ဟိုးရှေးရှေးတုန်းကပေါ့။ အညာဒေသ စမုံချောင်းဘေးမှာ ညောင်ပင်လှဆိုတဲ့ ရွာလေးတရွာ ရှိသတဲ့ကွယ်။ အဲဒီရွာမှာ စိတ်သဘောထား ပြည့်ဝပြီး တောင်သူလုပ်ငန်းနဲ့ အသက်မွေးနေထိုင်တဲ့ ဘကြီးဦးထွန်းဇံ ဆိုတဲ့ မုဆိုးဖို အဘိုးကြီးတယောက် ရှိခဲ့တယ်။

ဘကြီးဦးထွန်းဇံမှာ အတူနေထိုင်တဲ့ သားလေးယောက်လည်းရှိတယ်။ ဘကြီးဦးထွန်းဇံဟာ အသက်အရွယ် ကြီးရင့်လာတော့ ကျန်းမာရေးလည်း ယိုယွင်းလာတာပေါ့။ သူကွယ်လွန်ခါနီးမှာ စီးပွားဥစ္စာတွေ မပေးနိုင်လို့ မိဘအမွေအဖြစ် သုံးခွန်းသောစကားကို သားလေးယောက်တို့ကို မှာကြား ပြောဆိုခဲ့သတဲ့ကွယ်။

အဲဒီစကားသုံးခွန်းကတော့ (၁) နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ပါ၊ အတုယူပါ။ (၂) ချိုမြိန်တဲ့အစားအစာကို စားသုံးပါ။ (၃) နူးညံ့တဲ့အိပ်ရာနဲ့ အိပ်ပါတို့ပဲ ဖြစ်တယ်။ အဲဒီနောက်မှာတော့ ဘကြီးဦးထွန်းဇံလည်း လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။

အဲဒီအခါ အကြီးဆုံးသားဖြစ်သူက ဖခင်ကြီး မှာကြားချက်အတိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ချင်တာနဲ့ ဆင်ထိန်းအလုပ်ကို လုပ်သတဲ့ကွယ်။ သားအလတ်ဖြစ်တဲ့သူကတော့ ချိုမြိန်တဲ့ အစားအစာကို စားချင်တာနဲ့ ပျားရည်နဲ့လုပ်တဲ့ မုန့်တွေကို ရောင်းချသတဲ့။ တတိယသားကတော့ နူးညံ့တဲ့အိပ်ရာနဲ့ အိပ်ချင်တာနဲ့ ငှက်မွေးနဲ့ ပြုလုပ်တဲ့ အိပ်ရာခင်းတွေကို အရောင်းအဝယ် ပြုလုပ်ခဲ့တယ်။ အငယ်ဆုံးသားလေးကတော့ ဖခင်သင်ပေးခဲ့တဲ့ "လက်သမားပညာ" နဲ့ အသက်မွေးခြင်း ပြုပါသတဲ့ကွယ်။

ဖခင်ကြီးကွယ်လွန်ပြီးနောက် သားလေးယောက်တို့ဟာ ဖခင်ကြီး မှာကြားဆုံးမခဲ့တဲ့အတိုင်း စကားသုံးခွန်းကို မိမိတို့ ဉာဏ်မီသမျှ တွေးတောကြံဆ ခံယူကြပြီး ဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ကြရာ နှစ်ပေါင်း (၂၀) ကျော်ကာလကို ရောက်ရှိခဲ့ကြတယ်။

အဲဒီအချိန်မှာ အငယ်ဆုံးသားလေးဟာ စီးပွားဥစ္စာ အကြွယ်ဝဆုံး၊ အချမ်းသာဆုံး၊ အကြီးပွား ဆုံးဖြစ်နေသတဲ့။ ကျန်ရှိတဲ့ အကိုကြီးသုံးယောက်ကတော့ ဘဝကို ပင်ပန်းဆင်းရဲစွာနဲ့ ရုန်းကန်ရင်ဆိုင် ဖြတ်သန်းနေကြရတယ်။

အဆိုပါဖြစ်ရပ်တွေက ဘာကိုပြနေသလဲ ဆိုတော့ ဖခင်ရဲ့စကားကို နားထောင်လိုက်နာသူချင်း တူပေမဲ့ ခံယူချက်ခြင်း၊ အမြင်ချင်း မတူတာကြောင့် ဘဝရဲ့ ဖွံ့ဖြိုးတိုးတက်ပုံချင်းလည်း မတူကွဲပြား ခြားနားသွားကြတယ် ဆိုတာပဲ ဖြစ်တယ်။

အငယ်ဆုံးသားလေးရဲ့ ခံယူကျင့်သုံးပုံက "နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွတ်ပါ၊ အတုယူပါ" ဆိုတာ နေမင်းကြီးကို ဦးညွှတ်တဲ့အနေနဲ့ နေထွက်မှသည် နေဝင်ချိန်အထိ လုံ့လဝီရိယ၊ ဇွဲသတ္တိတို့နဲ့ အလုပ်ကို လုပ်ခဲ့တယ်။ အကြီးမြတ်ဆုံးဖြစ်တဲ့ ဘုရားစကားကို နားထောင်မှတ်သား လိုက်နာကျင့်သုံးတယ်။ နံနက် နေထွက်ချိန်မှာ တကြိမ်၊ ညနေ နေဝင်ချိန်မှာ တကြိမ် ဘုရားကို အမြဲဝတ်ပြုတယ်။

"ချိုမြိန်တဲ့အစားအစာကို စားပါ" ဆိုတာပျားရည်၊ သကာရည်နဲ့ စီရင်ထားတဲ့ အစားအစာကို ဆိုလိုခြင်း မဟုတ်ပါ။ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့ပြီး အစားအစာကို အတူတကွ စားသောက်ခိုင်းတာ ဖြစ်တယ်။ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့ပြီး စားသောက်ခြင်းဟာ အချိုမြိန်ဆုံး ထမင်းဝိုင်းပဲ မဟုတ်ပါလား။ ငါးပိရည်နဲ့ စားလည်း ပျားရည်နဲ့ စားရသလို ချိုမြိန်နေတာဟာ မိသားစုထမင်းဝိုင်းပင် ဖြစ်တယ်။

"နူးညံ့တဲ့အိပ်ရာနဲ့ အိပ်စက်ပါ" ဆိုတာ မွေ့ရာ ကော်ဇော၊ အမွှေးနံ့သာ ထုံမွမ်းစီခြယ်ထားတဲ့ ခုတင်နဲ့ အိပ်စက်ခိုင်းခြင်း မဟုတ်ပါ။ နောင်တ ပူပန်ခြင်းကင်း၊ အကြွေးကင်းရှင်း၊ ငါးပါးသီလ လုံခြုံ၊ ဘယ်အချိန်မှာပဲ အိပ်စက်အိပ်စက်၊ ဘယ်နေရာပဲ အိပ်နေအိပ်နေ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး ပန်းမွေ့ရာပေါ်မှာ အိပ်ရသလိုမျိုး အိပ်စက်နိုင်တာကို ဆိုလိုခြင်းဖြစ်တယ်။

အငယ်ဆုံးသားလေးက ဖခင်ကြီးရဲ့ ဆုံးမစကားကို အထက်ဖော်ပြပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုတယ်။ နှလုံးသွင်းတယ်။ လက်တွေ့ ခံယူကျင့်သုံးတယ်။ အဲဒီလို ခံယူကျင့်သုံးတာကြောင့် ကြီးပွားတိုးတက် အောင်မြင်လာခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူးတဲ့ကွယ်။

ဒီပုံပြင်လေးကို ဝေဖန်သုံးသပ် အဖြေရှာကြည့်မယ်ဆိုရင် ဖခင်ကြီးဟာ သားလေးယောက်ကို ရှေ့မှောက်သို့ အတူတကွ ခေါ်ယူပြီး စကားသုံးခွန်းကို ပြောဆိုဆုံးမခဲ့တာ ဖြစ်တယ်။ မည်သူ့ကိုမှ အပိုစကား ပြောကြားခဲ့ခြင်း မရှိပါ။

ခံယူလိုက်နာသူရဲ့ ဆင်ခြင်မှု၊ တွေးခေါ်မှု၊ နားလည်နိုင်စွမ်းရှိမှုနဲ့ ကျင့်သုံး လိုက်နာလုပ်ဆောင်မှုတွေ မတူညီတဲ့အတွက် အကျိုးရလာဒ်များလည်း ကွာခြားရခြင်း ဖြစ်တယ်။ တူ၊ တူမတို့လည်း ဆရာမိဘများရဲ့ ဆုံးမစကားတွေကို နာယူမှတ်သားပြီး အကျိုးထိရောက်စွာ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်ကွယ်။ မောင်ထည်ဝါ

Zawgyi

တန္ဖိုးရွိေသာ စကားသုံးခြန္း

ဟိုးေရွးေရွးတုန္းကေပါ့။ အညာေဒသ စမုံေခ်ာင္းေဘးမွာ ေညာင္ပင္လွဆိုတဲ့ ႐ြာေလးတ႐ြာ ရွိသတဲ့ကြယ္။ အဲဒီ႐ြာမွာ စိတ္သေဘာထား ျပည့္ဝၿပီး ေတာင္သူလုပ္ငန္းနဲ႔ အသက္ေမြးေနထိုင္တဲ့ ဘႀကီးဦးထြန္းဇံ ဆိုတဲ့ မုဆိုးဖို အဘိုးႀကီးတေယာက္ ရွိခဲ့တယ္။

ဘႀကီးဦးထြန္းဇံမွာ အတူေနထိုင္တဲ့ သားေလးေယာက္လည္းရွိတယ္။ ဘႀကီးဦးထြန္းဇံဟာ အသက္အ႐ြယ္ ႀကီးရင့္လာေတာ့ က်န္းမာေရးလည္း ယိုယြင္းလာတာေပါ့။ သူကြယ္လြန္ခါနီးမွာ စီးပြားဥစၥာေတြ မေပးႏိုင္လို႔ မိဘအေမြအျဖစ္ သုံးခြန္းေသာစကားကို သားေလးေယာက္တို႔ကို မွာၾကား ေျပာဆိုခဲ့သတဲ့ကြယ္။

အဲဒီစကားသုံးခြန္းကေတာ့ (၁) ေန႔စဥ္ေန႔တိုင္း အႀကီးျမတ္ဆုံးအရာကို ဦးၫႊတ္ပါ၊ အတုယူပါ။ (၂) ခ်ိဳၿမိန္တဲ့အစားအစာကို စားသုံးပါ။ (၃) ႏူးညံ့တဲ့အိပ္ရာနဲ႔ အိပ္ပါတို႔ပဲ ျဖစ္တယ္။ အဲဒီေနာက္မွာေတာ့ ဘႀကီးဦးထြန္းဇံလည္း လူႀကီးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တယ္။

အဲဒီအခါ အႀကီးဆုံးသားျဖစ္သူက ဖခင္ႀကီး မွာၾကားခ်က္အတိုင္း အႀကီးျမတ္ဆုံးအရာကို ဦးၫႊတ္ခ်င္တာနဲ႔ ဆင္ထိန္းအလုပ္ကို လုပ္သတဲ့ကြယ္။ သားအလတ္ျဖစ္တဲ့သူကေတာ့ ခ်ိဳၿမိန္တဲ့ အစားအစာကို စားခ်င္တာနဲ႔ ပ်ားရည္နဲ႔လုပ္တဲ့ မုန႔္ေတြကို ေရာင္းခ်သတဲ့။ တတိယသားကေတာ့ ႏူးညံ့တဲ့အိပ္ရာနဲ႔ အိပ္ခ်င္တာနဲ႔ ငွက္ေမြးနဲ႔ ျပဳလုပ္တဲ့ အိပ္ရာခင္းေတြကို အေရာင္းအဝယ္ ျပဳလုပ္ခဲ့တယ္။ အငယ္ဆုံးသားေလးကေတာ့ ဖခင္သင္ေပးခဲ့တဲ့ "လက္သမားပညာ" နဲ႔ အသက္ေမြးျခင္း ျပဳပါသတဲ့ကြယ္။

ဖခင္ႀကီးကြယ္လြန္ၿပီးေနာက္ သားေလးေယာက္တို႔ဟာ ဖခင္ႀကီး မွာၾကားဆုံးမခဲ့တဲ့အတိုင္း စကားသုံးခြန္းကို မိမိတို႔ ဉာဏ္မီသမွ် ေတြးေတာႀကံဆ ခံယူၾကၿပီး ဘဝခရီးလမ္းကို ျဖတ္သန္းခဲ့ၾကရာ ႏွစ္ေပါင္း (၂၀) ေက်ာ္ကာလကို ေရာက္ရွိခဲ့ၾကတယ္။ အဲဒီအခ်ိန္မွာ အငယ္ဆုံးသားေလးဟာ စီးပြားဥစၥာ အႂကြယ္ဝဆုံး၊ အခ်မ္းသာဆုံး၊ အႀကီးပြား ဆုံးျဖစ္ေနသတဲ့။ က်န္ရွိတဲ့ အကိုႀကီးသုံးေယာက္ကေတာ့ ဘဝကို ပင္ပန္းဆင္းရဲစြာနဲ႔ ႐ုန္းကန္ရင္ဆိုင္ ျဖတ္သန္းေနၾကရတယ္။

အဆိုပါျဖစ္ရပ္ေတြက ဘာကိုျပေနသလဲ ဆိုေတာ့ ဖခင္ရဲ႕စကားကို နားေထာင္လိုက္နာသူခ်င္း တူေပမဲ့ ခံယူခ်က္ျခင္း၊ အျမင္ခ်င္း မတူတာေၾကာင့္ ဘဝရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ပုံခ်င္းလည္း မတူကြဲျပား ျခားနားသြားၾကတယ္ ဆိုတာပဲ ျဖစ္တယ္။ အငယ္ဆုံးသားေလးရဲ႕ ခံယူက်င့္သုံးပုံက "ေန႔စဥ္ေန႔တိုင္း အႀကီးျမတ္ဆုံးအရာကို ဦးၫြတ္ပါ၊ အတုယူပါ" ဆိုတာ ေနမင္းႀကီးကို ဦးၫႊတ္တဲ့အေနနဲ႔ ေနထြက္မွသည္ ေနဝင္ခ်ိန္အထိ လုံ႔လဝီရိယ၊ ဇြဲသတၱိတို႔နဲ႔ အလုပ္ကို လုပ္ခဲ့တယ္။ အႀကီးျမတ္ဆုံးျဖစ္တဲ့ ဘုရားစကားကို နားေထာင္မွတ္သား လိုက္နာက်င့္သုံးတယ္။ နံနက္ ေနထြက္ခ်ိန္မွာ တႀကိမ္၊ ညေန ေနဝင္ခ်ိန္မွာ တႀကိမ္ ဘုရားကို အၿမဲဝတ္ျပဳတယ္။

"ခ်ိဳၿမိန္တဲ့အစားအစာကို စားပါ" ဆိုတာပ်ားရည္၊ သကာရည္နဲ႔ စီရင္ထားတဲ့ အစားအစာကို ဆိုလိုျခင္း မဟုတ္ပါ။ မိသားစု စုံစုံညီညီ ဝိုင္းဖြဲ႕ၿပီး အစားအစာကို အတူတကြ စားေသာက္ခိုင္းတာ ျဖစ္တယ္။ မိသားစု ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဝိုင္းဖြဲ႕ၿပီး စားေသာက္ျခင္းဟာ အခ်ိဳၿမိန္ဆုံး ထမင္းဝိုင္းပဲ မဟုတ္ပါလား။ ငါးပိရည္နဲ႔ စားလည္း ပ်ားရည္နဲ႔ စားရသလို ခ်ိဳၿမိန္ေနတာဟာ မိသားစုထမင္းဝိုင္းပင္ ျဖစ္တယ္။

"ႏူးညံ့တဲ့အိပ္ရာနဲ႔ အိပ္စက္ပါ" ဆိုတာ ေမြ႕ရာ ေကာ္ေဇာ၊ အေမႊးနံ႔သာ ထုံမြမ္းစီျခယ္ထားတဲ့ ခုတင္နဲ႔ အိပ္စက္ခိုင္းျခင္း မဟုတ္ပါ။ ေနာင္တ ပူပန္ျခင္းကင္း၊ အေႂကြးကင္းရွင္း၊ ငါးပါးသီလ လုံၿခဳံ၊ ဘယ္အခ်ိန္မွာပဲ အိပ္စက္အိပ္စက္၊ ဘယ္ေနရာပဲ အိပ္ေနအိပ္ေန ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ႏိုင္ၿပီး ပန္းေမြ႕ရာေပၚမွာ အိပ္ရသလိုမ်ိဳး အိပ္စက္ႏိုင္တာကို ဆိုလိုျခင္းျဖစ္တယ္။

အငယ္ဆုံးသားေလးက ဖခင္ႀကီးရဲ႕ ဆုံးမစကားကို အထက္ေဖာ္ျပပါအတိုင္း အဓိပၸာယ္ ဖြင့္ဆိုတယ္။ ႏွလုံးသြင္းတယ္။ လက္ေတြ႕ ခံယူက်င့္သုံးတယ္။ အဲဒီလို ခံယူက်င့္သုံးတာေၾကာင့္ ႀကီးပြားတိုးတက္ ေအာင္ျမင္လာျခင္း ျဖစ္တယ္ဆိုတာ ဘယ္သူမွ မျငင္းႏိုင္ဘူးတဲ့ကြယ္။

ဒီပုံျပင္ေလးကို ေဝဖန္သုံးသပ္ အေျဖရွာၾကည့္မယ္ဆိုရင္ ဖခင္ႀကီးဟာ သားေလးေယာက္ကို ေရွ႕ေမွာက္သို႔ အတူတကြ ေခၚယူၿပီး စကားသုံးခြန္းကို ေျပာဆိုဆုံးမခဲ့တာ ျဖစ္တယ္။ မည္သူ႔ကိုမွ အပိုစကား ေျပာၾကားခဲ့ျခင္း မရွိပါ။ ခံယူလိုက္နာသူရဲ႕ ဆင္ျခင္မႈ၊ ေတြးေခၚမႈ၊ နားလည္ႏိုင္စြမ္းရွိမႈနဲ႔ က်င့္သုံး လိုက္နာလုပ္ေဆာင္မႈေတြ မတူညီတဲ့အတြက္ အက်ိဳးရလာဒ္မ်ားလည္း ကြာျခားရျခင္း ျဖစ္တယ္။ တူ၊ တူမတို႔လည္း ဆရာမိဘမ်ားရဲ႕ ဆုံးမစကားေတြကို နာယူမွတ္သားၿပီး အက်ိဳးထိေရာက္စြာ အသုံးျပဳႏိုင္ၾကပါေစလို႔ ဆႏၵျပဳ လိုက္ပါတယ္ကြယ္။ ေမာင္ထည္ဝါ