ခွေးလေးကို အိမ်မှာ ၂ နာရီလောက်တစ်ကောင်တည်းထားခဲ့ပြီး အိမ်ပြန်လာတဲ့အခါ ဘယ်လောက်ရှုပ်ပွနေနိုင်မလဲဆိုတာကို ခွေးမွေးထားသူတိုင်း သိကြပါတယ်။

ခွေးလေးတွေက အဆော့သန်တာကြောင့် ပစ္စည်းတွေကို ရှုပ်ပွနေအောင် ကိုက်ထားတတ်ကြပါတယ်။ ဒီအမျိုးသမီးကတော့ ခွေးလေးကို တစ်ကောင်တည်း အိမ်မှာ ၂ နာရီခန့် ထားခဲ့မိလိုက်တာ ဒေါ်လာ ၂၇၀၀ ခန့် ဆုံးရှုံးသွားပါတယ်။

ခွေးလေးကတော့ Labrador Retriver အမျိုးအစားဖြစ်ပါတယ်။ ခွေးပိုင်ရှင်က ခွေးကို အိမ်မှာ ၂ နာရီခန့်ထားခဲ့ပြီး အပြင်သွားလိုက်ပါတယ်။ ပြန်လာတဲ့အခါမှာတော့ ခွေးက ငွေသားပိုက်ဆံတွေကို ကိုက်စားထားလိုက်ပါတယ်။

ခွေးလေးက သူမရဲ့ခင်ပွန်း အချိန်ပိုင်းအလုပ်လုပ်ပြီး ရထားတဲ့ အပိုငွေလေးကိုလည်း ကိုက်စားသွားခဲ့တာပါ။ သူမရဲ့အမျိုးသားက ဆောက်လုပ်ရေးတစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်ရင်းနဲ့ ဒေါ်လာ ၂၇၀၀ ရခဲ့ပါတယ်။ အဲဒီ‌ငွေတွေကို စားပွဲပေါ်မှာ တင်ထားပြီး အပြင်သွားလိုက်ရာကနေ ပြန်လာတဲ့အခါမှာတော့ ဒီပိုက်ဆံတွေကိုကြည့်ပြီး အရမ်းကို ဝမ်းနည်းသွားခဲ့ရပါတယ်။

ဒီဗီဒီယိုလေးကိုတော့ တစ်တော့မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်းက ၂၂ သန်းရှိခဲ့ပါတယ်။ တစ်တော့အသုံးပြုသူတွေက သူမကို အရမ်းသနားပြီး အကြံဉာဏ်တွေ ပေးကြပါတယ်။

အကြံဉာဏ်တွေအတိုင်း ငွေသားတွေအားလုံးကို တိတ်တွေနဲ့ ကပ်လိုက်ပါတယ်။ အဲဒီနောက် ဘဏ်မှာ သွားလဲတဲ့အခါ ဆုံးရှုံးသွားတဲ့ငွေရဲ့တစ်ဝက်ခန့်ကို ပြန်ရလိုက်ပါတယ်။

Zombie (lovemedia)

for zawgyi

အိမ္မွာတစ္ေကာင္တည္းက်န္ခဲ့တုန္း ေဒၚလာ ၂၇၀၀ ကို ကိုက္စားထားတဲ့ေခြးေလး

ေခြးေလးကို အိမ္မွာ ၂ နာရီေလာက္တစ္ေကာင္တည္းထားခဲ့ၿပီး အိမ္ျပန္လာတဲ့အခါ ဘယ္ေလာက္ရႈပ္ပြေနႏိုင္မလဲဆိုတာကို ေခြးေမြးထားသူတိုင္း သိၾကပါတယ္။ ေခြးေလးေတြက အေဆာ့သန္တာေၾကာင့္ ပစၥည္းေတြကို ရႈပ္ပြေနေအာင္ ကိုက္ထားတတ္ၾကပါတယ္။ ဒီအမ်ိဳးသမီးကေတာ့ ေခြးေလးကို တစ္ေကာင္တည္း အိမ္မွာ ၂ နာရီခန႔္ ထားခဲ့မိလိုက္တာ ေဒၚလာ ၂၇၀၀ ခန႔္ ဆုံးရႈံးသြားပါတယ္။

ေခြးေလးကေတာ့ Labrador Retriver အမ်ိဳးအစားျဖစ္ပါတယ္။ ေခြးပိုင္ရွင္က ေခြးကို အိမ္မွာ ၂ နာရီခန႔္ထားခဲ့ၿပီး အျပင္သြားလိုက္ပါတယ္။ ျပန္လာတဲ့အခါမွာေတာ့ ေခြးက ေငြသားပိုက္ဆံေတြကို ကိုက္စားထားလိုက္ပါတယ္။

ေခြးေလးက သူမရဲ႕ခင္ပြန္း အခ်ိန္ပိုင္းအလုပ္လုပ္ၿပီး ရထားတဲ့ အပိုေငြေလးကိုလည္း ကိုက္စားသြားခဲ့တာပါ။ သူမရဲ႕အမ်ိဳးသားက ေဆာက္လုပ္ေရးတစ္ခုမွာ အခ်ိန္ပိုင္းအလုပ္လုပ္ရင္းနဲ႔ ေဒၚလာ ၂၇၀၀ ရခဲ့ပါတယ္။ အဲဒီ‌ေငြေတြကို စားပြဲေပၚမွာ တင္ထားၿပီး အျပင္သြားလိုက္ရာကေန ျပန္လာတဲ့အခါမွာေတာ့ ဒီပိုက္ဆံေတြကိုၾကည့္ၿပီး အရမ္းကို ဝမ္းနည္းသြားခဲ့ရပါတယ္။

ဒီဗီဒီယိုေလးကိုေတာ့ တစ္ေတာ့မွာတင္ခဲ့ၿပီး ၾကည့္ရႈသူေပါင္းက ၂၂ သန္းရွိခဲ့ပါတယ္။ တစ္ေတာ့အသုံးျပဳသူေတြက သူမကို အရမ္းသနားၿပီး အႀကံဉာဏ္ေတြ ေပးၾကပါတယ္။

အႀကံဉာဏ္ေတြအတိုင္း ေငြသားေတြအားလုံးကို တိတ္ေတြနဲ႔ ကပ္လိုက္ပါတယ္။ အဲဒီေနာက္ ဘဏ္မွာ သြားလဲတဲ့အခါ ဆုံးရႈံးသြားတဲ့ေငြရဲ႕တစ္ဝက္ခန႔္ကို ျပန္ရလိုက္ပါတယ္။

Zombie (lovemedia)