တခါတုန်းက ရွာတရွာမှာ ရုပ်ရည်လည်း ချောမောသလို အလွန်လိမ္မာပါးနပ်တဲ့ မိန်းမပျိုလေးတဦး ရှိတယ်။ သူမရဲ့ အကျင့်သိက္ခာနဲ့ ဣန္ဒြေရှိတဲ့ သတင်းကြောင့် အနယ်နယ် အရပ်ရပ်ရှိ လူပျိုကာလသားတွေက သူမအိမ်ကို လာလည်လေ့ရှိတယ်။

ဒါပေမယ့် မိန်းကလေးကတော့ သူ့ဆီ လာလည်တဲ့ လူပျိုလေးတွေကို သူလိုချင်တဲ့ အရည်အချင်းနဲ့ အကျင့်သိက္ခာတွေ မတွေ့ရင် လိမ္မာပါးနပ်စွာနဲ့ ငြင်းပယ်လိုက်တာချည်းပဲ တဲ့။

တခါတော့ ရုပ်ရည် အပြောအဆို အနေအထိုင် ဟန်ပန်တွေကမှ အစ အားလုံးလိုလို တူညီနေတဲ့ တရပ်တကျေးက လူပျိုလေးယောက်ဟာ သူမထံ လာပြီး မေတ္တာတောင်းခံကြတယ်။ ဒီအခါမှာ သူမဟာ အရွေးရခက်သွားတယ်။ သူတို့ ၄ ဦးထဲက တဦးဦးကို ရွေချယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် ဘယ်သူ့ကို ရွေးရမယ်မှန်းမသိတာနဲ့ "မောင်ကြီးတို့ အေးအေးဆေးဆေး စကားပြောကြပါဦးရှင်" လို့ ဆိုပြီး ချည်ငင်တဲ့ ချားကို ထုတ်လာပြီး လေးယောက်စလုံးရဲ့ ရှေမှာ သူတို့နဲ့ အတူ လက်ခံစကားပြောရင်း ချည်ငင်နေလိုက်တယ်။

လူပျိုလေးဦးဟာ လိုရင်းစကားကို မပြောနိုင်ကြဘဲ ဟိုရောက်သည်ရောက် စကားတွေ ပြောနေကြသတဲ့။ ဒီလိုနဲ့ သန်းခေါင်ကျော် ကြက်ဦးတွန်ချိန် ရောက်လာတယ်။ အချိန်ကုန်ပြီ ဖြစ်ပေမယ့် လူပျိုလေးယောက်စလုံးဟာ ဘယ်သူကမှ ထမပြန်ဘဲ ဇွဲကောင်းကောင်းနဲ့ ထိုင်နေတုန်းပဲ။

သူတို့ရဲ့ စိတ်ထဲမှာတော့ အရင်ထပြန်တဲ့သူဟာ ဇွဲမရှိဘူးလို့ မိန်းကလေးက ထင်သွားမှာ စိုးလို့ တဦးနဲ့ တဦးအရိပ်အကဲ ကြည့်ပြီး ပေကပ်နေကြသတဲ့။ ပြောနေကြတဲ့ စကားတွေကလည်း ကုန်သလိုဖြစ်ပြီး ခပ်ထိုင်းထိုင်း ခပ်အေးအေး ဖြစ်နေကြတယ်။

အဲဒီအချိန်မှာပဲ အပျိုလေးရဲ့ အိမ်က ကြက်ဖကြီးက ထတွန်ပါလေရော။ ပြောစရာရှာမရ ဖြစ်နေကြတဲ့ လူပျိုလေးယောက်ထဲက ပထမတယောက်က "ဒီအချိန်ကတော့ ဒီလို လမိုက်ပုံလေးနဲ့တော့ သူခိုးတွေ ခိုးလို့ ကောင်းတဲ့ အချိန်ပဲ" လို့ ပြောလိုက်တယ်။

ဒုတိယတယောက်က "ဟုတ်ပေတယ် ထန်းတက်သမားတွေလည်း ဒီအချိန်လောက်က ထပြီး လုပ်စရာကိုင်စရာ ပြင်စရာဆင်စရာတွေ ပြင်ဆင်ကြမယ့်အချိန်ပဲ" လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ မိန်းမပျိုလေးက သူတို့ ဇာတိသဘောကို သိဖို့ သေချာနားစွံ့နေတာ လူပျိုလေးတို့ သတိမထားမိကြ။

တတိယတယောက်က "သမုဒ္ဒရာ ဝမ်းတထွာဆိုတဲ့အတိုင်း အခုလို သန်းခေါင်ကျော် ရေတက်ဦးကလေးမှာ ပိုက်တန်းချဖို့ ထွက်ရမယ့် လှေ၊ တက်ပြင်ဆင်ချိန်ပဲ" လို့ ပြောပြန်တယ်။ နောက်ဆုံးတယောက်က "အလုပ်ဆိုတာကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ကျွမ်းကျင်ရာ လုပ်ကြရတာပဲ၊ စီးပွားအရှာကောင်းသူတွေဆိုရင် တရေးနိုး ဒီအချိန်က ထပြီး စီးပွားရေးအတွက် အကြံသစ် ဉာဏ်သစ်တွေ ထုတ်တဲ့ အချိန်မျိုးတောင် ရောက်ပြီ" လို့ ပြောလိုက်တယ်။

ဒီလိုစကားမရှိ စကားရှာပြီး အမှတ်တမဲ့ ပြောလိုက်တဲ့ လူပျိုလေးတွေရဲ့ စကားကို မိန်မပျိုလေးက သေချာမှတ်ထားလိုက်ပြီး "ဟုတ်ပါရဲ့ ကျမလည်း ညဉ့်နက်လို့ အလုပ်သိမ်းဖို့ အချိန်ရောက်ပြီ" လို့ ပြောရင်း ဧည့်ခံစကား ပြောနေတာကို ရပ်လိုက်တဲ့ သဘောနဲ့ ချည်တွေကို သိမ်းလိုက်တယ်။ လူပျိုးလေး လေးယောက်ဟာ အသီးသီး နှုတ်ဆက်ပြီး ပြန်သွားကြတယ်။

သူတို့ ပြန်သွားပြီးနောက် မိန်းမပျိုလေးဟာ သူတို့စကားတွေကို စကားထဲက ဇာတိပြ ဆိုတဲ့ သဘောအတိုင်း ခွဲထုတ်စိစစ်ကြည့်လိုက်တဲ့အခါ ပထမလူကို သူခိုးသားသမီး (သို့) သူခိုးနဲ့ အဆက်အသွယ်ရှိတဲ့ သူလို့ မှတ်ချက်ချလိုက်တယ်။ ဒုတိယလူကို ထန်းသမားမျိုးနွယ် အဆက်အသွယ်ရှိသူလို့ မှတ်ချက်ချတယ်။

တတိယလူကို တံငါမျိုးနွယ်၊ စတုတ္ထလူကိုတော့ ဉာဏ်လုံ့လထုတ်ပြီး ဥစ္စာပစ္စည်း အရှာကောင်းသူ၊ ဒါမှမဟုတ် အဲ့ဒီလိုလူတွေနဲ့ နီးစပ်တဲ့သူ စီးပွားဖြစ်ရေး အကြံအစည် ရှိတဲ့သူလို့ မှတ်ချက်ချလိုက်တယ်။ နောက်မကြာခင်မှာပဲ မိန်းမပျိုလေးဟာ စတုတ္ထလူပျိုလေးရဲ့ မေတ္တာကို လက်ခံပြီး လက်ထပ်လိုက်သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတယ်။ သူဌေးတယောက်က သူ့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ လူရွေးတော့ အလုပ်လာလျှောက်တဲ့သူကို အင်တာဗျူးတွေ ဘာတွေ ညာတွေ လုပ်မနေဘဲ သူကို စားသောက်ဆိုင်ကို ခေါ်သွားပြီး ထမင်းလိုက်ကျွေးရင်း စကားတွေ အများကြီးပြောစေသတဲ့။

အဲ့ဒီအချိန်မှာ အလုပ်လာလျှောက်သူရဲ့ စကားတွေကို အကဲဖြတ်ပြီး အလုပ်ခန့်သင့် မခန့်သင့် ဆုံးဖြတ်သတဲ့။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုတဲ့အတိုင်း စာဖတ်သူတို့လည်း စကားကောင်းများ ပြောဆိုနိုင်ဖို့ အလုပ်ကောင်းနှင့် မိတ်ကောင်းများကို ရွေးချယ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း။ crd

Zawgyi

စကားထဲက ဇာတိျပတယ္

တခါတုန္းက ႐ြာတ႐ြာမွာ ႐ုပ္ရည္လည္း ေခ်ာေမာသလို အလြန္လိမၼာပါးနပ္တဲ့ မိန္းမပ်ိဳေလးတဦး ရွိတယ္။ သူမရဲ႕ အက်င့္သိကၡာနဲ႔ ဣေျႏၵရွိတဲ့ သတင္းေၾကာင့္ အနယ္နယ္ အရပ္ရပ္ရွိ လူပ်ိဳကာလသားေတြက သူမအိမ္ကို လာလည္ေလ့ရွိတယ္။ ဒါေပမယ့္ မိန္းကေလးကေတာ့ သူ႔ဆီ လာလည္တဲ့ လူပ်ိဳေလးေတြကို သူလိုခ်င္တဲ့ အရည္အခ်င္းနဲ႔ အက်င့္သိကၡာေတြ မေတြ႕ရင္ လိမၼာပါးနပ္စြာနဲ႔ ျငင္းပယ္လိုက္တာခ်ည္းပဲ တဲ့။

တခါေတာ့ ႐ုပ္ရည္ အေျပာအဆို အေနအထိုင္ ဟန္ပန္ေတြကမွ အစ အားလုံးလိုလို တူညီေနတဲ့ တရပ္တေက်းက လူပ်ိဳေလးေယာက္ဟာ သူမထံ လာၿပီး ေမတၱာေတာင္းခံၾကတယ္။ ဒီအခါမွာ သူမဟာ အေ႐ြးရခက္သြားတယ္။ သူတို႔ ၄ ဦးထဲက တဦးဦးကို ေ႐ြခ်ယ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒါေပမယ့္ ဘယ္သူ႔ကို ေ႐ြးရမယ္မွန္းမသိတာနဲ႔ "ေမာင္ႀကီးတို႔ ေအးေအးေဆးေဆး စကားေျပာၾကပါဦးရွင္" လို႔ ဆိုၿပီး ခ်ည္ငင္တဲ့ ခ်ားကို ထုတ္လာၿပီး ေလးေယာက္စလုံးရဲ႕ ေရွမွာ သူတို႔နဲ႔ အတူ လက္ခံစကားေျပာရင္း ခ်ည္ငင္ေနလိုက္တယ္။

လူပ်ိဳေလးဦးဟာ လိုရင္းစကားကို မေျပာႏိုင္ၾကဘဲ ဟိုေရာက္သည္ေရာက္ စကားေတြ ေျပာေနၾကသတဲ့။ ဒီလိုနဲ႔ သန္းေခါင္ေက်ာ္ ၾကက္ဦးတြန္ခ်ိန္ ေရာက္လာတယ္။ အခ်ိန္ကုန္ၿပီ ျဖစ္ေပမယ့္ လူပ်ိဳေလးေယာက္စလုံးဟာ ဘယ္သူကမွ ထမျပန္ဘဲ ဇြဲေကာင္းေကာင္းနဲ႔ ထိုင္ေနတုန္းပဲ။ သူတို႔ရဲ႕ စိတ္ထဲမွာေတာ့ အရင္ထျပန္တဲ့သူဟာ ဇြဲမရွိဘူးလို႔ မိန္းကေလးက ထင္သြားမွာ စိုးလို႔ တဦးနဲ႔ တဦးအရိပ္အကဲ ၾကည့္ၿပီး ေပကပ္ေနၾကသတဲ့။ ေျပာေနၾကတဲ့ စကားေတြကလည္း ကုန္သလိုျဖစ္ၿပီး ခပ္ထိုင္းထိုင္း ခပ္ေအးေအး ျဖစ္ေနၾကတယ္။

အဲဒီအခ်ိန္မွာပဲ အပ်ိဳေလးရဲ႕ အိမ္က ၾကက္ဖႀကီးက ထတြန္ပါေလေရာ။ ေျပာစရာရွာမရ ျဖစ္ေနၾကတဲ့ လူပ်ိဳေလးေယာက္ထဲက ပထမတေယာက္က "ဒီအခ်ိန္ကေတာ့ ဒီလို လမိုက္ပုံေလးနဲ႔ေတာ့ သူခိုးေတြ ခိုးလို႔ ေကာင္းတဲ့ အခ်ိန္ပဲ" လို႔ ေျပာလိုက္တယ္။ ဒုတိယတေယာက္က "ဟုတ္ေပတယ္ ထန္းတက္သမားေတြလည္း ဒီအခ်ိန္ေလာက္က ထၿပီး လုပ္စရာကိုင္စရာ ျပင္စရာဆင္စရာေတြ ျပင္ဆင္ၾကမယ့္အခ်ိန္ပဲ" လို႔ ေျပာလိုက္တယ္။ အဲဒီအခ်ိန္မွာ မိန္းမပ်ိဳေလးက သူတို႔ ဇာတိသေဘာကို သိဖို႔ ေသခ်ာနားစြံ႕ေနတာ လူပ်ိဳေလးတို႔ သတိမထားမိၾက။

တတိယတေယာက္က "သမုဒၵရာ ဝမ္းတထြာဆိုတဲ့အတိုင္း အခုလို သန္းေခါင္ေက်ာ္ ေရတက္ဦးကေလးမွာ ပိုက္တန္းခ်ဖို႔ ထြက္ရမယ့္ ေလွ၊ တက္ျပင္ဆင္ခ်ိန္ပဲ" လို႔ ေျပာျပန္တယ္။ ေနာက္ဆုံးတေယာက္က "အလုပ္ဆိုတာကေတာ့ ကိုယ့္အလုပ္နဲ႔ ကိုယ္ကြၽမ္းက်င္ရာ လုပ္ၾကရတာပဲ၊ စီးပြားအရွာေကာင္းသူေတြဆိုရင္ တေရးႏိုး ဒီအခ်ိန္က ထၿပီး စီးပြားေရးအတြက္ အႀကံသစ္ ဉာဏ္သစ္ေတြ ထုတ္တဲ့ အခ်ိန္မ်ိဳးေတာင္ ေရာက္ၿပီ" လို႔ ေျပာလိုက္တယ္။

ဒီလိုစကားမရွိ စကားရွာၿပီး အမွတ္တမဲ့ ေျပာလိုက္တဲ့ လူပ်ိဳေလးေတြရဲ႕ စကားကို မိန္မပ်ိဳေလးက ေသခ်ာမွတ္ထားလိုက္ၿပီး "ဟုတ္ပါရဲ႕ က်မလည္း ညဥ့္နက္လို႔ အလုပ္သိမ္းဖို႔ အခ်ိန္ေရာက္ၿပီ" လို႔ ေျပာရင္း ဧည့္ခံစကား ေျပာေနတာကို ရပ္လိုက္တဲ့ သေဘာနဲ႔ ခ်ည္ေတြကို သိမ္းလိုက္တယ္။ လူပ်ိဳးေလး ေလးေယာက္ဟာ အသီးသီး ႏႈတ္ဆက္ၿပီး ျပန္သြားၾကတယ္။

သူတို႔ ျပန္သြားၿပီးေနာက္ မိန္းမပ်ိဳေလးဟာ သူတို႔စကားေတြကို စကားထဲက ဇာတိျပ ဆိုတဲ့ သေဘာအတိုင္း ခြဲထုတ္စိစစ္ၾကည့္လိုက္တဲ့အခါ ပထမလူကို သူခိုးသားသမီး (သို႔) သူခိုးနဲ႔ အဆက္အသြယ္ရွိတဲ့ သူလို႔ မွတ္ခ်က္ခ်လိုက္တယ္။ ဒုတိယလူကို ထန္းသမားမ်ိဳးႏြယ္ အဆက္အသြယ္ရွိသူလို႔ မွတ္ခ်က္ခ်တယ္။ တတိယလူကို တံငါမ်ိဳးႏြယ္၊ စတုတၳလူကိုေတာ့ ဉာဏ္လုံ႔လထုတ္ၿပီး ဥစၥာပစၥည္း အရွာေကာင္းသူ၊ ဒါမွမဟုတ္ အဲ့ဒီလိုလူေတြနဲ႔ နီးစပ္တဲ့သူ စီးပြားျဖစ္ေရး အႀကံအစည္ ရွိတဲ့သူလို႔ မွတ္ခ်က္ခ်လိုက္တယ္။ ေနာက္မၾကာခင္မွာပဲ မိန္းမပ်ိဳေလးဟာ စတုတၳလူပ်ိဳေလးရဲ႕ ေမတၱာကို လက္ခံၿပီး လက္ထပ္လိုက္သတဲ့ကြယ္။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ စာအုပ္တအုပ္မွာ ဖတ္ခဲ့ဖူးတယ္။ သူေဌးတေယာက္က သူ႔ကုမၸဏီမွာ အလုပ္ခန႔္ဖို႔ လူေ႐ြးေတာ့ အလုပ္လာေလွ်ာက္တဲ့သူကို အင္တာဗ်ဴးေတြ ဘာေတြ ညာေတြ လုပ္မေနဘဲ သူကို စားေသာက္ဆိုင္ကို ေခၚသြားၿပီး ထမင္းလိုက္ေကြၽးရင္း စကားေတြ အမ်ားႀကီးေျပာေစသတဲ့။ အဲ့ဒီအခ်ိန္မွာ အလုပ္လာေလွ်ာက္သူရဲ႕ စကားေတြကို အကဲျဖတ္ၿပီး အလုပ္ခန႔္သင့္ မခန႔္သင့္ ဆုံးျဖတ္သတဲ့။ စကား စကား ေျပာပါမ်ား စကားထဲက ဇာတိျပ ဆိုတဲ့အတိုင္း စာဖတ္သူတို႔လည္း စကားေကာင္းမ်ား ေျပာဆိုႏိုင္ဖို႔ အလုပ္ေကာင္းႏွင့္ မိတ္ေကာင္းမ်ားကို ေ႐ြးခ်ယ္ႏိုင္ပါေစေၾကာင္း ဆႏၵျပဳရင္း။ crd