အရမ်းဆင်းရဲတဲ့ ငယ်သူငယ်ချင်းတယောက် ရှိတယ်။ သူက ငယ်ငယ်ကတည်းက တော်တော်ဆင်းရဲတာ။ ကြီးလာတော့လည်း သုံးဆယ်ကျော်အထိ အလုပ်မလုပ်ဘူး။ ဇာတာကတော့ ကောင်းတယ် ပြောရမယ် အလုပ်မလုပ် အိမ်မှာ ဂိမ်းဆော့လိုက် လဖက်ရည်ဆိုင် သွားထိုင်လိုက်နဲ့ အေးအေးဆေးဆေး မိဘတွေ ရှာဖွေကျွေးမွေးတာကို အခန့်သား ထိုင်စားလာတာ အသက်သုံးဆယ်ကျော်တဲ့အထိပဲ။

အဲဒါနဲ့ မင်း ကားမောင်းတတ်တာပဲကို အလုပ်လေးဘာလေး လုပ်ပါလား ဆိုပြီး အသိတယောက်ရဲ့ အိမ်မှာပြောပေးတော့ လစာကောင်းကောင်းနဲ့ အလုပ်လေး ရသွားရော။ သုံးရက်လောက်ပဲ ကြာတယ်။ ဖုန်းဆက်လာတယ်။ ညီညီ ငါအလုပ်ပြုတ်သွားပြီတဲ့။

ဘာဖြစ်လို့လဲဟ လို့မေးတော့ အဖိုးကြီးနဲ့ အဖွားကြီး ဈေးသွားဝယ်တာကို ကားလိုက်မောင်းပေးရင်းနဲ့ သူတို့ဈေးဝယ်တာ ကြာနေတော့ ပူလည်းပူလာတာနဲ့ ကားစက်နှိုး အဲကွန်းဖွင့်ပြီး ဘီယာလေး သောက်ပြီးစောင့်နေတာတဲ့။ အဲဒါ အဲကွန်းဖွင့်လို့ထင်တယ်တဲ့။ နောက်နေ့ အလုပ်မဆင်းနဲ့တော့ ပြောတယ်တဲ့။

တကယ် အဲဒီလို ဆရာသမားမျိုး။ အလုပ်ချိန် ဘီယာသောက်တာကိုး။ ဟိုက ဖြုတ်မှာပေါ့။ အဲဒါနဲ့ ကိုယ်လည်း တတ်နိုင်တာ နှုတ်၏ဆောင်မခြင်း ကူညီပြီးပြီဆိုတော့ လွှတ်ထားလိုက်တာပေါ့။ ဒီလိုနဲ့ သူနဲ့ မတွေ့ဖြစ်တာ ခြောက်လလောက် ကြာတော့ အိမ်ကို ရောက်လာတယ်။ အရမ်းအဆင်မပြေဘူးပေါ့။ အမေကလည်း နေမကောင်းဘူး။ အဖေကလည်း အလုပ် မလုပ်န်ုင်တော့လို့ စားဝတ်နေရေး ခက်ခဲနေလို့ပါ ဆိုပြီး ရောက်လာတယ်။

ကိုယ်လည်း အလုပ်အဆင်ပြေနေတဲ့ အချိန်ဆိုတော့ မင်းကို မင်းမိသားစုကို လုပ်ကျွေးဖို့ အရင်းအနှီး သိန်း (၁၀၀) အခုထုတ်ပေးရင် ဘာလုပ်မလဲလို့ မေးကြည့်မိတယ်။ တကယ် က Taxi လေး တစီး (အဲ့အချိန်က တရာဝန်းကျင်ပဲရှိတာ) Installment နဲ့ ဝယ်ထားပြီး အရစ်ကျ သွင်းသွားစေချင်လို့ မေးမိတာ။

သူက ဘာပြန်ဖြေလဲ ဆိုတော့ အခုအချိန်သာ သိန်း (၁၀၀) ရှိခဲ့ရင် မျိုးကောင်းမျိုးသန့် အတိုက်အခိုက် အရမ်းကောင်းတဲ့ တိုက်ကြက်တကောင် ဝယ်မယ်တဲ့။ ပြီးရင်ဘေးအိမ်က ကောင်ရဲ့ အရမ်းစွာနေတဲ့ တိုက်ကြက်နဲ့ တိုက်ခိုင်းမယ်တဲ့။ အဲ့ကောင်နဲ့ အဲ့ကောင်ကြက်ကို ကြည့်မရတာ ကြာပြီတဲ့။ လုံးဝ serious ရုပ်နဲ့ ပြောတာ။ အဲဒါနဲ့ကိုယ်လည်း အော် အေးအေး။ ရော့ရော့ ငါးသောင်းယူသွား။ မိဘတွေကို တခုခု ဝယ်ကျွေးလိုက်လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။

အဲဒီကတည်းက သင်ခန်းစာတခု ရလိုက်တယ်။ တချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာလို့။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲတဲ့သူတွေ ရှိကြပေမယ့် ကြိုးစားရင် ကြိုးစားသလို ဘဝက တိုးတတ်ပြောင်းလဲသွားကြတဲ့ သူတွေ အများကြီးရှိပါတယ်။ အများကြီးလည်း ထပ်ရှိလာကြဦးမှာပါ။

အလုပ်ပုံမှန်လေးလုပ် လောင်းကစားကင်း မူးယစ်ဆေးဝါးမသုံးတဲ့ ဆင်းရဲတဲ့ သူတချို့ က ကြိုးစားရင် ကြိုးစားသလိုတော့ တိုးတက်လာနိုင်ပေမယ့် ဆင်းရဲနေတာတောင် အလုပ်မလုပ်ပဲ ပျင်းနေတဲ့သူတွေ၊ ဆင်းရဲနေတာတောင် မူးယစ်ဆေးသုံးနေတဲ့သူတွေ၊ ဆင်းရဲနေတာတောင် လောင်းကစား လုပ်နေတဲ့သူတွေက တော့ ဒီဘဝက တိုးတတ်ဖို့ မရှိပါဘူး။ တချို့က တကယ်ကြီးကို ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာပါ။

မိတ်ဆွေလည်း ဆင်းရဲနေရင် စိတ်ဓာတ်မကျပါနဲ့။ လောင်းကစား မူးယစ်ဆေးကို ရှောင်ပြီး ရိုးသားစွာနဲ့ အလုပ်လုပ်ပါ။ ဆင်းရဲတဲ့သူတွေ ဘဝတိုးတက်ဖို့အတွက် တခုတည်းသော အရင်းအနှီးက ရိုးသားဖြောင့်မတ်မှုပါ။ အဲဒါကို သေချာအရင်းအနှီး လုပ်ပြီး ဘဝကို လျှောက်လှမ်းပါ။ ဒီခေတ်မှာ အရှားဆုံးက ရိုးသားပြီး ကတိတည်တဲ့သူတွေပါ။

ဒါကြောင့် အရင်းနှီးမရှိလို့ စိတ်ဓာတ်မကျပါနဲ့။ ရိုးသားမှုနဲ့ ဘဝကိုတည်ဆောက်ပါ။ အားမလျော့ပါနဲ့။ ဆင်းရဲသင့်လို့ ဆင်းရဲတဲ့သူထဲ ပါနေပြီဆိုရင်လည်း အချိန်မီပါသေးတယ်။ အမြန်ဆုံး ပြင်ဆင်ပြီး ဘဝကို တိုးတက်ဖို့အတွက် စပြီးကြိုးစားပါ။ ဆင်းရဲသင့်တဲ့သူတွေက ဆင်းရဲနေဦးမှာပါ။ ပြေလည်သင့်တဲ့ သူတွေကလည်း ပြေလည်နေကြဦးမှာ မို့လို့ ပြေလည်တဲ့ လူတချို့ထဲ ပါဖို့ ကြိုးစားဖို့ ဒီစာလေးနဲ့ အားပေးချင်ပါတယ်။ Crd

Zawgyi

ဆင္းရဲသင့္လို့ကို ဆင္းရဲေနတာ

အရမ္းဆင္းရဲတဲ့ ငယ္သူငယ္ခ်င္းတေယာက္ ရွိတယ္။ သူက ငယ္ငယ္ကတည္းက ေတာ္ေတာ္ဆင္းရဲတာ။ ႀကီးလာေတာ့လည္း သုံးဆယ္ေက်ာ္အထိ အလုပ္မလုပ္ဘူး။ ဇာတာကေတာ့ ေကာင္းတယ္ ေျပာရမယ္ အလုပ္မလုပ္ အိမ္မွာ ဂိမ္းေဆာ့လိုက္ လဖက္ရည္ဆိုင္ သြားထိုင္လိုက္နဲ႔ ေအးေအးေဆးေဆး မိဘေတြ ရွာေဖြေကြၽးေမြးတာကို အခန႔္သား ထိုင္စားလာတာ အသက္သုံးဆယ္ေက်ာ္တဲ့အထိပဲ။

အဲဒါနဲ႔ မင္း ကားေမာင္းတတ္တာပဲကို အလုပ္ေလးဘာေလး လုပ္ပါလား ဆိုၿပီး အသိတေယာက္ရဲ႕ အိမ္မွာေျပာေပးေတာ့ လစာေကာင္းေကာင္းနဲ႔ အလုပ္ေလး ရသြားေရာ။ သုံးရက္ေလာက္ပဲ ၾကာတယ္။ ဖုန္းဆက္လာတယ္။ ညီညီ ငါအလုပ္ျပဳတ္သြားၿပီတဲ့။ ဘာျဖစ္လို႔လဲဟ လို႔ေမးေတာ့ အဖိုးႀကီးနဲ႔ အဖြားႀကီး ေဈးသြားဝယ္တာကို ကားလိုက္ေမာင္းေပးရင္းနဲ႔ သူတို႔ေဈးဝယ္တာ ၾကာေနေတာ့ ပူလည္းပူလာတာနဲ႔ ကားစက္ႏႈိး အဲကြန္းဖြင့္ၿပီး ဘီယာေလး ေသာက္ၿပီးေစာင့္ေနတာတဲ့။ အဲဒါ အဲကြန္းဖြင့္လို႔ထင္တယ္တဲ့။ ေနာက္ေန႔ အလုပ္မဆင္းနဲ႔ေတာ့ ေျပာတယ္တဲ့။

တကယ္ အဲဒီလို ဆရာသမားမ်ိဳး။ အလုပ္ခ်ိန္ ဘီယာေသာက္တာကိုး။ ဟိုက ျဖဳတ္မွာေပါ့။ အဲဒါနဲ႔ ကိုယ္လည္း တတ္ႏိုင္တာ ႏႈတ္၏ေဆာင္မျခင္း ကူညီၿပီးၿပီဆိုေတာ့ လႊတ္ထားလိုက္တာေပါ့။ ဒီလိုနဲ႔ သူနဲ႔ မေတြ႕ျဖစ္တာ ေျခာက္လေလာက္ ၾကာေတာ့ အိမ္ကို ေရာက္လာတယ္။ အရမ္းအဆင္မေျပဘူးေပါ့။ အေမကလည္း ေနမေကာင္းဘူး။ အေဖကလည္း အလုပ္ မလုပ္ႏ္ုင္ေတာ့လို႔ စားဝတ္ေနေရး ခက္ခဲေနလို႔ပါ ဆိုၿပီး ေရာက္လာတယ္။

ကိုယ္လည္း အလုပ္အဆင္ေျပေနတဲ့ အခ်ိန္ဆိုေတာ့ မင္းကို မင္းမိသားစုကို လုပ္ေကြၽးဖို႔ အရင္းအႏွီး သိန္း (၁၀၀) အခုထုတ္ေပးရင္ ဘာလုပ္မလဲလို႔ ေမးၾကည့္မိတယ္။ တကယ္ က Taxi ေလး တစီး (အဲ့အခ်ိန္က တရာဝန္းက်င္ပဲရွိတာ) Installment နဲ႔ ဝယ္ထားၿပီး အရစ္က် သြင္းသြားေစခ်င္လို႔ ေမးမိတာ။

သူက ဘာျပန္ေျဖလဲ ဆိုေတာ့ အခုအခ်ိန္သာ သိန္း (၁၀၀) ရွိခဲ့ရင္ မ်ိဳးေကာင္းမ်ိဳးသန႔္ အတိုက္အခိုက္ အရမ္းေကာင္းတဲ့ တိုက္ၾကက္တေကာင္ ဝယ္မယ္တဲ့။ ၿပီးရင္ေဘးအိမ္က ေကာင္ရဲ႕ အရမ္းစြာေနတဲ့ တိုက္ၾကက္နဲ႔ တိုက္ခိုင္းမယ္တဲ့။ အဲ့ေကာင္နဲ႔ အဲ့ေကာင္ၾကက္ကို ၾကည့္မရတာ ၾကာၿပီတဲ့။ လုံးဝ serious ႐ုပ္နဲ႔ ေျပာတာ။ အဲဒါနဲ႔ကိုယ္လည္း ေအာ္ ေအးေအး။ ေရာ့ေရာ့ ငါးေသာင္းယူသြား။ မိဘေတြကို တခုခု ဝယ္ေကြၽးလိုက္လို႔ ေျပာၿပီး ျပန္လႊတ္လိုက္တယ္။

အဲဒီကတည္းက သင္ခန္းစာတခု ရလိုက္တယ္။ တခ်ိဳ႕လူေတြက ဆင္းရဲသင့္လို႔ကို ဆင္းရဲေနတာလို႔။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆင္းရဲတဲ့သူေတြ ရွိၾကေပမယ့္ ႀကိဳးစားရင္ ႀကိဳးစားသလို ဘဝက တိုးတတ္ေျပာင္းလဲသြားၾကတဲ့ သူေတြ အမ်ားႀကီးရွိပါတယ္။ အမ်ားႀကီးလည္း ထပ္ရွိလာၾကဦးမွာပါ။

အလုပ္ပုံမွန္ေလးလုပ္ ေလာင္းကစားကင္း မူးယစ္ေဆးဝါးမသုံးတဲ့ ဆင္းရဲတဲ့ သူတခ်ိဳ႕ က ႀကိဳးစားရင္ ႀကိဳးစားသလိုေတာ့ တိုးတက္လာႏိုင္ေပမယ့္ ဆင္းရဲေနတာေတာင္ အလုပ္မလုပ္ပဲ ပ်င္းေနတဲ့သူေတြ၊ ဆင္းရဲေနတာေတာင္ မူးယစ္ေဆးသုံးေနတဲ့သူေတြ၊ ဆင္းရဲေနတာေတာင္ ေလာင္းကစား လုပ္ေနတဲ့သူေတြက ေတာ့ ဒီဘဝက တိုးတတ္ဖို႔ မရွိပါဘူး။ တခ်ိဳ႕က တကယ္ႀကီးကို ဆင္းရဲသင့္လို႔ကို ဆင္းရဲေနတာပါ။

မိတ္ေဆြလည္း ဆင္းရဲေနရင္ စိတ္ဓာတ္မက်ပါနဲ႔။ ေလာင္းကစား မူးယစ္ေဆးကို ေရွာင္ၿပီး ႐ိုးသားစြာနဲ႔ အလုပ္လုပ္ပါ။ ဆင္းရဲတဲ့သူေတြ ဘဝတိုးတက္ဖို႔အတြက္ တခုတည္းေသာ အရင္းအႏွီးက ႐ိုးသားေျဖာင့္မတ္မႈပါ။ အဲဒါကို ေသခ်ာအရင္းအႏွီး လုပ္ၿပီး ဘဝကို ေလွ်ာက္လွမ္းပါ။ ဒီေခတ္မွာ အရွားဆုံးက ႐ိုးသားၿပီး ကတိတည္တဲ့သူေတြပါ။

ဒါေၾကာင့္ အရင္းႏွီးမရွိလို႔ စိတ္ဓာတ္မက်ပါနဲ႔။ ႐ိုးသားမႈနဲ႔ ဘဝကိုတည္ေဆာက္ပါ။ အားမေလ်ာ့ပါနဲ႔။ ဆင္းရဲသင့္လို႔ ဆင္းရဲတဲ့သူထဲ ပါေနၿပီဆိုရင္လည္း အခ်ိန္မီပါေသးတယ္။ အျမန္ဆုံး ျပင္ဆင္ၿပီး ဘဝကို တိုးတက္ဖို႔အတြက္ စၿပီးႀကိဳးစားပါ။ ဆင္းရဲသင့္တဲ့သူေတြက ဆင္းရဲေနဦးမွာပါ။ ေျပလည္သင့္တဲ့ သူေတြကလည္း ေျပလည္ေနၾကဦးမွာ မို႔လို႔ ေျပလည္တဲ့ လူတခ်ိဳ႕ထဲ ပါဖို႔ ႀကိဳးစားဖို႔ ဒီစာေလးနဲ႔ အားေပးခ်င္ပါတယ္။ Crd