တခါတုန်းက ပညာရှိကြီးတယောက် ရှိသတဲ့။ လူများစွာကို ဉာဏ်ပညာရရှိဖို့ သင်ကြားပေးနေသူပေါ့။ သူ အိုမင်းမစွမ်း ဖြစ်လာတဲ့ တရက်မှာ သူ မသေဆုံးခင် သားဖြစ်သူကို အရေးအကြီးဆုံး သင်ခန်းစာတခုကို ပြောပြချင်ခဲ့တာပေါ့။ ဒီလိုနဲ့ သားဖြစ်သူကို စကား ပြောစရာရှိတယ် ဆိုပြီး ခေါ်လိုက်တာပေါ့။

"ငါ့သား မင်းဘဝအတွက် အရေးကြီးတဲ့ အတွေးအခေါ်တခု အဖေပေးခဲ့မယ်" "ဘယ်လိုအတွေးအခေါ်များလဲအဖေ"

"ဒီအတွေးအခေါ်ကို ပေးဖို့အတွက် အဖေ့ကို အခုချက်ခြင်း ထင်းမီးသွေးခဲ တတုံးနဲ့ စန္ဒကူးနံ့သာ သစ်သားတတုံး သွားယူခဲ့ချေကွယ်"

ဒီလိုနဲ့ သားဖြစ်သူဟာ ဖခင် ခိုင်းတဲ့အတိုင်းပဲ သွားယူပေးရတာပေါ့။ ပထမဆုံး စားဖိုဆောင်ကို သွားပြီး မီးသွေးတတုံး နှိုက်ခဲ့တယ်။ မီးသွေးခဲတွေက ပေါပါတယ်။ ရှားပါးတာကတော့ စန္ဒကူးသား ပါပဲ။ ကံကောင်းချင်တော့ သူတို့ ခြံဝန်းထဲမှာ စန္ဒကူးပင်ရှိတယ်လေ။ စန္ဒကူး ဆိုတာ နံ့သာဖြူ၊ နံ့သာနီတို့လို သစ်မွှေးပေါ့။ စန္ဒကူးသား တခုကို ချိုးဖဲ့ပြီး ယူလာလိုက်ပါတယ်။

ဖခင်ဖြစ်သူက သူ့ရှေ့မှာ ယူလာတာတွေကို ချလိုက်ပါလို့ ပြောတယ်။ သားကလည်း ချပေးလိုက်တာပေါ့။ ပြီးတာနဲ့ လက်ဆေးဖို့ ထပြန်ထွက်ခဲ့တယ်။ အဲဒီအခါ ဖခင်က ခဏနေပါဦး ဆိုပြီး သားရဲ့ လက်တွေကို ပြခိုင်းတယ်။ မီးသွေးခဲကို ကိုင်လာတဲ့ လက်မှာ မီးသွေးမှုန်တွေ ပြာတွေ ပေကျံနေတယ်။ စန္ဒကူးသားကို ကိုင်လာတဲ့ လက်ကို ဖခင်က နမ်းကြည့်ခိုင်းတယ်။

"မွှေးပါတယ် ဖခင်"

အဲဒီမှာပဲ ဖခင်က ပြောတော့တယ်။

"သားရေ မင်းတွေ့တယ် မဟုတ်လား။ မီးသွေးကို ကိုင်တဲ့လက်ဟာ မီးသွေး မရှိတော့တာတောင် သူ့ရဲ့ အမှုန်အမွှားတွေ ကျန်ခဲ့သကွယ်။ သစ်မွှေးကို ကိုင်တဲ့ လက်ဟာလည်း သစ်မွှေးကို လွှတ်ချလိုက်ပေမယ့် အမွှေးနံ့ စွဲပြီး ကျန်ခဲ့ပါတယ်။

အဲဒီလိုပဲ မကောင်းတဲ့အမူအကျင့်၊ မကောင်းတဲ့ စိတ်ထား ရှိသူတွေနဲ့ ပေါင်းသင်းတဲ့အခါ သူတို့နဲ့ ပေါင်းသင်းချိန်မှာလည်း မကောင်းတဲ့ အကျိုးတွေရသလို၊ သူတို့နဲ့ မပေါင်းသင်းချိန်မှာတောင် မကောင်းတဲ့ သက်ရောက်မှုတွေက ကျန်ခဲ့တတ်ပါတယ်။

စိတ်ထားကောင်းသူတွေ၊ ကြင်နာတတ်သူတွေ၊ အပြုအမူကောင်း ရှိသူတွေနဲ့ ပေါင်းသင်းတဲ့အခါ ပေါင်းသင်းချိန်မှာပင် ကောင်းကျိုးရသလို၊ သူတို့နဲ့ ခွဲခွါရချိန်မှာတောင် ကိုယ့်အတွက် ကောင်းတဲ့ ရလဒ်တွေ ကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို မှတ်သားထားပါ"

အဲဒီလိုမျိုး လက်တွေ့ရှင်းပြလိုက်တဲ့အခါ သားဖြစ်သူဟာ ဖခင်ပညာရှိ ဆိုလိုတာကို ကောင်းမွန်စွာ နားလည်သွားပြီး လိုက်နာပါ့မယ် လို့ ကတိပြုလိုက်ပါတော့တယ်။ သံလွင်မြင့်

Zawgyi

မီးေသြးခဲႏွင့္ စႏၵကူးတုံး ဥပမာ

တခါတုန္းက ပညာရွိႀကီးတေယာက္ ရွိသတဲ့။ လူမ်ားစြာကို ဉာဏ္ပညာရရွိဖို႔ သင္ၾကားေပးေနသူေပါ့။ သူ အိုမင္းမစြမ္း ျဖစ္လာတဲ့ တရက္မွာ သူ မေသဆုံးခင္ သားျဖစ္သူကို အေရးအႀကီးဆုံး သင္ခန္းစာတခုကို ေျပာျပခ်င္ခဲ့တာေပါ့။ ဒီလိုနဲ႔ သားျဖစ္သူကို စကား ေျပာစရာရွိတယ္ ဆိုၿပီး ေခၚလိုက္တာေပါ့။

"ငါ့သား မင္းဘဝအတြက္ အေရးႀကီးတဲ့ အေတြးအေခၚတခု အေဖေပးခဲ့မယ္" "ဘယ္လိုအေတြးအေခၚမ်ားလဲအေဖ" "ဒီအေတြးအေခၚကို ေပးဖို႔အတြက္ အေဖ့ကို အခုခ်က္ျခင္း ထင္းမီးေသြးခဲ တတုံးနဲ႔ စႏၵကူးနံ႔သာ သစ္သားတတုံး သြားယူခဲ့ေခ်ကြယ္"

ဒီလိုနဲ႔ သားျဖစ္သူဟာ ဖခင္ ခိုင္းတဲ့အတိုင္းပဲ သြားယူေပးရတာေပါ့။ ပထမဆုံး စားဖိုေဆာင္ကို သြားၿပီး မီးေသြးတတုံး ႏႈိက္ခဲ့တယ္။ မီးေသြးခဲေတြက ေပါပါတယ္။ ရွားပါးတာကေတာ့ စႏၵကူးသား ပါပဲ။ ကံေကာင္းခ်င္ေတာ့ သူတို႔ ၿခံဝန္းထဲမွာ စႏၵကူးပင္ရွိတယ္ေလ။ စႏၵကူး ဆိုတာ နံ႔သာျဖဴ၊ နံ႔သာနီတို႔လို သစ္ေမႊးေပါ့။ စႏၵကူးသား တခုကို ခ်ိဳးဖဲ့ၿပီး ယူလာလိုက္ပါတယ္။

ဖခင္ျဖစ္သူက သူ႔ေရွ႕မွာ ယူလာတာေတြကို ခ်လိုက္ပါလို႔ ေျပာတယ္။ သားကလည္း ခ်ေပးလိုက္တာေပါ့။ ၿပီးတာနဲ႔ လက္ေဆးဖို႔ ထျပန္ထြက္ခဲ့တယ္။ အဲဒီအခါ ဖခင္က ခဏေနပါဦး ဆိုၿပီး သားရဲ႕ လက္ေတြကို ျပခိုင္းတယ္။ မီးေသြးခဲကို ကိုင္လာတဲ့ လက္မွာ မီးေသြးမႈန္ေတြ ျပာေတြ ေပက်ံေနတယ္။ စႏၵကူးသားကို ကိုင္လာတဲ့ လက္ကို ဖခင္က နမ္းၾကည့္ခိုင္းတယ္။ "ေမႊးပါတယ္ ဖခင္"

အဲဒီမွာပဲ ဖခင္က ေျပာေတာ့တယ္။ "သားေရ မင္းေတြ႕တယ္ မဟုတ္လား။ မီးေသြးကို ကိုင္တဲ့လက္ဟာ မီးေသြး မရွိေတာ့တာေတာင္ သူ႔ရဲ႕ အမႈန္အမႊားေတြ က်န္ခဲ့သကြယ္။ သစ္ေမႊးကို ကိုင္တဲ့ လက္ဟာလည္း သစ္ေမႊးကို လႊတ္ခ်လိုက္ေပမယ့္ အေမႊးနံ႔ စြဲၿပီး က်န္ခဲ့ပါတယ္။

အဲဒီလိုပဲ မေကာင္းတဲ့အမူအက်င့္၊ မေကာင္းတဲ့ စိတ္ထား ရွိသူေတြနဲ႔ ေပါင္းသင္းတဲ့အခါ သူတို႔နဲ႔ ေပါင္းသင္းခ်ိန္မွာလည္း မေကာင္းတဲ့ အက်ိဳးေတြရသလို၊ သူတို႔နဲ႔ မေပါင္းသင္းခ်ိန္မွာေတာင္ မေကာင္းတဲ့ သက္ေရာက္မႈေတြက က်န္ခဲ့တတ္ပါတယ္။

စိတ္ထားေကာင္းသူေတြ၊ ၾကင္နာတတ္သူေတြ၊ အျပဳအမူေကာင္း ရွိသူေတြနဲ႔ ေပါင္းသင္းတဲ့အခါ ေပါင္းသင္းခ်ိန္မွာပင္ ေကာင္းက်ိဳးရသလို၊ သူတို႔နဲ႔ ခြဲခြါရခ်ိန္မွာေတာင္ ကိုယ့္အတြက္ ေကာင္းတဲ့ ရလဒ္ေတြ က်န္ခဲ့တတ္ပါတယ္။ ဒါေတြကို မွတ္သားထားပါ"

အဲဒီလိုမ်ိဳး လက္ေတြ႕ရွင္းျပလိုက္တဲ့အခါ သားျဖစ္သူဟာ ဖခင္ပညာရွိ ဆိုလိုတာကို ေကာင္းမြန္စြာ နားလည္သြားၿပီး လိုက္နာပါ့မယ္ လို႔ ကတိျပဳလိုက္ပါေတာ့တယ္။ သံလြင္ျမင့္