ဒီလိုမျက်နှာလှလှလေးနဲ့ အမျိုးသမီးကတော့ ရုရှားနိုင်ငံက အသက် ၂၇ နှစ်အရွယ် ကာယဗလမယ် Vladislava Galagan ဖြစ်ပါတယ်။ သူမရဲ့ရုပ်ရည်နဲ့ ဗလကြောင့် မြင်သူတိုင်းက အံ့ဩသွားကြပါတယ်။

Galagan ကို အားပေးသူပေါင်း မြောက်များစွာရှိပါတယ်။ အချို့ကလည်း Galagan ရဲ့ဗလတွေက အစစ်မဟုတ်ဘဲ AI နဲ့ ပြင်ထားတယ်လို့ သံသယဝင်ကြပါတယ်။

Galagan ကို ရုရှားနိုင်ငံက Temryuk မြို့မှာ မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ကတည်းက gym  ကိုသွားပြီး အားကစားတွေ ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ တစ်ပတ်ကို ၆ ကြိမ်ခန့် အလေး မ ပါတယ်။

ဒါ့အပြင် တစ်ရက်ကို မိနစ် ၉၀ အားကစားလုပ်ပြီး တစ်ရက်ကို အစားအစာ ၄ ကြိမ် စားပါတယ်။ စားသုံးတဲ့အစားအစာတိုင်းမှာ ပရိုတိန်းဓာတ်များတဲ့ အမဲသား၊ ကြက်ဥ၊ ကြက်ဆင်၊ ကြက်သား၊ ငါးတို့ကို ထည့်သွင်းစားသုံးပါတယ်။

Galagan က ဒီလိုဗလတွေ ရလာဖို့အတွက် ဆေးဝါးတွေ သောက်သုံးတယ်လို့ ဆိုပါတယ်။ သောက်သုံးတဲ့ဆေးဝါးတွေက အလုပ်များများလုပ်စေတဲ့ ဆေးဝါးတွေတော့ မဟုတ်ပါဘူး။

အခုတော့  Galagan က ချက်သမ္မတနိုင်ငံ၊ Prague မြို့မှာ နေထိုင်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကို AI နဲ့အတုပြုလုပ်ထားတယ်လို့ လူတွေက သံသယဝင်ပေမယ့် သူမရဲ့ကြိုးစာအားထုတ်မှုနဲ့ မျိုးရိုးဗီဇကြောင့် ဒီလိုရရှိလာတယ်လို့ ဖြေရှင်းထားပါတယ်။

vdo

Zombie (lovemedia)

for zawgyi

လူအများမယုံကြည်နိုင်လောက်အောင် လှပနေတဲ့ ကာယဗလမယ်






Zombie (lovemedia)