မီးကို မတွေ့ရှိခင်တုန်းက ရွာတရွာက လူတွေဟာ ခွေးတကောင် မွေးခဲ့တယ်။ အဲဒီခွေး အရွယ် ရောက်လာတယ်။ တောထဲမှာ ဟိုဟိုဒီဒီ လှည့်ပတ် သွားပြီး အစာရှာတယ်။ တွေ့သမျှ ဟင်းသီးဟင်းရွက် အသားငါး အကြွင်းအကျန်တွေကို သူစားသောက်တယ်။ တနေ့ တောမီးလောင်တယ်။ ခွေးက ထွက်ပြေးတယ်။ မီးငြိမ်းသွားတော့ ခွေးပြန်လာတယ်။

ဟင်းသီးဟင်းရွက် အသားငါးတွေဟာ တောမီးထဲမှာ ချက်ပြုတ်ပြီး ဖြစ်သွားတယ်။ ခွေးဟာ မီးလောင်ထားတဲ့ အစားအသောက်တွေဟာ ပိုပြီး အရသာ ရှိတာကို သိသွားတယ်။ အဲဒီလိုနဲ့ ရက်တော်တော် ကြာတဲ့အထိ အဲဒီ မီးဖုတ်ထားတဲ့ အသီးအရွက် အသားငါးတွေကို ခွေးက စားသုံးတယ်။

ကြာလာတော့ အသီးအရွက် အသားငါး တွေမှာ သေစေနိုင်လောက်တဲ့ ဗက်တီးရီးယားတွေ ပေါက်ဖွား ပွားများပြားလာတယ်။ အဲဒါကို ခွေးက မသိဘူး။ သူဟာ အစားအသောက်ကို စားသုံးရင်း တဖြည်းဖြည်း တဖြည်းဖြည်း သေဆုံးသွားတယ်။

နောက်တလ အကြာမှာ ခွေးတကောင် မွေးလာတယ်။ အဲဒီခွေး အရွယ် ရောက်လာတယ်။ တောထဲမှာ ဟိုဟိုဒီဒီ လှည့်ပတ်သွားပြီး အစာရှာတယ်။ တွေ့သမျှ ဟင်းသီးဟင်းရွက် အသားငါး အကြွင်းအကျန်တွေကို သူစားသောက်တယ်။

တနေ့ တောမီးလောင်တယ်။ ခွေးက ထွက်ပြေးတယ်။ မီးငြိမ်းသွားတော့ ခွေးပြန်လာတယ်။ ဟင်းသီးဟင်းရွက် အသားငါးတွေဟာ တောမီးထဲမှာ ချက်ပြုတ်ပြီး ဖြစ်သွားတယ်။ ခွေးဟာ မီးလောင်ထားတဲ့ အစားအသောက်တွေဟာ ပိုပြီး အရသာရှိတာကို သိသွားတယ်။ အဲဒီလိုနဲ့ ရက်တော်တော် ကြာတဲ့အထိ အဲဒီ မီးဖုတ်ထားတဲ့ အသီးအရွက် အသားငါးတွေကို ခွေးက စားသုံးတယ်။

ကြာလာတော့ အသီးအရွက် အသားငါး တွေမှာ သေစေနိုင်လောက်တဲ့ ဗက်တီးရီးယားတွေ ပေါက်ဖွာ ပွားများပြားလာတယ်။ အဲဒါကို ခွေးက မသိဘူး။ သူဟာ အစားအသောက်ကို စားသုံးရင်း တဖြည်းဖြည်း တဖြည်းဖြည်း သေဆုံးသွားတယ်။ နောက်တလ အကြာမှာ ခွေးတကောင် ထပ်မွေးလာတယ်။ သူလည်းပဲ သူ့ဘိုးဘွားတွေရဲ့ လုပ်ရိုးလုပ်စဉ် အတိုင်း သံသရာ လည်တယ်။

အဲဒီ အဖြစ်အပျက်တွေနဲ့ အပြိုင် လူတယောက် မွေးဖွားလာတယ်။ သူအရွယ် ရောက်လာတယ်။ ခွေးလိုပဲ တောထဲမှာ သူအစာ ရှာတယ်။ တွေ့သမျှ အသီးအရွက်၊ အသားငါးတွေကို သူစားသောက်တယ်။ တနေ့ တောမီးလောင်တယ်။ သူထွက်ပြေးတယ်။ မီးငြိမ်းသွားတော့ သူပြန်လာတယ်။ သူစားနေကျ အသီးအရွက် အသားငါးတွေဟာ တောမီးထဲမှာ ချက်ပြုတ်ပြီး ဖြစ်သွားတယ်။

သူဟာ ရက်တော်တော် များများ အဲဒီ အစားအသောက်တွေကို စားသောက်တယ်။ ရက်တွေ ကြာလာတဲ့အခါ အသီးအရွက် အသားငါးတွေမှာ သေဆုံးစေနိုင်လောက်တဲ့ ဗက်တီးရီးယားတွေ ပေါက်ဖွားလာတယ်။ သူဟာ အဲဒါတွေကို စားသုံးရင်းနဲ့ တဖြည်းဖြည်း သေဆုံးသွားတယ်။ ဒါပေမယ့် သူမသေခင်မှာ သူဟာ ဖြစ်ပျက်သမျှကို ရုပ်ပုံ စာသားတွေနဲ့ မှတ်တမ်းတင်ခဲ့တယ်။

နောက်ထပ် မျိုးဆက်သစ် လူသားတယောက် မွေးဖွားလာတဲ့အခါ သူဟာ ပထမလူသားရဲ့ မှတ်တမ်းကို ဖတ်မိတယ်။ မီးဟာ ဘယ်လိုပုံ ဖြစ်တယ်။ တောမီးလောင်ရင် ဘယ်လိုမျိုး ဖြစ်တယ်။ အစားအသောက်တွေဟာ မီးထဲမှာ ဘယ်လို ကျက်သွားကြတယ်။ မီးနဲ့ ချက်ထားတဲ့အစားအသောက်တွေဟာ ပိုပြီး အဆာခံတာကိုလည်း သူသိလာတယ်။ ဒါပေမယ့် ရက်အတော်ကြာတဲ့အခါ မစားသင့်တော့ တာလည်း သူသိသွားတယ်။

သူဟာ ပထမလူသားထက် ပိုပြီး အသက်ရှည်လာတယ်။ သူ့ရဲ့ ရှည်လျားလာတဲ့ သက်တမ်းမှာ သူဟာ သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေ၊ ကျောက်ခဲတွေ၊ ရေတွေ၊ တိရစ္ဆာန် အညစ်အကြေးတွေကို စုဆောင်း ထားတယ်။ တောမီးလောင်တဲ့အခါ သူ စုဆောင်းထားတာတွေနဲ့ ရင်ဆိုင်နိုင်ဖို့ သူပြင်ဆင်ထားတယ်။

အဲဒီလိုနဲ့ တောမီးလောင်တယ်။ သူဟာ စုဆောင်းထားတဲ့ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက် ကျောက်ခဲ၊ ရေ၊ တိရစ္ဆာန် အညစ်အကြေးတွေကို တောမီးထဲကို တခုပြီးတခု ပစ်ထည့်လိုက်တယ်။ အဲဒီလိုနဲ့ သူမသေဆုံးခင်မှာ သူရဲ့ ဘိုးဘေး လက်ဆင့်ကမ်းခဲ့တဲ့ စာအုပ်မှာ နောက်ထပ် အခန်းသစ်တခု သူရေးသွားခဲ့တယ်။

အဲဒါကတော့ သစ်ရွက်ခြောက်ဟာ မီးလောင်တာကို အားပေးတယ်။ တိရစ္ဆာန် အညစ်အကြေးတွေက မီးလောင်တာကို မတားဆီးနိုင်ဘူး ဒါပေမယ့် နှေးသွားစေတယ်။ ရေကတော့ မီးကို ငြိမ်းစေတယ်။ အဲဒီလိုနဲ့ သူသေဆုံးသွားတယ်။

တတိယမြောက် မျိုးဆက်လူဟာ မွေးဖွားလာတယ်။ သူဟာ အခန်းနှစ်ခန်း ပါတဲ့ စာအုပ်ကို ဖတ်ထားတယ်။ တနေ့ သူတောထဲမှာ ထိုင်နေတုန်း သစ်ကိုင်းနှစ်ခုဟာ လေတိုးပြီး ပွတ်တိုက်နေတာကို သူတွေ့လိုက်တယ်။ သူကြည့်နေရင်း မီးခိုးတွေ ထွက်လာသလို မီးစတင်လောင်ကျွမ်းတယ်။ သူမသေဆုံးခင်မှာ တတိယမြောက် အခန်းတခုကို သူဖြည့်စွက်လိုက်တယ်။ "သစ်ကိုင်းခြောက်တွေ အချင်းချင်းပွတ်တိုက်ပြီး မီးကိုဖန်တီးနိုင်တယ်"

လူသားတွေဟာ အဲဒီလို generation to generation မျိုးဆက်တခုကနေ မျိုးဆက်တခုကို သူတို့သိထားတဲ့ အတွေ့အကြုံ အသိဉာဏ် အတတ်ပညာကို လက်ဆင့်ကမ်း နိုင်ကြတယ်။ အပေါ်ကလို စာအုပ်အနေနဲ့ မဟုတ်ရင်တောင် ဂူနံရံမှာ ရေးသား ထွင်းထု ထားတာမျိုး ဖြစ်ကောင်းဖြစ်မယ်။

အဲဒီလိုနည်းနဲ့ပဲ တခြားသော သက်ရှိတွေအပေါ် လွှမ်းမိုး အနိုင်ယူလာတယ်။ နောင်မျိုးဆက်သစ်တွေဟာ ပထမ မျိုးဆက်တွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲကို နောက်တခါထပ်ပြီး ရင်ဆိုင်စရာ မလိုကြဘူး။ သူတို့ဟာ ပထမမျိုးဆက် ထားခဲ့တဲ့ knowledge တွေကနေ ဆင့်ပွားပြီး ပိုပြီး ကောင်းမွန်တဲ့ အခြေအနေ တခုကို ဆက်လက် ဖန်တီးနိုင်ကြတယ်။

ခုခေတ်အခါမှာ အဲဒီလို ပထမ မျိုးဆက်ကနေ နောက်မျိုးဆက် အဆင့်ဆင့်အထိ လက်ဆင့်ကမ်းပေးတဲ့ ဗဟုသုတတွေ ကတော့ စာအုပ်တွေပါပဲ။ ဒီနေ့ခေတ် စာအုပ် ဆိုတာကတော့ စာရွက်ပေါ်မှာ ရေးထားမှရယ် မဟုတ်တော့ပါဘူး။ phone, Tablet, laptop, I pad စတဲ့ ခေတ်ပေါ် လူ့အသုံးအဆောင်တွေ ပေါ်မှာပါ ဖတ်လို့ ရနေပါပြီ။

သာမန် ဇီဝဗေဒ စာအုပ်တခုဟာ ကျွန်တော်တို့ရဲ့ နှလုံးဘယ်လို ခုန်နေတယ်။ ပတ်ဝန်းကျင်ကို သင့်ရဲ့ အာရုံကြောစနစ်က ဘယ်လို တုန့်ပြန်တယ်။ အပင်တွေရဲ့ အကြောင်း စတာတွေကို အလွယ်တကူ သိရှိစေတယ်။

(ဒါပေမယ့် အဲဒီ knowledge ကို သိဖို့အတွက် ပထမလူသားတွေဟာ ရာစုနှစ်နဲ့ ချီပြီး စူးစမ်းခဲ့ရတယ်) သမိုင်းစာအုပ်တွေ၊ ဟိုးမား။ ဒစ်ကင်၊ ရှိတ်စပီးယား၊ ဗယ်လ်မီကီ၊ ချန်နက စတဲ့ နာမည်ကျော်ကြီးတွေ ဘယ်သူပဲ ရေးနေပါစေ အဲဒီခေတ်ရဲ့ လူနေမှု ဘဝတွေအကြောင်း၊ လူတွေရဲ့ အတိတ်က အမူအကျင့်တွေ၊ ဓလေ့တွေအကြောင်း ကျွန်တော်တို့ နှစ်ပေါင်းရာချီ၊ ထောင်ချီ နောက်ပြန်ပြီး သိနိုင်ကြတယ်။

စာအုပ်တွေအားဖြင့် မနက်ဖြန် သေမိန့်ကျတော့မယ့် တရားခံတွေ အကြောင်း၊ မြင်းစီးသူရဲတွေအကြောင်း၊ နေအဖွဲ့အစည်းရဲ့ အနားသတ်အကြောင်း၊ ကြယ်တံခွန်တွေ အကြောင်း၊ ပိရမစ်မဟာတွေ အကြောင်း၊ ဂျူးလိယက်ဆီဆာ အကြောင်း၊ ခရူးဆိတ်စစ်ပွဲ အကြောင်း၊ ပိုးလမ်းမကြီးအကြောင်း၊ ဂျီပီအက်စ် လမ်းပြစံနစ် အကြောင်း၊ နောက်ဆုံး အီရန်ဗိုလ်ချုပ်ကို သတ်ဖြတ်သွားတဲ့ ဟဲလ်ဖိုင်းယား ဒုံးပျံအကြောင်း ၊ အရာအားလုံးကို ကိုယ်တိုင် လုပ်ကြည့်စရာမလိုဘဲ ကျွန်တော်တို့ သိနိုင်လာတယ်။

နောက်ဆုံး စာဖတ်သူဟာ အသက် (၂၀) ဖြစ်ပြီး ရေးတဲ့လူဟာ အသက် (၅၀) ဖြစ်မယ် ဆိုရင်တောင်၊ အသက် (၂၀) အရွယ်ကတည်းက အသက် (၅၀) တယောက်ရဲ့ အတွေ့အကြုံနဲ့ လောကအပေါ် perspective ကို သိမြင် ရင့်ကျက်ခွင့်ရနေပြီလေ။ ဒါဟာ ဘာကြောင့် စာဖတ်သင့်သလဲ ဆိုတဲ့ ကျွန်တော့်အမြင်ပါပဲ။ PhoyaThuta

for zawgyi

ဘာေၾကာင့္ စာဖတ္သင့္သလဲ

မီးကို မေတြ႕ရွိခင္တုန္းက ႐ြာတ႐ြာက လူေတြဟာ ေခြးတေကာင္ ေမြးခဲ့တယ္။ အဲဒီေခြး အ႐ြယ္ ေရာက္လာတယ္။ ေတာထဲမွာ ဟိုဟိုဒီဒီ လွည့္ပတ္ သြားၿပီး အစာရွာတယ္။ ေတြ႕သမွ် ဟင္းသီးဟင္း႐ြက္ အသားငါး အႂကြင္းအက်န္ေတြကို သူစားေသာက္တယ္။ တေန႔ ေတာမီးေလာင္တယ္။ ေခြးက ထြက္ေျပးတယ္။ မီးၿငိမ္းသြားေတာ့ ေခြးျပန္လာတယ္။

ဟင္းသီးဟင္း႐ြက္ အသားငါးေတြဟာ ေတာမီးထဲမွာ ခ်က္ျပဳတ္ၿပီး ျဖစ္သြားတယ္။ ေခြးဟာ မီးေလာင္ထားတဲ့ အစားအေသာက္ေတြဟာ ပိုၿပီး အရသာ ရွိတာကို သိသြားတယ္။ အဲဒီလိုနဲ႔ ရက္ေတာ္ေတာ္ ၾကာတဲ့အထိ အဲဒီ မီးဖုတ္ထားတဲ့ အသီးအ႐ြက္ အသားငါးေတြကို ေခြးက စားသုံးတယ္။

ၾကာလာေတာ့ အသီးအ႐ြက္ အသားငါး ေတြမွာ ေသေစႏိုင္ေလာက္တဲ့ ဗက္တီးရီးယားေတြ ေပါက္ဖြား ပြားမ်ားျပားလာတယ္။ အဲဒါကို ေခြးက မသိဘူး။ သူဟာ အစားအေသာက္ကို စားသုံးရင္း တျဖည္းျဖည္း တျဖည္းျဖည္း ေသဆုံးသြားတယ္။

ေနာက္တလ အၾကာမွာ ေခြးတေကာင္ ေမြးလာတယ္။ အဲဒီေခြး အ႐ြယ္ ေရာက္လာတယ္။ ေတာထဲမွာ ဟိုဟိုဒီဒီ လွည့္ပတ္သြားၿပီး အစာရွာတယ္။ ေတြ႕သမွ် ဟင္းသီးဟင္း႐ြက္ အသားငါး အႂကြင္းအက်န္ေတြကို သူစားေသာက္တယ္။

တေန႔ ေတာမီးေလာင္တယ္။ ေခြးက ထြက္ေျပးတယ္။ မီးၿငိမ္းသြားေတာ့ ေခြးျပန္လာတယ္။ ဟင္းသီးဟင္း႐ြက္ အသားငါးေတြဟာ ေတာမီးထဲမွာ ခ်က္ျပဳတ္ၿပီး ျဖစ္သြားတယ္။ ေခြးဟာ မီးေလာင္ထားတဲ့ အစားအေသာက္ေတြဟာ ပိုၿပီး အရသာရွိတာကို သိသြားတယ္။ အဲဒီလိုနဲ႔ ရက္ေတာ္ေတာ္ ၾကာတဲ့အထိ အဲဒီ မီးဖုတ္ထားတဲ့ အသီးအ႐ြက္ အသားငါးေတြကို ေခြးက စားသုံးတယ္။

ၾကာလာေတာ့ အသီးအ႐ြက္ အသားငါး ေတြမွာ ေသေစႏိုင္ေလာက္တဲ့ ဗက္တီးရီးယားေတြ ေပါက္ဖြာ ပြားမ်ားျပားလာတယ္။ အဲဒါကို ေခြးက မသိဘူး။ သူဟာ အစားအေသာက္ကို စားသုံးရင္း တျဖည္းျဖည္း တျဖည္းျဖည္း ေသဆုံးသြားတယ္။ ေနာက္တလ အၾကာမွာ ေခြးတေကာင္ ထပ္ေမြးလာတယ္။ သူလည္းပဲ သူ႔ဘိုးဘြားေတြရဲ႕ လုပ္႐ိုးလုပ္စဥ္ အတိုင္း သံသရာ လည္တယ္။

အဲဒီ အျဖစ္အပ်က္ေတြနဲ႔ အၿပိဳင္ လူတေယာက္ ေမြးဖြားလာတယ္။ သူအ႐ြယ္ ေရာက္လာတယ္။ ေခြးလိုပဲ ေတာထဲမွာ သူအစာ ရွာတယ္။ ေတြ႕သမွ် အသီးအ႐ြက္၊ အသားငါးေတြကို သူစားေသာက္တယ္။ တေန႔ ေတာမီးေလာင္တယ္။ သူထြက္ေျပးတယ္။ မီးၿငိမ္းသြားေတာ့ သူျပန္လာတယ္။ သူစားေနက် အသီးအ႐ြက္ အသားငါးေတြဟာ ေတာမီးထဲမွာ ခ်က္ျပဳတ္ၿပီး ျဖစ္သြားတယ္။

သူဟာ ရက္ေတာ္ေတာ္ မ်ားမ်ား အဲဒီ အစားအေသာက္ေတြကို စားေသာက္တယ္။ ရက္ေတြ ၾကာလာတဲ့အခါ အသီးအ႐ြက္ အသားငါးေတြမွာ ေသဆုံးေစႏိုင္ေလာက္တဲ့ ဗက္တီးရီးယားေတြ ေပါက္ဖြားလာတယ္။ သူဟာ အဲဒါေတြကို စားသုံးရင္းနဲ႔ တျဖည္းျဖည္း ေသဆုံးသြားတယ္။ ဒါေပမယ့္ သူမေသခင္မွာ သူဟာ ျဖစ္ပ်က္သမွ်ကို ႐ုပ္ပုံ စာသားေတြနဲ႔ မွတ္တမ္းတင္ခဲ့တယ္။

ေနာက္ထပ္ မ်ိဳးဆက္သစ္ လူသားတေယာက္ ေမြးဖြားလာတဲ့အခါ သူဟာ ပထမလူသားရဲ႕ မွတ္တမ္းကို ဖတ္မိတယ္။ မီးဟာ ဘယ္လိုပုံ ျဖစ္တယ္။ ေတာမီးေလာင္ရင္ ဘယ္လိုမ်ိဳး ျဖစ္တယ္။ အစားအေသာက္ေတြဟာ မီးထဲမွာ ဘယ္လို က်က္သြားၾကတယ္။ မီးနဲ႔ ခ်က္ထားတဲ့အစားအေသာက္ေတြဟာ ပိုၿပီး အဆာခံတာကိုလည္း သူသိလာတယ္။ ဒါေပမယ့္ ရက္အေတာ္ၾကာတဲ့အခါ မစားသင့္ေတာ့ တာလည္း သူသိသြားတယ္။

သူဟာ ပထမလူသားထက္ ပိုၿပီး အသက္ရွည္လာတယ္။ သူ႔ရဲ႕ ရွည္လ်ားလာတဲ့ သက္တမ္းမွာ သူဟာ သစ္႐ြက္ေျခာက္ေတြ၊ သစ္ကိုင္းေျခာက္ေတြ၊ ေက်ာက္ခဲေတြ၊ ေရေတြ၊ တိရစာၦန္ အညစ္အေၾကးေတြကို စုေဆာင္း ထားတယ္။ ေတာမီးေလာင္တဲ့အခါ သူ စုေဆာင္းထားတာေတြနဲ႔ ရင္ဆိုင္ႏိုင္ဖို႔ သူျပင္ဆင္ထားတယ္။

အဲဒီလိုနဲ႔ ေတာမီးေလာင္တယ္။ သူဟာ စုေဆာင္းထားတဲ့ သစ္႐ြက္ေျခာက္၊ သစ္ကိုင္းေျခာက္ ေက်ာက္ခဲ၊ ေရ၊ တိရစာၦန္ အညစ္အေၾကးေတြကို ေတာမီးထဲကို တခုၿပီးတခု ပစ္ထည့္လိုက္တယ္။ အဲဒီလိုနဲ႔ သူမေသဆုံးခင္မွာ သူရဲ႕ ဘိုးေဘး လက္ဆင့္ကမ္းခဲ့တဲ့ စာအုပ္မွာ ေနာက္ထပ္ အခန္းသစ္တခု သူေရးသြားခဲ့တယ္။

အဲဒါကေတာ့ သစ္႐ြက္ေျခာက္ဟာ မီးေလာင္တာကို အားေပးတယ္။ တိရစာၦန္ အညစ္အေၾကးေတြက မီးေလာင္တာကို မတားဆီးႏိုင္ဘူး ဒါေပမယ့္ ေႏွးသြားေစတယ္။ ေရကေတာ့ မီးကို ၿငိမ္းေစတယ္။ အဲဒီလိုနဲ႔ သူေသဆုံးသြားတယ္။

တတိယေျမာက္ မ်ိဳးဆက္လူဟာ ေမြးဖြားလာတယ္။ သူဟာ အခန္းႏွစ္ခန္း ပါတဲ့ စာအုပ္ကို ဖတ္ထားတယ္။ တေန႔ သူေတာထဲမွာ ထိုင္ေနတုန္း သစ္ကိုင္းႏွစ္ခုဟာ ေလတိုးၿပီး ပြတ္တိုက္ေနတာကို သူေတြ႕လိုက္တယ္။ သူၾကည့္ေနရင္း မီးခိုးေတြ ထြက္လာသလို မီးစတင္ေလာင္ကြၽမ္းတယ္။ သူမေသဆုံးခင္မွာ တတိယေျမာက္ အခန္းတခုကို သူျဖည့္စြက္လိုက္တယ္။ "သစ္ကိုင္းေျခာက္ေတြ အခ်င္းခ်င္းပြတ္တိုက္ၿပီး မီးကိုဖန္တီးႏိုင္တယ္"

လူသားေတြဟာ အဲဒီလို generation to generation မ်ိဳးဆက္တခုကေန မ်ိဳးဆက္တခုကို သူတို႔သိထားတဲ့ အေတြ႕အႀကဳံ အသိဉာဏ္ အတတ္ပညာကို လက္ဆင့္ကမ္း ႏိုင္ၾကတယ္။ အေပၚကလို စာအုပ္အေနနဲ႔ မဟုတ္ရင္ေတာင္ ဂူနံရံမွာ ေရးသား ထြင္းထု ထားတာမ်ိဳး ျဖစ္ေကာင္းျဖစ္မယ္။

အဲဒီလိုနည္းနဲ႔ပဲ တျခားေသာ သက္ရွိေတြအေပၚ လႊမ္းမိုး အႏိုင္ယူလာတယ္။ ေနာင္မ်ိဳးဆက္သစ္ေတြဟာ ပထမ မ်ိဳးဆက္ေတြ ရင္ဆိုင္ခဲ့ရတဲ့ အခက္အခဲကို ေနာက္တခါထပ္ၿပီး ရင္ဆိုင္စရာ မလိုၾကဘူး။ သူတို႔ဟာ ပထမမ်ိဳးဆက္ ထားခဲ့တဲ့ knowledge ေတြကေန ဆင့္ပြားၿပီး ပိုၿပီး ေကာင္းမြန္တဲ့ အေျခအေန တခုကို ဆက္လက္ ဖန္တီးႏိုင္ၾကတယ္။

ခုေခတ္အခါမွာ အဲဒီလို ပထမ မ်ိဳးဆက္ကေန ေနာက္မ်ိဳးဆက္ အဆင့္ဆင့္အထိ လက္ဆင့္ကမ္းေပးတဲ့ ဗဟုသုတေတြ ကေတာ့ စာအုပ္ေတြပါပဲ။ ဒီေန႔ေခတ္ စာအုပ္ ဆိုတာကေတာ့ စာ႐ြက္ေပၚမွာ ေရးထားမွရယ္ မဟုတ္ေတာ့ပါဘူး။ phone, Tablet, laptop, I pad စတဲ့ ေခတ္ေပၚ လူ႔အသုံးအေဆာင္ေတြ ေပၚမွာပါ ဖတ္လို႔ ရေနပါၿပီ။

သာမန္ ဇီဝေဗဒ စာအုပ္တခုဟာ ကြၽန္ေတာ္တို႔ရဲ႕ ႏွလုံးဘယ္လို ခုန္ေနတယ္။ ပတ္ဝန္းက်င္ကို သင့္ရဲ႕ အာ႐ုံေၾကာစနစ္က ဘယ္လို တုန႔္ျပန္တယ္။ အပင္ေတြရဲ႕ အေၾကာင္း စတာေတြကို အလြယ္တကူ သိရွိေစတယ္။

(ဒါေပမယ့္ အဲဒီ knowledge ကို သိဖို႔အတြက္ ပထမလူသားေတြဟာ ရာစုႏွစ္နဲ႔ ခ်ီၿပီး စူးစမ္းခဲ့ရတယ္) သမိုင္းစာအုပ္ေတြ၊ ဟိုးမား။ ဒစ္ကင္၊ ရွိတ္စပီးယား၊ ဗယ္လ္မီကီ၊ ခ်န္နက စတဲ့ နာမည္ေက်ာ္ႀကီးေတြ ဘယ္သူပဲ ေရးေနပါေစ အဲဒီေခတ္ရဲ႕ လူေနမႈ ဘဝေတြအေၾကာင္း၊ လူေတြရဲ႕ အတိတ္က အမူအက်င့္ေတြ၊ ဓေလ့ေတြအေၾကာင္း ကြၽန္ေတာ္တို႔ ႏွစ္ေပါင္းရာခ်ီ၊ ေထာင္ခ်ီ ေနာက္ျပန္ၿပီး သိႏိုင္ၾကတယ္။

စာအုပ္ေတြအားျဖင့္ မနက္ျဖန္ ေသမိန႔္က်ေတာ့မယ့္ တရားခံေတြ အေၾကာင္း၊ ျမင္းစီးသူရဲေတြအေၾကာင္း၊ ေနအဖြဲ႕အစည္းရဲ႕ အနားသတ္အေၾကာင္း၊ ၾကယ္တံခြန္ေတြ အေၾကာင္း၊ ပိရမစ္မဟာေတြ အေၾကာင္း၊ ဂ်ဴးလိယက္ဆီဆာ အေၾကာင္း၊ ခ႐ူးဆိတ္စစ္ပြဲ အေၾကာင္း၊ ပိုးလမ္းမႀကီးအေၾကာင္း၊ ဂ်ီပီအက္စ္ လမ္းျပစံနစ္ အေၾကာင္း၊ ေနာက္ဆုံး အီရန္ဗိုလ္ခ်ဳပ္ကို သတ္ျဖတ္သြားတဲ့ ဟဲလ္ဖိုင္းယား ဒုံးပ်ံအေၾကာင္း ၊ အရာအားလုံးကို ကိုယ္တိုင္ လုပ္ၾကည့္စရာမလိုဘဲ ကြၽန္ေတာ္တို႔ သိႏိုင္လာတယ္။

ေနာက္ဆုံး စာဖတ္သူဟာ အသက္ (၂၀) ျဖစ္ၿပီး ေရးတဲ့လူဟာ အသက္ (၅၀) ျဖစ္မယ္ ဆိုရင္ေတာင္၊ အသက္ (၂၀) အ႐ြယ္ကတည္းက အသက္ (၅၀) တေယာက္ရဲ႕ အေတြ႕အႀကဳံနဲ႔ ေလာကအေပၚ perspective ကို သိျမင္ ရင့္က်က္ခြင့္ရေနၿပီေလ။ ဒါဟာ ဘာေၾကာင့္ စာဖတ္သင့္သလဲ ဆိုတဲ့ ကြၽန္ေတာ့္အျမင္ပါပဲ။ PhoyaThuta