တခါက ရွာကလေးတရွာမှာ လင်မယားနှစ်ယောက် ရှိတယ်။ မယားလုပ်တဲ့သူမှာ အကျင့်တခု ရှိတယ်။ အဲဒါကတော့ သူ့ကို ဘာပြောပြော "ဟုတ်လား ကျမ အစကတည်းက ထင်တော့ထင်သားဘဲ" ဆိုပြီး အမြဲပြောတတ်သတဲ့။

အဲဒါကို နေ့တိုင်းကြားနေရတော့ ယောက်ျားဖြစ်တဲ့ သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ်။ အဲဒါနဲ့ တနေ့မှာ ယောက်ျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားနှင်တံ (နွားမောင်းရာတွင် နွားကိုရိုက်ရန် သုံးသောတုတ်) ကို ကိုင်ပြီး သူတယောက်ထဲ ပြန်လာတယ်။

အဲဒါကို မိန်းမက မြင်တော့ "ဟာ ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန် လာရတာလဲ။ ဒါနဲ့ လှည်းတွေ နွားတွေရော"

"အေးကွာ မပြောကို မပြောချင်ပါဘူး။ ငါ တောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ"

အဲဒီမှာ မိန်းမက သူ့ဝစီအတိုင်း "ဟုတ်လား ကျမ အစကတည်းက ထင်တော့ ထင်သားဘဲ။ ဒီနွားနှစ်ကောင် ဒီနေ့ မနက်မြင်ရတာ ထူးဆန်းနေသလားလို့" လို့ ပြောရော။

အဲဒီလိုလည်း ပြောလိုက်ရော ယောက်ျားက လက်ထဲက အသင့်ကိုင် ထားတဲ့ နွားနှင်တံနဲ့ မိန်းမကို လှိမ့်ရိုက်ပြီး ပါးစပ်ကလည်း "ထင်ဦးကွာ ထင်ဦးကွာ မင်းဒီအကျင့်က မပျောက်နိုင်ဘူး နွား အတောင်ပံ ပေါက်ပြီး ကောင်းကင်ပျံတယ်လို့ ပြောတာ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစားဘဲ သူဘဲ ကြိုသိသလိုလိုနဲ့ ဒီအကျင့်ကမပျောက်ဘူး" ဆိုပြီး ရိုက်ပါတော့တယ်။

အဲဒီလို အရိုက်ခံနေရတဲ့ကြားက သူ့မိန်းမပြောတဲ့ စကားကြောင့် ယောက်ျားဖြစ်သူဟာ ဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ်တဲ့။ သူမိန်းမ ပြောလိုက်ပုံက "ဒီလိုပြောရင် ဒီလို အရိုက်ခံရမယ် ဆိုတာ ကျမ အစကတည်းက ထင်တော့ထင်သားဘဲ" ဟူသတည်း။ phoo

Zawgyi

ထင္ေတာ့ ထင္သားပဲ

တခါက ႐ြာကေလးတ႐ြာမွာ လင္မယားႏွစ္ေယာက္ ရွိတယ္။ မယားလုပ္တဲ့သူမွာ အက်င့္တခု ရွိတယ္။ အဲဒါကေတာ့ သူ႔ကို ဘာေျပာေျပာ "ဟုတ္လား က်မ အစကတည္းက ထင္ေတာ့ထင္သားဘဲ" ဆိုၿပီး အၿမဲေျပာတတ္သတဲ့။

အဲဒါကို ေန႔တိုင္းၾကားေနရေတာ့ ေယာက္်ားျဖစ္တဲ့ သူဟာ သူ႔မိန္းမကို အျမင္ကပ္လာတယ္။ အဲဒါနဲ႔ တေန႔မွာ ေယာက္်ားလုပ္တဲ့သူဟာ လယ္ေတာကိုသြားၿပီး အခ်ိန္မတန္မီ ႏြားႏွင္တံ (ႏြားေမာင္းရာတြင္ ႏြားကို႐ိုက္ရန္ သုံးေသာတုတ္) ကို ကိုင္ၿပီး သူတေယာက္ထဲ ျပန္လာတယ္။

အဲဒါကို မိန္းမက ျမင္ေတာ့ "ဟာ ရွင္ဘာျဖစ္လို႔ အိမ္ကိုအေစာႀကီးျပန္ လာရတာလဲ။ ဒါနဲ႔ လွည္းေတြ ႏြားေတြေရာ" "ေအးကြာ မေျပာကို မေျပာခ်င္ပါဘူး။ ငါ ေတာေရာက္လို႔ လွည္းက ႏြားေတြကို ခြၽတ္လိုက္တာနဲ႔ ႏြားႏွစ္ေကာင္ဟာ ေတာင္ပံေတြေပါက္ၿပီး မိုးေပၚပ်ံကုန္ၾကတယ္ကြာ"

အဲဒီမွာ မိန္းမက သူ႔ဝစီအတိုင္း "ဟုတ္လား က်မ အစကတည္းက ထင္ေတာ့ ထင္သားဘဲ။ ဒီႏြားႏွစ္ေကာင္ ဒီေန႔ မနက္ျမင္ရတာ ထူးဆန္းေနသလားလို႔" လို႔ ေျပာေရာ။

အဲဒီလိုလည္း ေျပာလိုက္ေရာ ေယာက္်ားက လက္ထဲက အသင့္ကိုင္ ထားတဲ့ ႏြားႏွင္တံနဲ႔ မိန္းမကို လွိမ့္႐ိုက္ၿပီး ပါးစပ္ကလည္း "ထင္ဦးကြာ ထင္ဦးကြာ မင္းဒီအက်င့္က မေပ်ာက္ႏိုင္ဘူး ႏြား အေတာင္ပံ ေပါက္ၿပီး ေကာင္းကင္ပ်ံတယ္လို႔ ေျပာတာ ျဖစ္ႏိုင္ မျဖစ္ႏိုင္မစဥ္းစားဘဲ သူဘဲ ႀကိဳသိသလိုလိုနဲ႔ ဒီအက်င့္ကမေပ်ာက္ဘူး" ဆိုၿပီး ႐ိုက္ပါေတာ့တယ္။

အဲဒီလို အ႐ိုက္ခံေနရတဲ့ၾကားက သူ႔မိန္းမေျပာတဲ့ စကားေၾကာင့္ ေယာက္်ားျဖစ္သူဟာ ဆက္ၿပီး မ႐ိုက္ႏိုင္ေတာ့ေအာင္ စိတ္ဓါတ္က်သြားတယ္တဲ့။ သူမိန္းမ ေျပာလိုက္ပုံက "ဒီလိုေျပာရင္ ဒီလို အ႐ိုက္ခံရမယ္ ဆိုတာ က်မ အစကတည္းက ထင္ေတာ့ထင္သားဘဲ" ဟူသတည္း။ phoo