆန်ဆန် နေထိုင်ချင်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့လက်ရှိနေရာကနေလည်း လုံးဝမပြောင်းသွားချင်ပါဘူး။ ယခင်ကတည်းက သူတို့မိသားစုအစဉ်အဆက် နေထိုင်ခဲ့တဲ့နေရာလေးကို မရောင်းပစ်လိုတာပါ။ Zammit မိသားစုက သူတို့ခြံကို ငွေတွေအများကြီးနဲ့ ဝယ်လည်း ရောင်းမှာမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူတို့အတွက် ငွေကြေးတွေအများကြီးကို မလိုအပ်တာကြောင့်ပါ။ လူနေထူထပ်တဲ့နေရာမှာ ကျယ်ဝန်းတဲ့ခြံကြီးနဲ့နေရတာ၊ ကလေးတွေအတွက် ဆော့ကစားဖို့ နေရာအကျယ်ကြီးရှိတာက သူတို့အတွက် ပိုပြီး တန်ဖိုးရှိနေပါတယ်။

vdo

Zombie (lovemedia)

for zawgyi

အိမ္နဲ႔ ေျမကြက္ကို သိန္းေပါင္း ၉ ေသာင္း ၉ ေထာင္နီးပါးေပးပီး လာဝယ္တာကို ျငင္းခဲ့တဲ့မိသားစု

ဩစေတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕က မိသားစုတစ္ခုရဲ႕အိမ္နဲ႔ ေျမကြက္ကို အိမ္ယာစီမံကိန္းလုပ္မယ့္သူေတြက ေဒၚလာ ၁၀ သန္းနဲ႔လာဝယ္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔မိသားစုကေတာ့ အိမ္နဲ႔ ေျမကြက္ကို မေရာင္းခ်ဘဲ ျငင္းလႊတ္လိုက္ပါတယ္။

အဲဒီမိသားစုနာမည္ကေတာ့ Zammit မိသားစုျဖစ္ပါတယ္။ သူတို႔မိသားစုဟာ ဆစ္ဒနီမွာေတာ့ အိမ္ၿခံေျမလုပ္ငန္းနဲ႔ပတ္သက္ၿပီး နာမည္ႀကီးပါတယ္။ သူတို႔ရဲ႕အိမ္ေဘးပတ္ပတ္လည္မွာ အိမ္ယာစီမံကိန္းျပဳလုပ္တာေၾကာင့္ သူတို႔ရဲ႕ၿခံဝိုင္းကို ေဈးေကာင္းေပးၿပီး ဝယ္ၾကပါတယ္။ သူတို႔ရဲ႕အိမ္နီးနားခ်င္းေတြကလည္း ေဈးေကာင္းရတာေၾကာင့္ ၿခံေတြကို ေရာင္းၿပီး အျခားေနရာကို ေျပာင္းသြားၾကပါတယ္။

ဒါေပမယ့္ Zammit မိသားစုကေတာ့ သူတို႔မိသားစုပိုင္ေျမ ၅ ဧကကို လုံးဝမေရာင္းဘဲ နဂိုေနရာမွာဘဲ ဆက္လက္ေနထိုင္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ အိမ္ရာစီမံကိန္းလုပ္ေဆာင္သူတို႔က သူတို႔ရဲ႕ၿခံကို အေမရိကန္ေဒၚလာ ၃၃ သန္းနဲ႔ လာဝယ္လည္း မေရာင္းလိုက္ပါဘူး။

Zammit မိသားစုက သီးသန႔္ဆန္ဆန္ ေနထိုင္ခ်င္သူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕လက္ရွိေနရာကေနလည္း လုံးဝမေျပာင္းသြားခ်င္ပါဘူး။ ယခင္ကတည္းက သူတို႔မိသားစုအစဥ္အဆက္ ေနထိုင္ခဲ့တဲ့ေနရာေလးကို မေရာင္းပစ္လိုတာပါ။ Zammit မိသားစုက သူတို႔ၿခံကို ေငြေတြအမ်ားႀကီးနဲ႔ ဝယ္လည္း ေရာင္းမွာမဟုတ္ပါဘူး။

ဘာလို႔လဲဆိုေတာ့ သူတို႔အတြက္ ေငြေၾကးေတြအမ်ားႀကီးကို မလိုအပ္တာေၾကာင့္ပါ။ လူေနထူထပ္တဲ့ေနရာမွာ က်ယ္ဝန္းတဲ့ၿခံႀကီးနဲ႔ေနရတာ၊ ကေလးေတြအတြက္ ေဆာ့ကစားဖို႔ ေနရာအက်ယ္ႀကီးရွိတာက သူတို႔အတြက္ ပိုၿပီး တန္ဖိုးရွိေနပါတယ္။

Zombie (lovemedia)