ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ သူကြီးကတော်တယောက် ရှိခဲ့တယ်။ သူက ဖြူဖြူဖွေး ရေဆေးငါးကြီးလို ချောသူပါ။ တသားမွေး တသွေးလှဆိုသလို အပျိုရှုံးမဲ့သူ။ ရပ်ရွာအရေးကို ယောကျ်ားနဲ့အတူ ရင်ဘောင်တန်း ဆောင်ရွက်လို့ လူကြည်ညိုခံရသူပါ။

ရပ်ရွာထဲက မိန်းမသားအရေးတွေကို ဦးဆောင်ဖြေရှင်းသူမို့ အမျိုးသမီးထုရဲ့ တခဲနက် အားပေးမှုကိုလည်း ခံရသူတဦး ဖြစ်ပါတယ်။ ကျား၊ မ ခွဲခြားမှုကို သူ့ခေတ်အခါက သူ့ရွာမှာ ဦးဆောင် ဆန့်ကျင်ခဲ့သူလို့ ပြောလို့ရပါတယ်။ မိန်းမတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကြိုးစားသူ၊ အစဉ်အလာ ရိုးရာဓလေ့ကို ဖေါက်ထွက်ဖို့ ကြိုးစားသူပါ။

တရက်တော့ အိမ်ဦးခန်းမှာ သူကြီးမင်းရယ်၊ သူကြီးကတော်ရယ် ထိုင်စကားပြောနေတုံး နတ်တပါးက ကိုယ်ထင် ပြလာပါတယ်။ "သူကြီးကတော် အလိုရှိရာဆု တောင်းပါ" လို့လည်း ပြောရော၊ သူကြီးကတော်က "မိန်းမတွေ မီးဖွားရင် ခံစားရတဲ့ ဒုက္ခဝေဒနာတွေကို ယောကျ်ားတွေလည်း အတူတူ ခံစားပါစေ" လို့ ပြောလိုက်ပါတယ်။

သူကြီးမင်းက သူ့မိန်းမကို မဟုတ်တဲ့ဆု မတောင်းဖို့ ဟန့်သလို၊ နတ်မင်းကလည်း ဒီဆုမျိုး မတောင်းသင့်ကြောင်း တားမြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ သူကြီးကတော်က

"နှစ်ယောက်သား ပြုတဲ့အမှုမှာ ကလေးမွေးတော့ မိန်းမကသာ ဝေဒနာ ခံစားရတာဟာ တရားမျှတမှု မရှိဘူး။ ကျားမ ခွဲခြားမှုလို ဖြစ်နေတာမို့ မိန်းမ ကလေးမွေးချိန် ယောကျ်ားလည်း လိုက်ပြီးနာပါစေ။ ကလေးမွေးပြီးချိန် မိန်းမက ဝေဒနာသက်သာမှ ယောကျ်ားလည်း သက်သာပါစေ" လို့ပဲ ဆုတောင်းတော့ နတ်မင်းကြီးက စိတ်ပျက် လက်ပျက်နဲ့ လိုရာဆုပြည့်စေ ဆိုပြီး ပျောက်ကွယ်သွားသတဲ့။

ကျး၊မ ခွဲခြားမှုကို သူတတ်နိုင်တဲ့ဘက်ကနေ ဆန့်ကျင်ခဲ့တဲ့ သူကြီးကတော်ဟာ နောက်များမကြာမီမှာ ဒုတိယကလေး ဖွားမြင်ပါတယ်။ ရွာထဲက မိန်းမတွေ အကုန်နီးပါး သူကြီးကတော်အိမ်မှာ စုရုံးကြတာပေါ့။

သူကြီးကတော်က ဗိုက်နာလို့ အော်ဟစ်ချိန်မှာ ဘာဖြစ်တယ် မသိပါဘူး၊ သူတို့အိမ် နောက်ဖေးတင်းကုပ်မှာနေတဲ့ သူရင်းငှားဖြစ်သူ ကိုတုတ်ကြီးဟာ ဗိုက်နာလို့ လူးလိမ့်နေရသတဲ့။ သူကြီးကတော်က နာလို့အော်လေလေ၊ ဖိုးတုတ်ကလည်း နာလို့အော်လေလေ တဲ့။ ကလေး အမိဝမ်းက ထွက်သွား ချိန်ကျမှ ဖိုးတုတ်လည်း ဗိုက်နာသက်သာသွားသတဲ့။ သူကြီးမင်းကတော့ ဗိုက်နာတာ မဖြစ်ခဲ့ဖူးတဲ့။ ကိုယ့်ရှူး ကိုယ်ပတ်တယ်ဆိုတာ အဲဒါမျိုးကို ပြောတာပဲ။ crd

Zawgyi

သူၾကီးကေတာ္ရဲ့ ဆုေတာင္း

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာမွာ သူႀကီးကေတာ္တေယာက္ ရွိခဲ့တယ္။ သူက ျဖဴျဖဴေဖြး ေရေဆးငါးႀကီးလို ေခ်ာသူပါ။ တသားေမြး တေသြးလွဆိုသလို အပ်ိဳရႈံးမဲ့သူ။ ရပ္႐ြာအေရးကို ေယာက်္ားနဲ႔အတူ ရင္ေဘာင္တန္း ေဆာင္႐ြက္လို႔ လူၾကည္ညိဳခံရသူပါ။

ရပ္႐ြာထဲက မိန္းမသားအေရးေတြကို ဦးေဆာင္ေျဖရွင္းသူမို႔ အမ်ိဳးသမီးထုရဲ႕ တခဲနက္ အားေပးမႈကိုလည္း ခံရသူတဦး ျဖစ္ပါတယ္။ က်ား၊ မ ခြဲျခားမႈကို သူ႔ေခတ္အခါက သူ႔႐ြာမွာ ဦးေဆာင္ ဆန႔္က်င္ခဲ့သူလို႔ ေျပာလို႔ရပါတယ္။ မိန္းမေတြရဲ႕ အခန္းက႑ကို ျမႇင့္တင္ဖို႔ ႀကိဳးစားသူ၊ အစဥ္အလာ ႐ိုးရာဓေလ့ကို ေဖါက္ထြက္ဖို႔ ႀကိဳးစားသူပါ။

တရက္ေတာ့ အိမ္ဦးခန္းမွာ သူႀကီးမင္းရယ္၊ သူႀကီးကေတာ္ရယ္ ထိုင္စကားေျပာေနတုံး နတ္တပါးက ကိုယ္ထင္ ျပလာပါတယ္။ "သူႀကီးကေတာ္ အလိုရွိရာဆု ေတာင္းပါ" လို႔လည္း ေျပာေရာ၊ သူႀကီးကေတာ္က "မိန္းမေတြ မီးဖြားရင္ ခံစားရတဲ့ ဒုကၡေဝဒနာေတြကို ေယာက်္ားေတြလည္း အတူတူ ခံစားပါေစ" လို႔ ေျပာလိုက္ပါတယ္။

သူႀကီးမင္းက သူ႔မိန္းမကို မဟုတ္တဲ့ဆု မေတာင္းဖို႔ ဟန႔္သလို၊ နတ္မင္းကလည္း ဒီဆုမ်ိဳး မေတာင္းသင့္ေၾကာင္း တားျမစ္ပါတယ္။ ဒါေပမဲ့ မရပါဘူး။ သူႀကီးကေတာ္က "ႏွစ္ေယာက္သား ျပဳတဲ့အမႈမွာ ကေလးေမြးေတာ့ မိန္းမကသာ ေဝဒနာ ခံစားရတာဟာ တရားမွ်တမႈ မရွိဘူး။ က်ားမ ခြဲျခားမႈလို ျဖစ္ေနတာမို႔ မိန္းမ ကေလးေမြးခ်ိန္ ေယာက်္ားလည္း လိုက္ၿပီးနာပါေစ။ ကေလးေမြးၿပီးခ်ိန္ မိန္းမက ေဝဒနာသက္သာမွ ေယာက်္ားလည္း သက္သာပါေစ" လို႔ပဲ ဆုေတာင္းေတာ့ နတ္မင္းႀကီးက စိတ္ပ်က္ လက္ပ်က္နဲ႔ လိုရာဆုျပည့္ေစ ဆိုၿပီး ေပ်ာက္ကြယ္သြားသတဲ့။

က်း၊မ ခြဲျခားမႈကို သူတတ္ႏိုင္တဲ့ဘက္ကေန ဆန႔္က်င္ခဲ့တဲ့ သူႀကီးကေတာ္ဟာ ေနာက္မ်ားမၾကာမီမွာ ဒုတိယကေလး ဖြားျမင္ပါတယ္။ ႐ြာထဲက မိန္းမေတြ အကုန္နီးပါး သူႀကီးကေတာ္အိမ္မွာ စု႐ုံးၾကတာေပါ့။

သူႀကီးကေတာ္က ဗိုက္နာလို႔ ေအာ္ဟစ္ခ်ိန္မွာ ဘာျဖစ္တယ္ မသိပါဘူး၊ သူတို႔အိမ္ ေနာက္ေဖးတင္းကုပ္မွာေနတဲ့ သူရင္းငွားျဖစ္သူ ကိုတုတ္ႀကီးဟာ ဗိုက္နာလို႔ လူးလိမ့္ေနရသတဲ့။ သူႀကီးကေတာ္က နာလို႔ေအာ္ေလေလ၊ ဖိုးတုတ္ကလည္း နာလို႔ေအာ္ေလေလ တဲ့။ ကေလး အမိဝမ္းက ထြက္သြား ခ်ိန္က်မွ ဖိုးတုတ္လည္း ဗိုက္နာသက္သာသြားသတဲ့။ သူႀကီးမင္းကေတာ့ ဗိုက္နာတာ မျဖစ္ခဲ့ဖူးတဲ့။ ကိုယ့္ရႉး ကိုယ္ပတ္တယ္ဆိုတာ အဲဒါမ်ိဳးကို ေျပာတာပဲ။ crd