အခုခေတ်မှာ ကလေးတွေ အများကြီး မွေးထားတဲ့ မိသားစုဆိုတာ ရှားပါးသွားပါပြီ။ ဒါပေမယ့် ယူဂန္ဓာနိုင်ငံက အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကတော့ ကလေး ၄၄ ယောက် မွေးဖွားခဲ့ပါတယ်။ ကလေး ၆ ယောက်က ဆုံးပါးသွားတာကြောင့် ကလေး ၃၈ ယောက် ကျန်ရှိပါတယ်။

သူမရဲ့နာမည်ကတော့ Mariam Nabatanzi လို့ခေါ်ပါတယ်။ သူမအတွက် ဘဝက မလွယ်ကူခဲ့ပါဘူး။ Mariam အသက် ၁၃ နှစ်မှာ သူမထက် အသက် ၂၇ နှစ်ကြီးတဲ့ အမျိုးသားတစ်ယောက်ဆီမှာ ရောင်းစားခံလိုက်ရပါတယ်။ သူတို့ကတော့ ရောင်းစားခံလိုက်ရတာကို လက်ထပ်တယ်လို့ ခေါ်ကြပါတယ်။

ဒါပေမယ့် Mariam က သူ့ကို အဲဒီ အမျိုးသားအိမ်မှာ ဘာလို့ထားခဲ့မှန်း မသိပါဘူး။ တစ်နှစ် အကြာမှာတော့ အမြွှာကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ နောက်ထပ် တစ်နှစ်အကြာမှာ သုံးမြွှာပူးမွေးပြီး၊ နောက်တစ်နှစ်မှာတော့ လေးမြွှာပူး မွေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Mariam က ဆယ်ကျော်သက် ဖြစ်တာကြောင့် အိမ်ထောင်ရေးက အရမ်းခက်ခဲ ခဲ့ပါတယ်။ သူ့အမျိုးသားရဲ့အရင်အိမ်ထောင်က ကလေးတွေကိုလည်း စောင့်ရှောက်ရပါသေးတယ်။ ကလေးတွေရဲ့အမေတွေက ဟိုတစ်နေရာ ဒီတစ်နေရာမှာ ရောက်နေကြလို့ပါ။ Mariamရဲ့ အမျိုးသားက စိတ်မထင်ရင်လည်း မထင်သလို သူမကို ရိုက်တတ်ပါသေးတယ်။

Mariam မှာ ကလေး ၂၃ ယောက် မွေးပြီးတဲ့အခါ ကလေးထပ်မမွေးတော့အောင် လုပ်ပေးဖို့ ဆရာဝန်ကို မေးခဲ့ပါတယ်။ သေချာစစ်ဆးပြီးတဲ့အခါ ကလေးမရတော့အောင် လုပ်လိုက်ရင် သူမကျန်းမာရေး အရမ်းထိခိုက်သွားနိုင်တာကြောင့် မလုပ်ဖြစ်တော့ပါဘူး။

ကလေး ၄၄ ယောက်မှာ နှစ်မြွှာပူး ၆ တွဲ၊ သုံးမြွှာပူး၄ တွဲ၊ လေးမြွှာပူး ၃ တွဲပါဝင်ပါတယ်။ ၆ ယောက်က ဆုံးသွားလို့ ၃၈ ယောက်ပဲ ကျန်ပါတယ်။ ကလေးတွေကို ဘုရားက ပေးတာဖြစ်လို့ မွေးရတာ နောင်တရမဘူးလို့ ဆိုပါတယ်။

သူမ ဝမ်းနည်းတာတစ်ခုကတော့ ကလေးတွေက သူတို့အဖေနဲ့ မနေရဘဲ ကြီးပြင်းလာတာပါ။ သူတို့အဖေက လပေါင်းများစွာကြာပြီးမှ ပေါ်လာတတ်ပြီး နောက်ဆုံးတော့ အိမ်ကနေ ထွက်သွားပါတော့တယ်။ ကလေးတွေကို နာမည်ပေးတာကလွဲလို့၊ တစ်ခါတလေ ဖုန်းဆက်တာကလွဲလို့ ပြုစုပျိုးထောင်တာတွေ တစ်ခုမှ မလုပ်ပါဘူး။ အသက် ၂၃ နှစ်အရွယ် အကြီးဆုံးသားဆိုရင် သူ့အဖေကို သူ့အသက် ၁၃ နှစ်က နောက်ဆုံး တွေ့လိုက်ရတာပါ။

ဒါပေမယ့် Mariam ကတော့ စောဒကတက်ဖို့ အချိန်မရှိပါဘူး။ ကလေးတွေ အနာဂတ်အတွက် ကြိုးစားနေရလို့ပါ။ Mariam က ကလေးတွေ အားလုံးကို ကျောင်းထားပေးပါတယ်။ အကြီးဆုံး အမြွှာနှစ်ယောက်မှာ တစ်ယောက်က သူနာပြု၊ တစ်ယောက်က ဆောက်လုပ်ရေး လုပ်ငန်းရှင်ဖြစ်နေပါပြီ။ သူ့တုန်းက မရခဲ့တဲ့ ဘဝအိပ်မက်တွေကို ကလေးတွေကို ရစေချင်လို့ ကြိုးစားနေဆဲပါပဲ။

Mariam က အသီးအရွက်တွေကို ရောင်းတာ၊ ကိတ်မုန့်ဖုတ်တာ၊ အုတ်စီတာ၊ ဆံပင်ထုံးတာ၊ ပွဲစီစဉ်တာ စတဲ့ အလုပ်မျိုးစုံ လုပ်ပါတယ်။ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ မရောင်းစားဖို့၊ လက်မထပ်ခိုင်းဖို့၊ မိဘမေတ္တာက ဆုံးရှုံးပြီးရင် ပြန်မရတာကြောင့် တန်ဖိုးထားဖို့ ပြောပါတယ်။

" ကျွန်မကလေးတွေကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။ အမျိုးသားတွေကို ပြောချင်တာ တာဝန်ယူခြင်း ဆိုတာကို မမေ့ဖို့ပါ။ လက်ထပ်ခြင်းနဲ့ တာဝန်ယူတာက ဆက်စပ်နေလို့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ မမေ့ပါနဲ့" လို့ Mariam က ပြောပါတယ်။

Zombie (lovemedia)

for zawgyi

အသက္ ၃၉ ႏွစ္နဲ႔ ကေလး ၄၄ ေယာက္ ေမြးခဲ့တဲ့ အာဂအမ်ိဳးသမီး

အခုေခတ္မွာ ကေလးေတြ အမ်ားႀကီး ေမြးထားတဲ့ မိသားစုဆိုတာ ရွားပါးသြားပါၿပီ။ ဒါေပမယ့္ ယူဂႏၶာႏိုင္ငံက အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးကေတာ့ ကေလး ၄၄ ေယာက္ ေမြးဖြားခဲ့ပါတယ္။ ကေလး ၆ ေယာက္က ဆုံးပါးသြားတာေၾကာင့္ ကေလး ၃၈ ေယာက္ က်န္ရွိပါတယ္။

သူမရဲ႕နာမည္ကေတာ့ Mariam Nabatanzi လို႔ေခၚပါတယ္။ သူမအတြက္ ဘဝက မလြယ္ကူခဲ့ပါဘူး။ Mariam အသက္ ၁၃ ႏွစ္မွာ သူမထက္ အသက္ ၂၇ ႏွစ္ႀကီးတဲ့ အမ်ိဳးသားတစ္ေယာက္ဆီမွာ ေရာင္းစားခံလိုက္ရပါတယ္။ သူတို႔ကေတာ့ ေရာင္းစားခံလိုက္ရတာကို လက္ထပ္တယ္လို႔ ေခၚၾကပါတယ္။

ဒါေပမယ့္ Mariam က သူ႔ကို အဲဒီ အမ်ိဳးသားအိမ္မွာ ဘာလို႔ထားခဲ့မွန္း မသိပါဘူး။ တစ္ႏွစ္ အၾကာမွာေတာ့ အႁမႊာကေလးႏွစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ ေနာက္ထပ္ တစ္ႏွစ္အၾကာမွာ သုံးႁမႊာပူးေမြးၿပီး၊ ေနာက္တစ္ႏွစ္မွာေတာ့ ေလးႁမႊာပူး ေမြးခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက Mariam က ဆယ္ေက်ာ္သက္ ျဖစ္တာေၾကာင့္ အိမ္ေထာင္ေရးက အရမ္းခက္ခဲ ခဲ့ပါတယ္။ သူ႔အမ်ိဳးသားရဲ႕အရင္အိမ္ေထာင္က ကေလးေတြကိုလည္း ေစာင့္ေရွာက္ရပါေသးတယ္။ ကေလးေတြရဲ႕အေမေတြက ဟိုတစ္ေနရာ ဒီတစ္ေနရာမွာ ေရာက္ေနၾကလို႔ပါ။ Mariamရဲ႕ အမ်ိဳးသားက စိတ္မထင္ရင္လည္း မထင္သလို သူမကို ႐ိုက္တတ္ပါေသးတယ္။

Mariam မွာ ကေလး ၂၃ ေယာက္ ေမြးၿပီးတဲ့အခါ ကေလးထပ္မေမြးေတာ့ေအာင္ လုပ္ေပးဖို႔ ဆရာဝန္ကို ေမးခဲ့ပါတယ္။ ေသခ်ာစစ္ဆးၿပီးတဲ့အခါ ကေလးမရေတာ့ေအာင္ လုပ္လိုက္ရင္ သူမက်န္းမာေရး အရမ္းထိခိုက္သြားႏိုင္တာေၾကာင့္ မလုပ္ျဖစ္ေတာ့ပါဘူး။ ကေလး ၄၄ ေယာက္မွာ ႏွစ္ႁမႊာပူး ၆ တြဲ၊ သုံးႁမႊာပူး၄ တြဲ၊ ေလးႁမႊာပူး ၃ တြဲပါဝင္ပါတယ္။ ၆ ေယာက္က ဆုံးသြားလို႔ ၃၈ ေယာက္ပဲ က်န္ပါတယ္။ ကေလးေတြကို ဘုရားက ေပးတာျဖစ္လို႔ ေမြးရတာ ေနာင္တရမဘူးလို႔ ဆိုပါတယ္။

သူမ ဝမ္းနည္းတာတစ္ခုကေတာ့ ကေလးေတြက သူတို႔အေဖနဲ႔ မေနရဘဲ ႀကီးျပင္းလာတာပါ။ သူတို႔အေဖက လေပါင္းမ်ားစြာၾကာၿပီးမွ ေပၚလာတတ္ၿပီး ေနာက္ဆုံးေတာ့ အိမ္ကေန ထြက္သြားပါေတာ့တယ္။ ကေလးေတြကို နာမည္ေပးတာကလြဲလို႔၊ တစ္ခါတေလ ဖုန္းဆက္တာကလြဲလို႔ ျပဳစုပ်ိဳးေထာင္တာေတြ တစ္ခုမွ မလုပ္ပါဘူး။ အသက္ ၂၃ ႏွစ္အ႐ြယ္ အႀကီးဆုံးသားဆိုရင္ သူ႔အေဖကို သူ႔အသက္ ၁၃ ႏွစ္က ေနာက္ဆုံး ေတြ႕လိုက္ရတာပါ။

ဒါေပမယ့္ Mariam ကေတာ့ ေစာဒကတက္ဖို႔ အခ်ိန္မရွိပါဘူး။ ကေလးေတြ အနာဂတ္အတြက္ ႀကိဳးစားေနရလို႔ပါ။ Mariam က ကေလးေတြ အားလုံးကို ေက်ာင္းထားေပးပါတယ္။ အႀကီးဆုံး အႁမႊာႏွစ္ေယာက္မွာ တစ္ေယာက္က သူနာျပဳ၊ တစ္ေယာက္က ေဆာက္လုပ္ေရး လုပ္ငန္းရွင္ျဖစ္ေနပါၿပီ။ သူ႔တုန္းက မရခဲ့တဲ့ ဘဝအိပ္မက္ေတြကို ကေလးေတြကို ရေစခ်င္လို႔ ႀကိဳးစားေနဆဲပါပဲ။

Mariam က အသီးအ႐ြက္ေတြကို ေရာင္းတာ၊ ကိတ္မုန႔္ဖုတ္တာ၊ အုတ္စီတာ၊ ဆံပင္ထုံးတာ၊ ပြဲစီစဥ္တာ စတဲ့ အလုပ္မ်ိဳးစုံ လုပ္ပါတယ္။ ကေလးေတြကို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မေရာင္းစားဖို႔၊ လက္မထပ္ခိုင္းဖို႔၊ မိဘေမတၱာက ဆုံးရႈံးၿပီးရင္ ျပန္မရတာေၾကာင့္ တန္ဖိုးထားဖို႔ ေျပာပါတယ္။

" ကြၽန္မကေလးေတြကို ဘယ္ေတာ့မွ စြန႔္ပစ္မွာ မဟုတ္ဘူး။ အမ်ိဳးသားေတြကို ေျပာခ်င္တာ တာဝန္ယူျခင္း ဆိုတာကို မေမ့ဖို႔ပါ။ လက္ထပ္ျခင္းနဲ႔ တာဝန္ယူတာက ဆက္စပ္ေနလို႔ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ဖို႔ မေမ့ပါနဲ႔" လို႔ Mariam က ေျပာပါတယ္။

Zombie (lovemedia)