Adhara Perez လို့ခေါ်တဲ့ အသက် ၁၁ နှစ်အရွယ်မိန်းကလေးကို မက္ကဆီကိုနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း အိုင်ကျူကတော့ အိုင်းစတိုင်းထက်တောင် မြင့်မားနေခဲ့ပါတယ်။ အဲဒါကြောင့် အနာဂတ်မှာ Adhara Perez ကို ထွန်းတောက်လာမယ့်ကြယ်တစ်ပွင့်လို့ ပညာရှင်တွေက မှန်းဆကြပါတယ်။

Adhara Perez က ပညာသင်ယူရတာ လွယ်ကူကြောင်းကို ငယ်စဉ်ကတည်းက ကိုယ်တိုင်သတိထားမိခဲ့ပါတယ်။ အဲဒါကြောင့် သူမနဲ့ ကိုက်ညီနိုင်မယ့် သင်ယူမှုပတ်ဝန်းကျင်ကို ရှာဖွေခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ်မှာတင် အရွယ်နဲ့မလိုက်တဲ့ပညာထူးချွန်မှုတွေကို ရရှိခဲ့ပါတယ်။

အသက် ၈နှစ်အရွယ်နဲ့တင် အထက်တန်းပညာကို သင်ယူနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Adhara Perez က Industrial Engineering ပညာရပ်နဲ့ သင်္ချာကို CNCI မှာ သင်ကြားနေပါတယ်။ ဒါ့အပြင် ဒီပညာရပ်အတွက် ပညာသင်ဆုကိုပါ ရရှိခဲ့တာပါ။

Adhara Perez ရဲ့ အိုင်ကျူကတော့ ၁၆၂ ရှိပါတယ်။ အိုင်ကျူက ၁၆၂ တောင်ရှိတာကြောင့် စတီဗင်ဟောကင်းနဲ့ အိုင်းစတိုင်းထက်တောင် ပိုနေပါသေးတယ်။


ဒါပေမယ့် Adhara Perez က အသက် ၃ နှစ်အရွယ်မှာ Asperger ရောဂါကို ခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ငယ်စဉ်ကတည်းက သူမရဲ့ထူးဆန်းတဲ့အပြုအမူတွေကို ဆရာမတွေနဲ့ ရွယ်တူတွေက သတိထားမိခဲ့ကြပါတယ်။ Adhara Perez ရဲ့အမေကတော့ သမီးဖြစ်သူကို အစွမ်းကုန်ပံ့ပိုးပေးပါတယ်။

Adhara Perez က လက်ရှိအချိန်မှာ မက္ကဆီကိုနိုင်ငံက CNCI တက္ကသိုလ်မှာ ပညာသင်ယူနေပါတယ်။ သူမရဲ့ပညာသင်ယူမှုအတွေ့အကြုံအကြောင်း စာအုပ်တစ်အုပ်ကိုလည်း ရေးသားထားပါတယ်။


Adhara Perez က နာဆာတံဆိပ်ပါဝင်တဲ့အင်္ကျီကို မကြာခဏဝတ်ဆင်လေ့ရှိပါတယ်။ သူမက အာကာသနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း အလွန်အမင်းစိတ်ဝင်စားပါတယ်။ Adhara Perez ရဲ့အိပ်မက်ကတော့ မားစ်ဂြိုဟ်အထိ သွားပြီး စူးစမ်းလေ့လာလိုတာပါ။

Zombie (lovemedia)

for zawgyi

အိုင္းစတိုင္းထက္ အိုင္က်ဴျမင့္မားတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္မိန္းကေလး

Adhara Perez လို႔ေခၚတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္မိန္းကေလးကို မကၠဆီကိုႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။ သူမဟာ အသက္ ၁၁ ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္လည္း အိုင္က်ဴကေတာ့ အိုင္းစတိုင္းထက္ေတာင္ ျမင့္မားေနခဲ့ပါတယ္။ အဲဒါေၾကာင့္ အနာဂတ္မွာ Adhara Perez ကို ထြန္းေတာက္လာမယ့္ၾကယ္တစ္ပြင့္လို႔ ပညာရွင္ေတြက မွန္းဆၾကပါတယ္။

Adhara Perez က ပညာသင္ယူရတာ လြယ္ကူေၾကာင္းကို ငယ္စဥ္ကတည္းက ကိုယ္တိုင္သတိထားမိခဲ့ပါတယ္။ အဲဒါေၾကာင့္ သူမနဲ႔ ကိုက္ညီႏိုင္မယ့္ သင္ယူမႈပတ္ဝန္းက်င္ကို ရွာေဖြခဲ့ပါတယ္။ အသက္ ၁၁ ႏွစ္အ႐ြယ္မွာတင္ အ႐ြယ္နဲ႔မလိုက္တဲ့ပညာထူးခြၽန္မႈေတြကို ရရွိခဲ့ပါတယ္။

အသက္ ၈ႏွစ္အ႐ြယ္နဲ႔တင္ အထက္တန္းပညာကို သင္ယူႏိုင္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ Adhara Perez က Industrial Engineering ပညာရပ္နဲ႔ သခ်ၤာကို CNCI မွာ သင္ၾကားေနပါတယ္။ ဒါ့အျပင္ ဒီပညာရပ္အတြက္ ပညာသင္ဆုကိုပါ ရရွိခဲ့တာပါ။

Adhara Perez ရဲ႕ အိုင္က်ဴကေတာ့ ၁၆၂ ရွိပါတယ္။ အိုင္က်ဴက ၁၆၂ ေတာင္ရွိတာေၾကာင့္ စတီဗင္ေဟာကင္းနဲ႔ အိုင္းစတိုင္းထက္ေတာင္ ပိုေနပါေသးတယ္။

ဒါေပမယ့္ Adhara Perez က အသက္ ၃ ႏွစ္အ႐ြယ္မွာ Asperger ေရာဂါကို ခံစားခဲ့ရပါတယ္။ အဲဒါေၾကာင့္ ငယ္စဥ္ကတည္းက သူမရဲ႕ထူးဆန္းတဲ့အျပဳအမူေတြကို ဆရာမေတြနဲ႔ ႐ြယ္တူေတြက သတိထားမိခဲ့ၾကပါတယ္။ Adhara Perez ရဲ႕အေမကေတာ့ သမီးျဖစ္သူကို အစြမ္းကုန္ပံ့ပိုးေပးပါတယ္။

Adhara Perez က လက္ရွိအခ်ိန္မွာ မကၠဆီကိုႏိုင္ငံက CNCI တကၠသိုလ္မွာ ပညာသင္ယူေနပါတယ္။ သူမရဲ႕ပညာသင္ယူမႈအေတြ႕အႀကဳံအေၾကာင္း စာအုပ္တစ္အုပ္ကိုလည္း ေရးသားထားပါတယ္။

Adhara Perez က နာဆာတံဆိပ္ပါဝင္တဲ့အက်ႌကို မၾကာခဏဝတ္ဆင္ေလ့ရွိပါတယ္။ သူမက အာကာသနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကိုလည္း အလြန္အမင္းစိတ္ဝင္စားပါတယ္။ Adhara Perez ရဲ႕အိပ္မက္ကေတာ့ မားစ္ၿဂိဳဟ္အထိ သြားၿပီး စူးစမ္းေလ့လာလိုတာပါ။

Zombie (lovemedia)