အလုပ်ချိန်မှာ မင်း Facebook သုံးတယ်၊ Coffee သောက်တယ်၊ အလုပ်ပေါ် အရေးမထားဘူး။ ဒါကြောင့် မင်း OT ဆင်းရတယ်။ ငါက အလုပ်ကို မြန်မြန်ပြီးအောင် အရင်ကြိုးစာတယ်။ OT ဆင်းစရာ မလိုအောင် ငါကြိုးစားတယ်။ ဒါမှ ငါ့မှာ အလုပ်ချိန်အပြင် အချိန်ပိုရှိမှာလေ။

ရုံးဆင်းချိန်မှာ မင်းသူငယ်ချင်းနဲ့ မင်း Beer သောက်တယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ ဒါမှမဟုတ် မင်းအပြင်ကို ထွက်လည်တယ်။ ငါက Youtube မှာ ဟင်းချက်နည်းတွေ ငါ့အိမ်မှာ ထိုင်ကြည့်တယ်၊ လေ့လာတယ်။ ပြီးတော့ ငါလက်တွေ့ စမ်းလုပ်ကြည့်တယ်။

ရုံးပိတ်ရက် မင်းအိပ်ရာထ နောက်ကျတယ်၊ shopping center မှာ လျှောက်ပတ်တယ်၊ နယ်ဘက်သွားလည်တယ်။ ငါက မနက်အစောကြီးထတယ်၊ ငါ Youtube မှာ သင်ထားတဲ့ ဟင်းချက်နည်းနဲ့ ငါတခုခုချက်ပြီး ငါရောင်းတယ်။ အစကတော့ ဝယ်တဲ့သူသိပ်မရှိပေမဲ့ ငါကောင်းသထက် ကောင်းအောင် ငါကြိုးစားတယ်။

ရက်ရှည်ရုံးပိတ်ရက်မှာ မင်းက ခရီးထွက်လည်တယ်၊ ကမ်းခြေသွားမယ် ဓာတ်ပုံရိုက်တယ်၊ Facebook ပေါ် တက်ကြွားတယ်။ ငါက Online ကနေ ကိုယ်ရောင်းချင်တဲ့ အရာကို ဘယ်လိုရောင်းရမှာလဲဆိုတာ ငါအိမ်မှာ လေ့လာတယ်။

ပိတ်ရက်လဲပြီးရော မင်းက ပိုက်ဆံ ပြောင်ရော။ ငါက online Selling ကနေတဆင့် ဝင်ငွေ နောက်တလမ်းရှိပြီ။ နောက် ၂ နှစ် ၃ နှစ် ကြာသွားတဲ့အခါ မင်းဘဝက အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး။ ပြီးတော့ ဒီအကြောင်းပြချက်တွေနဲ့ တိုင်ပတ်နေ တယ်။ ငါအဆင်သင့်မဖြစ်သေးဘူး၊ ငါအရင်းအနှီး လိုသေးတယ်၊ ငါအခွင့်အရေး မရှိသေးဘူး။

ငါက ငါရောင်းတဲ့ အစားအစာတွေ သဘောကျတဲ့သူ ရှိလာတော့ ငါဆိုင်ခွဲ အများကြီးဖွင့်တယ်။ အလုပ်သမားကို ငါရာခိုင်နှုန်းခွဲပေးတော့ ငါကိုယ်တိုင် သွားထိုင်ရောင်းစရာ မလိုဘူး။ ပြီးတော့ ငါ့ရဲ့ Online စီးပွားရေးက အစက နဲနဲတော့ ရောင်းရတယ် ၃၊ ၄ ကြိမ်လောက် ငါကျရှုံးတယ်။ ငါ့လိုအပ်ချက်ကို ငါပြုပြင်တယ်၊ နောက်ဆုံးတော့ ငါ့ online ပေါ်ကဆိုင်လဲ နာမည်ရနေပြီ။

ဆယ်နှစ်လောက် ကျော်သွားတဲ့အခါ မင်းငါ့ကိုကြည့်တဲ့အမြင်က "အေးပါကွာ မင်းတော်တော် ကံကောင်းတာပဲ အခွင့်အရေးကမင်းဆီပဲ ဝင်ဝင်လာတယ်။ တကယ်မေးပါရစေ မင်းဘယ်က အချိန်ပိုရှိလို့ လုပ်နိုင်တာလဲ။

ငါ မင်းလိုသာ အချိန်ပိုရှိရင် ငါလဲ လုပ်နိုင်ပါတယ်။ ငါတို့ လူတွေက ကံကွာတယ်ကွာ၊ မင်းအရင်ဘဝက ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့နေမှာ။ ဒါကြောင့် မင်းအမြဲတမ်း ကံကောင်းနေတာ" တဲ့။

ငါမင်းကိုကြည့်တဲ့အမြင်က "မင်းဘယ်သိမှာလဲ ငါဒီနေရာ ရောက်ဖို့ ဘယ်လောက်ထိ ပေးဆပ်ရလဲဆိုတာ မင်းကိုပြောပြတယ်၊ မင်းကို သတိပေးတယ်၊ မင်းက ခေါင်းထဲမှမထည့်တာ။ တခါတလေ မင်းထိုင်ပြီး တွေးတာကို မြင်ပါတယ်။

ဒါပေမဲ့ မင်းလက်တွေ့ ချလုပ်တာကို ငါဘယ်တော့မှ မမြင်ဘူး။ မင်းက သူများမှားတယ်ဆိုပြီး အပြစ်တင်တယ်၊ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အပြစ်မတင်ဘူး။ မင်းငါ့ကို ချီးကျူးတဲ့အချိန်မှာ ငါလဲပြုံးပြတယ်။ ဟုတ်မှာပေါ့ ငါကံကောင်းပါတယ် မင်းထက်ငါ ကြိုးစားချင်တဲ့စိတ် ရှိတဲ့အတွက်ကြောင့်ပါ" crd

Zawgyi

မင္းနဲ႔ငါရဲ႕ ခ်မ္းသာမႈက ဘာျဖစ္လို႔ကြာျခားရတာလဲ

အလုပ္ခ်ိန္မွာ မင္း Facebook သုံးတယ္၊ Coffee ေသာက္တယ္၊ အလုပ္ေပၚ အေရးမထားဘူး။ ဒါေၾကာင့္ မင္း OT ဆင္းရတယ္။ ငါက အလုပ္ကို ျမန္ျမန္ၿပီးေအာင္ အရင္ႀကိဳးစာတယ္။ OT ဆင္းစရာ မလိုေအာင္ ငါႀကိဳးစားတယ္။ ဒါမွ ငါ့မွာ အလုပ္ခ်ိန္အျပင္ အခ်ိန္ပိုရွိမွာေလ။

႐ုံးဆင္းခ်ိန္မွာ မင္းသူငယ္ခ်င္းနဲ႔ မင္း Beer ေသာက္တယ္၊ လက္ဖက္ရည္ဆိုင္ ထိုင္တယ္။ ဒါမွမဟုတ္ မင္းအျပင္ကို ထြက္လည္တယ္။ ငါက Youtube မွာ ဟင္းခ်က္နည္းေတြ ငါ့အိမ္မွာ ထိုင္ၾကည့္တယ္၊ ေလ့လာတယ္။ ၿပီးေတာ့ ငါလက္ေတြ႕ စမ္းလုပ္ၾကည့္တယ္။

႐ုံးပိတ္ရက္ မင္းအိပ္ရာထ ေနာက္က်တယ္၊ shopping center မွာ ေလွ်ာက္ပတ္တယ္၊ နယ္ဘက္သြားလည္တယ္။ ငါက မနက္အေစာႀကီးထတယ္၊ ငါ Youtube မွာ သင္ထားတဲ့ ဟင္းခ်က္နည္းနဲ႔ ငါတခုခုခ်က္ၿပီး ငါေရာင္းတယ္။ အစကေတာ့ ဝယ္တဲ့သူသိပ္မရွိေပမဲ့ ငါေကာင္းသထက္ ေကာင္းေအာင္ ငါႀကိဳးစားတယ္။

ရက္ရွည္႐ုံးပိတ္ရက္မွာ မင္းက ခရီးထြက္လည္တယ္၊ ကမ္းေျခသြားမယ္ ဓာတ္ပုံ႐ိုက္တယ္၊ Facebook ေပၚ တက္ႂကြားတယ္။ ငါက Online ကေန ကိုယ္ေရာင္းခ်င္တဲ့ အရာကို ဘယ္လိုေရာင္းရမွာလဲဆိုတာ ငါအိမ္မွာ ေလ့လာတယ္။

ပိတ္ရက္လဲၿပီးေရာ မင္းက ပိုက္ဆံ ေျပာင္ေရာ။ ငါက online Selling ကေနတဆင့္ ဝင္ေငြ ေနာက္တလမ္းရွိၿပီ။ ေနာက္ ၂ ႏွစ္ ၃ ႏွစ္ ၾကာသြားတဲ့အခါ မင္းဘဝက အရင္အတိုင္းဘဲ ဘာမွမေျပာင္းလဲဘူး။ ၿပီးေတာ့ ဒီအေၾကာင္းျပခ်က္ေတြနဲ႔ တိုင္ပတ္ေန တယ္။ ငါအဆင္သင့္မျဖစ္ေသးဘူး၊ ငါအရင္းအႏွီး လိုေသးတယ္၊ ငါအခြင့္အေရး မရွိေသးဘူး။

ငါက ငါေရာင္းတဲ့ အစားအစာေတြ သေဘာက်တဲ့သူ ရွိလာေတာ့ ငါဆိုင္ခြဲ အမ်ားႀကီးဖြင့္တယ္။ အလုပ္သမားကို ငါရာခိုင္ႏႈန္းခြဲေပးေတာ့ ငါကိုယ္တိုင္ သြားထိုင္ေရာင္းစရာ မလိုဘူး။ ၿပီးေတာ့ ငါ့ရဲ႕ Online စီးပြားေရးက အစက နဲနဲေတာ့ ေရာင္းရတယ္ ၃၊ ၄ ႀကိမ္ေလာက္ ငါက်ရႈံးတယ္။ ငါ့လိုအပ္ခ်က္ကို ငါျပဳျပင္တယ္၊ ေနာက္ဆုံးေတာ့ ငါ့ online ေပၚကဆိုင္လဲ နာမည္ရေနၿပီ။

ဆယ္ႏွစ္ေလာက္ ေက်ာ္သြားတဲ့အခါ မင္းငါ့ကိုၾကည့္တဲ့အျမင္က "ေအးပါကြာ မင္းေတာ္ေတာ္ ကံေကာင္းတာပဲ အခြင့္အေရးကမင္းဆီပဲ ဝင္ဝင္လာတယ္။ တကယ္ေမးပါရေစ မင္းဘယ္က အခ်ိန္ပိုရွိလို႔ လုပ္ႏိုင္တာလဲ။ ငါ မင္းလိုသာ အခ်ိန္ပိုရွိရင္ ငါလဲ လုပ္ႏိုင္ပါတယ္။ ငါတို႔ လူေတြက ကံကြာတယ္ကြာ၊ မင္းအရင္ဘဝက ေကာင္းမႈေတြ အမ်ားႀကီး လုပ္ခဲ့လို႔ေနမွာ။ ဒါေၾကာင့္ မင္းအၿမဲတမ္း ကံေကာင္းေနတာ" တဲ့။

ငါမင္းကိုၾကည့္တဲ့အျမင္က "မင္းဘယ္သိမွာလဲ ငါဒီေနရာ ေရာက္ဖို႔ ဘယ္ေလာက္ထိ ေပးဆပ္ရလဲဆိုတာ မင္းကိုေျပာျပတယ္၊ မင္းကို သတိေပးတယ္၊ မင္းက ေခါင္းထဲမွမထည့္တာ။ တခါတေလ မင္းထိုင္ၿပီး ေတြးတာကို ျမင္ပါတယ္။ ဒါေပမဲ့ မင္းလက္ေတြ႕ ခ်လုပ္တာကို ငါဘယ္ေတာ့မွ မျမင္ဘူး။ မင္းက သူမ်ားမွားတယ္ဆိုၿပီး အျပစ္တင္တယ္၊ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ အျပစ္မတင္ဘူး။ မင္းငါ့ကို ခ်ီးက်ဴးတဲ့အခ်ိန္မွာ ငါလဲၿပဳံးျပတယ္။ ဟုတ္မွာေပါ့ ငါကံေကာင္းပါတယ္ မင္းထက္ငါ ႀကိဳးစားခ်င္တဲ့စိတ္ ရွိတဲ့အတြက္ေၾကာင့္ပါ" crd