အချစ်က ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တစ်မျိုးဖြစ်ပြီး နားလည်ရ ခက်ခဲပါတယ်။ လေ့လာချက်တွေအရ တစ်စုံတစ်ယောက်ကို ချစ်သွားဖို့အတွက် အချိန်ယူတဲ့အခါ ကြာတဲ့အချိန်က အမျိုးသားနဲ့အမျိုးသမီးကြားမှာ မတူညီပါဘူး။

အချစ်က ဦးနှောက်မှာ စတင်ဖြစ်ပေါ်ပါတယ်။

သိပ္ပံပညာရှင်တွေက အတွင်းကျကျလေ့လာကြည့်တဲ့အခါ အချစ်က နှလုံးကနေ ဖြစ်လာတာမဟုတ်ဘဲ ဦးနှောက်ကန ဖြစ်လာတာပါ။ ဦးနှောက်က နှလုံးကို အချစ်ဆိုတဲ့အကြောင်း ရှင်းပြပေးပါတယ်။ သဘောကျတဲ့လူတစ်ယောက်ယောက်ကို တွေ့တဲ့အခါ ဦးနှောက်က နှလုံးကို အချက်အလက်တွေ ပေးပို့ပြီး နှလုံးခုန်နှုန်းတွေ မြန်လာပါတယ်။

အချစ်က ဦးနှောက်ထဲမှာ နေရာ ၁၂ နေရာ ယူထားပါတယ်။

ချစ်မိသွားတာက ထူးဆန်းတဲ့အရာပါ။ တစ်စုံတစ်ယောက်က ချစ်မိသွားတဲ့အခါ ဦးနှောက်ထဲမှာရှိတဲ့ နေရာ ၁၂ နေရာက တစ်ပြိုက်နက်တည်း အလုပ်လုပ်ပါတယ်။ ဒါ့အပြင် ဦးနှောက်က dopamine, oxytocin, adrenaline, vasopressin ဆိုတဲ့ဟော်မုန်းတွေကိုလည်း ထုတ်လုပ်ပါသေးတယ်။

ဒီဟော်မုန်းတွေထဲကြောင့် ပျော်ရွှင်ကြည်နူးတဲ့ခံစားချက်ကို ရရှိလာပါတယ်။ ပျော်ရွှင်ကြည်နူးတဲ့ခံစားချက်ရရှိပြီးနောက်မှာ အချစ်က ဦးနှောက်ကို လွှမ်းမိုးနိုင်ပါတယ်။ အချစ်လွန်သွားတဲ့အခါမှာ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် လုံးဝမချစ်တော့တဲ့အခါမှာတော့ အရှိကို အရှိအတိုင်းလည်း မြင်တတ်လာပါတယ်။

အမျိုးသမီးတွေအတွက် ချစ်မိဖို့က ကြာရှည်နေတတ်ပါတယ်။

လူတစ်ယောက်ကို တကယ်ချစ်မိဖို့ဆိုရင် ၂ ပတ်ကနေ ၄ ပတ်ခန့် ကြာမြင့်ပါတယ်။ အမျိုးသမီးတွေအတွက် ချစ်လာဖို့အချိန်က ပိုကြာနေတတ်ပါတယ်။ ဥပမာအားဖြင့် အမျိုးသားတွေက ၁၀၈ ရက်အတွင်း ချစ်တတ်သွားပေမယ့် အမျိုးသမီးတစ်ယောက်အတွက်ကတော့ ချစ်ဖို့အတွက် ၁၂၃ ရက်ခန့် အချိန်ယူရပါတယ်။

အချစ်က စိတ်ကျန်းမာရေးကို လွှမ်းမိုးနိုင်ပါတယ်။ အချစ်က မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကို ဖြစ်လာအောင်လို့ တွန်းအားပေးနိုင်သလို အချစ်ကြောင့်လည်း အမှားတွေ လုပ်မိသွားနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

သိပၸံနည္းအရ တကယ္ခ်စ္မိသြားဖို႔ ၾကာျမင့္တဲ့အခ်ိန္

အခ်စ္က ရႈပ္ေထြးတဲ့ စိတ္ခံစားခ်က္တစ္မ်ိဳးျဖစ္ၿပီး နားလည္ရ ခက္ခဲပါတယ္။ ေလ့လာခ်က္ေတြအရ တစ္စုံတစ္ေယာက္ကို ခ်စ္သြားဖို႔အတြက္ အခ်ိန္ယူတဲ့အခါ ၾကာတဲ့အခ်ိန္က အမ်ိဳးသားနဲ႔အမ်ိဳးသမီးၾကားမွာ မတူညီပါဘူး။

အခ်စ္က ဦးေႏွာက္မွာ စတင္ျဖစ္ေပၚပါတယ္။

သိပၸံပညာရွင္ေတြက အတြင္းက်က်ေလ့လာၾကည့္တဲ့အခါ အခ်စ္က ႏွလုံးကေန ျဖစ္လာတာမဟုတ္ဘဲ ဦးေႏွာက္ကန ျဖစ္လာတာပါ။ ဦးေႏွာက္က ႏွလုံးကို အခ်စ္ဆိုတဲ့အေၾကာင္း ရွင္းျပေပးပါတယ္။ သေဘာက်တဲ့လူတစ္ေယာက္ေယာက္ကို ေတြ႕တဲ့အခါ ဦးေႏွာက္က ႏွလုံးကို အခ်က္အလက္ေတြ ေပးပို႔ၿပီး ႏွလုံးခုန္ႏႈန္းေတြ ျမန္လာပါတယ္။

အခ်စ္က ဦးေႏွာက္ထဲမွာ ေနရာ ၁၂ ေနရာ ယူထားပါတယ္။

ခ်စ္မိသြားတာက ထူးဆန္းတဲ့အရာပါ။ တစ္စုံတစ္ေယာက္က ခ်စ္မိသြားတဲ့အခါ ဦးေႏွာက္ထဲမွာရွိတဲ့ ေနရာ ၁၂ ေနရာက တစ္ၿပိဳက္နက္တည္း အလုပ္လုပ္ပါတယ္။ ဒါ့အျပင္ ဦးေႏွာက္က dopamine, oxytocin, adrenaline, vasopressin ဆိုတဲ့ေဟာ္မုန္းေတြကိုလည္း ထုတ္လုပ္ပါေသးတယ္။ ဒီေဟာ္မုန္းေတြထဲေၾကာင့္ ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ခံစားခ်က္ကို ရရွိလာပါတယ္။ ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ခံစားခ်က္ရရွိၿပီးေနာက္မွာ အခ်စ္က ဦးေႏွာက္ကို လႊမ္းမိုးႏိုင္ပါတယ္။ အခ်စ္လြန္သြားတဲ့အခါမွာ စိတ္ဓာတ္က်တာ၊ စိတ္ဖိစီးတာေတြ ျဖစ္ေပၚလာပါတယ္။ ဒါေပမယ့္ လုံးဝမခ်စ္ေတာ့တဲ့အခါမွာေတာ့ အရွိကို အရွိအတိုင္းလည္း ျမင္တတ္လာပါတယ္။

အမ်ိဳးသမီးေတြအတြက္ ခ်စ္မိဖို႔က ၾကာရွည္ေနတတ္ပါတယ္။

လူတစ္ေယာက္ကို တကယ္ခ်စ္မိဖို႔ဆိုရင္ ၂ ပတ္ကေန ၄ ပတ္ခန႔္ ၾကာျမင့္ပါတယ္။ အမ်ိဳးသမီးေတြအတြက္ ခ်စ္လာဖို႔အခ်ိန္က ပိုၾကာေနတတ္ပါတယ္။ ဥပမာအားျဖင့္ အမ်ိဳးသားေတြက ၁၀၈ ရက္အတြင္း ခ်စ္တတ္သြားေပမယ့္ အမ်ိဳးသမီးတစ္ေယာက္အတြက္ကေတာ့ ခ်စ္ဖို႔အတြက္ ၁၂၃ ရက္ခန႔္ အခ်ိန္ယူရပါတယ္။

အခ်စ္က စိတ္က်န္းမာေရးကို လႊမ္းမိုးႏိုင္ပါတယ္။ အခ်စ္က မျဖစ္ႏိုင္ဘူးလို႔ ထင္ထားတဲ့အရာေတြကို ျဖစ္လာေအာင္လို႔ တြန္းအားေပးႏိုင္သလို အခ်စ္ေၾကာင့္လည္း အမွားေတြ လုပ္မိသြားႏိုင္ပါတယ္။

Zombie (lovemedia)