တရုတ်နိုင်ငံက ပင်စင်စား အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ယောက်ရဲ့ အလုပ်ဟာ လူသန်းပေါင်းများစွာကို မျက်ရည်ဝဲသွားစေပါတယ်။ အဘိုးရဲ့မြေးလေးက ကျန်းမာရေးမကောင်းတာကြောင့် လိုအပ်တဲ့ငွေအတွက် အွန်လိုင်းမှာ ကိုယ်တိုင်မိတ်ကပ်လိမ်းပြပြီး ရောင်းချရတာကြောင့်ပါ။

အသက် ၇၂ နှစ်အရွယ် အဘိုး Zhu Yunchang ဟာ beauty-blogger အဖြစ် နာရီပေါင်းများစွာ လုပ်ကိုင်နေရပါတယ်။ မိတ်ကပ်ပစ္စည်းတွေဖြစ်တဲ့ နှုတ်ခမ်းနီ၊ ခရင်မ်၊ mascara တွေကို အွန်လိုင်းမှာ ကိုယ်တိုင်လိမ်းခြယ်ပြပါတယ်။

ဒီအလုပ်ကတော့ အဘိုး Zhu Yunchang ရဲ့အသက်အရွယ်နဲ့ဆိုရင် လုံးဝကို မသင့်တော်တဲ့အလုပ်ပါ။ ဒါပေမယ့် အဘိုးက ကျန်းမာရေးမကောင်းတဲ့မြေးလေးအတွက် မိတ်ကပ်တွေကို ကိုယ်တိုင်လိမ်းပြနေရပါတယ်။

လွန်ခဲ့တဲ့ ၆နှစ်တုန်းက အဘိုးရဲ့မြေးလေး Xiao Jingyan က ရှားပါးတဲ့ရောဂါတစ်ခုဖြစ်တဲ့ ကြောရိုးကြွက်သားလှုပ်ရှားလို့မရတဲ့ရောဂါကို ခံစားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက Xiao Jingyan က အသက် ၅ နှစ်သာ ရှိပါသေးတယ်။

ဆရာဝန်တွေက Xiao Jingyan ကို ၁၈လပဲ အသက်ရှင်နိုင်မယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် မိသားစုက ဝိုင်းဝန်းစောင့်ရှောက်ကြတဲ့အခါ သူ့ရဲ့အသက်က ထင်ထားတာထက်တောင် ရှည်သွားခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုအသက်ရှည်အောင်လို့ ကုသရဲတဲ့ငွေကြေးပမာဏကလည်း မနည်းလှပါဘူး။ Xiao Jingyan ကို ကုသဖို့ အမေရကန်ကနေ မှာယူရတဲ့ဆေးဖိုးသက်သက်တင် အမေရိကန်ဒေါ်လာတစ်သိန်းရှိပါတယ်။

Zhu Yunchang က မြေးလေးရဲ့အသက်ကို ကယ်ဖို့ ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ကို ရောင်းလိုက်ပြီး ငွေကိုလည်း တတ်နိုင်သမျှ လိုက်ချေးပါတယ်။ ဒါပေမယ့် ငွေက မလုံလောက်သေးတဲ့အခါ အဘိုးဖြစ်သူက ငွေရနိုင်မယ့်နည်းလမ်းတွေကို စတင်စဉ်းစားခဲ့ရာကနေ beauty blogger အလုပ်ကို ရှာတွေ့ သွားခဲ့ပါတယ်။

အဘိုးက အလှအပပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘာမှ မသိပါဘူး။ ဒါပေမယ့် ဒီအလုပ်ကို လုပ်ဖို့အတွက်လည်း ရှက်ကြောက်နေတာမျိုးလည်း မရှိခဲ့ပါဘူး။ အရင်ဆုံး မိတ်ကပ်ပစ္စည်း ထုတ်လုပ်သူတွေနဲ့ ဆက်သွယ်ပြီး နမူနာမိတ်ကပ်ပစ္စည်းလေးတွေနဲ့ အလှပြင်ပါတယ်။

အသက် ၇၀ ကျော်အရွယ် အဘိုးဖြစ်တာကြောင့် သူရောင်းတဲ့မိတ်ကပ်ကိုလည်း ဘယ်သူမှ မဝယ်ကြပါဘူး။ အဲဒီအခါ အလှကုန်ပစ္စည်းဆိုင်တွေကို သွားပြီး ဝန်ထမ်းတွေဆီကနေ မိတ်ကပ်ပစ္စည်းတွေအကြောင်းကို သင်ယူပါတယ်။

အဲဒီနောက်မှာတော့ အဘိုး Zhu Yunchang က အွန်လိုင်းမှာ live လွှင့်ပြီးတော့ ကိုယ်တိုင်မိတ်ကပ်ပြင်ပြပါတယ်။ ပြီးနောက် မိတ်ကပ်ပစ္စည်းတွေကို ရောင်းချပါတယ်။ Beauty blogger အလုပ်က အဘိုးအတွက် အများကြီး အဆင်ပြေလာစေပါတယ်။

အခုဆိုရင်တော့ Xiao Jingyan ရဲ့ဆေးကုသစရိတ်ကို တရုတ်နိုင်ငံရဲ့ အာမခံလုပ်ငန်းတစ်ခုမှာ ထည့်ထားနိုင်ပါဘူး။ အဲဒါကြောင့် ငွေကြေးနဲ့ပတ်သက်ပြီးတော့ အများကြီး မပူပင်ရတော့ပါဘူး။ ဒါပေမယ့် အဘိုးကတော့ beauty blogger  အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။

"မြေးလေးက သာမန်ကလေးတွေကို လမ်းလျှောက်နိုင်ရင် သေပျော်ပါပြီ" လို့ အဘိုးက ဖြေကြားထားပါတယ်။

Zombie (lovemedia)

for zawgyi

ေျမးေလးရဲ႕အသက္ကို ကယ္ဖို႔အတြက္ ကိုယ္တိုင္မိတ္ကပ္ျပင္ျပၿပီး ေဈးေရာင္းေနရတဲ့ အသက္ ၇၂ ႏွစ္အ႐ြယ္အဘိုး

တ႐ုတ္ႏိုင္ငံက ပင္စင္စား အသက္ ၇၂ ႏွစ္အ႐ြယ္အဖိုးအိုတစ္ေယာက္ရဲ႕ အလုပ္ဟာ လူသန္းေပါင္းမ်ားစြာကို မ်က္ရည္ဝဲသြားေစပါတယ္။ အဘိုးရဲ႕ေျမးေလးက က်န္းမာေရးမေကာင္းတာေၾကာင့္ လိုအပ္တဲ့ေငြအတြက္ အြန္လိုင္းမွာ ကိုယ္တိုင္မိတ္ကပ္လိမ္းျပၿပီး ေရာင္းခ်ရတာေၾကာင့္ပါ။

အသက္ ၇၂ ႏွစ္အ႐ြယ္ အဘိုး Zhu Yunchang ဟာ beauty-blogger အျဖစ္ နာရီေပါင္းမ်ားစြာ လုပ္ကိုင္ေနရပါတယ္။ မိတ္ကပ္ပစၥည္းေတြျဖစ္တဲ့ ႏႈတ္ခမ္းနီ၊ ခရင္မ္၊ mascara ေတြကို အြန္လိုင္းမွာ ကိုယ္တိုင္လိမ္းျခယ္ျပပါတယ္။ ဒီအလုပ္ကေတာ့ အဘိုး Zhu Yunchang ရဲ႕အသက္အ႐ြယ္နဲ႔ဆိုရင္ လုံးဝကို မသင့္ေတာ္တဲ့အလုပ္ပါ။ ဒါေပမယ့္ အဘိုးက က်န္းမာေရးမေကာင္းတဲ့ေျမးေလးအတြက္ မိတ္ကပ္ေတြကို ကိုယ္တိုင္လိမ္းျပေနရပါတယ္။

လြန္ခဲ့တဲ့ ၆ႏွစ္တုန္းက အဘိုးရဲ႕ေျမးေလး Xiao Jingyan က ရွားပါးတဲ့ေရာဂါတစ္ခုျဖစ္တဲ့ ေၾကာ႐ိုးႂကြက္သားလႈပ္ရွားလို႔မရတဲ့ေရာဂါကို ခံစားခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက Xiao Jingyan က အသက္ ၅ ႏွစ္သာ ရွိပါေသးတယ္။ ဆရာဝန္ေတြက Xiao Jingyan ကို ၁၈လပဲ အသက္ရွင္ႏိုင္မယ္လို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ မိသားစုက ဝိုင္းဝန္းေစာင့္ေရွာက္ၾကတဲ့အခါ သူ႔ရဲ႕အသက္က ထင္ထားတာထက္ေတာင္ ရွည္သြားခဲ့ပါတယ္။

ဒါေပမယ့္ ဒီလိုအသက္ရွည္ေအာင္လို႔ ကုသရဲတဲ့ေငြေၾကးပမာဏကလည္း မနည္းလွပါဘူး။ Xiao Jingyan ကို ကုသဖို႔ အေမရကန္ကေန မွာယူရတဲ့ေဆးဖိုးသက္သက္တင္ အေမရိကန္ေဒၚလာတစ္သိန္းရွိပါတယ္။

Zhu Yunchang က ေျမးေလးရဲ႕အသက္ကို ကယ္ဖို႔ ဘာမဆိုလုပ္မယ္ဆိုၿပီး ဆုံးျဖတ္လိုက္ပါတယ္။ အိမ္ကို ေရာင္းလိုက္ၿပီး ေငြကိုလည္း တတ္ႏိုင္သမွ် လိုက္ေခ်းပါတယ္။ ဒါေပမယ့္ ေငြက မလုံေလာက္ေသးတဲ့အခါ အဘိုးျဖစ္သူက ေငြရႏိုင္မယ့္နည္းလမ္းေတြကို စတင္စဥ္းစားခဲ့ရာကေန beauty blogger အလုပ္ကို ရွာေတြ႕ သြားခဲ့ပါတယ္။

အဘိုးက အလွအပပစၥည္းေတြနဲ႔ပတ္သက္ၿပီး ဘာမွ မသိပါဘူး။ ဒါေပမယ့္ ဒီအလုပ္ကို လုပ္ဖို႔အတြက္လည္း ရွက္ေၾကာက္ေနတာမ်ိဳးလည္း မရွိခဲ့ပါဘူး။ အရင္ဆုံး မိတ္ကပ္ပစၥည္း ထုတ္လုပ္သူေတြနဲ႔ ဆက္သြယ္ၿပီး နမူနာမိတ္ကပ္ပစၥည္းေလးေတြနဲ႔ အလွျပင္ပါတယ္။ အသက္ ၇၀ ေက်ာ္အ႐ြယ္ အဘိုးျဖစ္တာေၾကာင့္ သူေရာင္းတဲ့မိတ္ကပ္ကိုလည္း ဘယ္သူမွ မဝယ္ၾကပါဘူး။ အဲဒီအခါ အလွကုန္ပစၥည္းဆိုင္ေတြကို သြားၿပီး ဝန္ထမ္းေတြဆီကေန မိတ္ကပ္ပစၥည္းေတြအေၾကာင္းကို သင္ယူပါတယ္။

အဲဒီေနာက္မွာေတာ့ အဘိုး Zhu Yunchang က အြန္လိုင္းမွာ live လႊင့္ၿပီးေတာ့ ကိုယ္တိုင္မိတ္ကပ္ျပင္ျပပါတယ္။ ၿပီးေနာက္ မိတ္ကပ္ပစၥည္းေတြကို ေရာင္းခ်ပါတယ္။ Beauty blogger အလုပ္က အဘိုးအတြက္ အမ်ားႀကီး အဆင္ေျပလာေစပါတယ္။

အခုဆိုရင္ေတာ့ Xiao Jingyan ရဲ႕ေဆးကုသစရိတ္ကို တ႐ုတ္ႏိုင္ငံရဲ႕ အာမခံလုပ္ငန္းတစ္ခုမွာ ထည့္ထားႏိုင္ပါဘူး။ အဲဒါေၾကာင့္ ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့ အမ်ားႀကီး မပူပင္ရေတာ့ပါဘူး။ ဒါေပမယ့္ အဘိုးကေတာ့ beauty blogger  အလုပ္ကို ဆက္လက္လုပ္ကိုင္ေနဆဲပါပဲ။

"ေျမးေလးက သာမန္ကေလးေတြကို လမ္းေလွ်ာက္ႏိုင္ရင္ ေသေပ်ာ္ပါၿပီ" လို႔ အဘိုးက ေျဖၾကားထားပါတယ္။

Zombie (lovemedia)