ဟိုးရှေးရှေးတုန်းက တိရိစ္ဆာန်လေးတွေ စကားပြောနိုင်ကြတဲ့ အချိန်တုန်းကပေါ့ကွယ်။ ကျွဲတကောင်ဟာ သိုးထိန်းတယောက်ရဲ့ယာခင်းမှာ နေထိုင်သတဲ့။ ကျွဲဟာ သိုးထိန်းရဲ့ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးတာ ပေါ့ကွယ်။ သိုးထိန်းကလည်း ကျွဲကို ကောင်းကောင်းထားသတဲ့။

တနေ့မှာတော့ သိုးထိန်းဟာ ကျွဲကို စားကျက်မှာ ကျောင်းနေတယ်တဲ့ကွယ်။ အဲဒီအချိန်မှာ ဝံပုလွေတကောင်ဟာ ဆာလောင်နေတာကြောင့် "ဟောဒီကျွဲက ငါ့အတွက် နေ့လယ်စာကောင်းပဲ။ ဘေးကလူကို ပထုတ်ရမယ်" လို့ တွေးပြီး သိုးထိန်းနဲ့ ကျွဲရဲ့ရှေ့ကို သွားလိုက်သတဲ့။

"ငါ မင်းတို့ကို မေးခွန်းမေးမယ်။ မင်းတို့ မဖြေနိုင်ရင် ကျွဲကို ငါစားဖို့ ပေးရမယ်" လို့ ပြောလိုက်သတဲ့။ သိုးထိန်းနဲ့ ကျွဲတို့ဟာ ဝံပုလွေပြောတာကို သဘောတူလိုက်ကြသတဲ့။

"ကိုကျွဲ ခင်ဗျားက သန်မာတဲ့ ဦးချိုတွေရှိရက်နဲ့ ဒီလူ့ဆီမှာ ဘာကြောင့် အလုပ် လုပ်ပေးနေရတာလဲ" လို့ ဝံပုလွေက မေးလိုက်သတဲ့။

ကျွဲက "သူ့ရဲ့ယာခင်းကို ငါထွန်ပေးလို့ သိုးထိန်းက ငါ့ကို ကောင်းကောင်း ကျွေးမွေးထားလို့ပေါ့" လို့ ဖြေလိုက်တယ်။

"အင်း ဟုတ်ပြီလေ သိုးထိန်းကရော ကိုကျွဲကို ဘာလို့ကျွေးနေတာလဲ။ ခင်ဗျားလက်ထဲက မှော်ကြိမ်လုံးလား" လို့မေးတယ်။

သိုးထိန်းက ဝံပုလွေရဲ့ အမေးထဲက ကျွဲကို ကျွေးမွေးတဲ့အကြောင်းကို မဖြေဘဲ သူ့လက်ထဲကိုင် ထားတဲ့အရာက မှော်ကြိမ်လုံးမဟုတ်တဲ့အကြောင်း၊ ဉာဏ်ပညာ ဖြစ်ကြောင်းကို ဖြေလိုက်ပါသတဲ့။ သိုးထိန်းဖြေတဲ့ ဉာဏ်ပညာဆိုတာကို ဝံပုလွေ နားမလည်ဖြစ်သွားတာပေါ့။

"ဉာဏ်ပညာ ဘာလဲအဲဒါက ငါမေးထားတာ မဖြေသေးဘူးနော်" ထိုအခါ သိုးထိန်းက "ဒီဉာဏ်ပညာနဲ့ ကျွဲကို အိမ်ကို ခေါ်ချင် ခေါ်သွားလို့ရတယ်" လို့ ဖြေတယ်။

သိုးထိန်းပြောပြတဲ့ ဉာဏ်ပညာကို ဝံပုလွေ ပိုပြီး စိတ်ဝင်စားသွားတော့တာပေါ့။ ဒါကြောင့် "ဉာဏ်ပညာ ဆိုတဲ့အရာကို ငါသိချင်လွန်းလှတယ်" လို့ ဝံပုလွေက ပြောလိုက်တယ်။

သိုးထိန်းက "ငါက ဉာဏ်ပညာမဟုတ်ဘူး၊ မင်းသိချင်ရင်တော့ အခြေအနေတခုမှာ ဉာဏ်ပညာဆိုတာကို ငါပြပေးနိုင်ပါတယ်" လို့ ပြောလိုက်တာပေါ့။

"ဘယ်လိုအခြေအနေလဲ"

"ဉာဏ်ပညာကို ငါသယ်လာခဲ့တဲ့အချိန်ထိ ငါမင်းကို ဒီသစ်ပင်မှာ ချည်ထားရမယ်။ ကျွဲကြီးအတွက် ဘေးကင်းအောင်ပေါ့ကွာ"

ဝံပုလွေဟာ ဉာဏ်ပညာကို သိချင်လွန်းတာကြောင့် သိုးထိန်းပြောတာကို လက်ခံလိုက်သတဲ့။ သိုးထိန်းဟာ ဝံပုလွေကို သစ်ပင်မှာ ချည်ခဲ့ပြီး ဉာဏ်ပညာကို သယ်ဖို့ ထွက်သွားတော့သတဲ့။ ကျွဲဟာ ဝံပုလွေကို ကြည့်ပြီး ပြုံးနေတာပေါ့။ ကျွဲဘာကြောင့် ပြုံးသလဲ ဆိုတာကို ဝံပုလွေ နားမလည်ရှာဘူးကွယ့်။ ဝံပုလွေဟာ သိုးထိန်း ပြန်အလာကို နာရီပေါင်းများစွာ စောင့်နေတာပေါ့။ အဲဒီအချိန်မှာ သိုးထိန်းဟာ သေတ္တာတလုံးကို ထမ်းပြီး ပြန်လာခဲ့တယ်ကွယ်။

သိုးထိန်းဟာ သေတ္တာအဖုံးကို ဖွင့်ပြလိုက်ပါတယ်။ ဝံပုလွေကတော့ သေတ္တာခွံကိုပဲ မြင်တာကြောင့် "ဒါက ဉာဏ်ပညာလား။ ဘယ်မှာလဲကွ ယူရော ယူခဲ့ရဲ့လား" လို့ မေးလိုက်ပါတယ်။

"ဉာဏ်ပညာလား ဉာဏ်ပညာက အထဲမှာ ဟိုထောင့်မှာ။ မင်းမမြင်ရရင် ငါကြိုးဖြည်ပေးမယ် မင်းဝင်ကြည့်လိုက်ပေါ့" လို့ သိုးထိန်းက ပြောလိုက်သတဲ့။

ဝံပုလွေဟာ ဉာဏ်ပညာကို တွေ့ချင်တာကြောင့် သေတ္တာထဲကို ဝင်ကြည့်လိုက်သတဲ့ကွယ်။ အဲဒီအချိန်မှာ သိုးထိန်းဟာ သေတ္တာအဖုံးကို ပိတ်လိုက်တာပေါ့။ "ဘာလဲဟဖွင့်ပေး ငါ့ကို ဖွင့်ပေး" လို့ ဝံပုလွေက အော်တော့တာပေါ့။

"ဉာဏ်ပညာဆိုတာ စိတ်ထဲမှာပဲ ရှိတယ်ကွ။ မင်းက ဉာဏ်ပညာကို ရတနာသိုက် ရှာသလို ရှာနေတာကိုး" လို့ သိုးထိန်းက ပြောလိုက်တယ်။ ထိုအခါ ဝံပုလွေဟာ အခြေအနေကို သဘောပေါက်လိုက်ပြီး

"ငါ တခြားသူတွေကို လျှော့မတွက်တော့ပါဘူး။ ကတိပေးပါတယ်။ စိတ်ကောင်းထားပြီး ဉာဏ်ရှိအောင် ကြိုးစားပါ့မယ်ကွာ" လို့ ကတိပေးတော့တာပေါ့။ ဒါပေမဲ့ သိုးထိန်းဟာ ဝံပုလွေ မှတ်လောက်သားလောက် ဖြစ်သွားအောင် သေတ္တာထဲမှာ တရက်လောက် ပိတ်ထားလိုက်သတဲ့။

နောက်တနေ့ မနက်ရောက်တော့ သိုးထိန်းနဲ့ ကျွဲတို့ဟာ သင်ခန်းစာကောင်းကောင်း ရနေပြီဖြစ်တဲ့ ဝံပုလွေကို သေတ္တာထဲကနေ ဖွင့်ပေးလိုက်တာပေါ့။ ဝံပုလွေလည်း သိုးထိန်းနဲ့ကျွဲတို့ကို ကျေးဇူးတင်ကြောင်း ပြောပြီး ထွက်သွားတော့သတဲ့။

အဲဒီနေ့ကစပြီး ဝံပုလွေဟာ တခြားတိရိစ္ဆာန်တွေနဲ့ ကောင်းကောင်းနေထိုင်ပြီး ဘယ်သူ့ကိုမှ လျှော့မတွက်ရဲတော့ဘူးတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ရေ၊ ပုံပြင်လေးရဲ့ပေးချင်တဲ့ သင်ခန်းစာကတော့ ကိုယ်ဟာ သူများထက် ဉာဏ်ရှိတယ်လို့ ထင်ပြီး သူများကို လျှော့တွက်မိတဲ့အခါ သူများက ကိုယ့်ထက် ဉာဏ်ပိုသာနေတာမျိုး ရှိတယ်ဆိုတာပါပဲကွယ်။ နန္ဒမန်းကြယ်(တွင်းငယ်)

Zawgyi

ဉာဏ္ပညာကို ရွာေဖြေသာဝံပုေလြ

ဟိုးေရွးေရွးတုန္းက တိရိစာၦန္ေလးေတြ စကားေျပာႏိုင္ၾကတဲ့ အခ်ိန္တုန္းကေပါ့ကြယ္။ ကြၽဲတေကာင္ဟာ သိုးထိန္းတေယာက္ရဲ႕ယာခင္းမွာ ေနထိုင္သတဲ့။ ကြၽဲဟာ သိုးထိန္းရဲ႕ အလုပ္ေတြကို ကူညီလုပ္ေဆာင္ေပးတာ ေပါ့ကြယ္။ သိုးထိန္းကလည္း ကြၽဲကို ေကာင္းေကာင္းထားသတဲ့။

တေန႔မွာေတာ့ သိုးထိန္းဟာ ကြၽဲကို စားက်က္မွာ ေက်ာင္းေနတယ္တဲ့ကြယ္။ အဲဒီအခ်ိန္မွာ ဝံပုေလြတေကာင္ဟာ ဆာေလာင္ေနတာေၾကာင့္ "ေဟာဒီကြၽဲက ငါ့အတြက္ ေန႔လယ္စာေကာင္းပဲ။ ေဘးကလူကို ပထုတ္ရမယ္" လို႔ ေတြးၿပီး သိုးထိန္းနဲ႔ ကြၽဲရဲ႕ေရွ႕ကို သြားလိုက္သတဲ့။ "ငါ မင္းတို႔ကို ေမးခြန္းေမးမယ္။ မင္းတို႔ မေျဖႏိုင္ရင္ ကြၽဲကို ငါစားဖို႔ ေပးရမယ္" လို႔ ေျပာလိုက္သတဲ့။ သိုးထိန္းနဲ႔ ကြၽဲတို႔ဟာ ဝံပုေလြေျပာတာကို သေဘာတူလိုက္ၾကသတဲ့။

"ကိုကြၽဲ ခင္ဗ်ားက သန္မာတဲ့ ဦးခ်ိဳေတြရွိရက္နဲ႔ ဒီလူ႔ဆီမွာ ဘာေၾကာင့္ အလုပ္ လုပ္ေပးေနရတာလဲ" လို႔ ဝံပုေလြက ေမးလိုက္သတဲ့။ ကြၽဲက "သူ႔ရဲ႕ယာခင္းကို ငါထြန္ေပးလို႔ သိုးထိန္းက ငါ့ကို ေကာင္းေကာင္း ေကြၽးေမြးထားလို႔ေပါ့" လို႔ ေျဖလိုက္တယ္။ "အင္း ဟုတ္ၿပီေလ သိုးထိန္းကေရာ ကိုကြၽဲကို ဘာလို႔ေကြၽးေနတာလဲ။ ခင္ဗ်ားလက္ထဲက ေမွာ္ႀကိမ္လုံးလား" လို႔ေမးတယ္။

သိုးထိန္းက ဝံပုေလြရဲ႕ အေမးထဲက ကြၽဲကို ေကြၽးေမြးတဲ့အေၾကာင္းကို မေျဖဘဲ သူ႔လက္ထဲကိုင္ ထားတဲ့အရာက ေမွာ္ႀကိမ္လုံးမဟုတ္တဲ့အေၾကာင္း၊ ဉာဏ္ပညာ ျဖစ္ေၾကာင္းကို ေျဖလိုက္ပါသတဲ့။ သိုးထိန္းေျဖတဲ့ ဉာဏ္ပညာဆိုတာကို ဝံပုေလြ နားမလည္ျဖစ္သြားတာေပါ့။ "ဉာဏ္ပညာ ဘာလဲအဲဒါက ငါေမးထားတာ မေျဖေသးဘူးေနာ္" ထိုအခါ သိုးထိန္းက "ဒီဉာဏ္ပညာနဲ႔ ကြၽဲကို အိမ္ကို ေခၚခ်င္ ေခၚသြားလို႔ရတယ္" လို႔ ေျဖတယ္။

သိုးထိန္းေျပာျပတဲ့ ဉာဏ္ပညာကို ဝံပုေလြ ပိုၿပီး စိတ္ဝင္စားသြားေတာ့တာေပါ့။ ဒါေၾကာင့္ "ဉာဏ္ပညာ ဆိုတဲ့အရာကို ငါသိခ်င္လြန္းလွတယ္" လို႔ ဝံပုေလြက ေျပာလိုက္တယ္။ သိုးထိန္းက "ငါက ဉာဏ္ပညာမဟုတ္ဘူး၊ မင္းသိခ်င္ရင္ေတာ့ အေျခအေနတခုမွာ ဉာဏ္ပညာဆိုတာကို ငါျပေပးႏိုင္ပါတယ္" လို႔ ေျပာလိုက္တာေပါ့။ "ဘယ္လိုအေျခအေနလဲ" "ဉာဏ္ပညာကို ငါသယ္လာခဲ့တဲ့အခ်ိန္ထိ ငါမင္းကို ဒီသစ္ပင္မွာ ခ်ည္ထားရမယ္။ ကြၽဲႀကီးအတြက္ ေဘးကင္းေအာင္ေပါ့ကြာ"

ဝံပုေလြဟာ ဉာဏ္ပညာကို သိခ်င္လြန္းတာေၾကာင့္ သိုးထိန္းေျပာတာကို လက္ခံလိုက္သတဲ့။ သိုးထိန္းဟာ ဝံပုေလြကို သစ္ပင္မွာ ခ်ည္ခဲ့ၿပီး ဉာဏ္ပညာကို သယ္ဖို႔ ထြက္သြားေတာ့သတဲ့။ ကြၽဲဟာ ဝံပုေလြကို ၾကည့္ၿပီး ၿပဳံးေနတာေပါ့။ ကြၽဲဘာေၾကာင့္ ၿပဳံးသလဲ ဆိုတာကို ဝံပုေလြ နားမလည္ရွာဘူးကြယ့္။ ဝံပုေလြဟာ သိုးထိန္း ျပန္အလာကို နာရီေပါင္းမ်ားစြာ ေစာင့္ေနတာေပါ့။ အဲဒီအခ်ိန္မွာ သိုးထိန္းဟာ ေသတၱာတလုံးကို ထမ္းၿပီး ျပန္လာခဲ့တယ္ကြယ္။

သိုးထိန္းဟာ ေသတၱာအဖုံးကို ဖြင့္ျပလိုက္ပါတယ္။ ဝံပုေလြကေတာ့ ေသတၱာခြံကိုပဲ ျမင္တာေၾကာင့္ "ဒါက ဉာဏ္ပညာလား။ ဘယ္မွာလဲကြ ယူေရာ ယူခဲ့ရဲ႕လား" လို႔ ေမးလိုက္ပါတယ္။ "ဉာဏ္ပညာလား ဉာဏ္ပညာက အထဲမွာ ဟိုေထာင့္မွာ။ မင္းမျမင္ရရင္ ငါႀကိဳးျဖည္ေပးမယ္ မင္းဝင္ၾကည့္လိုက္ေပါ့" လို႔ သိုးထိန္းက ေျပာလိုက္သတဲ့။ ဝံပုေလြဟာ ဉာဏ္ပညာကို ေတြ႕ခ်င္တာေၾကာင့္ ေသတၱာထဲကို ဝင္ၾကည့္လိုက္သတဲ့ကြယ္။ အဲဒီအခ်ိန္မွာ သိုးထိန္းဟာ ေသတၱာအဖုံးကို ပိတ္လိုက္တာေပါ့။ "ဘာလဲဟဖြင့္ေပး ငါ့ကို ဖြင့္ေပး" လို႔ ဝံပုေလြက ေအာ္ေတာ့တာေပါ့။

"ဉာဏ္ပညာဆိုတာ စိတ္ထဲမွာပဲ ရွိတယ္ကြ။ မင္းက ဉာဏ္ပညာကို ရတနာသိုက္ ရွာသလို ရွာေနတာကိုး" လို႔ သိုးထိန္းက ေျပာလိုက္တယ္။ ထိုအခါ ဝံပုေလြဟာ အေျခအေနကို သေဘာေပါက္လိုက္ၿပီး "ငါ တျခားသူေတြကို ေလွ်ာ့မတြက္ေတာ့ပါဘူး။ ကတိေပးပါတယ္။ စိတ္ေကာင္းထားၿပီး ဉာဏ္ရွိေအာင္ ႀကိဳးစားပါ့မယ္ကြာ" လို႔ ကတိေပးေတာ့တာေပါ့။ ဒါေပမဲ့ သိုးထိန္းဟာ ဝံပုေလြ မွတ္ေလာက္သားေလာက္ ျဖစ္သြားေအာင္ ေသတၱာထဲမွာ တရက္ေလာက္ ပိတ္ထားလိုက္သတဲ့။

ေနာက္တေန႔ မနက္ေရာက္ေတာ့ သိုးထိန္းနဲ႔ ကြၽဲတို႔ဟာ သင္ခန္းစာေကာင္းေကာင္း ရေနၿပီျဖစ္တဲ့ ဝံပုေလြကို ေသတၱာထဲကေန ဖြင့္ေပးလိုက္တာေပါ့။ ဝံပုေလြလည္း သိုးထိန္းနဲ႔ကြၽဲတို႔ကို ေက်းဇူးတင္ေၾကာင္း ေျပာၿပီး ထြက္သြားေတာ့သတဲ့။ အဲဒီေန႔ကစၿပီး ဝံပုေလြဟာ တျခားတိရိစာၦန္ေတြနဲ႔ ေကာင္းေကာင္းေနထိုင္ၿပီး ဘယ္သူ႔ကိုမွ ေလွ်ာ့မတြက္ရဲေတာ့ဘူးတဲ့ကြယ္။ ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ ကေလးတို႔ေရ၊ ပုံျပင္ေလးရဲ႕ေပးခ်င္တဲ့ သင္ခန္းစာကေတာ့ ကိုယ္ဟာ သူမ်ားထက္ ဉာဏ္ရွိတယ္လို႔ ထင္ၿပီး သူမ်ားကို ေလွ်ာ့တြက္မိတဲ့အခါ သူမ်ားက ကိုယ့္ထက္ ဉာဏ္ပိုသာေနတာမ်ိဳး ရွိတယ္ဆိုတာပါပဲကြယ္။ နႏၵမန္းၾကယ္(တြင္းငယ္)