တရုတ်နိုင်ငံက Chongqing မြို့မှာ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်ကြီးရှိပါတယ်။ ဟော့ပေါ့ဆိုင်ကြီးက ဘယ်လောက်ကြီးသလဲဆိုရင် တောင်စောင်းကြီးတစ်ခုလုံးနီးပါးပါပဲ။ ဆိုင်မှာ စားပွဲပေါင်း ၉၀၀ ကျော်ရှိပြီး လူပေါင်း ၅၈၀၀ တစ်ပြိုင်နက်တည်း စားသုံးနိုင်မယ့် ဆိုင်ကြီးဖြစ်ပါတယ်။

Chongqing မြို့က ဟော့ပေါ့နဲ့နာမည်ကြီးတဲ့မြို့ပါ။ Chongqing မြို့မှာ ဟော့ပေါ့ဆိုင်ပေါင်းများစွာရှိပါတယ်။ အဲဒီထဲကမှ အကြီးဆုံးဆိုင်ကတော့ Pipa Yuan လို့ခေါ်တဲ့ ဆိုင်ကြီးဖြစ်ပါတယ်။

Pipa Yuan ဆိုင်က Nan'an စီရင်စုမှာတည်ရှိပြီး ဆိုင်ရဲ့အကျယ်အဝန်းက ၃၃၀၀ စတုရန်းမီတာတောင် ရှိပါတယ်။ Pipa Yuan ဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်းတောင်ဝင်သွားခဲ့ပါတယ်။

Pipa Yuan ဆိုင်က တောင်စောင်းမှာ တည်ရှိပြီး ကားပါကင်နေရာကနေ တောင်ခြေကို ရောက်ဖို့ မိနစ် ၃၀ အခန့် အချိန်ကြာမြင့်ပါတယ်။ ဆိုင်မှာ စားပွဲပေါင်း ၉၀၀ လောက်ရှိပေမယ့် လူက ပြတ်လပ်တယ်ဆိုတာ မရှိဘဲ လူအမြဲစည်ကားပါတယ်။ အထူးသဖြင့် နွေဦးရာသီနဲ့ နွေရာသီမှာဆိုရင် ပိုလို့တောင်လူစည်ကားပါသေးတယ်။

ဆိုင်က အရမ်းကြီးပြီး လူကြိုက်များတာကြောင့် တစ်နေ့ကု အများကြီး ချက်ပြုတ်ရပါတယ်။ ဆိုင်မှာ စားပွဲထိုးက ရာနဲ့ချီရှီပြီး စားဖိုမှူးတွေကလည်း ဆယ်နဲ့ချီပြီး ရှိပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ Pipa Yuan ဟာ နေ့ဘက်မှာထက် ညဘက်မှာ ပိုပြီး လူများတာပါ။ ခရီးသွားဧည့်သည်တွေက ရောင်စုံဖြာနေတဲ့ ညအလှကို ခံစားဖို့အတွက် ညဘက်မှာ ပိုပြီး လာကြပါတယ်။ ညဘက်မှာဆိုရင်တော့ တောင်စောင်းတစ်လျှောက်ဟာ မီးရောင်တွေနဲ့ တောက်ပါနေပါတယ်။

ဆိုင်က ကြီးမားပေမယ့် ဝန်ဆောင်မှုကတော့ အရမ်းကို ကောင်းမွန်ပါတယ်။ အစားအစာတွေကို လတ်ဆတ်တာတွေပဲ အသုံးပြုတာကြောင့် အရသာက ပိုမိုထူးခြားနေပါတယ်။ တရုတ်နိုင်ငံအနှံ့အပြားက လူတွေကတော့ ကမ္ဘာ့အကြီးဆုံးဟော့ပေါ့ဆိုင်ကို ရောက်ဖြစ်အောင် လာကြပါတယ်။

vdo 1

vdo 2

vdo 3

Zombie (lovemedia)

for zawgyi

လူေပါင္း ၅၈၀၀ တစ္ၿပိဳင္တည္း စားသုံးလို႔ရမယ့္ ကမာၻ႔အႀကီးဆုံး ေဟာ့ေပါ့ဆိုင္

တ႐ုတ္ႏိုင္ငံက Chongqing ၿမိဳ႕မွာ ကမာၻ႔အႀကီးဆုံး ေဟာ့ေပါ့ဆိုင္ႀကီးရွိပါတယ္။ ေဟာ့ေပါ့ဆိုင္ႀကီးက ဘယ္ေလာက္ႀကီးသလဲဆိုရင္ ေတာင္ေစာင္းႀကီးတစ္ခုလုံးနီးပါးပါပဲ။ ဆိုင္မွာ စားပြဲေပါင္း ၉၀၀ ေက်ာ္ရွိၿပီး လူေပါင္း ၅၈၀၀ တစ္ၿပိဳင္နက္တည္း စားသုံးႏိုင္မယ့္ ဆိုင္ႀကီးျဖစ္ပါတယ္။

Chongqing ၿမိဳ႕က ေဟာ့ေပါ့နဲ႔နာမည္ႀကီးတဲ့ၿမိဳ႕ပါ။ Chongqing ၿမိဳ႕မွာ ေဟာ့ေပါ့ဆိုင္ေပါင္းမ်ားစြာရွိပါတယ္။ အဲဒီထဲကမွ အႀကီးဆုံးဆိုင္ကေတာ့ Pipa Yuan လို႔ေခၚတဲ့ ဆိုင္ႀကီးျဖစ္ပါတယ္။

Pipa Yuan ဆိုင္က Nan'an စီရင္စုမွာတည္ရွိၿပီး ဆိုင္ရဲ႕အက်ယ္အဝန္းက ၃၃၀၀ စတုရန္းမီတာေတာင္ ရွိပါတယ္။ Pipa Yuan ဆိုင္ကေတာ့ ကမာၻ႔အႀကီးဆုံး ေဟာ့ေပါ့ဆိုင္ျဖစ္ၿပီး ဂင္းနစ္မွတ္တမ္းေတာင္ဝင္သြားခဲ့ပါတယ္။

Pipa Yuan ဆိုင္က ေတာင္ေစာင္းမွာ တည္ရွိၿပီး ကားပါကင္ေနရာကေန ေတာင္ေျခကို ေရာက္ဖို႔ မိနစ္ ၃၀ အခန႔္ အခ်ိန္ၾကာျမင့္ပါတယ္။ ဆိုင္မွာ စားပြဲေပါင္း ၉၀၀ ေလာက္ရွိေပမယ့္ လူက ျပတ္လပ္တယ္ဆိုတာ မရွိဘဲ လူအၿမဲစည္ကားပါတယ္။ အထူးသျဖင့္ ေႏြဦးရာသီနဲ႔ ေႏြရာသီမွာဆိုရင္ ပိုလို႔ေတာင္လူစည္ကားပါေသးတယ္။

ဆိုင္က အရမ္းႀကီးၿပီး လူႀကိဳက္မ်ားတာေၾကာင့္ တစ္ေန႔ကု အမ်ားႀကီး ခ်က္ျပဳတ္ရပါတယ္။ ဆိုင္မွာ စားပြဲထိုးက ရာနဲ႔ခ်ီရွီၿပီး စားဖိုမႉးေတြကလည္း ဆယ္နဲ႔ခ်ီၿပီး ရွိပါတယ္။

စိတ္ဝင္စားစရာေကာင္းတာကေတာ့ Pipa Yuan ဟာ ေန႔ဘက္မွာထက္ ညဘက္မွာ ပိုၿပီး လူမ်ားတာပါ။ ခရီးသြားဧည့္သည္ေတြက ေရာင္စုံျဖာေနတဲ့ ညအလွကို ခံစားဖို႔အတြက္ ညဘက္မွာ ပိုၿပီး လာၾကပါတယ္။ ညဘက္မွာဆိုရင္ေတာ့ ေတာင္ေစာင္းတစ္ေလွ်ာက္ဟာ မီးေရာင္ေတြနဲ႔ ေတာက္ပါေနပါတယ္။

ဆိုင္က ႀကီးမားေပမယ့္ ဝန္ေဆာင္မႈကေတာ့ အရမ္းကို ေကာင္းမြန္ပါတယ္။ အစားအစာေတြကို လတ္ဆတ္တာေတြပဲ အသုံးျပဳတာေၾကာင့္ အရသာက ပိုမိုထူးျခားေနပါတယ္။ တ႐ုတ္ႏိုင္ငံအႏွံ႔အျပားက လူေတြကေတာ့ ကမာၻ႔အႀကီးဆုံးေဟာ့ေပါ့ဆိုင္ကို ေရာက္ျဖစ္ေအာင္ လာၾကပါတယ္။

Zombie (lovemedia)