ကောသလမင်းကြီးဆီမှာ ပါဝေယျ ဆိုတဲ့ ထောင်ထောင်မောင်းမောင်း တိုက်ဆင်ကြီးတကောင် ရှိတယ်။ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ပြီးနောက် အိုလာတဲ့အခါ ဘုရင်ကြီးက သူ့အချစ်တော် ဆင်ကြီးကို ဘေးမဲ့ပေးလိုက်တယ်။

တနေ့ ဆင်ကြီးက အိုင်တခုထဲ ဆင်းရင်း ညွန်ထဲ နစ်သွားတော့ ရုန်းတယ်။ မရဘူး။ အသက်ကကြီး အိုကလည်း အိုနေပြီမို့ ဘယ်လိုမှကို မရုန်းနိုင်တော့ဘူး။ ဘုရင်က သိသိချင်းမှာ သူ့အချစ်တော် ဆင်ကြီးဆီ ဆင်ဆရာနဲ့ အဖွဲ့တခု ချက်ခြင်း စေလွှတ်လိုက်တယ်။

ဆင်ဆရာကလည်း တိုက်ဆင်တွေ အကြောင်း သဘောပေါက်တော့ သွားကတည်းက စစ်တီးဝိုင်းပါ ခေါ်သွားတယ်။ စစ်ချီစစ်ထိုးရင်သုံးတဲ့ စည်တွေ မောင်းတွေပါ သယ်သွားပါရော။ ဟိုရောက်မှ သူ့လူတွေကို တပ်ဖြန့်ပြီး စစ်ပွဲပုံစံပေါ်အောင် ဖန်တီးတယ်။

မောင်းတွေ တဒူဒူထု၊ စည်တွေတီးကြပြီး စစ်သည်တွေက ကြွေးကြော်သံတွေ အော်တော့ ဆင်ကြီးက ငယ်တုန်းကလို ရဲစိတ် ရဲမာန်တွေ တဖန်ပြန်ပေါ်လာပြီး ရုန်းထွက်လိုက်မှ ကုန်းပေါ် ပြန်ရောက်လာတယ်။ ဘယ်သူမှ ဆွဲတင်တာ မဟုတ်ဘဲ သူ့ဖာသာ ရုန်းတက်ခဲ့တာပေါ့။

ကျဉ်းထဲကျပ်ထဲရောက်တဲ့အခါ စိတ်က အတော့်ကို အရေးကြီးပါတယ်။ ကိုယ်တိုင်ပဲ ကြိုးစားပြီး ရုန်းထွက်ရတာပါ။ ယခုကျန်းမာရေး အဆင်မပြေတဲ့သူတွေ၊ အခက်အခဲ ဒုက္ခမျိုးစုံ ကြုံနေတဲ့သူတွေ အနေနဲ့ကလည်း ပါဝေယျဆင်ကြီးကို ဥပမာယူပြီး ကိုယ့်ကိုယ်ကို အားယူပြီး ရုန်းထွက်နိုင်ကြပါစေ။ Crd

Zawgyi

အားတင္းျပီး ရုန္းထြက္လိုက္ပါ

ေကာသလမင္းႀကီးဆီမွာ ပါေဝယ် ဆိုတဲ့ ေထာင္ေထာင္ေမာင္းေမာင္း တိုက္ဆင္ႀကီးတေကာင္ ရွိတယ္။ တိုက္ပြဲေတြ အမ်ားႀကီး တိုက္ခဲ့ၿပီးေနာက္ အိုလာတဲ့အခါ ဘုရင္ႀကီးက သူ႔အခ်စ္ေတာ္ ဆင္ႀကီးကို ေဘးမဲ့ေပးလိုက္တယ္။

တေန႔ ဆင္ႀကီးက အိုင္တခုထဲ ဆင္းရင္း ၫြန္ထဲ နစ္သြားေတာ့ ႐ုန္းတယ္။ မရဘူး။ အသက္ကႀကီး အိုကလည္း အိုေနၿပီမို႔ ဘယ္လိုမွကို မ႐ုန္းႏိုင္ေတာ့ဘူး။ ဘုရင္က သိသိခ်င္းမွာ သူ႔အခ်စ္ေတာ္ ဆင္ႀကီးဆီ ဆင္ဆရာနဲ႔ အဖြဲ႕တခု ခ်က္ျခင္း ေစလႊတ္လိုက္တယ္။

ဆင္ဆရာကလည္း တိုက္ဆင္ေတြ အေၾကာင္း သေဘာေပါက္ေတာ့ သြားကတည္းက စစ္တီးဝိုင္းပါ ေခၚသြားတယ္။ စစ္ခ်ီစစ္ထိုးရင္သုံးတဲ့ စည္ေတြ ေမာင္းေတြပါ သယ္သြားပါေရာ။ ဟိုေရာက္မွ သူ႔လူေတြကို တပ္ျဖန႔္ၿပီး စစ္ပြဲပုံစံေပၚေအာင္ ဖန္တီးတယ္။

ေမာင္းေတြ တဒူဒူထု၊ စည္ေတြတီးၾကၿပီး စစ္သည္ေတြက ေႂကြးေၾကာ္သံေတြ ေအာ္ေတာ့ ဆင္ႀကီးက ငယ္တုန္းကလို ရဲစိတ္ ရဲမာန္ေတြ တဖန္ျပန္ေပၚလာၿပီး ႐ုန္းထြက္လိုက္မွ ကုန္းေပၚ ျပန္ေရာက္လာတယ္။ ဘယ္သူမွ ဆြဲတင္တာ မဟုတ္ဘဲ သူ႔ဖာသာ ႐ုန္းတက္ခဲ့တာေပါ့။

က်ဥ္းထဲက်ပ္ထဲေရာက္တဲ့အခါ စိတ္က အေတာ့္ကို အေရးႀကီးပါတယ္။ ကိုယ္တိုင္ပဲ ႀကိဳးစားၿပီး ႐ုန္းထြက္ရတာပါ။ ယခုက်န္းမာေရး အဆင္မေျပတဲ့သူေတြ၊ အခက္အခဲ ဒုကၡမ်ိဳးစုံ ႀကဳံေနတဲ့သူေတြ အေနနဲ႔ကလည္း ပါေဝယ်ဆင္ႀကီးကို ဥပမာယူၿပီး ကိုယ့္ကိုယ္ကို အားယူၿပီး ႐ုန္းထြက္ႏိုင္ၾကပါေစ။ Crd