တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ က ပြုတ်ထားခဲ့တဲ့ ကြက်ဥပြုတ်လေးရဲ့ပုံကို အင်တာနက်မှာ တင်လိုက်ပါတယ်။ ဒီကြက်ဥကို သူမ ငယ်ငယ်တုန်းက ပြုတ်ခဲ့တာဖြစ်ပြီး စားဖို့မေ့သွားခဲ့ပါတယ်။ အခုပြန်တွေ့တဲ့အခါ ကြက်ဥပြုတ်က ကျောက်ဖြစ်သွားပြီး ပတ္တမြားနဲ့တောင် ဆင်တူနေပါသေးတယ်။

Fu လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ကြက်ဥပြုတ်လေးကို အင်တာနက်ပေါ်မှာ တင်ပြီးနောက် လူအများရဲ့အာရံစိုက်မှုကို ရရှိသွားခဲ့ပါတယ်။ ကြက်ဥပြုတ်ကို သူမ မူလတန်းအရွယ်က ပြုတ်ခဲ့တာပါ။

ကျောင်းမှာစားဖို့အတွက် အမေက ကျောပိုးအိတ်ရဲ့ဘေးအိတ်ကပ်ထဲမှာ ထည့်ပေးလိုက်ပါတယ်။  ကြက်ဥပြုတ်ကို ၃ ရက်ကြာမေ့နေခဲ့ပြီး ပုပ်နေပြီထင်လို့ မစားဖြစ်တော့ပါဘူး။

ဒါပေမယ့် Fu က ကြက်ဥပြုတ်ကို မလွှင့်ပစ်ဘဲ ရေခဲသေတ္တာရဲ့အပေါ်ဆုံးထပ်မှာ ထည့်ထားပါတယ်။ ပြီးနောက် ၃လလောက်ကြာအောင် ကြက်ဥကို မေ့သွားပါတယ်။ Fu ရဲ့အမေက ကြက်ဥကို တွေ့သွားတဲ့အခါ အရောင်က အနက်ရောင်ကို ပြောင်းနေပါပြီ။

အဲဒါကြောင့် Fu ရဲ့အမေက ကြက်ဥကို လွှင့်မပစ်ဘဲ ရတနာသေတ္တာဘူးထဲမှာ ထည့်သိမ်းထားပါတယ်။ နှစ်တွေကြာပြီးနောက်မှာ Fu လည်း မိဘအိမ်ကနေ ပြောင်းသွားပြီး ကြက်ဥအကြောင်းကို လုံးဝမေ့သွားခဲ့ပါတယ်။

မကြာသေးခင်က Fu ရဲ့အမေက သန့်ရှင်းရေးလုပ်ရင်းနဲ့ ကြက်ဥကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ကြက်ဥပြုတ်က ကျောက်ဖြစ်နေရုံမက အရောင်လည်း အရမ်းလှနေပါပြီ။

ကြက်ဥပြုတ်ရဲ့အရောင် ပတ္တမြားအရောင်နဲ့လည်း ဆင်တူနေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီကြက်ဥပြုတ်နဲ့ပတ်သက်ပြီး ဘာမှအတည်မပြုရသေးပါဘူး။

Zombie (lovemedia)

for zawgyi

ပတၱျမားအေရာင္လို လွပေနတဲ့ ႏွစ္ေပါင္း ၂၀ အၾကာက ၾကက္ဥျပဳတ္

တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀ က ျပဳတ္ထားခဲ့တဲ့ ၾကက္ဥျပဳတ္ေလးရဲ႕ပုံကို အင္တာနက္မွာ တင္လိုက္ပါတယ္။ ဒီၾကက္ဥကို သူမ ငယ္ငယ္တုန္းက ျပဳတ္ခဲ့တာျဖစ္ၿပီး စားဖို႔ေမ့သြားခဲ့ပါတယ္။ အခုျပန္ေတြ႕တဲ့အခါ ၾကက္ဥျပဳတ္က ေက်ာက္ျဖစ္သြားၿပီး ပတၱျမားနဲ႔ေတာင္ ဆင္တူေနပါေသးတယ္။

Fu လို႔ေခၚတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕ၾကက္ဥျပဳတ္ေလးကို အင္တာနက္ေပၚမွာ တင္ၿပီးေနာက္ လူအမ်ားရဲ႕အာရံစိုက္မႈကို ရရွိသြားခဲ့ပါတယ္။ ၾကက္ဥျပဳတ္ကို သူမ မူလတန္းအ႐ြယ္က ျပဳတ္ခဲ့တာပါ။ ေက်ာင္းမွာစားဖို႔အတြက္ အေမက ေက်ာပိုးအိတ္ရဲ႕ေဘးအိတ္ကပ္ထဲမွာ ထည့္ေပးလိုက္ပါတယ္။  ၾကက္ဥျပဳတ္ကို ၃ ရက္ၾကာေမ့ေနခဲ့ၿပီး ပုပ္ေနၿပီထင္လို႔ မစားျဖစ္ေတာ့ပါဘူး။

ဒါေပမယ့္ Fu က ၾကက္ဥျပဳတ္ကို မလႊင့္ပစ္ဘဲ ေရခဲေသတၱာရဲ႕အေပၚဆုံးထပ္မွာ ထည့္ထားပါတယ္။ ၿပီးေနာက္ ၃လေလာက္ၾကာေအာင္ ၾကက္ဥကို ေမ့သြားပါတယ္။ Fu ရဲ႕အေမက ၾကက္ဥကို ေတြ႕သြားတဲ့အခါ အေရာင္က အနက္ေရာင္ကို ေျပာင္းေနပါၿပီ။

အဲဒါေၾကာင့္ Fu ရဲ႕အေမက ၾကက္ဥကို လႊင့္မပစ္ဘဲ ရတနာေသတၱာဘူးထဲမွာ ထည့္သိမ္းထားပါတယ္။ ႏွစ္ေတြၾကာၿပီးေနာက္မွာ Fu လည္း မိဘအိမ္ကေန ေျပာင္းသြားၿပီး ၾကက္ဥအေၾကာင္းကို လုံးဝေမ့သြားခဲ့ပါတယ္။

မၾကာေသးခင္က Fu ရဲ႕အေမက သန႔္ရွင္းေရးလုပ္ရင္းနဲ႔ ၾကက္ဥကို ျပန္ရွာေတြ႕ခဲ့ပါတယ္။ ၾကက္ဥျပဳတ္က ေက်ာက္ျဖစ္ေန႐ုံမက အေရာင္လည္း အရမ္းလွေနပါၿပီ။

ၾကက္ဥျပဳတ္ရဲ႕အေရာင္ ပတၱျမားအေရာင္နဲ႔လည္း ဆင္တူေနပါတယ္။ ဒါေပမယ့္ ကြၽမ္းက်င္သူေတြကေတာ့ ဒီၾကက္ဥျပဳတ္နဲ႔ပတ္သက္ၿပီး ဘာမွအတည္မျပဳရေသးပါဘူး။

Zombie (lovemedia)