တခါက အရမ်းချမ်းသာတဲ့ သူဌေးကြီးတဦး ရှိတယ်။ သူ့မှာ လုပ်ငန်းပေါင်းများစွာရှိပြီး နေ့စဉ်နေ့တိုင်း အလုပ်နဲ့ လုံးပန်းနေရတော့ ငြီးငွေ့လာတယ်။ ဒီကြားထဲ လုပ်ငန်းတွေက ထိုးကျလာတော့ ပိုပြီး စိတ်ဖိစီးမှုတွေ များလာတယ်။ မိမိလုပ်ငန်းအပေါ် အာရုံစူးစိုက်မှုမရှိပဲ သာမန်လူတယောက်လို နေချင်လာတယ်။

ဒီလိုနဲ့ သူဌေးကြီးလည်း စိတ်ပြေလက်ပျောက်ဆိုပြီး အိမ်နေရင်းဝတ်တဲ့ အဝတ်အစား အနွမ်းလေးနဲ့ လိုင်းကားစီးပြီး လျှောက်သွားလိုက်တယ်။ ပြီးတော့ လူအနည်းငယ်စည်တဲ့ နေရာတခုမှာ ဆင်းလိုက်တယ်။

ပထမဆုံး သူဌေးကြီးဟာ ကားပေါ်က တိုးဝှေ့ဆင်းပြီး ဘေးဘယ်ညာကို ကြည့်တယ်။ အနားမှာရှိတဲ့ ဝက်သားဒုတ်ထိုးဆိုင်ကို ဝင်လိုက်တယ်။ ဒုတ်ထိုးစားရင်း ဒုတ်ထိုးရောင်းတဲ့လူကို မေးလိုက်တယ်။

"ညီလေး ဒါတွေကုန်ရင် ဘယ်လောက်မြတ်လဲ" ဆိုတော့

"ရောင်းကုန်ရင် တသောင်းခွဲ နှစ်သောင်းနီးပါးပါ။ ပိုတော့လည်း ဟင်းစားပေါ့ အကိုရာ"

"ညီလေးစိတ်မညစ်ဘူးလား"

"လူပဲ အကိုရာ ပူပင်စရာတွေရှိတာပေါ့။ ပေးရမယ့် နေ့ပြန်တိုးတွေ ကလေးကျောင်းစရိတ်တွေ၊ လူမှုရေးတွေ သာရေးနာရေးကလည်း ရှိတယ်လေ။ ဒါတွေတွေးပြီး ထိုင်နေရင် ပြေလည်သွားမှာမှ မဟုတ်တာ"

သူဌေးကြီးက တခုခုကို သဘောကျသွားတယ်။ ခေါင်းလေးငြိမ့်ပြီး

" ဘယ်လောက်လဲညီ"

ကျသင့်တာကိုရှင်းပြီး ဒုတ်ထိုးသည်ဘေးက အအေးဆိုင် ဝင်လိုက်တယ်။

"ဆရာ ဘာသုံးဆောင်မလဲ၊ ဆားငံသီး ဖျော်ရည်နဲ့ အသီးမျိုးစုံ ရပါတယ်"

"ဆားငံသီးဖျော်ရည် တခွက်ပေးပါ"

"သမီးတို့ဆိုင်ကလူတွေက အပြုံးကိုယ်စီနဲ့နော်"

"ရှင်"

"အော် ဒီလိုပါ မျက်နှာမှာ အပြုံးကိုယ်စီနဲ့ ဆိုတော့ ပူပင်စရာတွေ မရှိကြဘူးပေါ့"

"အမလေး ဦးလေးရယ်။ သမီးက ဒီဆိုင်က ဝန်ထမ်းပါ တရက်ကို ၂၅၀၀ ရပါတယ်။ စူပုပ်နေတဲ့ ဧည်ခံသူကို ဘယ်သူက နှစ်သက်ပါ့မလဲ။ စားဝတ်နေရေးအတွက် အပူအပင်ဆိုတာ ရှိကြတာပဲလေ မပြည့်စုံ မလုံလောက်မှတော့ စိတ်မပါလည်းပြုံး စိတ်ပါလည်း ပြုံးနေရတဲ့ နေရာမှာ ဘယ်သူက ရှိချင်မှာလဲ။ စိတ်ညစ်နေလို့လည်း ဝမ်းက အလိုလို မဝလာဘူးလေဦးရဲ့"

သူဌေးကြီးအအေးဆိုင်မှာ အတော်ကြာကြာ ထိုင်လိုက်တယ်။ ပြီးတော့ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ စားသောက်ဆိုင်တဆိုင်ကို တွေ့သွားတယ်။ ပြီးတော့ black label တထောင့်၊ ဆိုဒါနှစ်ဗူး ရေသန့်ဗူးရယ် အမြည်းရယ်မှာပြီး သောက်နေလိုက်တယ်။

အဲ့အချိန်မှာ တခြားဝိုင်းက သောက်ရင်းစားရင်း မူးလာတော့ စားပွဲထိုးကောင်လေးကို ခေါ်ပြီး ရစ်တယ်။ ဆဲတယ် လုပ်ကြတယ်။ အဲ့ကောင်လေးက ပြုံးပြုံးလေးနဲ့ ပါးစပ်ကလည်း ဆရာ ဆိုတာလုံးဝမချ၊ ဒေါသမပါသော ပြောဆိုမှုတွေသာ မြင်နေရတယ်။ ခဏနေတော့ အချင်းချင်းထိန်းရင်း ပြီးဆုံးသွားတယ်။

"ရှင်းမယ်ညီလေး"

"ဆရာခေါ်ပါသလား"

"အင်း၊ ဟိုအစောက ညီလေးကို လွတ်ပေးပါလား"

"ခင်ဗျာ"

"အဆင်မပြေလို့လား"

"ရပါတယ်ခင်ဗျာ"

ကောင်လေးက ရောက်လာပြီး

"ဦးခေါ်တယ် ပြောပါတယ်"

"မင်းကို ဟိုဝိုင်းက ဆဲနေတာ ရစ်နေတာ ဦးမြင်တယ် ဘာလို့ ပြန်မပြောတာလဲ"

"ကျွန်တော်က ဆိုင်ဝန်ထမ်းပါခင်ဗျာ။ အမှန်အတိုင်း ဝန်ခံရရင်စိတ်ထဲ ဘယ်ကျေနပ်ပါ့မလဲ အဲ့ဒီလိုပဲ မိဘအသိုင်းအဝိုင်း ညီကိုမောင်နှမ တဦးတယောက်က သိရှိခဲ့ရင်လည်း ဘယ်စိတ်ချမ်းသာပါ့မလဲဦးရယ်"

"ဒါများကွာအလုပ်ပြောင်းပေါ့"

"ကျွန်တော်တို့ဘဝ ရွေးချယ်ခွင့်ကို ရေလိုသုံးလို့မရဘူး။ ပြီးတော့ ကျွန်တော့်ပညာအရည်အချင်းကလည်း မပြည့်စုံပါဘူး။ တလနှစ်သိန်း ရဖို့အတွက် ဆိုပေမယ့် ကျွန်တော့်လစာကို မှီခိုနေရတဲ့ အမေ့မျက်နှာမြင်တိုင်း ဒေါသတွေ မာနတွေက အပြုံးဖြစ်ရတယ်။ မခံချင်စိတ်တွေ ထွက်လာတိုင်း အဖေ ပင်စင်လစာနဲ့ မလုံလောက်တဲ့ စားဝတ်နေရေးက ခေါင်းထဲပေါ်လာတိုင်း ဟုတ်ကဲ့ဆိုတဲ့ စကားလုံးက ပြောပြီးသား ဖြစ်သွားတယ်"

"ဘယ်လောက်ကျလဲ။ ပိုတာယူထားလိုက်တော့ ကျေးဇူးအများကြီးတင်တယ်ညီလေး"

"ကျွန်တော်က တင်ရမှာပါ"

"သဘောကွာ မင်းအလုပ်ပြောင်းမလား မင်းရတာထက် ပိုပေးမယ်"

"ကျိန်းသေပြီး အာမခံချက် ရှိရင် ဒီထက်မဆိုးရင် ပြောင်းချင်ပါတယ်"

"မင်းဖုန်းနံပါတ်ပေးလိုက်"

သူဌေးကြီး စိတ်ကြည်လင်သွားတယ်။ သူ့အိမ်ကို ကားငှါးပြန်တယ်။ ကားပေါ်မှာ သူရဲ့ အခက်အခဲဆိုတာကို တွေးလိုက် ရယ်လိုက်နဲ့ သူ့အတွေးနဲ့သူ ပျော်လာတယ်။ ဒါကို တက္ကစီသမားက နောက်ကြည့်မှန်က ကြည့်ပြီး ဒီလူ အမူးလွန်နေတာလားမသိဘူးဆိုပြီး

"အကို အဆင်ပြေရဲ့လားဗျ"

"ဟုတ်ကဲ့ပြေပါတယ် ဘာလို့လဲဗျ"

"ဘာမှမဟုတ်ပါဘူးခင်ဗျာ မူးနေတော့"

"ရပါတယ်ဗျ"

"ရောက်ပြီခင်ဗျ"

"ကားဆရာရော့ အဆင်ပြေပါစေ"

ကျသင့်ငွေပေးပြီး ခြံတံခါးဖွင့်ဖို့ ဘဲလ်တီးလိုက်တယ်။

ခဏနေတော့ ခြံစောင့်အဖိုးအိုကြီး သော့လာဖွင့်တယ်။ ရေဒီယိုလေးက ဖွင့်ရက်လေး သူဌေးက ရေဒီယိုဆီ မျက်စိရောက်သွားတော့ အဖိုးအိုခင်ဗျာ အပြေးတပိုင်းလေး ပြေးပိတ်တယ်။

"သူဌေးက ခင်ဗျားဘာလို့ပိတ်တာလဲ"

"သူဌေးမကြိုက်ဘူးထင်လို့ပါ"

"ဘာလို့လဲလို့ အဖြေတခုပေးပါ။ မဟုတ်ရင် မနက်ဖြန် အလုပ်နားရမယ်"

သူဌေးက တမင်သိချင်လို့ မေးလိုက်ခြင်းပါ။ အဖိုးအိုဖြေတဲ့စကားက ရိုးရိုးရှင်းရှင်းလေးပါ။

"မြေးလေး ကျောင်းမပြီးသေးလို့တဲ့"

သူဌေး ဘာမှမပြောဘူး။ မနက်မပြန်ခင် ကျွန်တော့်ကို လာတွေ့ပါတဲ့။ အိပ်ရာဝင်ခါနီး စာအုပ်တအုပ်မှာ စာတချို့ ရေးမှတ်လိုက်တယ်။

"ကိုယ့်အတ္တကြောင့်သာ ပတ်ဝန်းကျင်ကို မေ့နေခဲ့သည်။ ကိုယ့်စိတ်ရဲ့ ခေါ်ဆောင်ရာမှာ တပါးသူတွေရဲ့ စိတ်တွေကို မေ့နေခဲ့တယ်"

မိုးပေါ်ကို မော့ကြည့်မိတိုင်း မြေပေါ်ရပ်နေတာကို မေ့မြောသွားတယ်။ လူဆိုတာသောက အပူတွေနဲ့ ပြည့်နှက်နေတာ ထိုအပူကို လောင်စာဖြည့်ပြီး ထိုင်မနေသင့်ပါ။ ခြံစောင့်အဖိုးအိုရဲ့လစာ နှစ်ဆ ဖြစ်သွားတယ်။

စားသောက်ဆိုင်က စားပွဲထိုးလေးဟာ သူဌေးကြီးရဲ့ လုပ်ငန်းတခုမှာ လုံခြုံရေးမှူးဖြစ်လာတယ်။ အအေးဆိုင်က ကောင်မလေးဟာ သူဌေးကြီးရုံးခန်းရဲ့ ဧည်ကြို ဖြစ်လာတယ်။ ဘဝဆိုတာ မိုးပေါ်မော့ကြည့်နေရုံနဲ့ ဖြတ်သန်းလို့မရဘူးဆိုတာ။ crd

Zawgyi

မိုးေပၚကိုပဲ ေမာ့မၾကည့္ပါနဲ႔

တခါက အရမ္းခ်မ္းသာတဲ့ သူေဌးႀကီးတဦး ရွိတယ္။ သူ႔မွာ လုပ္ငန္းေပါင္းမ်ားစြာရွိၿပီး ေန႔စဥ္ေန႔တိုင္း အလုပ္နဲ႔ လုံးပန္းေနရေတာ့ ၿငီးေငြ႕လာတယ္။ ဒီၾကားထဲ လုပ္ငန္းေတြက ထိုးက်လာေတာ့ ပိုၿပီး စိတ္ဖိစီးမႈေတြ မ်ားလာတယ္။ မိမိလုပ္ငန္းအေပၚ အာ႐ုံစူးစိုက္မႈမရွိပဲ သာမန္လူတေယာက္လို ေနခ်င္လာတယ္။ ဒီလိုနဲ႔ သူေဌးႀကီးလည္း စိတ္ေျပလက္ေပ်ာက္ဆိုၿပီး အိမ္ေနရင္းဝတ္တဲ့ အဝတ္အစား အႏြမ္းေလးနဲ႔ လိုင္းကားစီးၿပီး ေလွ်ာက္သြားလိုက္တယ္။ ၿပီးေတာ့ လူအနည္းငယ္စည္တဲ့ ေနရာတခုမွာ ဆင္းလိုက္တယ္။

ပထမဆုံး သူေဌးႀကီးဟာ ကားေပၚက တိုးေဝွ႔ဆင္းၿပီး ေဘးဘယ္ညာကို ၾကည့္တယ္။ အနားမွာရွိတဲ့ ဝက္သားဒုတ္ထိုးဆိုင္ကို ဝင္လိုက္တယ္။ ဒုတ္ထိုးစားရင္း ဒုတ္ထိုးေရာင္းတဲ့လူကို ေမးလိုက္တယ္။ "ညီေလး ဒါေတြကုန္ရင္ ဘယ္ေလာက္ျမတ္လဲ" ဆိုေတာ့ "ေရာင္းကုန္ရင္ တေသာင္းခြဲ ႏွစ္ေသာင္းနီးပါးပါ။ ပိုေတာ့လည္း ဟင္းစားေပါ့ အကိုရာ" "ညီေလးစိတ္မညစ္ဘူးလား" "လူပဲ အကိုရာ ပူပင္စရာေတြရွိတာေပါ့။ ေပးရမယ့္ ေန႔ျပန္တိုးေတြ ကေလးေက်ာင္းစရိတ္ေတြ၊ လူမႈေရးေတြ သာေရးနာေရးကလည္း ရွိတယ္ေလ။ ဒါေတြေတြးၿပီး ထိုင္ေနရင္ ေျပလည္သြားမွာမွ မဟုတ္တာ"

သူေဌးႀကီးက တခုခုကို သေဘာက်သြားတယ္။ "ေခါင္းေလးၿငိမ့္ၿပီး ဘယ္ေလာက္လဲညီ" က်သင့္တာကိုရွင္းၿပီး ဒုတ္ထိုးသည္ေဘးက အေအးဆိုင္ ဝင္လိုက္တယ္။ "ဆရာ ဘာသုံးေဆာင္မလဲ၊ ဆားငံသီး ေဖ်ာ္ရည္နဲ႔ အသီးမ်ိဳးစုံ ရပါတယ္" "ဆားငံသီးေဖ်ာ္ရည္ တခြက္ေပးပါ" "သမီးတို႔ဆိုင္ကလူေတြက အၿပဳံးကိုယ္စီနဲ႔ေနာ္" "ရွင္" "ေအာ္ ဒီလိုပါ မ်က္ႏွာမွာ အၿပဳံးကိုယ္စီနဲ႔ ဆိုေတာ့ ပူပင္စရာေတြ မရွိၾကဘူးေပါ့"

"အမေလး ဦးေလးရယ္။ သမီးက ဒီဆိုင္က ဝန္ထမ္းပါ တရက္ကို ၂၅၀၀ ရပါတယ္။ စူပုပ္ေနတဲ့ ဧည္ခံသူကို ဘယ္သူက ႏွစ္သက္ပါ့မလဲ။ စားဝတ္ေနေရးအတြက္ အပူအပင္ဆိုတာ ရွိၾကတာပဲေလ မျပည့္စုံ မလုံေလာက္မွေတာ့ စိတ္မပါလည္းၿပဳံး စိတ္ပါလည္း ၿပဳံးေနရတဲ့ ေနရာမွာ ဘယ္သူက ရွိခ်င္မွာလဲ။ စိတ္ညစ္ေနလို႔လည္း ဝမ္းက အလိုလို မဝလာဘူးေလဦးရဲ႕"

သူေဌးႀကီးအေအးဆိုင္မွာ အေတာ္ၾကာၾကာ ထိုင္လိုက္တယ္။ ၿပီးေတာ့ ဟိုေလွ်ာက္လိုက္ ဒီေလွ်ာက္လိုက္နဲ႔ စားေသာက္ဆိုင္တဆိုင္ကို ေတြ႕သြားတယ္။ ၿပီးေတာ့ black label တေထာင့္၊ ဆိုဒါႏွစ္ဗူး ေရသန႔္ဗူးရယ္ အျမည္းရယ္မွာၿပီး ေသာက္ေနလိုက္တယ္။ အဲ့အခ်ိန္မွာ တျခားဝိုင္းက ေသာက္ရင္းစားရင္း မူးလာေတာ့ စားပြဲထိုးေကာင္ေလးကို ေခၚၿပီး ရစ္တယ္။ ဆဲတယ္ လုပ္ၾကတယ္။ အဲ့ေကာင္ေလးက ၿပဳံးၿပဳံးေလးနဲ႔ ပါးစပ္ကလည္း ဆရာ ဆိုတာလုံးဝမခ်၊ ေဒါသမပါေသာ ေျပာဆိုမႈေတြသာ ျမင္ေနရတယ္။ ခဏေနေတာ့ အခ်င္းခ်င္းထိန္းရင္း ၿပီးဆုံးသြားတယ္။

"ရွင္းမယ္ညီေလး" "ဆရာေခၚပါသလား" "အင္း၊ ဟိုအေစာက ညီေလးကို လြတ္ေပးပါလား" "ခင္ဗ်ာ" "အဆင္မေျပလို႔လား" "ရပါတယ္ခင္ဗ်ာ" ေကာင္ေလးက ေရာက္လာၿပီး "ဦးေခၚတယ္ ေျပာပါတယ္" "မင္းကို ဟိုဝိုင္းက ဆဲေနတာ ရစ္ေနတာ ဦးျမင္တယ္ ဘာလို႔ ျပန္မေျပာတာလဲ" "ကြၽန္ေတာ္က ဆိုင္ဝန္ထမ္းပါခင္ဗ်ာ။ အမွန္အတိုင္း ဝန္ခံရရင္စိတ္ထဲ ဘယ္ေက်နပ္ပါ့မလဲ အဲ့ဒီလိုပဲ မိဘအသိုင္းအဝိုင္း ညီကိုေမာင္ႏွမ တဦးတေယာက္က သိရွိခဲ့ရင္လည္း ဘယ္စိတ္ခ်မ္းသာပါ့မလဲဦးရယ္" "ဒါမ်ားကြာအလုပ္ေျပာင္းေပါ့"

"ကြၽန္ေတာ္တို႔ဘဝ ေ႐ြးခ်ယ္ခြင့္ကို ေရလိုသုံးလို႔မရဘူး။ ၿပီးေတာ့ ကြၽန္ေတာ့္ပညာအရည္အခ်င္းကလည္း မျပည့္စုံပါဘူး။ တလႏွစ္သိန္း ရဖို႔အတြက္ ဆိုေပမယ့္ ကြၽန္ေတာ့္လစာကို မွီခိုေနရတဲ့ အေမ့မ်က္ႏွာျမင္တိုင္း ေဒါသေတြ မာနေတြက အၿပဳံးျဖစ္ရတယ္။ မခံခ်င္စိတ္ေတြ ထြက္လာတိုင္း အေဖ ပင္စင္လစာနဲ႔ မလုံေလာက္တဲ့ စားဝတ္ေနေရးက ေခါင္းထဲေပၚလာတိုင္း ဟုတ္ကဲ့ဆိုတဲ့ စကားလုံးက ေျပာၿပီးသား ျဖစ္သြားတယ္" "ဘယ္ေလာက္က်လဲ။ ပိုတာယူထားလိုက္ေတာ့ ေက်းဇူးအမ်ားႀကီးတင္တယ္ညီေလး" "ကြၽန္ေတာ္က တင္ရမွာပါ" "သေဘာကြာ မင္းအလုပ္ေျပာင္းမလား မင္းရတာထက္ ပိုေပးမယ္" "က်ိန္းေသၿပီး အာမခံခ်က္ ရွိရင္ ဒီထက္မဆိုးရင္ ေျပာင္းခ်င္ပါတယ္" "မင္းဖုန္းနံပါတ္ေပးလိုက္"

သူေဌးႀကီး စိတ္ၾကည္လင္သြားတယ္။ သူ႔အိမ္ကို ကားငွါးျပန္တယ္။ ကားေပၚမွာ သူရဲ႕ အခက္အခဲဆိုတာကို ေတြးလိုက္ ရယ္လိုက္နဲ႔ သူ႔အေတြးနဲ႔သူ ေပ်ာ္လာတယ္။ ဒါကို တကၠစီသမားက ေနာက္ၾကည့္မွန္က ၾကည့္ၿပီး ဒီလူ အမူးလြန္ေနတာလားမသိဘူးဆိုၿပီး "အကို အဆင္ေျပရဲ႕လားဗ်" "ဟုတ္ကဲ့ေျပပါတယ္ ဘာလို႔လဲဗ်" "ဘာမွမဟုတ္ပါဘူးခင္ဗ်ာ မူးေနေတာ့" "ရပါတယ္ဗ်" "ေရာက္ၿပီခင္ဗ်" "ကားဆရာေရာ့ အဆင္ေျပပါေစ" က်သင့္ေငြေပးၿပီး ၿခံတံခါးဖြင့္ဖို႔ ဘဲလ္တီးလိုက္တယ္။

ခဏေနေတာ့ ၿခံေစာင့္အဖိုးအိုႀကီး ေသာ့လာဖြင့္တယ္။ ေရဒီယိုေလးက ဖြင့္ရက္ေလး သူေဌးက ေရဒီယိုဆီ မ်က္စိေရာက္သြားေတာ့ အဖိုးအိုခင္ဗ်ာ အေျပးတပိုင္းေလး ေျပးပိတ္တယ္။ "သူေဌးက ခင္ဗ်ားဘာလို႔ပိတ္တာလဲ" "သူေဌးမႀကိဳက္ဘူးထင္လို႔ပါ" "ဘာလို႔လဲလို႔ အေျဖတခုေပးပါ။ မဟုတ္ရင္ မနက္ျဖန္ အလုပ္နားရမယ္" သူေဌးက တမင္သိခ်င္လို႔ ေမးလိုက္ျခင္းပါ။ အဖိုးအိုေျဖတဲ့စကားက ႐ိုး႐ိုးရွင္းရွင္းေလးပါ။ "ေျမးေလး ေက်ာင္းမၿပီးေသးလို႔တဲ့"

သူေဌး ဘာမွမေျပာဘူး။ မနက္မျပန္ခင္ ကြၽန္ေတာ့္ကို လာေတြ႕ပါတဲ့။ အိပ္ရာဝင္ခါနီး စာအုပ္တအုပ္မွာ စာတခ်ိဳ႕ ေရးမွတ္လိုက္တယ္။ "ကိုယ့္အတၱေၾကာင့္သာ ပတ္ဝန္းက်င္ကို ေမ့ေနခဲ့သည္။ ကိုယ့္စိတ္ရဲ႕ ေခၚေဆာင္ရာမွာ တပါးသူေတြရဲ႕ စိတ္ေတြကို ေမ့ေနခဲ့တယ္" မိုးေပၚကို ေမာ့ၾကည့္မိတိုင္း ေျမေပၚရပ္ေနတာကို ေမ့ေျမာသြားတယ္။ လူဆိုတာေသာက အပူေတြနဲ႔ ျပည့္ႏွက္ေနတာ ထိုအပူကို ေလာင္စာျဖည့္ၿပီး ထိုင္မေနသင့္ပါ။ ၿခံေစာင့္အဖိုးအိုရဲ႕လစာ ႏွစ္ဆ ျဖစ္သြားတယ္။ စားေသာက္ဆိုင္က စားပြဲထိုးေလးဟာ သူေဌးႀကီးရဲ႕ လုပ္ငန္းတခုမွာ လုံၿခဳံေရးမႉးျဖစ္လာတယ္။ အေအးဆိုင္က ေကာင္မေလးဟာ သူေဌးႀကီး႐ုံးခန္းရဲ႕ ဧည္ႀကိဳ ျဖစ္လာတယ္။ ဘဝဆိုတာ မိုးေပၚေမာ့ၾကည့္ေန႐ုံနဲ႔ ျဖတ္သန္းလို႔မရဘူးဆိုတာ။ crd