တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်က ကုမ္ပဏီက လုပ်ပေးတဲ့ကံစမ်းမဲတစ်ခုမှာ ဆုမဲအကြီးကြီးတစ်ခုခုပေါက်သွားခဲ့ပါတယ်။ အဲဒါကတော့ ၃၆၅ ရက်လုံး ခွင့်ရမယ့်အပြင် လစာလည်း ရဦးမယ့် ကံစမ်းမဲပါ။

သူ ကံစမ်းမဲပေါက်တဲ့ ဗီဒီယိုလေးက တရုတ်က ဆိုရှယ်ီဒယာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Shenzen မှာရှိတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်က သူ့ရဲ့ဝန်ထမ်းတွေ ပျော်ရွှင်စေဖို့အတွက် မဲပေါင်းများစွာ ဖောက်ပေးခဲ့တာပါ။

ကိုဗစ်ဖြစ်ခဲ့တာကြောင့် ကုမ္ပဏီရဲ့နှစ်စဉ်အစည်းအဝေးတွေကိုလည်း ၃ နှစ်ကြာ မလုပ်ဖြစ်ခဲ့ပါဘူး။ အဲဒါကြောင့် ဒီနှစ်ပြုလုပ်တဲ့ အစည်းအဝေးမှာတော့ ဝန်ထမ်းတွေကို စိတ်ဖိစီးမှု ကင်းဝေးအောင်လို့ ကံစမ်းမဲတွေ လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဆုမဲတွေလည်း ပါဝင်ပါသေးတယ်။ ကံစမ်းမဲတွေထဲမှာ တစ်ရက်ခွင့်၊ နှစ်ရက်ခွင့်၊ တစ်ပတ်ခွင့် စတာတွေလည်း ပါဝင်ပါသေးတယ်။

ကံစမ်းမဲတွေထဲမှာမှ လူငယ်မန်နေဂျာလေးတစ်ယောက်က ၃၆၅ ရက်လုံး လစာအပြည့်ရမယ့် ခွင့်ကိုရရှိသွားခဲ့တာပါ။ ဒီလိုခွင့်ကို ဝန်ထမ်းအများစုက အားကျနေပါတယ်။ ဒါပေမယ့်လည်း အချို့က ဒီလိုခွင့်ရက်ရှည်ပေးတာက ထောင်ချောက်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

အလုပ်ကို ပြန်ဝင်တဲ့အခါ အားလုံးက အသစ်ဖြစ်နေမှာဖြစ်ကြောင်း၊ အလုပ်ပြန်ဝင်တဲ့အခါမှာလည်း အလုပ်ထုတ်ခံရနိုင်ကြောင်း ဗီဒီယိုကို ကြည့်ရှုသူတွေက ဝေဖန်မှတ်ချက်တွေ ပေးကြပါတယ်။ ဒါပေမယ့် မဲပေါက်သွားတဲ့ မန်နေဂျာက ခွင့်ကို ၃၆၅ ရက်လုံးယူမှာလားဆိုတာကိုတော့ တိတိကျကျမဖော်ပြထားပါဘူး။

vdo

Zombie (lovemedia)

for zawgyi

၃၆၅ ရက္လုံး လစာအျပည့္နဲ႔ ခြင့္ရက္ရွည္ရမယ့္ကံစမ္းမဲကို ေပါက္သြားတဲ့ ကုမၸဏီဝန္ထမ္း

တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္က ကုမၸဏီက လုပ္ေပးတဲ့ကံစမ္းမဲတစ္ခုမွာ ဆုမဲအႀကီးႀကီးတစ္ခုခုေပါက္သြားခဲ့ပါတယ္။ အဲဒါကေတာ့ ၃၆၅ ရက္လုံး ခြင့္ရမယ့္အျပင္ လစာလည္း ရဦးမယ့္ ကံစမ္းမဲပါ။

သူ ကံစမ္းမဲေပါက္တဲ့ ဗီဒီယိုေလးက တ႐ုတ္က ဆိုရွယ္ီဒယာေတြမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Shenzen မွာရွိတဲ့ ကုမၸဏီပိုင္ရွင္တစ္ေယာက္က သူ႔ရဲ႕ဝန္ထမ္းေတြ ေပ်ာ္႐ႊင္ေစဖို႔အတြက္ မဲေပါင္းမ်ားစြာ ေဖာက္ေပးခဲ့တာပါ။

ကိုဗစ္ျဖစ္ခဲ့တာေၾကာင့္ ကုမၸဏီရဲ႕ႏွစ္စဥ္အစည္းအေဝးေတြကိုလည္း ၃ ႏွစ္ၾကာ မလုပ္ျဖစ္ခဲ့ပါဘူး။ အဲဒါေၾကာင့္ ဒီႏွစ္ျပဳလုပ္တဲ့အစည္းအေဝးမွာေတာ့ ဝန္ထမ္းေတြကို စိတ္ဖိစီးမႈ ကင္းေဝးေအာင္လို႔ ကံစမ္းမဲေတြ လုပ္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ဆုမဲေတြလည္း ပါဝင္ပါေသးတယ္။ ကံစမ္းမဲေတြထဲမွာ တစ္ရက္ခြင့္၊ ႏွစ္ရက္ခြင့္၊ တစ္ပတ္ခြင့္ စတာေတြလည္း ပါဝင္ပါေသးတယ္။

ကံစမ္းမဲေတြထဲမွာမွ လူငယ္မန္ေနဂ်ာေလးတစ္ေယာက္က ၃၆၅ ရက္လုံး လစာအျပည့္ရမယ့္ ခြင့္ကိုရရွိသြားခဲ့တာပါ။ ဒီလိုခြင့္ကို ဝန္ထမ္းအမ်ားစုက အားက်ေနပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕က ဒီလိုခြင့္ရက္ရွည္ေပးတာက ေထာင္ေခ်ာက္ျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုပါတယ္။

အလုပ္ကို ျပန္ဝင္တဲ့အခါ အားလုံးက အသစ္ျဖစ္ေနမွာျဖစ္ေၾကာင္း၊ အလုပ္ျပန္ဝင္တဲ့အခါမွာလည္း အလုပ္ထုတ္ခံရႏိုင္ေၾကာင္း ဗီဒီယိုကို ၾကည့္ရႈသူေတြက ေဝဖန္မွတ္ခ်က္ေတြ ေပးၾကပါတယ္။ ဒါေပမယ့္ မဲေပါက္သြားတဲ့ မန္ေနဂ်ာက ခြင့္ကို ၃၆၅ ရက္လုံးယူမွာလားဆိုတာကိုေတာ့ တိတိက်က်မေဖာ္ျပထားပါဘူး။

Zombie (lovemedia)