Skin care က မိန်းကလေးတွေတိုင်းအတွက် အရေးပါပါတယ်။ Skin care နေပေမယ့် အချို့အချက်တွေကြောင့် အသားအရေက ထင်သလောက် မလှတာလည်း ရှိပါတယ်။ အဲဒါတွေကတော့ မနက်ခင်းပိုင်းမှာ လုပ်မိတဲ့ အလေ့အထအချို့ပါ။

၁။ မနက်စာကို အုတ်ဂျုံမှုန့်စားခြင်း

အုတ်ဂျုံမှုန့်ကို မနက်စာမှာ ထည့်သွင်းစာတာက အာဟာရ ဖြစ်စေပါတယ်။ ဒါပေမယ့် သင်က မျက်နှာ အသားအရေကို ဂရုစိုက်သူ ဆိုရင်တော့ မစားသင့်ပါဘူး။ အုတ်ဂျုံမှုန့်က အသားအရေကို ခြောက်သွေ့စေလို့ပါ။

၂။ ရေချိုးချိန် ကြာခြင်း

မနက်ခင်း အိပ်ရာထရင် ရေချိုးလိုက်ရင် အရမ်းကို လန်းဆန်းသွားတာပါ။ ဒါပေမယ့် ရေကို အချိန်ကြာကြာ ချိုးတာ၊ ရေနွေးနဲ့ ချိုးတာကတော့ အသားအရေအတွက် မကောင်းပါဘူး။ ရေနွေးနဲ့ ရေချိုးတာက အသားအရေအတွက် လိုအပ်တဲ့ ရေဓါတ်ကို နည်းပါးသွားစေပါတယ်။

၃။ အိပ်ရာနိုးနိုးချင်း ကော်ဖီသောက်ခြင်း

တချို့က မနက်ခင်းမှာ ကော်ဖီ မသောက်ရရင် လုံးဝကို မနေနိုင်ပါဘူး။ ဒါပေမယ့် မနက်စာ မစားခင်မှာ ကော်ဖီသောက်ရင်တော့ အသားအရေအတွက် မကောင်းပါဘူး။ ကော်ဖီက ရေဓါတ်တွေကို ခန်းခြောက်စေပါတယ်။ မနက်တိုင်း ကော်ဖီသောက်ရင် ကြာလာတဲ့အခါ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။

၄၊ Sunscreen ကို အပြင်ထွက်မှသာ လိမ်းခြင်း

Sunscreen က နေပူထဲသွားရင် အသားအရေကို ကာကွယ်ပေးပြီး အရိပ်ထဲမှာဆိုရင် အရေးအကြောင်းတွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။ သင်က နေပူထဲမထွက်ဘဲ အရိပ်ထဲမှာ နေသူဆိုရင်တောင် sunscreen ကို နေ့တိုင်း လိမ်းပေးသင့်ပါတယ်။

၅။ Skincare နည်းမပြောင်းခြင်း

Skincare နည်းက ရာသီဥတုကို လိုက်ပြီး ပြောင်းလဲသင့်တယ်လို့ အရေပြားဆရာဝန်တွေက အကြံပေးပါတယ်။ နွေရာသီဆိုရင် skincare နည်းက တစ်မျိုးဖြစ်မှာဖြစ်ပြီး ဆောင်းရာသီဆိုရင် skincare နည်းက တစ်မျိုးဖြစ်နေမှာပါ။

၆။ မျက်နှာသစ်ဆေး မှားခြင်း

ညအိပ်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ရေဓါတ် နည်းပါးသွားတာကြောင့် အဆီတွေ ပိုထွက်လာပါတယ်။ အဲဒါကြောင့် မနက်အိပ်ရာထရင် မျက်နှာက အဆီပြန်နေတာပါ။ မျက်နှာမှာ အဆီတွေ ကင်းနေအောင် cleanser ကို နူးညံ့တဲ့ cleanser ထဲကနေပဲ ရွေးသုံးသင့်ပါတယ်။ ပြီးတော့ မျက်နှာမခြောက်ခင် moisturizer လိမ်းဖို့လည်း အရေးကြီး ပါတယ်နော်။

Zombie (lovemedia)

for zawgyi

Skincare ေပမယ့္ သိပ္မသိသာလာတာ ဒီ (၆) ခုေၾကာင့္ပါ

Skin care က မိန္းကေလးေတြတိုင္းအတြက္ အေရးပါပါတယ္။ Skin care ေနေပမယ့္ အခ်ိဳ႕အခ်က္ေတြေၾကာင့္ အသားအေရက ထင္သေလာက္ မလွတာလည္း ရွိပါတယ္။ အဲဒါေတြကေတာ့ မနက္ခင္းပိုင္းမွာ လုပ္မိတဲ့ အေလ့အထအခ်ိဳ႕ပါ။

၁။ မနက္စာကို အုတ္ဂ်ဳံမႈန႔္စားျခင္း

အုတ္ဂ်ဳံမႈန႔္ကို မနက္စာမွာ ထည့္သြင္းစာတာက အာဟာရ ျဖစ္ေစပါတယ္။ ဒါေပမယ့္ သင္က မ်က္ႏွာ အသားအေရကို ဂ႐ုစိုက္သူ ဆိုရင္ေတာ့ မစားသင့္ပါဘူး။ အုတ္ဂ်ဳံမႈန႔္က အသားအေရကို ေျခာက္ေသြ႕ေစလို႔ပါ။

၂။ ေရခ်ိဳးခ်ိန္ ၾကာျခင္း

မနက္ခင္း အိပ္ရာထရင္ ေရခ်ိဳးလိုက္ရင္ အရမ္းကို လန္းဆန္းသြားတာပါ။ ဒါေပမယ့္ ေရကို အခ်ိန္ၾကာၾကာ ခ်ိဳးတာ၊ ေရေႏြးနဲ႔ ခ်ိဳးတာကေတာ့ အသားအေရအတြက္ မေကာင္းပါဘူး။ ေရေႏြးနဲ႔ ေရခ်ိဳးတာက အသားအေရအတြက္ လိုအပ္တဲ့ ေရဓါတ္ကို နည္းပါးသြားေစပါတယ္။

၃။ အိပ္ရာႏိုးႏိုးခ်င္း ေကာ္ဖီေသာက္ျခင္း

တခ်ိဳ႕က မနက္ခင္းမွာ ေကာ္ဖီ မေသာက္ရရင္ လုံးဝကို မေနႏိုင္ပါဘူး။ ဒါေပမယ့္ မနက္စာ မစားခင္မွာ ေကာ္ဖီေသာက္ရင္ေတာ့ အသားအေရအတြက္ မေကာင္းပါဘူး။ ေကာ္ဖီက ေရဓါတ္ေတြကို ခန္းေျခာက္ေစပါတယ္။ မနက္တိုင္း ေကာ္ဖီေသာက္ရင္ ၾကာလာတဲ့အခါ အ႐ြယ္မတိုင္ခင္ အေရးအေၾကာင္းေတြ ျဖစ္လာေစပါတယ္။

၄၊ Sunscreen ကို အျပင္ထြက္မွသာ လိမ္းျခင္း

Sunscreen က ေနပူထဲသြားရင္ အသားအေရကို ကာကြယ္ေပးၿပီး အရိပ္ထဲမွာဆိုရင္ အေရးအေၾကာင္းေတြ ျဖစ္မလာေအာင္ ကာကြယ္ေပးပါတယ္။ သင္က ေနပူထဲမထြက္ဘဲ အရိပ္ထဲမွာ ေနသူဆိုရင္ေတာင္ sunscreen ကို ေန႔တိုင္း လိမ္းေပးသင့္ပါတယ္။

၅။ Skincare နည္းမေျပာင္းျခင္း

Skincare နည္းက ရာသီဥတုကို လိုက္ၿပီး ေျပာင္းလဲသင့္တယ္လို႔ အေရျပားဆရာဝန္ေတြက အႀကံေပးပါတယ္။ ေႏြရာသီဆိုရင္ skincare နည္းက တစ္မ်ိဳးျဖစ္မွာျဖစ္ၿပီး ေဆာင္းရာသီဆိုရင္ skincare နည္းက တစ္မ်ိဳးျဖစ္ေနမွာပါ။

၆။ မ်က္ႏွာသစ္ေဆး မွားျခင္း

ညအိပ္တဲ့အခါမွာ ခႏၶာကိုယ္မွာ ေရဓါတ္ နည္းပါးသြားတာေၾကာင့္ အဆီေတြ ပိုထြက္လာပါတယ္။ အဲဒါေၾကာင့္ မနက္အိပ္ရာထရင္ မ်က္ႏွာက အဆီျပန္ေနတာပါ။ မ်က္ႏွာမွာ အဆီေတြ ကင္းေနေအာင္ cleanser ကို ႏူးညံ့တဲ့ cleanser ထဲကေနပဲ ေ႐ြးသုံးသင့္ပါတယ္။ ၿပီးေတာ့ မ်က္ႏွာမေျခာက္ခင္ moisturizer လိမ္းဖို႔လည္း အေရးႀကီး ပါတယ္ေနာ္။

Zombie (lovemedia)