အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ထူးခြားတဲ့ ယဉ်ကျေးမှုတွေနှင့် အစားအသောက်တွေကြောင့် ကျော်ကြားပါတယ်။ မယုံနိုင်လောက်အောင် အတွေ့အကြုံတွေနှင့် စိတ်ခံစားမှုအသစ်တွေ ရချင်ရင် အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ် သင့်ပါတယ်။ သင့်ရဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲဖို့လည်း အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါသေးတယ်။

ဒါပေမယ့် သင်နေ့စဉ် အသုံးပြုနေတဲ့ ပစ္စည်းတွေက အိန္ဒိယရဲ့ တီထွင်ဆန်းသစ် ထားတာတွေဆိုတာကို သင်သတိထားမိ ပါသလား။ USB အပေါက်တွေ၊ ပတ်စပို့တွေနှင့် ခေါင်းလျှော်ရည်တွေဟာ အိန္ဒိယလူမျိုးတွေ တီထွင်ခဲ့ကြတာပါ။ တခြား ဘယ်အရာတွေကရော သူတို့တွေ တီထွင်ခဲ့ကြလဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။

၁။ ခေါင်းလျှော်ရည်

အခုခေတ်လို အချိန်မှာ ခေါင်းလျှော်ရည်ကို မရှိမဖြစ် လိုအပ်နေပါပြီ။ အနံ့တွေကလည်း အမျိုးမျိုး ရနိုင်ပြီးတော့ ကလေးလူကြီး သုံးနိုင်ပါတယ်။ တကယ်တော့ ခေါင်းလျှော်ရည်ဟာ အိန္ဒိယမှာ ဟိုးလွန်ခဲ့တဲ့ ခေတ်တွေကတည်းက အသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။ ရှေးအိန္ဒိယလူမျိုးတွေဟာ ၂၇၅၀ BCE - ၂၅၀၀ BCE လောက်ကတည်းက ဆေးဖက်ဝင်အပင်တွေကို ခေါင်းလျှော်ရည်အဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဗြိတိသျှကိုလိုနီ နယ်ချဲ့ကုန်သည်တွေ သူတို့ရဲ့ပြည်မကြီးကို မသိမ်းခင်ကတည်းက အသုံးပြုနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလို အမွှေးနံ့သာတွေကို အရမ်းကြိုက်နှစ်သက်ခဲ့ကြပြီးတော့ အိမ်ပြန်တဲ့အခါမှာ တခြားဥရောပသားတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

၂။ ရေဒီယို အသံလွှင့်ခြင်း

သမ္မတ Jagadish Chandra Bose ကို Bengal (ယခုဘင်္ဂလားဒေ့ရှ်) Munshiganj မှာမွေးဖွားခဲ့ပါတယ်။ ၁၈၉၄ (သို့မဟုတ် ၁၈၉၅) ခုနှစ်တုန်းက ကာလကတ္တားမြို့တော်ခန်းမမှာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Microwave ကို အသုံးပြုပြီး ယမ်းမှုန့်ကို မီးလောင်စေပြီးတော့ ခေါင်းလောင်းကို တီးခတ်ဖို့ ကြိုးစားခဲ့ပါတယ်။ စမ်းသပ်မှု အောင်မြင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့တီထွင်မှုဟာ ကြိုးမဲ့ရေဒီယို ဆက်သွယ်ရေးကို မွေးဖွားပေးခဲ့ပါတယ်။ ဒါ့အပြင် မိုဘိုင်းတယ်လီဖုန်း၊ ရေဒါ၊ ဂြိုလ်တုဆက်သွယ်ရေး၊ ရုပ်မြင်သံကြားထုတ်လွှင့်မှု၊ Wi-Fi၊ အဝေးထိန်းခလုတ်တွေနှင့် အခြား အပလီကေးရှင်းတွေမှာ အသုံးပြုတဲ့ နည်းပညာတွေရဲ့ အခြေခံ ဖြစ်လာပါတယ်။

၃။ သကြားခဲလေးတွေ

အိန္ဒိယလူမျိုးတွေဟာ ကြံပင်ကနေ ကြံရည်ကို ဘယ်လိုမျိုး ထုတ်ယူရမလဲ ဆိုတာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြံရည်တွေကနေ သကြားကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို အရင်ဆုံး ရှာတွေ့ခဲ့သူတွေတော့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း 2000 ကျော်က တီထွင်ခဲ့ကြတာပါ။ ဒါ့အပြင် လက်ရှိသောက်သုံးနေတဲ့ ကော်ဖီနှင့် လက်ဖက်ရည်တွေအတွက် အရမ်းကို လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်နေပါသေးတယ်။

၄။ ချက်လက်မှတ်

အိန္ဒိယနိုင်ငံမှာ ချက်လက်မှတ်တွေကို အသုံးပြုခြင်းရဲ့ ပထမဆုံး အထောက်အထားကို 321 BCEမှ 185 BCEအထိ အုပ်ချုပ်ခဲ့တဲ့ မောရိယအင်ပါယာမှာ တွေ့ရှိခဲ့ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်တဲ့နေရာမှာ အရမ်းကို အသုံးဝင်ခဲ့ပြီးတော့ "adesha" လို့လည်း ခေါ်ပါတယ်။

သူတို့နိုင်ငံမှာ ဉာဏ်ကြီးရှင်တွေ ပေါများခဲ့ကြတာကြောင့် ဒီလို အသုံးပြုခဲ့တယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။ ချက်လက်မှတ်တွေဟာ ဒီနေ့ခေတ်အထိ ငွေပေးချေဖို့အတွက် ဘဏ်လုပ်ငန်းရှင်တွေဆီကို စာရေးပေးလိုက်ရုံနဲ့ကို အလွန်အဆင်ပြေ နေပါတယ်။

၅။ USB

စက်ပစ္စည်း အမျိုးမျိုးအတွက် လူတွေဟာ ကြိုးတွေ အမျိုးအစားများစွာကို တီထွင်ခဲ့ကြပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်ပေမယ့်လည်း အန္တရာယ်များလွန်းပါတယ်။ ဒါကို ဖြေရှင်းနိုင်ခဲ့တဲ့သူကတော့ အိန္ဒိယနွယ်ဖွား အမေရိကန် ကွန်ပျူတာ ဗိသုကာပညာရှင် Ajay Bhatt ပဲဖြစ်ပါတယ်။ သူဟာ ကိရိယာမျိုးစုံအတွက် ရိုးရှင်းတဲ့ ကြိုးလေးတစ်ခုကို ဖန်တီးခဲ့ပြီးတော့ ရလဒ်က လူတွေရဲ့ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တော်တော်ကိုတွင်ကျယ်လာပြီးတော့ လပ်တော့တွေ၊ ကွန်ပြူတာတွေမှာပါ ထည့်သွင်းခဲ့ကြပါတယ်။

၆။ Zinc

သွပ်သတ္တုတွင်းတွေကို ကမ္ဘာ​ပေါ်မှာ ထူး​ဖော်လာတာ နှစ်​ပေါင်း မနည်း​တော့ပါဘူး။ အိန္ဒိယလူမျိုးတွေကတော့ သွပ်ကို ဆယ့်နှစ်ရာစု ACE ဝန်းကျင်ကတည်းက အရည်ကျိုလာကြပါပြီ။ အရင်ဆုံးစတွေ့ခဲ့တာ မဟုတ်ပေမယ့် ဘယ်လို အသုံးပြုရမလဲ ဆိုတာကို သိခဲ့ကြပါတယ်။

အခုအချိန်မှာလည်း ဇင့်ကို ဆေးပညာမှာ ပိုးသတ်ဆေးနှင့် ရောင်ရမ်းမှုကို ကုသတဲ့ ဆေးဝါးအဖြစ် အသုံးပြုနေတဲ့အပြင် သတ္တုနှင့် ပုံနှိပ်စက်လုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။ ပြီးတော့လည်း လူ့ခန္ဒာကိုယ်အတွက် အရမ်းကိုကောင်းမွန်တဲ့ အာဟာရဖြည့်စွက်စာလည်း ဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

အိႏၵိယကေန ကမၻာတဝန္းကိုေရာက္ရိွခဲ့တဲ့ ေန႔စဥ္သုံးပစၥည္း (၆) ခု

အိႏၵိယႏိုင္ငံဟာ သူတို႔ရဲ႕ထူးျခားတဲ့ ယဥ္ေက်းမႈေတြႏွင့္ အစားအေသာက္ေတြေၾကာင့္ ေက်ာ္ၾကားပါတယ္။ မယုံႏိုင္ေလာက္ေအာင္ အေတြ႕အႀကဳံေတြႏွင့္ စိတ္ခံစားမႈအသစ္ေတြ ရခ်င္ရင္ အိႏၵိယႏိုင္ငံကို သြားေရာက္လည္ပတ္ သင့္ပါတယ္။ သင့္ရဲ႕ လူေနမႈဘဝပုံစံကို ေျပာင္းလဲဖို႔လည္း အေကာင္းဆုံး ေနရာတစ္ခု ျဖစ္ပါေသးတယ္။

ဒါေပမယ့္ သင္ေန႔စဥ္ အသုံးျပဳေနတဲ့ ပစၥည္းေတြက အိႏၵိယရဲ႕ တီထြင္ဆန္းသစ္ ထားတာေတြဆိုတာကို သင္သတိထားမိ ပါသလား။ USB အေပါက္ေတြ၊ ပတ္စပို႔ေတြႏွင့္ ေခါင္းေလွ်ာ္ရည္ေတြဟာ အိႏၵိယလူမ်ိဳးေတြ တီထြင္ခဲ့ၾကတာပါ။ တျခား ဘယ္အရာေတြကေရာ သူတို႔ေတြ တီထြင္ခဲ့ၾကလဲ ဆိုတာကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေခါင္းေလွ်ာ္ရည္

အခုေခတ္လို အခ်ိန္မွာ ေခါင္းေလွ်ာ္ရည္ကို မရွိမျဖစ္ လိုအပ္ေနပါၿပီ။ အနံ႔ေတြကလည္း အမ်ိဳးမ်ိဳး ရႏိုင္ၿပီးေတာ့ ကေလးလူႀကီး သုံးႏိုင္ပါတယ္။ တကယ္ေတာ့ ေခါင္းေလွ်ာ္ရည္ဟာ အိႏၵိယမွာ ဟိုးလြန္ခဲ့တဲ့ ေခတ္ေတြကတည္းက အသုံးျပဳေနခဲ့ၾကတာျဖစ္ပါတယ္။ ေရွးအိႏၵိယလူမ်ိဳးေတြဟာ ၂၇၅၀ BCE - ၂၅၀၀ BCE ေလာက္ကတည္းက ေဆးဖက္ဝင္အပင္ေတြကို ေခါင္းေလွ်ာ္ရည္အျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။

ၿဗိတိသွ်ကိုလိုနီ နယ္ခ်ဲ႕ကုန္သည္ေတြ သူတို႔ရဲ႕ျပည္မႀကီးကို မသိမ္းခင္ကတည္းက အသုံးျပဳေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒီလို အေမႊးနံ႔သာေတြကို အရမ္းႀကိဳက္ႏွစ္သက္ခဲ့ၾကၿပီးေတာ့ အိမ္ျပန္တဲ့အခါမွာ တျခားဥေရာပသားေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။

၂။ ေရဒီယို အသံလႊင့္ျခင္း

သမၼတ Jagadish Chandra Bose ကို Bengal (ယခုဘဂၤလားေဒ့ရွ္) Munshiganj မွာေမြးဖြားခဲ့ပါတယ္။ ၁၈၉၄ (သို႔မဟုတ္ ၁၈၉၅) ခုႏွစ္တုန္းက ကာလကတၱားၿမိဳ႕ေတာ္ခန္းမမွာ စမ္းသပ္မႈ တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ Microwave ကို အသုံးျပဳၿပီး ယမ္းမႈန႔္ကို မီးေလာင္ေစၿပီးေတာ့ ေခါင္းေလာင္းကို တီးခတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ စမ္းသပ္မႈ ေအာင္ျမင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕တီထြင္မႈဟာ ႀကိဳးမဲ့ေရဒီယို ဆက္သြယ္ေရးကို ေမြးဖြားေပးခဲ့ပါတယ္။ ဒါ့အျပင္ မိုဘိုင္းတယ္လီဖုန္း၊ ေရဒါ၊ ၿဂိဳလ္တုဆက္သြယ္ေရး၊ ႐ုပ္ျမင္သံၾကားထုတ္လႊင့္မႈ၊ Wi-Fi၊ အေဝးထိန္းခလုတ္ေတြႏွင့္ အျခား အပလီေကးရွင္းေတြမွာ အသုံးျပဳတဲ့ နည္းပညာေတြရဲ႕ အေျခခံ ျဖစ္လာပါတယ္။

၃။ သၾကားခဲေလးေတြ

အိႏၵိယလူမ်ိဳးေတြဟာ ႀကံပင္ကေန ႀကံရည္ကို ဘယ္လိုမ်ိဳး ထုတ္ယူရမလဲ ဆိုတာကို ပထမဆုံး ရွာေဖြေတြ႕ရွိခဲ့သူေတြေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ႀကံရည္ေတြကေန သၾကားကို ဘယ္လိုလုပ္ရမလဲ ဆိုတာကို အရင္ဆုံး ရွာေတြ႕ခဲ့သူေတြေတာ့ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း 2000 ေက်ာ္က တီထြင္ခဲ့ၾကတာပါ။ ဒါ့အျပင္ လက္ရွိေသာက္သုံးေနတဲ့ ေကာ္ဖီႏွင့္ လက္ဖက္ရည္ေတြအတြက္ အရမ္းကို လိုအပ္တဲ့ အရာတစ္ခုလည္း ျဖစ္ေနပါေသးတယ္။

၄။ ခ်က္လက္မွတ္

အိႏၵိယႏိုင္ငံမွာ ခ်က္လက္မွတ္ေတြကို အသုံးျပဳျခင္းရဲ႕ ပထမဆုံး အေထာက္အထားကို 321 BCEမွ 185 BCEအထိ အုပ္ခ်ဳပ္ခဲ့တဲ့ ေမာရိယအင္ပါယာမွာ ေတြ႕ရွိခဲ့ပါတယ္။ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး လုပ္တဲ့ေနရာမွာ အရမ္းကို အသုံးဝင္ခဲ့ၿပီးေတာ့ "adesha" လို႔လည္း ေခၚပါတယ္။

သူတို႔ႏိုင္ငံမွာ ဉာဏ္ႀကီးရွင္ေတြ ေပါမ်ားခဲ့ၾကတာေၾကာင့္ ဒီလို အသုံးျပဳခဲ့တယ္ဆိုတာ အဆန္းေတာ့မဟုတ္ပါဘူး။ ခ်က္လက္မွတ္ေတြဟာ ဒီေန႔ေခတ္အထိ ေငြေပးေခ်ဖို႔အတြက္ ဘဏ္လုပ္ငန္းရွင္ေတြဆီကို စာေရးေပးလိုက္႐ုံနဲ႔ကို အလြန္အဆင္ေျပ ေနပါတယ္။

၅။ USB

စက္ပစၥည္း အမ်ိဳးမ်ိဳးအတြက္ လူေတြဟာ ႀကိဳးေတြ အမ်ိဳးအစားမ်ားစြာကို တီထြင္ခဲ့ၾကပါတယ္။ သူ႔ေနရာနဲ႔သူ အသုံးဝင္ေပမယ့္လည္း အႏၲရာယ္မ်ားလြန္းပါတယ္။ ဒါကို ေျဖရွင္းႏိုင္ခဲ့တဲ့သူကေတာ့ အိႏၵိယႏြယ္ဖြား အေမရိကန္ ကြန္ပ်ဴတာ ဗိသုကာပညာရွင္ Ajay Bhatt ပဲျဖစ္ပါတယ္။ သူဟာ ကိရိယာမ်ိဳးစုံအတြက္ ႐ိုးရွင္းတဲ့ ႀကိဳးေလးတစ္ခုကို ဖန္တီးခဲ့ၿပီးေတာ့ ရလဒ္က လူေတြရဲ႕ဘဝကို လုံးဝေျပာင္းလဲသြားေစခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္ကိုတြင္က်ယ္လာၿပီးေတာ့ လပ္ေတာ့ေတြ၊ ကြန္ျပဴတာေတြမွာပါ ထည့္သြင္းခဲ့ၾကပါတယ္။

၆။ Zinc

သြပ္သတၱဳတြင္းေတြကို ကမာၻ​ေပၚမွာ ထူး​ေဖာ္လာတာ ႏွစ္​ေပါင္း မနည္း​ေတာ့ပါဘူး။ အိႏၵိယလူမ်ိဳးေတြကေတာ့ သြပ္ကို ဆယ့္ႏွစ္ရာစု ACE ဝန္းက်င္ကတည္းက အရည္က်ိဳလာၾကပါၿပီ။ အရင္ဆုံးစေတြ႕ခဲ့တာ မဟုတ္ေပမယ့္ ဘယ္လို အသုံးျပဳရမလဲ ဆိုတာကို သိခဲ့ၾကပါတယ္။

အခုအခ်ိန္မွာလည္း ဇင့္ကို ေဆးပညာမွာ ပိုးသတ္ေဆးႏွင့္ ေရာင္ရမ္းမႈကို ကုသတဲ့ ေဆးဝါးအျဖစ္ အသုံးျပဳေနတဲ့အျပင္ သတၱဳႏွင့္ ပုံႏွိပ္စက္လုပ္ငန္းေတြမွာလည္း အသုံးျပဳပါတယ္။ ၿပီးေတာ့လည္း လူ႔ခႏၵာကိုယ္အတြက္ အရမ္းကိုေကာင္းမြန္တဲ့ အာဟာရျဖည့္စြက္စာလည္း ျဖစ္ပါတယ္။

Zombie (lovemedia)