Beatriz Flamini က အသက် ၅၀ အရွယ်ရှိတဲ့ စပိန်အားကစားသမားတစ်ယောက်ပါ။ သူမဟာ မကြာသေးခင်ကပဲ မြေအောက်ဂူထဲမှာ ရက်ပေါင်း ၅၀၀ ကို အောင်အောင်မြင်မြင်နေပြနိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ထောင်ပိုင်းမှာရှိတဲ့ ဂူထဲကို နိုဝင်ဘာလတုန်းက ဝင်သွားခဲ့ပါတယ်။ အဲဒီတုန်းက Beatriz ရဲ့အသက်က ၄၈ နှစ်ရှိပါပြီ။ သူမရဲ့ နှစ်နှစ်စာမွေးနေ့ကို မြေအောက် ၂၃၀ မီတာမှာ ကျင်းပခဲ့ပါတယ်။

Beatriz ရဲ့ ရက် ၅၀၀ စိန်ခေါ်မှုက Timecave ဆိုတဲ့ ပရောဂျက်တစ်ခုမှာပါဝင်ပါတယ်။ အဲဒီပရောဂျက်ကတော့ လူသားတစ်ယောက်ဟာ မြေအောက်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာကို သိရှိဖို့ပါ။

Beatriz တစ်ယောက် မြေအောက်ဂူထဲမှာ ရှိနေတဲ့တစ်လျှောက်လုံး သူမကို စိတ်ပညာရှင်တွေ၊ သုတေသနပညာရှင်တွေ၊ လိုဏ်ဂူဗေဒပညာရှင်တွေက မော်နီတာကနေ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပါတယ်။ စောင့်ကြည့်နေစဉ်ကာလမှု ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို လေ့လာနေခဲ့ပါတယ်။

Beatriz က မြေအောက်လိုဏ်ဂူထဲမှာ ရှိနေတုန်း ၂ လခန့် နေ့လား၊ ညလားဆိုတာ မှန်းဆမရ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြေအောက်ဂူထဲမှာ နေရတာကို သဘောကျပြီး ပြန်တောင် မထွက်လာဘူးလို့ ဆိုပါတယ်။

မြေအောက်ဂူထဲမှာ ရက်ပေါင်း ၅၀၀ ခန့် နေထိုင်ဖို့ဆိုတာ တော်ရုံစိတ်ဓာတ်ပြင်းထန်မှုနဲ့တော့မရပါဘူး။ ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်သာ နေထိုင်လို့ရခဲ့တာပါ။ ဂူထဲကို မဝင်ခင်မှာ ပြင်ပမှာ ဘာကိစ္စပဲရှိရှိ သူမကို အကြောင်းမကြားဖို့ မှာထားပါတယ်။ အဲဒါကြောင့် ရက်ပေါင်း ၅၀၀ အတွင်း ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲ၊ သူမရဲ့မိသားစုမှာ ဘာဖြစ်နေလဲဆိုတာကို လုံးဝမသိရှိခဲ့ပါဘူး။

Beatriz အတွက် မြေအောက်မှာ နေထိုင်ခဲ့ရတာက တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံလို့ ဆိုပါတယ်။ ဂူထဲမှာ ရှိနေစဉ် Beatriz က စာဖတ်တာ၊ စာရေးတာ၊ ပုံဆွဲတာ၊ ချည်ထိုးတာတို့ ပြုလုပ်ပါတယ်။ ဂူထဲမှာ တစ်ယောက်တည်းရှိနေရတဲ့အတွက် အရင်က လုပ်ချင်တဲ့အရာတွေအားလုံးကို လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဂူထဲမှာ ရက်ပေါင်း ၅၀၀ နေထိုင်နိုင်ခဲ့တဲ့ အဓိကသော့ချက်တော့ အာရုံစုစည်းမှုကောင်းတာကြောင့်လို့ ဆိုပါတယ်။

Beatriz က မြေအောက်ဂူထဲမှာ ရက်ပေါင်း ၅၀၀ နေထိုင်နိုင်ခဲ့တာကြောင့် "ဂူထဲမှာ အသက်ရှင်လျက် အရှည်ကြာဆုံးနေထိုင်နိုင်သူ" ဆိုတဲ့ ဂင်းနစ်စံချိန်ကို ရရှိတော့မှာပါ။

Zombie (lovemedia)

for zawgyi

ေျမေအာက္ဂူထဲမွာ ရက္ေပါင္း ၅၀၀ တစ္ေယာက္တည္းေနထိုင္ႏိုင္ခဲ့တဲ့အမ်ိဳးသမီး

Beatriz Flamini က အသက္ ၅၀ အ႐ြယ္ရွိတဲ့ စပိန္အားကစားသမားတစ္ေယာက္ပါ။ သူမဟာ မၾကာေသးခင္ကပဲ ေျမေအာက္ဂူထဲမွာ ရက္ေပါင္း ၅၀၀ ကို ေအာင္ေအာင္ျမင္ျမင္ေနျပႏိုင္ခဲ့ပါတယ္။ စပိန္ႏိုင္ငံရဲ႕ေထာင္ပိုင္းမွာရွိတဲ့ ဂူထဲကို ႏိုဝင္ဘာလတုန္းက ဝင္သြားခဲ့ပါတယ္။ အဲဒီတုန္းက Beatriz ရဲ႕အသက္က ၄၈ ႏွစ္ရွိပါၿပီ။ သူမရဲ႕ ႏွစ္ႏွစ္စာေမြးေန႔ကို ေျမေအာက္ ၂၃၀ မီတာမွာ က်င္းပခဲ့ပါတယ္။

Beatriz ရဲ႕ ရက္ ၅၀၀ စိန္ေခၚမႈက Timecave ဆိုတဲ့ ပေရာဂ်က္တစ္ခုမွာပါဝင္ပါတယ္။ အဲဒီပေရာဂ်က္ကေတာ့ လူသားတစ္ေယာက္ဟာ ေျမေအာက္မွာ ဘယ္ေလာက္ၾကာၾကာေနႏိုင္လဲဆိုတာကို သိရွိဖို႔ပါ။ Beatriz တစ္ေယာက္ ေျမေအာက္ဂူထဲမွာ ရွိေနတဲ့တစ္ေလွ်ာက္လုံး သူမကို စိတ္ပညာရွင္ေတြ၊ သုေတသနပညာရွင္ေတြ၊ လိုဏ္ဂူေဗဒပညာရွင္ေတြက ေမာ္နီတာကေန တစ္ခ်ိန္လုံးေစာင့္ၾကည့္ေနခဲ့ပါတယ္။ ေစာင့္ၾကည့္ေနစဥ္ကာလမႈ ခႏၶာကိုယ္အတြင္းေျပာင္းလဲမႈေတြ၊ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကို ေလ့လာေနခဲ့ပါတယ္။

Beatriz က ေျမေအာက္လိုဏ္ဂူထဲမွာ ရွိေနတုန္း ၂ လခန႔္ ေန႔လား၊ ညလားဆိုတာ မွန္းဆမရ ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေျမေအာက္ဂူထဲမွာ ေနရတာကို သေဘာက်ၿပီး ျပန္ေတာင္ မထြက္လာဘူးလို႔ ဆိုပါတယ္။

ေျမေအာက္ဂူထဲမွာ ရက္ေပါင္း ၅၀၀ ခန႔္ ေနထိုင္ဖို႔ဆိုတာ ေတာ္႐ုံစိတ္ဓာတ္ျပင္းထန္မႈနဲ႔ေတာ့မရပါဘူး။ ျပင္းျပတဲ့စိတ္ဆႏၵေၾကာင့္သာ ေနထိုင္လို႔ရခဲ့တာပါ။ ဂူထဲကို မဝင္ခင္မွာ ျပင္ပမွာ ဘာကိစၥပဲရွိရွိ သူမကို အေၾကာင္းမၾကားဖို႔ မွာထားပါတယ္။ အဲဒါေၾကာင့္ ရက္ေပါင္း ၅၀၀ အတြင္း ကမာၻႀကီးမွာ ဘာျဖစ္ေနလဲ၊ သူမရဲ႕မိသားစုမွာ ဘာျဖစ္ေနလဲဆိုတာကို လုံးဝမသိရွိခဲ့ပါဘူး။

Beatriz အတြက္ ေျမေအာက္မွာ ေနထိုင္ခဲ့ရတာက တန္ဖိုးမျဖတ္ႏိုင္တဲ့အေတြ႕အႀကဳံလို႔ ဆိုပါတယ္။ ဂူထဲမွာ ရွိေနစဥ္ Beatriz က စာဖတ္တာ၊ စာေရးတာ၊ ပုံဆြဲတာ၊ ခ်ည္ထိုးတာတို႔ ျပဳလုပ္ပါတယ္။ ဂူထဲမွာ တစ္ေယာက္တည္းရွိေနရတဲ့အတြက္ အရင္က လုပ္ခ်င္တဲ့အရာေတြအားလုံးကို လုပ္လာႏိုင္တယ္လို႔ ဆိုပါတယ္။ ဂူထဲမွာ ရက္ေပါင္း ၅၀၀ ေနထိုင္ႏိုင္ခဲ့တဲ့ အဓိကေသာ့ခ်က္ေတာ့ အာ႐ုံစုစည္းမႈေကာင္းတာေၾကာင့္လို႔ ဆိုပါတယ္။

Beatriz က ေျမေအာက္ဂူထဲမွာ ရက္ေပါင္း ၅၀၀ ေနထိုင္ႏိုင္ခဲ့တာေၾကာင့္ "ဂူထဲမွာ အသက္ရွင္လ်က္ အရွည္ၾကာဆုံးေနထိုင္ႏိုင္သူ" ဆိုတဲ့ ဂင္းနစ္စံခ်ိန္ကို ရရွိေတာ့မွာပါ။

Zombie (lovemedia)