အသက် ၂၀ အရွယ်သာရှိသေးတဲ့မိန်းကလေးတစ်ယောက်ဟာ အရွယ်နဲ့မမျှအောင် ကိုယ်အလေးချိန်က များပြားနေပါတယ်။ နောက်ပိုင်းမှာတော့ ၁၀၄ ပေါင်အလေးချိန်ရှိတဲ့ သားအိမ်အကျိတ်ကို ဖယ်ရှားနိုင်ခဲ့ပြီး ခန္ဓာကိုယ်က အခြားတစ်ယောက်လို ပြောင်းလဲသွားခဲ့ပါတယ်။

Allison Fisher လို့ခေါ်တဲ့ မိန်းကလေးက ငါးတန်းအရွယ်ကစပြီး ဝမ်းဗိုက်က ကြီးမားလာခဲ့ပါတယ်။ တစ်ခုခုဖြစ်နေတာကို အဲဒီအရွယ်ကတည်းက သတိထားမိခဲ့ပါတယ်။ အချို့တွေက သူမကို ကိုယ်ဝန်ဆောင်ထားတာလားလို့တောင် မေးကြပါတယ်။

အဲဒီအရွယ်တုန်းက Allison က ငယ်သေးတာကြောင့် ဆရာဝန်တွေက ကိုယ်အလေးချိန်လျှော့ချဖို့ပဲ အကြံပေးကြပါတယ်။ အဲဒါကြောင့် သူမက တတ်နိုင်သမျှ ဆရာဝန်တွေနဲ့ မတွေ့အောင် ရှောင်နေခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ သူမရဲ့အမေ ကင်ဆာရောဂါဝေဒနာခံစားရတာကို တွေ့သွားပြီး သူမရဲ့ကျန်းမာရေးပြဿနာကိုလည်း ပေါ့ဆမနေသင့်ကြောင်း သတိဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် အမေဖြစ်သူကိုလည်း ပြုစုချင်သေးတာကြောင့် ကိုယ်တိုင်ကျန်းမာအောင် နေခဲ့ရပါတယ်။

အမေကို ပြုစုချင်ပေမယ့်လည်း Allison က သူ့ရဲ့ကိုယ်အလေးချိန်ကြောင့် ၅ မိနစ်ကြာအောင်တောင် မတ်တပ်မရပ်နိုင်ပါဘူး။ ဝမ်းဗိုက်က အရမ်းလေးပြီးတော့ ကိုယ်တွင်းကလီစာတွေ ပွတ်တိုက်နေသလိုပါ ခံစားနေရခဲ့ရပါတယ်။

CT scan နဲ့ စစ်ဆေးကြည့်တဲ့အခါ သူမရဲ့ညာဘက် မျိုးဥအိမ်မှာ အကျိတ်က ၁၀၄ ပေါင်ရှိနေပြီး ဘယ်ဘက်မျိုးဥအိမ်မှာတော့ ၁၂ ပေါင်ရှိတဲ့ အကျိတ်ရှိနေခဲ့ပါတယ်။

Allison က သူမရဲ့ကိုယ်အလေးချိန်ကြောင့် ကျောင်းတက်စဉ်က အများကြီးခက်ခဲခဲ့ပါတယ်။ အခုတော့ အကျိတ်ကို ဖယ်ရှားနိုင်ခဲ့တာကြောင့် အဝတ်အစားတွေကို ကိုယ်တိုင်ဝတ်နိုင်ပြီး လမ်းလျှောက်ရတာလည်း အဆင်ပြေလာပါပြီ။ လအနည်းငယ်တွင်း ကိုယ်အလေးချိန်လျှော့ပြီးတဲ့အခါ ကောလိပ်သွားတက်တော့မှာပါ။

ကျန်းမာရေးနဲ့ပတ်သက်တဲ့အခါ ရှက်ကြောက်မနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ကြောင်း Allison က အကြံပြုထားပါတယ်။

Zombie (lovemedia)

for zawgyi

သာမန္ဝတာလို႔ ထင္ခဲ့ေပမယ့္ ဝမ္းဗိုက္ထဲမွာ ၁၀၄ ေပါင္ရွိတဲ့ အက်ိတ္ရွိေနခဲ့တဲ့မိန္းကေလး

အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့မိန္းကေလးတစ္ေယာက္ဟာ အ႐ြယ္နဲ႔မမွ်ေအာင္ ကိုယ္အေလးခ်ိန္က မ်ားျပားေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ ၁၀၄ ေပါင္အေလးခ်ိန္ရွိတဲ့ သားအိမ္အက်ိတ္ကို ဖယ္ရွားႏိုင္ခဲ့ၿပီး ခႏၶာကိုယ္က အျခားတစ္ေယာက္လို ေျပာင္းလဲသြားခဲ့ပါတယ္။

Allison Fisher လို႔ေခၚတဲ့ မိန္းကေလးက ငါးတန္းအ႐ြယ္ကစၿပီး ဝမ္းဗိုက္က ႀကီးမားလာခဲ့ပါတယ္။ တစ္ခုခုျဖစ္ေနတာကို အဲဒီအ႐ြယ္ကတည္းက သတိထားမိခဲ့ပါတယ္။ အခ်ိဳ႕ေတြက သူမကို ကိုယ္ဝန္ေဆာင္ထားတာလားလို႔ေတာင္ ေမးၾကပါတယ္။ အဲဒီအ႐ြယ္တုန္းက Allison က ငယ္ေသးတာေၾကာင့္ ဆရာဝန္ေတြက ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ပဲ အႀကံေပးၾကပါတယ္။ အဲဒါေၾကာင့္ သူမက တတ္ႏိုင္သမွ် ဆရာဝန္ေတြနဲ႔ မေတြ႕ေအာင္ ေရွာင္ေနခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္မွာ သူမရဲ႕အေမ ကင္ဆာေရာဂါေဝဒနာခံစားရတာကို ေတြ႕သြားၿပီး သူမရဲ႕က်န္းမာေရးျပႆနာကိုလည္း ေပါ့ဆမေနသင့္ေၾကာင္း သတိဝင္သြားခဲ့ပါတယ္။ ဒါ့အျပင္ အေမျဖစ္သူကိုလည္း ျပဳစုခ်င္ေသးတာေၾကာင့္ ကိုယ္တိုင္က်န္းမာေအာင္ ေနခဲ့ရပါတယ္။ အေမကို ျပဳစုခ်င္ေပမယ့္လည္း Allison က သူ႔ရဲ႕ကိုယ္အေလးခ်ိန္ေၾကာင့္ ၅ မိနစ္ၾကာေအာင္ေတာင္ မတ္တပ္မရပ္ႏိုင္ပါဘူး။ ဝမ္းဗိုက္က အရမ္းေလးၿပီးေတာ့ ကိုယ္တြင္းကလီစာေတြ ပြတ္တိုက္ေနသလိုပါ ခံစားေနရခဲ့ရပါတယ္။

CT scan နဲ႔ စစ္ေဆးၾကည့္တဲ့အခါ သူမရဲ႕ညာဘက္ မ်ိဳးဥအိမ္မွာ အက်ိတ္က ၁၀၄ ေပါင္ရွိေနၿပီး ဘယ္ဘက္မ်ိဳးဥအိမ္မွာေတာ့ ၁၂ ေပါင္ရွိတဲ့ အက်ိတ္ရွိေနခဲ့ပါတယ္။

Allison က သူမရဲ႕ကိုယ္အေလးခ်ိန္ေၾကာင့္ ေက်ာင္းတက္စဥ္က အမ်ားႀကီးခက္ခဲခဲ့ပါတယ္။ အခုေတာ့ အက်ိတ္ကို ဖယ္ရွားႏိုင္ခဲ့တာေၾကာင့္ အဝတ္အစားေတြကို ကိုယ္တိုင္ဝတ္ႏိုင္ၿပီး လမ္းေလွ်ာက္ရတာလည္း အဆင္ေျပလာပါၿပီ။ လအနည္းငယ္တြင္း ကိုယ္အေလးခ်ိန္ေလွ်ာ့ၿပီးတဲ့အခါ ေကာလိပ္သြားတက္ေတာ့မွာပါ။

က်န္းမာေရးနဲ႔ပတ္သက္တဲ့အခါ ရွက္ေၾကာက္မေနဘဲ ဆရာဝန္နဲ႔ အျမန္ဆုံးျပသသင့္ေၾကာင္း Allison က အႀကံျပဳထားပါတယ္။

Zombie (lovemedia)