၃ ရက်အရွယ်က တကယ်တော့ မွေးကင်းစလေးပါပဲ။ ဒါပေမယ့် ၃ ရက်သားကလေးလေးက လေးဘက်သွားတာကို အမေက တွေ့သွားပြီးမှာတော့ အရမ်းကို အံ့ဩသွားပါတယ်။

အမေရိကန်နိုင်ငံ White Oak မှာနေထိုင်တဲ့ Samantha Mitchell က မွေးကင်းစကလေး လေးဖက်သွားတာကို တစ်ခါမှ မမြင်ဖူးပါဘူး။ သူမရဲ့သမီးလေးဖြစ်တဲ့ Nyilah Daise Tzabari ကတော့ မွေးပြီး ၃ ရက်အကြာမှာတင် လေးဖက်သွားနေပါပြီ။ ကလေးတွေက များသောအားဖြင့် အသက် ၆ လကနေ ၁၀ လအတွင်း လေးဖက်ကုန်းသွားတတ်ကြပါတယ်။


အသက် ၃၄ နှစ်အရွယ် မေမေ Samantha Mitchell က သမီးလေး လေးဖက်ကုန်းသွားနေတာကို ဗီဒီယိုရိုက်ယူထားပါတယ်။ ကလေးက လေးဖက်ကုန်းသွားနိုင်တဲ့အပြင် ခေါင်းလည်း ထောင်နိုင်ပါတယ်။ ဒါ့အပြင် အမေဖြစ်သူကိုလည်း ဗလုံးဗထွေးတွေ ပြောနေပါသေးတယ်။

Nyilah လေးက အခုဆိုရင်တော့ အသက် ၃ လအရွယ်ရောက်ပါပြီ။ Nyilah က အသက် ၃ လအရွယ်မှာတင် ဘေးနားက အကူပါရင် မတ်တပ်ရပ်နိုင်ပါတယ်။ Nyilah လေးက မကြာခင်မှာ လမ်းလျှောက်တော့မယ်လို့ Samantha Mitchell က ပြောပါတယ်။


နောက်ထပ်ထူးခြားတာကတော့ Nyilah က အသက် တစ်လခွဲအရွယ်မှာတင် စကားတွေ စတင်ပြောနေနိုင်ပါပြီ။ ကလေးရဲ့ထူးခြားချက်တွေကြောင့် မေမေ Samantha Mitchell က နေ့စဉ်အံ့ဩနေရပါတယ်။

vdo

Zombie (lovemedia)

for zawgyi

အသက္ ၃ ရက္တည္းနဲ႔ ေလးဖက္ကုန္းသြားႏိုင္တဲ့ ကေလးေလး

၃ ရက္အ႐ြယ္က တကယ္ေတာ့ ေမြးကင္းစေလးပါပဲ။ ဒါေပမယ့္ ၃ ရက္သားကေလးေလးက ေလးဘက္သြားတာကို အေမက ေတြ႕သြားၿပီးမွာေတာ့ အရမ္းကို အံ့ဩသြားပါတယ္။

အေမရိကန္ႏိုင္ငံ White Oak မွာေနထိုင္တဲ့ Samantha Mitchell က ေမြးကင္းစကေလး ေလးဖက္သြားတာကို တစ္ခါမွ မျမင္ဖူးပါဘူး။ သူမရဲ႕သမီးေလးျဖစ္တဲ့ Nyilah Daise Tzabari ကေတာ့ ေမြးၿပီး ၃ ရက္အၾကာမွာတင္ ေလးဖက္သြားေနပါၿပီ။ ကေလးေတြက မ်ားေသာအားျဖင့္ အသက္ ၆ လကေန ၁၀ လအတြင္း ေလးဖက္ကုန္းသြားတတ္ၾကပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ေမေမ Samantha Mitchell က သမီးေလး ေလးဖက္ကုန္းသြားေနတာကို ဗီဒီယို႐ိုက္ယူထားပါတယ္။ ကေလးက ေလးဖက္ကုန္းသြားႏိုင္တဲ့အျပင္ ေခါင္းလည္း ေထာင္ႏိုင္ပါတယ္။ ဒါ့အျပင္ အေမျဖစ္သူကိုလည္း ဗလုံးဗေထြးေတြ ေျပာေနပါေသးတယ္။

Nyilah ေလးက အခုဆိုရင္ေတာ့ အသက္ ၃ လအ႐ြယ္ေရာက္ပါၿပီ။ Nyilah က အသက္ ၃ လအ႐ြယ္မွာတင္ ေဘးနားက အကူပါရင္ မတ္တပ္ရပ္ႏိုင္ပါတယ္။ Nyilah ေလးက မၾကာခင္မွာ လမ္းေလွ်ာက္ေတာ့မယ္လို႔ Samantha Mitchell က ေျပာပါတယ္။

ေနာက္ထပ္ထူးျခားတာကေတာ့ Nyilah က အသက္ တစ္လခြဲအ႐ြယ္မွာတင္ စကားေတြ စတင္ေျပာေနႏိုင္ပါၿပီ။ ကေလးရဲ႕ထူးျခားခ်က္ေတြေၾကာင့္ ေမေမ Samantha Mitchell က ေန႔စဥ္အံ့ဩေနရပါတယ္။

Zombie (lovemedia)