နာမည်ကြီး Youtuber တစ်ယောက်ဖြစ်တဲ့ The Q က မကြာသေးခင်က စီးလို့ရတဲ့ကမ္ဘာ့အသေးဆုံးစက်ဘီးလေးကို ပြုလုပ်ခဲ့ပါတယ်။ စက်ဘီးလေးက အရမ်းသေးပေမယ့် အလေးချိန် ၁၀၀ ကီလိုဂရမ်ကို ခံနိုင်ရည်ရှိပါတယ်။

စက်ဘီးနာမည်ကိုတော့ Big Boy လို့နာမည်ပေးထားပါတယ်။ စက်ဘီးရဲ့ကိုယ်ထည်ကတော့ သံထည်နဲ့ ပြုလုပ်ထားတာပါ။ စက်ဘီးပြုလုပ်ပုံအဆင့်ဆင့်ကို The Q ဆိုတဲ့ ယူကျုချန်နယ်မှာ တင်လိုက်တဲ့အခါ ကြည့်ရှုသူပေါင်း ၁.၄ သန်းကျော်အထိ ရရှိခဲ့ပါတယ်။

စက်ဘီးက အလေးချိန် ၁၀၀ ကီလိုဂရမ်ကို ခံနိုင်ရည်ရှိတယ်ဆိုပေမယ့် လက်တွေ့မှာတော့ စီးလို့မရနိုင်ပါဘူး။ ကလေးငယ်လေးတွေတောင် စီးလို့မရနိုင်ပါဘူး။

စက်ဘီးမှာ ထိုင်ခုံလေးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် စက်ဘီးရဲ့လက်ကိုင်ကလည်း အလုပ်လုပ်ပါတယ်။ ဟန်ချက်ကို ထိန်းနိုင်ရင်တော့ အနည်းငယ်စီးလို့ရနိုင်မှာပါ။

The Q ဆိုတဲ့ ယူကျုချန်နယ်မှာ စက်ဘီးပြုလုပ်ပုံအဆင့်ဆင့်နဲ့ ဖော်ပြထားတဲ့အပြင် စက်ဘီးကိုလည်း စီးပြထားပါသေးတယ်။ လက်တွေ့မှာ စီးလို့မရနိုင်ပေမယ့် သူ့ရဲ့ဖန်တီးနိုင်မှုကတော့ အံ့ဩစရာကောင်းပါတယ်။

vdo

Zombie (lovemedia)

for zawgyi

အေလးခ်ိန္ ၁၀၀ ကီလိုဂရမ္ခံႏိုင္ရည္ရွိတဲ့ ကမာၻ႔အေသးဆုံးစက္ဘီး

နာမည္ႀကီး Youtuber တစ္ေယာက္ျဖစ္တဲ့ The Q က မၾကာေသးခင္က စီးလို႔ရတဲ့ကမာၻ႔အေသးဆုံးစက္ဘီးေလးကို ျပဳလုပ္ခဲ့ပါတယ္။ စက္ဘီးေလးက အရမ္းေသးေပမယ့္ အေလးခ်ိန္ ၁၀၀ ကီလိုဂရမ္ကို ခံႏိုင္ရည္ရွိပါတယ္။

စက္ဘီးနာမည္ကိုေတာ့ Big Boy လို႔နာမည္ေပးထားပါတယ္။ စက္ဘီးရဲ႕ကိုယ္ထည္ကေတာ့ သံထည္နဲ႔ ျပဳလုပ္ထားတာပါ။ စက္ဘီးျပဳလုပ္ပုံအဆင့္ဆင့္ကို The Q ဆိုတဲ့ ယူက်ဳခ်န္နယ္မွာ တင္လိုက္တဲ့အခါ ၾကည့္ရႈသူေပါင္း ၁.၄ သန္းေက်ာ္အထိ ရရွိခဲ့ပါတယ္။

စက္ဘီးက အေလးခ်ိန္ ၁၀၀ ကီလိုဂရမ္ကို ခံႏိုင္ရည္ရွိတယ္ဆိုေပမယ့္ လက္ေတြ႕မွာေတာ့ စီးလို႔မရႏိုင္ပါဘူး။ ကေလးငယ္ေလးေတြေတာင္ စီးလို႔မရႏိုင္ပါဘူး။

စက္ဘီးမွာ ထိုင္ခုံေလးလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ စက္ဘီးရဲ႕လက္ကိုင္ကလည္း အလုပ္လုပ္ပါတယ္။ ဟန္ခ်က္ကို ထိန္းႏိုင္ရင္ေတာ့ အနည္းငယ္စီးလို႔ရႏိုင္မွာပါ။

The Q ဆိုတဲ့ ယူက်ဳခ်န္နယ္မွာ စက္ဘီးျပဳလုပ္ပုံအဆင့္ဆင့္နဲ႔ ေဖာ္ျပထားတဲ့အျပင္ စက္ဘီးကိုလည္း စီးျပထားပါေသးတယ္။ လက္ေတြ႕မွာ စီးလို႔မရႏိုင္ေပမယ့္ သူ႔ရဲ႕ဖန္တီးႏိုင္မႈကေတာ့ အံ့ဩစရာေကာင္းပါတယ္။

Zombie (lovemedia)