အချို့သောခွေးလေးတွေက အမွေးလှလှလေးတွေနဲ့ ချစ်စရာကောင်းတွေမျက်လုံးတွေ ပိုင်ဆိုင်ထားပေမယ့် Peggy ဆိုတဲ့ခွေးလေးကတော့ အင်္ဂလန်မှာ ရုပ်အဆိုးဆုံးခွေးလေးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့သခင်ကတော့ ခွေးလေးကို အချစ်မပြယ်ဘဲ ပိုလို့တောင် ချစ်နေပါသေးတယ်။

ခွေးလေး Peggy ရဲ့ဘဝက လုံးဝမလွယ်ကူခဲ့ပါဘူး။ ခွေးလေးကို သူ့ရဲ့သခင်က အမှိုက်ပုံးထဲကနေ မွေးစားခဲ့တာပါ။ ခွေးလေးက အခြားသောခွေးတွေနဲ့မတူဘဲ အမွေးတွေလည်း မရှိပါဘူး။ လျှာကလည်း ဘေးတစ်ဖက်ကို ကျနေပါသေးတယ်။


ခွေးလေးကို သခင်ဖြစ်သူက ၂၀၁၈ ခုနှစ်ကတည်းက မွေးစားခဲ့တာပါ။ ခွေးလေးကို မြင်မြင်ချင်း သနားသွားတာကြောင့် မွေးစားဖြစ်ခဲ့ပါတယ်။ Peggy က ကံကောင်းစွာနဲ့ပဲ ဘာကျန်းမာရေးပြဿနာမှာ မဖြစ်ခဲ့ပါဘူး။

ခွေးလေးက သူ့ရဲ့သွင်ပြင်ကြောင့် UK ရဲ့ ရုပ်အဆိုးဆုံးခွေးဆိုတဲ့ဆုကို ရရှိခဲ့ပါတယ်။ ခွေးလေးရဲ့သခင်ဖြစ်တဲ့ Holly တို့မိသားစုက ရုပ်အဆိုးဆုံးခွေးလေးကို ပိုင်ဆိုင်ရပေမယ့်လည်း ဝမ်းမနည်းခဲ့ပါဘူး။ ခွေးလေးက ဆုရရှိမယ့် စကာတင် ၇ ကောင်ထဲမှာ ပါသွားတာကြောင့်ပါ။

Peggy က အွန်လိုင်းအသုံးပြုသူတွေရဲ့ချစ်ခြင်းကိုလည်း ရရှိပါသေးတယ်။ Peggy က ချစ်စရာမကောင်းပေမယ့် အွန်လိုင်းမှာတော့ နာမည်ကြီးတဲ့ခွေးလေးပါ။ အခုတော့ ခွေးလေးက Holly တို့မိသားစုရဲ့ဂရုစိုက်မှုတွေကို အပြည့်အဝရရှိပြီး ပျော်ရွှင်စွာနေထိုင်နေပါတယ်။

Zombie (lovemedia)

for zawgyi

UK ရဲ႕ ႐ုပ္အဆိုးဆုံးေခြးဆုကို ရရွိခဲ့တဲ့ေခြးေလး

အခ်ိဳ႕ေသာေခြးေလးေတြက အေမြးလွလွေလးေတြနဲ႔ ခ်စ္စရာေကာင္းေတြမ်က္လုံးေတြ ပိုင္ဆိုင္ထားေပမယ့္ Peggy ဆိုတဲ့ေခြးေလးကေတာ့ အဂၤလန္မွာ ႐ုပ္အဆိုးဆုံးေခြးေလးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕သခင္ကေတာ့ ေခြးေလးကို အခ်စ္မျပယ္ဘဲ ပိုလို႔ေတာင္ ခ်စ္ေနပါေသးတယ္။

ေခြးေလး Peggy ရဲ႕ဘဝက လုံးဝမလြယ္ကူခဲ့ပါဘူး။ ေခြးေလးကို သူ႔ရဲ႕သခင္က အမႈိက္ပုံးထဲကေန ေမြးစားခဲ့တာပါ။ ေခြးေလးက အျခားေသာေခြးေတြနဲ႔မတူဘဲ အေမြးေတြလည္း မရွိပါဘူး။ လွ်ာကလည္း ေဘးတစ္ဖက္ကို က်ေနပါေသးတယ္။

ေခြးေလးကို သခင္ျဖစ္သူက ၂၀၁၈ ခုႏွစ္ကတည္းက ေမြးစားခဲ့တာပါ။ ေခြးေလးကို ျမင္ျမင္ခ်င္း သနားသြားတာေၾကာင့္ ေမြးစားျဖစ္ခဲ့ပါတယ္။ Peggy က ကံေကာင္းစြာနဲ႔ပဲ ဘာက်န္းမာေရးျပႆနာမွာ မျဖစ္ခဲ့ပါဘူး။

ေခြးေလးက သူ႔ရဲ႕သြင္ျပင္ေၾကာင့္ UK ရဲ႕ ႐ုပ္အဆိုးဆုံးေခြးဆိုတဲ့ဆုကို ရရွိခဲ့ပါတယ္။ ေခြးေလးရဲ႕သခင္ျဖစ္တဲ့ Holly တို႔မိသားစုက ႐ုပ္အဆိုးဆုံးေခြးေလးကို ပိုင္ဆိုင္ရေပမယ့္လည္း ဝမ္းမနည္းခဲ့ပါဘူး။ ေခြးေလးက ဆုရရွိမယ့္ စကာတင္ ၇ ေကာင္ထဲမွာ ပါသြားတာေၾကာင့္ပါ။

Peggy က အြန္လိုင္းအသုံးျပဳသူေတြရဲ႕ခ်စ္ျခင္းကိုလည္း ရရွိပါေသးတယ္။ Peggy က ခ်စ္စရာမေကာင္းေပမယ့္ အြန္လိုင္းမွာေတာ့ နာမည္ႀကီးတဲ့ေခြးေလးပါ။ အခုေတာ့ ေခြးေလးက Holly တို႔မိသားစုရဲ႕ဂ႐ုစိုက္မႈေတြကို အျပည့္အဝရရွိၿပီး ေပ်ာ္႐ႊင္စြာေနထိုင္ေနပါတယ္။

Zombie (lovemedia)