တခါတုန်းက ရွာတရွာမှာ သူဆင်းရဲ အဖိုးအိုတယောက် ရှိတယ်။ သူ့မှာ နွားပိန်တကောင်ပဲ ရှိတယ်။ လယ်လုပ်ရတာ နွားနဲ့ အတူရုန်းကန် နေရတယ်။ သိကြားမင်းက သူ့ကို တနေ့တနေ့ ကြည့်ပြီး သနားလာတယ်။ သနားပြီးတော့ တဲနားမှာ နွားလားဥဿဖကြီးယောင် ဆောင်ပြီး နေတယ်။

သူဆင်းရဲအဖိုအိုက တွေ့တော့ ချော့ဖမ်းပြီး သူနွားပိန်နဲ့ တွဲခိုင်းတော့တာ ပေါ့ကွယ်။ အဲဒီမှာ စတွေ့တာပဲ။ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။ လိုက်တောင် တရွတ်ဆွဲနေသေး၊ နွားလားဥဿဖ သိကြားမင်းလည်း အသကုန် ပြိုင်းတာပေါ့။ တနေ့တနေ့ အားကုန် ရုန်းရတဲ့အပြင်၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီး ကြိမ်လုံးနဲ့ အသကုန် ရိုက်သေးတယ်။

၃၊ ၄ ရက် ကြာလာတော့ သိကြားမင်းက မခံနိုင်တော့ဘူး။ နွားအသွင်ကနေ ပြောင်းပြီး အဖိုးကြီးကို မေးတော့တာပေါ့။ "ဘာလို့ အရမ်းရိုက် အရမ်းဆဲနေတာလဲ။ ဟို ခင်ဗျားနွားကိုကော ဆဲပါလား ရိုက်ပါလား" ဆိုတော့ အဖိုအိုပြောတဲ့ စကားက အရမ်းမှတ်သားလောက်တယ်။

"ကျနော့်နွားပိန်ကို အရမ်းရိုက်ရင် သေသွားမှာပေါ့။ ရုန်းမှ မရုန်းနိုင်တာ၊ ဒါ သူ့အတွက် အစွမ်းကုန်ပဲ။ နွားလား ဥဿဖပဲ ရုန်းနိုင်မှာ၊ အဲ့ဒီတော့ ရုန်းအား ပိုကောင်း အားသန်တဲ့ကောင်ကိုပဲ ဖိရိုက်ရပါတယ်" လို့ ပြန်ပြောတာပေါ့။ သိကြားမင်းလည်း နောင်တ အသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။

မောင်လေး ညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း အဲဒီလိုပဲ အိမ်တွေ၊ ရုံးတွေ၊ အလုပ်တွေမှာ အဲဒီလို နွားပိန်တွေ ရှိတယ်။ အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ၊ အားကောင်းတဲ့သူကို ဖိခိုင်း၊ ဖိနင်းကြတယ်တဲ့။ အဲဒါကြောင့် အရမ်း မလုပ်ပြနဲ့၊ အရမ်း အားမကောင်းစေနဲ့တဲ့။ ဘဝမှာ တခါတလေ မရုန်းပဲ တရွတ်တိုက်ဖို့လည်း လိုတယ်။ ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ။ သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။ Crd

Zawgyi

အလုပ္ထဲမွာ တအား ႐ုန္းမျပပါနဲ႔

တခါတုန္းက ႐ြာတ႐ြာမွာ သူဆင္းရဲ အဖိုးအိုတေယာက္ ရွိတယ္။ သူ႔မွာ ႏြားပိန္တေကာင္ပဲ ရွိတယ္။ လယ္လုပ္ရတာ ႏြားနဲ႔ အတူ႐ုန္းကန္ ေနရတယ္။ သိၾကားမင္းက သူ႔ကို တေန႔တေန႔ ၾကည့္ၿပီး သနားလာတယ္။ သနားၿပီးေတာ့ တဲနားမွာ ႏြားလားဥႆဖႀကီးေယာင္ ေဆာင္ၿပီး ေနတယ္။

သူဆင္းရဲအဖိုအိုက ေတြ႕ေတာ့ ေခ်ာ့ဖမ္းၿပီး သူႏြားပိန္နဲ႔ တြဲခိုင္းေတာ့တာ ေပါ့ကြယ္။ အဲဒီမွာ စေတြ႕တာပဲ။ တြဲခိုင္းေတာ့ ႏြားပိန္ကမ႐ုန္းႏိုင္ဘူး။ လိုက္ေတာင္ တ႐ြတ္ဆြဲေနေသး၊ ႏြားလားဥႆဖ သိၾကားမင္းလည္း အသကုန္ ၿပိဳင္းတာေပါ့။ တေန႔တေန႔ အားကုန္ ႐ုန္းရတဲ့အျပင္၊ သူဆင္းရဲအဖိုးအိုက ပါးစပ္က ေရ႐ြတ္ဆဲၿပီး ႀကိမ္လုံးနဲ႔ အသကုန္ ႐ိုက္ေသးတယ္။

၃၊ ၄ ရက္ ၾကာလာေတာ့ သိၾကားမင္းက မခံႏိုင္ေတာ့ဘူး။ ႏြားအသြင္ကေန ေျပာင္းၿပီး အဖိုးႀကီးကို ေမးေတာ့တာေပါ့။ "ဘာလို႔ အရမ္း႐ိုက္ အရမ္းဆဲေနတာလဲ။ ဟို ခင္ဗ်ားႏြားကိုေကာ ဆဲပါလား ႐ိုက္ပါလား" ဆိုေတာ့ အဖိုအိုေျပာတဲ့ စကားက အရမ္းမွတ္သားေလာက္တယ္။

"က်ေနာ့္ႏြားပိန္ကို အရမ္း႐ိုက္ရင္ ေသသြားမွာေပါ့။ ႐ုန္းမွ မ႐ုန္းႏိုင္တာ၊ ဒါ သူ႔အတြက္ အစြမ္းကုန္ပဲ။ ႏြားလား ဥႆဖပဲ ႐ုန္းႏိုင္မွာ၊ အဲ့ဒီေတာ့ ႐ုန္းအား ပိုေကာင္း အားသန္တဲ့ေကာင္ကိုပဲ ဖိ႐ိုက္ရပါတယ္" လို႔ ျပန္ေျပာတာေပါ့။ သိၾကားမင္းလည္း ေနာင္တ အသိတရားရၿပီး နတ္ျပည္ ျပန္တက္သြားတယ္။

ေမာင္ေလး ညီမေလးတို႔ လူဘဝ လက္ေတြ႕ဘဝမွာလည္း အဲဒီလိုပဲ အိမ္ေတြ၊ ႐ုံးေတြ၊ အလုပ္ေတြမွာ အဲဒီလို ႏြားပိန္ေတြ ရွိတယ္။ အလုပ္ရွင္က ႐ုန္းႏိုင္မယ္ထင္တဲ့သူ၊ အားေကာင္းတဲ့သူကို ဖိခိုင္း၊ ဖိနင္းၾကတယ္တဲ့။ အဲဒါေၾကာင့္ အရမ္း မလုပ္ျပနဲ႔၊ အရမ္း အားမေကာင္းေစနဲ႔တဲ့။ ဘဝမွာ တခါတေလ မ႐ုန္းပဲ တ႐ြတ္တိုက္ဖို႔လည္း လိုတယ္။ ဒါမွ အရမ္း႐ိုက္ခံရတဲ့ ေဘးကလည္းလြတ္မွာ။ သိၾကားမင္းေတာင္ ထြက္ေျပးရဖူးတယ္။ Crd