တခါတုန်းက မြို့တမြို့မှာ သူခိုးသုံးယောက် ရှိတယ်။ သူခိုးသုံးယောက်မှာ ကျွမ်းကျင်မှုတခုစီ ရှိကြတယ်။ ပထမသူခိုးက သော့ဖွင့် ကျွမ်းကျင်သတဲ့။ ဒုတိယတယောက်ကတော့ လှည့်ဖြားရာမှာ ကျွမ်းကျင်တယ်။ တတိယတယောက်ကတော့ ဓါးရေးကျွမ်းကျင်တယ်။

တခါမှာတော့ သူခိုးသုံးယောက်ဟာ အိမ်တအိမ်ကနေ ပစ္စည်းထုပ် တထုပ်ကို ခိုးယူထွက်ပြေး လာခဲ့ကြတာပေါ့။ သူတို့ဟာ လူမိမှာ စိုးရိမ်ရတာကြောင့် အထုပ်ထဲက လက်ဝတ်ရတနာတွေနဲ့ အဖိုးတန် ပစ္စည်းတွေကို မခွဲနိုင်သေးဘူးပေါ့ကွယ်။

ဒါကြောင့် သူတို့ဟာ ခိုးရာပါ ပစ္စည်းတွေကို ခြုံထူထူ တနေရာဆီ ယူလာကြပြီး ပြန်လာယူတဲ့အခါ လွယ်ကူအောင် ပစ္စည်းထုပ်ကို ခြုံတွေထဲကမှ စံပယ်ပင် အောက်မှာ မြှုပ်ထားလိုက်ကြတာပေါ့ကွယ်။

ခြုံထဲမှာ ပစ္စည်းထုပ်ကို ဝှက်ပြီးတဲ့ အချိန်မှာ သူတို့ဟာ ဗိုက်ဆာနေကြပြီတဲ့ကွယ်။ ဒါကြောင့် သူတို့ထဲက တယောက်ဟာ မြို့ဆီသွားပြီး စားစရာ သွားယူရသတဲ့။ အဲဒီအချိန်မှာ ကျန်ခဲ့တဲ့နှစ်ယောက်ဟာ အရေးတကြီး တိုင်ပင်ကြတော့သတဲ့။

ကျန်ခဲ့တဲ့ နှစ်ယောက်က "တုတ်တချောင်းစီ ကောက်ထားရမယ်။ ဟိုကောင် ပြန်လာတာနဲ့ တို့နှစ်ယောက် သူ့ကို အသေဆော်ကြတာပေါ့။ ပြီးတော့ ပစ္စည်းထုပ်ကို တယောက်တဝက် ခွဲယူကြမယ်" လို့ ကြံစည်ထားကြတာပေါ့။

အဲဒီလိုပဲ မြို့ကိုသွားတဲ့ တယောက်ကလည်း "အစာထဲမှာ အဆိပ်ခတ်ထားရင် အဲဒီနှစ်ကောင် စားတာနဲ့ သေလိမ့်မယ်။ အဲဒါဆို ပစ္စည်းထုပ်က ငါ့အပိုင်ပဲ" လို့ တွေးပြီး အစားအစာတွေထဲမှာ အဆိပ်ခတ်ပြီး ယူခဲ့သတဲ့။

မြို့ကိုသွားတဲ့တယောက် ပြန်လာတဲ့အခါ ကျန်ခဲ့တဲ့နှစ်ယောက်က တုတ်နဲ့ ရိုက်သတ်လိုက်ကြသတဲ့။ ပြီးတော့ မြို့က ယူလာတဲ့အစားအစာတွေကို စားလိုက်ကြတဲ့အခါ နှစ်ယောက်လုံး သေဆုံးသွားကြတော့သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ရေ ဒီပုံပြင်လေးရဲ့ပေးချင်တဲ့ သင်ခန်းစာကတော့ တခါတရံမှာ ကိုယ်တွေးထား သလို တခြားသူတွေလဲ တွေးထားတတ်တယ် ဆိုတာရယ်၊ ကိုယ်စိုက်ပျိုးထားရင် ကိုယ်ရိတ်သိမ်းရတယ် ဆိုတာပါပဲကွယ်။ နန္ဒမန်းကြယ် (တွင်းငယ်)

Zawgyi

သင္စိုက္လွ်င္ သင္ပဲ ရိတ္သိမ္းရမည္

တခါတုန္းက ၿမိဳ႕တၿမိဳ႕မွာ သူခိုးသုံးေယာက္ ရွိတယ္။ သူခိုးသုံးေယာက္မွာ ကြၽမ္းက်င္မႈတခုစီ ရွိၾကတယ္။ ပထမသူခိုးက ေသာ့ဖြင့္ ကြၽမ္းက်င္သတဲ့။ ဒုတိယတေယာက္ကေတာ့ လွည့္ျဖားရာမွာ ကြၽမ္းက်င္တယ္။ တတိယတေယာက္ကေတာ့ ဓါးေရးကြၽမ္းက်င္တယ္။

တခါမွာေတာ့ သူခိုးသုံးေယာက္ဟာ အိမ္တအိမ္ကေန ပစၥည္းထုပ္ တထုပ္ကို ခိုးယူထြက္ေျပး လာခဲ့ၾကတာေပါ့။ သူတို႔ဟာ လူမိမွာ စိုးရိမ္ရတာေၾကာင့္ အထုပ္ထဲက လက္ဝတ္ရတနာေတြနဲ႔ အဖိုးတန္ ပစၥည္းေတြကို မခြဲႏိုင္ေသးဘူးေပါ့ကြယ္။

ဒါေၾကာင့္ သူတို႔ဟာ ခိုးရာပါ ပစၥည္းေတြကို ၿခဳံထူထူ တေနရာဆီ ယူလာၾကၿပီး ျပန္လာယူတဲ့အခါ လြယ္ကူေအာင္ ပစၥည္းထုပ္ကို ၿခဳံေတြထဲကမွ စံပယ္ပင္ ေအာက္မွာ ျမႇဳပ္ထားလိုက္ၾကတာေပါ့ကြယ္။

ၿခဳံထဲမွာ ပစၥည္းထုပ္ကို ဝွက္ၿပီးတဲ့ အခ်ိန္မွာ သူတို႔ဟာ ဗိုက္ဆာေနၾကၿပီတဲ့ကြယ္။ ဒါေၾကာင့္ သူတို႔ထဲက တေယာက္ဟာ ၿမိဳ႕ဆီသြားၿပီး စားစရာ သြားယူရသတဲ့။ အဲဒီအခ်ိန္မွာ က်န္ခဲ့တဲ့ႏွစ္ေယာက္ဟာ အေရးတႀကီး တိုင္ပင္ၾကေတာ့သတဲ့။

က်န္ခဲ့တဲ့ ႏွစ္ေယာက္က "တုတ္တေခ်ာင္းစီ ေကာက္ထားရမယ္။ ဟိုေကာင္ ျပန္လာတာနဲ႔ တို႔ႏွစ္ေယာက္ သူ႔ကို အေသေဆာ္ၾကတာေပါ့။ ၿပီးေတာ့ ပစၥည္းထုပ္ကို တေယာက္တဝက္ ခြဲယူၾကမယ္" လို႔ ႀကံစည္ထားၾကတာေပါ့။

အဲဒီလိုပဲ ၿမိဳ႕ကိုသြားတဲ့ တေယာက္ကလည္း "အစာထဲမွာ အဆိပ္ခတ္ထားရင္ အဲဒီႏွစ္ေကာင္ စားတာနဲ႔ ေသလိမ့္မယ္။ အဲဒါဆို ပစၥည္းထုပ္က ငါ့အပိုင္ပဲ" လို႔ ေတြးၿပီး အစားအစာေတြထဲမွာ အဆိပ္ခတ္ၿပီး ယူခဲ့သတဲ့။

ၿမိဳ႕ကိုသြားတဲ့တေယာက္ ျပန္လာတဲ့အခါ က်န္ခဲ့တဲ့ႏွစ္ေယာက္က တုတ္နဲ႔ ႐ိုက္သတ္လိုက္ၾကသတဲ့။ ၿပီးေတာ့ ၿမိဳ႕က ယူလာတဲ့အစားအစာေတြကို စားလိုက္ၾကတဲ့အခါ ႏွစ္ေယာက္လုံး ေသဆုံးသြားၾကေတာ့သတဲ့ကြယ္။

ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ ကေလးတို႔ေရ ဒီပုံျပင္ေလးရဲ႕ေပးခ်င္တဲ့ သင္ခန္းစာကေတာ့ တခါတရံမွာ ကိုယ္ေတြးထား သလို တျခားသူေတြလဲ ေတြးထားတတ္တယ္ ဆိုတာရယ္၊ ကိုယ္စိုက္ပ်ိဳးထားရင္ ကိုယ္ရိတ္သိမ္းရတယ္ ဆိုတာပါပဲကြယ္။ နႏၵမန္းၾကယ္ (တြင္းငယ္)