မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာညီလေးတယောက်က မေးတယ်။ အကို ကမ္ဘာမှာ အကောင်းဆုံးကားက ဘာကားလဲတဲ့။ အကို့ကားပဲ ညီလေးဆိုတော့ ဘယ်ကားလဲတဲ့။ အဲဒါနဲ့ ရပ်ထားတဲ့ Alphard လေးကို လက်ညှိုးထိုးပြ လိုက်တယ်။

ဟာ အကို့ဟာ Alphard ကြီးလေ။ ဘယ်လိုလုပ် ကမ္ဘာအကောင်းဆုံးကား ဖြစ်မှာလဲ။ လန်ဘော်ဂီနီတို့ ဖာရာရီတို့က ကမ္ဘာ့အကောင်းဆုံး ကားတွေ မဟုတ်ဘူးလား။ Alphard တော့ မဟုတ်လောက်ပါဘူးတဲ့။

ကျွန်တော် သူ့မေးခွန်းကို ထပ်မဖြေသေးပဲနဲ့ သူ့ကို မေးခွန်းတခု ပြန်မေးလိုက်တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးအင်္ကျီ မြင်ဖူးလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။ ဒီအင်္ကျီပဲ လို့ ပြောတော့ သူကမေးတယ်။ ဘယ်လောက်ပေးရလဲတဲ့။ ဘတ်တရာ ညီလေး မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်လို့။

ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတော့ ချာတိတ်က ရယ်သွားတယ်။ ဒီဘဲကြီး ငါ့ကိုလာစားနေတယ် ထင်သွားပုံရတယ်။ ကျွန်တော် သူ့ကိုထပ်မေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖုန်းကော ညီလေးသိလားဆိုတော့ အကို့ဖုန်းမဟုတ်လား တဲ့။ ပြောပြီးရယ်နေတယ်။ အေး မင်းတော်လာပြီ လို့ ပြောရင်းနဲ့ သူ့ကို ပြန်ရှင်းပြ ဖြစ်တယ်။

ညီလေး လက်မှာပတ်ထားတဲ့ နာရီလေး ဘယ်လောက်ပေးရလဲ ဆိုတော့ ခြောက်ထောင်တဲ့။ ဝယ်ထားတာ ခုနှစ်လရှိပြီတဲ့။ အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးနာရီပဲလို့။ ဘာဖြစ်လို့လဲဆိုတော့ မင်းပိုင်ဆိုင်ထားပြီး မင်းလက်မှာ မင်းပတ်ခွင့်ရနေလို့ လို့။

ညီလေးလက်က တက်တူးကကော ဘယ်လောက်ပေးရလဲ ဆိုတော့ ဘုရား ပွဲဈေးမှာထိုးတာတဲ့။ တသောင်းကျော် ကျတယ်တဲ့။ အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက်တူးပဲလို့။ ဘာဖြစ်လို့လဲဆိုတော့ မင်းခန္ဓာကိုယ်ပေါ်မှာ ရှိခွင့်ရနေလို့လို့။

ညီလေး စီးထားတဲ့ ဖိနပ်ကော ဘယ်လောက်လဲဆိုတော့ ခြောက်ထောင်တဲ့။ ရေစိုခံလို့ ဝယ်ထားတာတဲ့။ အေးအဲဒါလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖိနပ်ပဲလို့။ ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပဲလို့ ဆိုတော့ ကောင်လေး ခဏငိုင်ကျသွားတယ်။ နောက်တော့မှ ကျွန်တော်သိပြီတဲ့။ ကျွန်တော်မှာ မရှိတဲ့ အရာထက် ရှိနေတဲ့အရာက ပိုတန်ဖိုးရှိတယ် အကိုပြောတာတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ တဲ့။

ကျွန်တော်တို့တွေရဲ့ ပြသနာအများစုက ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားပဲ မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ။ ကိုယ်နေတဲ့အိမ်၊ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်စီးနေတဲ့ကား၊ ကိုယ့်ရဲ့လက်တွဲဖော်၊ ကိုယ့်မိသားစု စသဖြင့်ပေါ့။

အနားမှာရှိတဲ့ သူတွေ၊ ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ထက် ကိုယ့်မှာ မရှိတဲ့ အရာတွေပေါ် ပိုပြီး အာရုံစိုက်မိနေကြတာ။ ကိုယ့်မိသားစုမှာ ပြသနာရှိပေမယ့် တခြားလူတယောက်ရဲ့ ပြသနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့ မိသားစုကို အားကျနေတယ်။

ကိုယ့်မှာရှိနေတဲ့ ဆိုင်ကယ်လေးထက် ပိုပြီး ဈေးကြီးပြီး လူကြိုက်များတဲ့ ဆိုင်ကယ်ကို ပိုတန်ဖိုးထားမိတယ်။ ကိုယ့်မှာ ရှိနေတဲ့ လက်တွဲဖော်ထက် ပိုချောတယ်လို့ ထင်ရတဲ့ သူတဦးကို ပိုတန်ဖိုးထားမိတယ်။ ကိုယ့်အလုပ်ထက် အဆင်ပိုပြေနေတယ်လို့ ထင်နေရတဲ့ သူများအလုပ်ကို ပိုလုပ်ချင်မိတယ်။

လူ့သဘာဝက လူတိုင်း အကောင်းကြိုက်ပါတယ်။ ပိုကောင်းမယ်လို့ ထင်ရတဲ့ အရာကိုပဲ ဘယ်သူမဆို လိုချင်မိကြတာ မမှားပါဘူး။ တခါတခါကျတော့ ပိုကောင်းတဲ့ အရာတွေကို အာရုံစိုက်တာ များသွားပြီး ရှိနေတာတွေကို တန်ဖိုးမထားမိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိမထားမိခဲ့လို့ ရှိနေတဲ့အရာတွေပါ ဆုံးရှုံးသွားတဲ့ လူတွေလည်း ဒုနဲ့ဒေးနဲ့ ပါပဲ။

ပိုကောင်းတဲ့အရာတွေကို မျှော်လင့်တာ မမှားပေမယ့် ရှိနေတဲ့ အရာတွေကိုလည်း တန်ဖိုးထားဖို့ မေ့နေကြမှာစိုးလို့ မေတ္တာနဲ့ သတိပေးချင်တာပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးကားက သင်စီးနေတဲ့ ကားပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးစက်ဘီးက သင်ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေးပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူက သင့်အနားမှာရှိတဲ့ သင့်ချစ်သူပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစုက သင့်ကို ချစ်တဲ့ သင့်မိသားစုပါ။ ကမ္ဘာပေါ်မှာ အတော်ဆုံးလူက သင်ကိုယ်တိုင်ပါပဲ။ crd

Zawgyi

ကမာၻေပၚမွာ အေကာင္းဆုံးအရာ

မေန႔က ညစာ သြားစားတဲ့ဆိုင္က ဝိတ္တာညီေလးတေယာက္က ေမးတယ္။ အကို ကမာၻမွာ အေကာင္းဆုံးကားက ဘာကားလဲတဲ့။ အကို႔ကားပဲ ညီေလးဆိုေတာ့ ဘယ္ကားလဲတဲ့။ အဲဒါနဲ႔ ရပ္ထားတဲ့ Alphard ေလးကို လက္ညႇိဳးထိုးျပ လိုက္တယ္။ ဟာ အကို႔ဟာ Alphard ႀကီးေလ။ ဘယ္လိုလုပ္ ကမာၻအေကာင္းဆုံးကား ျဖစ္မွာလဲ။ လန္ေဘာ္ဂီနီတို႔ ဖာရာရီတို႔က ကမာၻ႔အေကာင္းဆုံး ကားေတြ မဟုတ္ဘူးလား။ Alphard ေတာ့ မဟုတ္ေလာက္ပါဘူးတဲ့။

ကြၽန္ေတာ္ သူ႔ေမးခြန္းကို ထပ္မေျဖေသးပဲနဲ႔ သူ႔ကို ေမးခြန္းတခု ျပန္ေမးလိုက္တယ္။ ကမာၻေပၚမွာ အေကာင္းဆုံးအက်ႌ ျမင္ဖူးလားလို႔ ေမးေတာ့ မျမင္ဖူးဘူးတဲ့။ ဒီအက်ႌပဲ လို႔ ေျပာေတာ့ သူကေမးတယ္။ ဘယ္ေလာက္ေပးရလဲတဲ့။ ဘတ္တရာ ညီေလး ျမန္မာေငြနဲ႔ဆို ၈၀၀၀ က်ပ္လို႔။

ဒါေပမယ့္ ကမာၻေပၚမွာ အေကာင္းဆုံးပဲဆိုေတာ့ ခ်ာတိတ္က ရယ္သြားတယ္။ ဒီဘဲႀကီး ငါ့ကိုလာစားေနတယ္ ထင္သြားပုံရတယ္။ ကြၽန္ေတာ္ သူ႔ကိုထပ္ေမးတယ္။ ကမာၻေပၚမွာ အေကာင္းဆုံးဖုန္းေကာ ညီေလးသိလားဆိုေတာ့ အကို႔ဖုန္းမဟုတ္လား တဲ့။ ေျပာၿပီးရယ္ေနတယ္။ ေအး မင္းေတာ္လာၿပီ လို႔ ေျပာရင္းနဲ႔ သူ႔ကို ျပန္ရွင္းျပ ျဖစ္တယ္။

ညီေလး လက္မွာပတ္ထားတဲ့ နာရီေလး ဘယ္ေလာက္ေပးရလဲ ဆိုေတာ့ ေျခာက္ေထာင္တဲ့။ ဝယ္ထားတာ ခုႏွစ္လရွိၿပီတဲ့။ ေအးအဲဒါ ကမာၻေပၚမွာ အေကာင္းဆုံးနာရီပဲလို႔။ ဘာျဖစ္လို႔လဲဆိုေတာ့ မင္းပိုင္ဆိုင္ထားၿပီး မင္းလက္မွာ မင္းပတ္ခြင့္ရေနလို႔ လို႔။ ညီေလးလက္က တက္တူးကေကာ ဘယ္ေလာက္ေပးရလဲ ဆိုေတာ့ ဘုရား ပြဲေဈးမွာထိုးတာတဲ့။ တေသာင္းေက်ာ္ က်တယ္တဲ့။ ေအးအဲဒါ ကမာၻေပၚမွာ အေကာင္းဆုံးတက္တူးပဲလို႔။ ဘာျဖစ္လို႔လဲဆိုေတာ့ မင္းခႏၶာကိုယ္ေပၚမွာ ရွိခြင့္ရေနလို႔လို႔။

ညီေလး စီးထားတဲ့ ဖိနပ္ေကာ ဘယ္ေလာက္လဲဆိုေတာ့ ေျခာက္ေထာင္တဲ့။ ေရစိုခံလို႔ ဝယ္ထားတာတဲ့။ ေအးအဲဒါလည္း ကမာၻေပၚမွာ အေကာင္းဆုံး ဖိနပ္ပဲလို႔။ ဘာလို႔လဲဆိုေတာ့ မင္းပိုင္ဆိုင္တဲ့ ဖိနပ္ျဖစ္ေနလို႔ပဲလို႔ ဆိုေတာ့ ေကာင္ေလး ခဏငိုင္က်သြားတယ္။ ေနာက္ေတာ့မွ ကြၽန္ေတာ္သိၿပီတဲ့။ ကြၽန္ေတာ္မွာ မရွိတဲ့ အရာထက္ ရွိေနတဲ့အရာက ပိုတန္ဖိုးရွိတယ္ အကိုေျပာတာတဲ့။ ေက်းဇူးတင္ပါတယ္ဗ်ာ တဲ့။

ကြၽန္ေတာ္တို႔ေတြရဲ႕ ျပသနာအမ်ားစုက ကိုယ့္မွာရွိတာေတြကို တန္ဖိုးမထားပဲ မရွိတဲ့ အရာေတြကို တန္ဖိုးထားမိတာ။ ကိုယ္ေနတဲ့အိမ္၊ ကိုယ္လုပ္ေနတဲ့အလုပ္၊ ကိုယ္စီးေနတဲ့ကား၊ ကိုယ့္ရဲ႕လက္တြဲေဖာ္၊ ကိုယ့္မိသားစု စသျဖင့္ေပါ့။ အနားမွာရွိတဲ့ သူေတြ၊ ကိုယ္ပိုင္ဆိုင္တဲ့ အရာေတြအေပၚမွာ အာ႐ုံစိုက္ဖို႔ထက္ ကိုယ့္မွာ မရွိတဲ့ အရာေတြေပၚ ပိုၿပီး အာ႐ုံစိုက္မိေနၾကတာ။ ကိုယ့္မိသားစုမွာ ျပသနာရွိေပမယ့္ တျခားလူတေယာက္ရဲ႕ ျပသနာမရွိဘူးလို႔ အေပၚယံထင္ရတဲ့ မိသားစုကို အားက်ေနတယ္။

ကိုယ့္မွာရွိေနတဲ့ ဆိုင္ကယ္ေလးထက္ ပိုၿပီး ေဈးႀကီးၿပီး လူႀကိဳက္မ်ားတဲ့ ဆိုင္ကယ္ကို ပိုတန္ဖိုးထားမိတယ္။ ကိုယ့္မွာ ရွိေနတဲ့ လက္တြဲေဖာ္ထက္ ပိုေခ်ာတယ္လို႔ ထင္ရတဲ့ သူတဦးကို ပိုတန္ဖိုးထားမိတယ္။ ကိုယ့္အလုပ္ထက္ အဆင္ပိုေျပေနတယ္လို႔ ထင္ေနရတဲ့ သူမ်ားအလုပ္ကို ပိုလုပ္ခ်င္မိတယ္။

လူ႔သဘာဝက လူတိုင္း အေကာင္းႀကိဳက္ပါတယ္။ ပိုေကာင္းမယ္လို႔ ထင္ရတဲ့ အရာကိုပဲ ဘယ္သူမဆို လိုခ်င္မိၾကတာ မမွားပါဘူး။ တခါတခါက်ေတာ့ ပိုေကာင္းတဲ့ အရာေတြကို အာ႐ုံစိုက္တာ မ်ားသြားၿပီး ရွိေနတာေတြကို တန္ဖိုးမထားမိတာေတြ ျဖစ္တတ္ပါတယ္။ ဒါကို သတိမထားမိခဲ့လို႔ ရွိေနတဲ့အရာေတြပါ ဆုံးရႈံးသြားတဲ့ လူေတြလည္း ဒုနဲ႔ေဒးနဲ႔ ပါပဲ။

ပိုေကာင္းတဲ့အရာေတြကို ေမွ်ာ္လင့္တာ မမွားေပမယ့္ ရွိေနတဲ့ အရာေတြကိုလည္း တန္ဖိုးထားဖို႔ ေမ့ေနၾကမွာစိုးလို႔ ေမတၱာနဲ႔ သတိေပးခ်င္တာပါ။ ကမာၻေပၚမွာ အေကာင္းဆုံးကားက သင္စီးေနတဲ့ ကားပါ။ ကမာၻေပၚမွာ အေကာင္းဆုံးစက္ဘီးက သင္ပိုင္ဆိုင္ထားတဲ့ စက္ဘီးေလးပါ။ ကမာၻေပၚမွာ အေကာင္းဆုံးခ်စ္သူက သင့္အနားမွာရွိတဲ့ သင့္ခ်စ္သူပါ။ ကမာၻေပၚမွာ အေကာင္းဆုံး မိသားစုက သင့္ကို ခ်စ္တဲ့ သင့္မိသားစုပါ။ ကမာၻေပၚမွာ အေတာ္ဆုံးလူက သင္ကိုယ္တိုင္ပါပဲ။ crd