နှာခေါင်းပုံစံနဲ့မလိုက်ဖက်တဲ့ ဆံပင်ပုံစံကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ လျော့ကျနေပြီလား။ အဲဒါဆိုရင်တော့ စိတ်ပူစရာမလိုတော့ပါဘူးနော်။ နှာခေါင်းပုံစံပေါ်မူတည်ပြီး ရွေးချယ်နိုင်မယ့်ဆံပင်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရှည်လျားတဲ့နှာခေါင်း

ရှည်လျားတဲ့နှာခေါင်းပိုင်ရှင်အမျိုးသမီးတွေက ဆံပင်ကုပ်ဝဲကို ညှပ်သင့်ပါတယ်။ အဲဒီအခါ မျက်နှာရဲ့အချိုးအစားတွေ ညီမျှသွားပြီး နှာခေါင်းရှည်တာက မသိသာတော့ပါဘူး။ အထပ်အထပ်လေးတွေ ညှပ်ထားတဲ့ ဆံပင်ကုပ်ဝဲကလည်း ရွေးချယ်သင့်တဲ့ ဆံပင်ပုံစံပါ။

၂။ ပွတဲ့နှာခေါင်း

နှာခေါင်းပွတဲ့သူတွေက ဆံပင်ပုံစံရွေးချယ်ရတာ ခက်ခဲ့ပါတယ်။ ဆံပင်ကို အလယ်ခွဲလိုက်ရင် နှာခေါင်းပွတာက အရမ်းမသိသာတော့ပါဘူး။ ဥပမာ Rihanna လို ဆံပင်ပုံစံတွေက နှာခေါင်းပွသူတွေအတွက် သင့်တော်ပါတယ်။

၃။ နှာခေါင်းလုံးလုံး

နှာ‌ခေါင်းလုံးသူတွေအတွက်တော့ ဆံပင်ပုံစံရွေးချယ်ရတာ မခက်ခဲပါဘူး။ လှိုင်းတွန့်နဲ့ ဆံပင်ကောက်ကောက်လေးတွေက နှာခေါင်းလုံးသူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ နှာခေါင်းရဲ့အလှကိုလည်း ပိုမိုပေါ်လွင်စေပါတယ်။

၄။ နှာခေါင်းကောက်သူ

နှာခေါင်းကောက်တဲ့အမျိုးသမီးတွေအတွက် ဘယ်ဆံပင်ပုံစံနဲ့လိုက်ဖက်မလဲဆိုတာ စိတ်ပူစရာမလိုတော့ပါဘူး။ နှာခေါင်းကောက်တဲ့အခါ ရှေ့ဆံမြိတ်ထားလိုက်ပါ။ အဲဒီအခါ နှာခေါင်းကောက်တာက အရမ်းမသိသာတော့ဘဲ မျက်နှာအလှက ပိုမိုပေါ်လွင်လာပါတယ်။

၅။ ဝဝလုံးလုံးနှာခေါင်း

ဒီလိုနှာခေါင်းပိုင်ရှင်တွေက နှာခေါင်းအောက်ပိုင်းပွပြီး နှာခေါင်းအလယ်က ကောက်နေတတ်ကြပါတယ်။ ဒီလိုနှာခေါင်းမျိုးပိုင်ဆိုင်ထားရင်တော့ ဆံပင်ကို အတိုညှပ်လိုက်ပါ။ အဲဒီအခါ မျက်နှာက ပြားတယ်လို့ ထင်ရပြီး နှာခေါင်းပွတာနဲ့ ကောက်တာက မသိသာတော့ပါဘူး။

၆။ အပေါ်ကို ချွန်နေတဲ့နှာခေါင်း

နှာခေါင်းက အပေါ်ဘက်ကို ချွန်နေရင် လှပတဲ့ဆံပင်ပုံစံများစွာကို ရွေးချယ်နိုင်ပါတယ်။ ဆံပင်ကို ဘေးခွဲပြီး ခပ်ပွပွဆံပင်ပုံစံမျိုးက နှာခေါင်းချွန်တဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးပါ။

Zombie (lovemedia)

for zawgyi

ႏွာေခါင္းပုံစံ (၆) မ်ိဳးေပၚ မူတည္ၿပီး ေ႐ြးခ်ယ္ႏိုင္မယ့္ ဆံပင္ပုံစံမ်ား

ႏွာေခါင္းပုံစံနဲ႔မလိုက္ဖက္တဲ့ ဆံပင္ပုံစံေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြ ေလ်ာ့က်ေနၿပီလား။ အဲဒါဆိုရင္ေတာ့ စိတ္ပူစရာမလိုေတာ့ပါဘူးေနာ္။ ႏွာေခါင္းပုံစံေပၚမူတည္ၿပီး ေ႐ြးခ်ယ္ႏိုင္မယ့္ဆံပင္ပုံစံေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ရွည္လ်ားတဲ့ႏွာေခါင္း

ရွည္လ်ားတဲ့ႏွာေခါင္းပိုင္ရွင္အမ်ိဳးသမီးေတြက ဆံပင္ကုပ္ဝဲကို ညႇပ္သင့္ပါတယ္။ အဲဒီအခါ မ်က္ႏွာရဲ႕အခ်ိဳးအစားေတြ ညီမွ်သြားၿပီး ႏွာေခါင္းရွည္တာက မသိသာေတာ့ပါဘူး။ အထပ္အထပ္ေလးေတြ ညႇပ္ထားတဲ့ ဆံပင္ကုပ္ဝဲကလည္း ေ႐ြးခ်ယ္သင့္တဲ့ ဆံပင္ပုံစံပါ။

၂။ ပြတဲ့ႏွာေခါင္း

ႏွာေခါင္းပြတဲ့သူေတြက ဆံပင္ပုံစံေ႐ြးခ်ယ္ရတာ ခက္ခဲ့ပါတယ္။ ဆံပင္ကို အလယ္ခြဲလိုက္ရင္ ႏွာေခါင္းပြတာက အရမ္းမသိသာေတာ့ပါဘူး။ ဥပမာ Rihanna လို ဆံပင္ပုံစံေတြက ႏွာေခါင္းပြသူေတြအတြက္ သင့္ေတာ္ပါတယ္။

၃။ ႏွာေခါင္းလုံးလုံး

ႏွာ‌ေခါင္းလုံးသူေတြအတြက္ေတာ့ ဆံပင္ပုံစံေ႐ြးခ်ယ္ရတာ မခက္ခဲပါဘူး။ လႈိင္းတြန႔္နဲ႔ ဆံပင္ေကာက္ေကာက္ေလးေတြက ႏွာေခါင္းလုံးသူေတြနဲ႔ အရမ္းလိုက္ဖက္ပါတယ္။ ႏွာေခါင္းရဲ႕အလွကိုလည္း ပိုမိုေပၚလြင္ေစပါတယ္။

၄။ ႏွာေခါင္းေကာက္သူ

ႏွာေခါင္းေကာက္တဲ့အမ်ိဳးသမီးေတြအတြက္ ဘယ္ဆံပင္ပုံစံနဲ႔လိုက္ဖက္မလဲဆိုတာ စိတ္ပူစရာမလိုေတာ့ပါဘူး။ ႏွာေခါင္းေကာက္တဲ့အခါ ေရွ႕ဆံၿမိတ္ထားလိုက္ပါ။ အဲဒီအခါ ႏွာေခါင္းေကာက္တာက အရမ္းမသိသာေတာ့ဘဲ မ်က္ႏွာအလွက ပိုမိုေပၚလြင္လာပါတယ္။

၅။ ဝဝလုံးလုံးႏွာေခါင္း

ဒီလိုႏွာေခါင္းပိုင္ရွင္ေတြက ႏွာေခါင္းေအာက္ပိုင္းပြၿပီး ႏွာေခါင္းအလယ္က ေကာက္ေနတတ္ၾကပါတယ္။ ဒီလိုႏွာေခါင္းမ်ိဳးပိုင္ဆိုင္ထားရင္ေတာ့ ဆံပင္ကို အတိုညႇပ္လိုက္ပါ။ အဲဒီအခါ မ်က္ႏွာက ျပားတယ္လို႔ ထင္ရၿပီး ႏွာေခါင္းပြတာနဲ႔ ေကာက္တာက မသိသာေတာ့ပါဘူး။

၆။ အေပၚကို ခြၽန္ေနတဲ့ႏွာေခါင္း

ႏွာေခါင္းက အေပၚဘက္ကို ခြၽန္ေနရင္ လွပတဲ့ဆံပင္ပုံစံမ်ားစြာကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဆံပင္ကို ေဘးခြဲၿပီး ခပ္ပြပြဆံပင္ပုံစံမ်ိဳးက ႏွာေခါင္းခြၽန္တဲ့သူေတြနဲ႔ အလိုက္ဖက္ဆုံးပါ။

Zombie (lovemedia)