အချစ်ကို တကယ်မရှိဘူးလို့ ပြောကြပေမယ့် အချစ်က တကယ်ရှိပါတယ်။ အမေရိကန်နိုင်ငံက Jeremy ကတော့ အချစ်ရှိကြောင်းကို တကယ်သက်သေပြခဲ့ပါတယ်။

Justice Stamper နဲ့ Jeremy တို့ဟာ အထက်တန်းကျောင်းတက်ကတည်းက ချစ်ခဲ့ကြပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲလေးကို ရိုးရိုးရှင်းရှင်းနဲ့ လှလှပပလေးဖြစ်အောင်လို့ စီစဉ်မယ်လို့ စိတ်ကူးထားတဲ့အတိုင်း တကယ်လည်း လက်ထပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ဆီကို ကံဆိုးမှုကြီးတစ်ခုက တင်ရောက်လာခဲ့ပါတယ်။ သူတို့လက်ထပ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ Justice က ပြင်းထန်တဲ့ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒဏ်ရာတွေ ပြင်းထန်စွာရပြီးတော့ မှတ်ဉာဏ်တွေဆုံး ရှုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့မင်္ဂလာဆောင်နေ့အမှတ်တရတွေကိုလည်း လုံးဝသတိမရတော့ပါဘူး။

Justice က ဘာကိုမှ မမှတ်မိတော့တာကြောင့် Jeremy အတွက် အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်။ ဒါပေမယ့် Jeremy က Justice နေပြန်ကောင်းလာဖို့အတွက် ပြုစုစောင့်ရှောက်သလို မှတ်ဉာဏ်ပြန်ရလာအောင်လည်း ကြိုးစားခဲ့ပါတယ်။

Justice သတိပြန်ရလာဖို့အတွက် သူတို့ရဲ့မင်္ဂလာပွဲလေးကို ဒုတိယအကြိမ်ထပ်လုပ်ခဲ့ပါတယ်။ မင်္ဂလာဆောင်အတွက် ဒေါ်လာ ၅၀၀၀ အကုန်အကျခံပြီး Justice ပျော်ရွှင်ဖို့ ဖန်တီးပေးခဲ့တာပါ။ Justice ကတော့ Jeremy ကို ပိုင်ဆိုင်ရတာ အရမ်းကံကောင်းတယ်လို့တောင် ဆိုလာပါတယ်။

တကယ်တော့ စစ်မှန်တဲ့အချစ်တွေက အနာတွေကို ကုစားပေးနိုင်သလို ဘဝမှာ အသက်ဆက်ရှင်ဖို့လည်း အင်အားတွေဖြစ်စေပါတယ်။

vdo

Zombie (lovemedia)

for zawgyi

မေတာ္တဆမႈေၾကာင့္ မွတ္ဉာဏ္ဆုံးရႈံးသြားတဲ့ဇနီးသည္ မွတ္မိလာေစဖို႔ ဒုတိယအႀကိမ္လက္ထပ္ပြဲလုပ္ေပးခဲ့တဲ့ခင္ပြန္း

အခ်စ္ကို တကယ္မရွိဘူးလို႔ ေျပာၾကေပမယ့္ အခ်စ္က တကယ္ရွိပါတယ္။ အေမရိကန္ႏိုင္ငံက Jeremy ကေတာ့ အခ်စ္ရွိေၾကာင္းကို တကယ္သက္ေသျပခဲ့ပါတယ္။

Justice Stamper နဲ႔ Jeremy တို႔ဟာ အထက္တန္းေက်ာင္းတက္ကတည္းက ခ်စ္ခဲ့ၾကပါတယ္။ သူတို႔ရဲ႕မဂၤလာပြဲေလးကို ႐ိုး႐ိုးရွင္းရွင္းနဲ႔ လွလွပပေလးျဖစ္ေအာင္လို႔ စီစဥ္မယ္လို႔ စိတ္ကူးထားတဲ့အတိုင္း တကယ္လည္း လက္ထပ္ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ သူတို႔ဆီကို ကံဆိုးမႈႀကီးတစ္ခုက တင္ေရာက္လာခဲ့ပါတယ္။ သူတို႔လက္ထပ္ၿပီး ရက္သတၱပတ္အနည္းငယ္အၾကာမွာ Justice က ျပင္းထန္တဲ့ယာဥ္မေတာ္တဆမႈနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒဏ္ရာေတြ ျပင္းထန္စြာရၿပီးေတာ့ မွတ္ဉာဏ္ေတြဆုံး ရႈံးသြားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕မဂၤလာေဆာင္ေန႔အမွတ္တရေတြကိုလည္း လုံးဝသတိမရေတာ့ပါဘူး။

Justice က ဘာကိုမွ မမွတ္မိေတာ့တာေၾကာင့္ Jeremy အတြက္ အရမ္းကို စိတ္ထိခိုက္ခဲ့ရပါတယ္။ ဒါေပမယ့္ Jeremy က Justice ေနျပန္ေကာင္းလာဖို႔အတြက္ ျပဳစုေစာင့္ေရွာက္သလို မွတ္ဉာဏ္ျပန္ရလာေအာင္လည္း ႀကိဳးစားခဲ့ပါတယ္။

Justice သတိျပန္ရလာဖို႔အတြက္ သူတို႔ရဲ႕မဂၤလာပြဲေလးကို ဒုတိယအႀကိမ္ထပ္လုပ္ခဲ့ပါတယ္။ မဂၤလာေဆာင္အတြက္ ေဒၚလာ ၅၀၀၀ အကုန္အက်ခံၿပီး Justice ေပ်ာ္႐ႊင္ဖို႔ ဖန္တီးေပးခဲ့တာပါ။ Justice ကေတာ့ Jeremy ကို ပိုင္ဆိုင္ရတာအရမ္းကံေကာင္းတယ္လို႔ေတာင္ ဆိုလာပါတယ္။

တကယ္ေတာ့ စစ္မွန္တဲ့အခ်စ္ေတြက အနာေတြကို ကုစားေပးႏိုင္သလို ဘဝမွာ အသက္ဆက္ရွင္ဖို႔လည္း အင္အားေတြျဖစ္ေစပါတယ္။

Zombie (lovemedia)