ဂျပန်နိုင်ငံက ရေခဲမုန့်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cellato က မကြာသေးခင်ကပဲ ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်ကို ထုတ်လုပ်လိုက်ပါတယ်။ ‌ရေခဲမုန့်က ဈေးအရမ်းကြီးတာကြောင့် ဂင်းနစ်မှတ်တမ်းကိုတောင် ဝင်သွားခဲ့ပါတယ်။

၂၀၂၃ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ ဂင်းနစ်မှတ်တမ်းရဲ့ကိုယ်စားလယ်တွေက Cellato ရေခဲမုန့်ကို ကမ္ဘာ့အကြီးဆုံးရေခဲမုန့်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ရေခဲမုန့်ရဲ့ ဈေးကတော့ ဒေါ်လာ ၆၇၀၀ တောင် ရှိပါတယ်။ အဲဒီရေခဲမုန့်မှာတော့ ပရိုတိန်းတွေ အများကြီး ပါဝင်တယ်လို့ ဆိုင်ပါတယ်။

နူးညံ့ပြီး အရသာကောင်းတဲ့ Cellato ရေခဲမုန့်ကို နွားနို့၊ အမျိုးအစားမတူတဲ့ ချိစ်နှစ်မျိုး၊ ကြက်ဥအကာ၊ ဂျပန်ဆာကေးတို့နဲ့ ပြုလုပ်ထားပါတယ်။ ရေခဲမုန့်ရဲ့အပေါ်မှာတော့ Parmigiano ချိစ်၊ အရသာရှိတဲ့ မြေအောင်းမှို၊ မြေအောင်းမှိုအဆီ၊ ရွှေရွက်တို့ကို တင်ထားပါတယ်။ အရသာကတော့ ထိပ်တန်းအရသာဖြစ်ပြီး အရမ်းကို နူးညံ့တယ်လို့ ဆိုပါတယ်။ ရေခဲမုန့်ကိုတော့ အနက်ရောင်ဘူးလေးနဲ့ ထုတ်ပိုးပြီး ရောင်းချပါတယ်။

ရေခဲမုန့်စားဖို့အတွက် လက်ဖြစ်သတ္တုဇွန်းလေးလည်း ပါဝင်ပါတယ်။ အဲဒီဇွန်းလေးကိုတော့ ကျိုတိုမြို့က Takeuchi လက်မှုပညာရှင်တွေက ပြုလုပ်တာပါ။ ရေခဲမုန့် ၁၃၀ မီလီခန့်ကို ယခုလက်ရှိမှာတော့ ဂျပန်ယန်း ၈၈၀၀၀၀၊ အမေရိကန်ဒေါ်လာ ၆၇၀၀နဲ့ ရောင်းချပါတယ်။

မြေအောင်းမှိုအဆီက ရေခဲမုန့်ရဲ့အနံ့ကို ထူးခြားသွားစေပါတယ်။ သူ့ရဲ့အနံ့လေးနဲ့တင် စားချင်စိတ်ကို ချက်ချင်းဖြစ်ပေါ်လာစေတာပါ။ ဒီရေခဲမုန့်ကိုတော့ နှစ်ချို့ဝိုင်နဲ့ တွဲဖက်စားရင် အလိုက်ဆုံးဖြစ်ကြောင်း Cellato ရေခဲမုန့်ကုမ္ပဏီက ဖော်ပြထားပါတယ်။

ရေခဲမုန့်က ဘာလို့ဒီလောက်ဈေးကြီးနေရတာလဲဆိုတော့ ဈေးအရမ်းကြီးတဲ့ဂျပန်ဆာကေး ပါဝင်နေတာကြောင့်ပါ။ Cellato ရေခဲမုန့်ကို အလတ်ဆတ်ဆုံးစားဖို့အတွက် ဝယ်ယူပြီး ၁၀ ရက်အတွင်းစားဖို့ အကြံပြုထားပါတယ်။

vdo

Zombie(LoveMedia)

for zawgyi

ဂ်ပန္ႏိုင္ငံက ကမာၻ႔ေဈးအႀကီးဆုံးေရခဲမုန႔္

ဂ်ပန္ႏိုင္ငံက ေရခဲမုန႔္ကုမၸဏီတစ္ခုျဖစ္တဲ့ Cellato က မၾကာေသးခင္ကပဲ ကမာၻ႔ေဈးအႀကီးဆုံး ေရခဲမုန႔္ကို ထုတ္လုပ္လိုက္ပါတယ္။ ‌ေရခဲမုန႔္က ေဈးအရမ္းႀကီးတာေၾကာင့္ ဂင္းနစ္မွတ္တမ္းကိုေတာင္ ဝင္သြားခဲ့ပါတယ္။

၂၀၂၃ခုႏွစ္ ဧၿပီလ ၂၅ ရက္ေန႔မွာ ဂင္းနစ္မွတ္တမ္းရဲ႕ကိုယ္စားလယ္ေတြက Cellato ေရခဲမုန႔္ကို ကမာၻ႔အႀကီးဆုံးေရခဲမုန႔္အျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ေရခဲမုန႔္ရဲ႕ ေဈးကေတာ့ ေဒၚလာ ၆၇၀၀ ေတာင္ ရွိပါတယ္။ အဲဒီေရခဲမုန႔္မွာေတာ့ ပ႐ိုတိန္းေတြ အမ်ားႀကီး ပါဝင္တယ္လို႔ ဆိုင္ပါတယ္။

ႏူးညံ့ၿပီး အရသာေကာင္းတဲ့ Cellato ေရခဲမုန႔္ကို ႏြားႏို႔၊ အမ်ိဳးအစားမတူတဲ့ ခ်ိစ္ႏွစ္မ်ိဳး၊ ၾကက္ဥအကာ၊ ဂ်ပန္ဆာေကးတို႔နဲ႔ ျပဳလုပ္ထားပါတယ္။ ေရခဲမုန႔္ရဲ႕အေပၚမွာေတာ့ Parmigiano ခ်ိစ္၊ အရသာရွိတဲ့ ေျမေအာင္းမႈိ၊ ေျမေအာင္းမႈိအဆီ၊ ေ႐ႊ႐ြက္တို႔ကို တင္ထားပါတယ္။ အရသာကေတာ့ ထိပ္တန္းအရသာျဖစ္ၿပီး အရမ္းကို ႏူးညံ့တယ္လို႔ ဆိုပါတယ္။ ေရခဲမုန႔္ကိုေတာ့ အနက္ေရာင္ဘူးေလးနဲ႔ ထုတ္ပိုးၿပီး ေရာင္းခ်ပါတယ္။

ေရခဲမုန႔္စားဖို႔အတြက္ လက္ျဖစ္သတၱဳဇြန္းေလးလည္း ပါဝင္ပါတယ္။ အဲဒီဇြန္းေလးကိုေတာ့ က်ိဳတိုၿမိဳ႕က Takeuchi လက္မႈပညာရွင္ေတြက ျပဳလုပ္တာပါ။ ေရခဲမုန႔္ ၁၃၀ မီလီခန႔္ကို ယခုလက္ရွိမွာေတာ့ ဂ်ပန္ယန္း ၈၈၀၀၀၀၊ အေမရိကန္ေဒၚလာ ၆၇၀၀နဲ႔ ေရာင္းခ်ပါတယ္။

ေျမေအာင္းမႈိအဆီက ေရခဲမုန႔္ရဲ႕အနံ႔ကို ထူးျခားသြားေစပါတယ္။ သူ႔ရဲ႕အနံ႔ေလးနဲ႔တင္ စားခ်င္စိတ္ကို ခ်က္ခ်င္းျဖစ္ေပၚလာေစတာပါ။ ဒီေရခဲမုန႔္ကိုေတာ့ ႏွစ္ခ်ိဳ႕ဝိုင္နဲ႔ တြဲဖက္စားရင္ အလိုက္ဆုံးျဖစ္ေၾကာင္း Cellato ေရခဲမုန႔္ကုမၸဏီက ေဖာ္ျပထားပါတယ္။

ေရခဲမုန႔္က ဘာလို႔ဒီေလာက္ေဈးႀကီးေနရတာလဲဆိုေတာ့ ေဈးအရမ္းႀကီးတဲ့ဂ်ပန္ဆာေကးပါဝင္ေနတာေၾကာင့္ပါ။ Cellato ေရခဲမုန႔္ကို အလတ္ဆတ္ဆုံးစားဖို႔အတြက္ ဝယ္ယူၿပီး ၁၀ရက္အတြင္းစားဖို႔ အႀကံျပဳထားပါတယ္။

Zombie(LoveMedia)