မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို တိုးတက်စေချင်တဲ့ အတွက်ကြောင့် ပညာရေးမှာ ငွေကြေးအကုန်အကျ ခံပြီးတော့ သင်ပေးကြပါတယ်။ တချို့မိဘတွေဆိုရင် ကလေးတွေကို စကားနဲ့ပြောဆို ဆုံးမနေတာထက် သူတို့ကိုယ်တိုင် အတွေ့အကြုံရအောင် လုပ်ငန်းခွင်ထဲကို လက်တွေ့ဆင်းခိုင်းလေ့ ရှိပါတယ်။

မက္ကဆီကိုကနေ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်တဲ့ မိသားစု တစ်စုဟာလည်း သူတို့ရဲ့သမီးကို ကြိုးစားခြင်းနဲ့ ဇွဲရှိမှုတို့ရဲ့ အရေးပါတဲ့ အကြောင်းတွေကို သင်ပေးခဲ့ပါတယ်။ အခုအချိန်မှာဆိုရင် သူတို့ရဲ့သမီးဟာ ဘွဲ့ရပြီးတော့ မိဘတွေဖြစ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။

Jennifer Rocha လို့ခေါ်တဲ့ မိန်းကလေးရဲ့ မိဘတွေဟာ မက္ကဆီကိုကနေ အမေရိကန်ကို ရောက်လာခဲ့ပါတယ်။ သူမကို ကောလိပ်တက်ခိုင်းဖို့ မျှော်လင့်ချက်တွေ ထားခဲ့ပေမယ့် တက်ဖို့အတွက် အဆင်မပြေခဲ့ပါဘူး။ ဒါ့ကြောင့် မိဘတွေက ရွှေ့ပြောင်းတောင်သူတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Jennifer ဟာ စာသင်ချိန်တွေ ပြီးတဲ့အခါမှာ အိမ်ကို အပြေးအလွှား ပြန်လာပြီးတော့ သူ့မိဘတွေရဲ့ အလုပ်ကို လုပ်ကူပေးခဲ့ရပါတယ်။ သူမ မိဘတွေရဲ့ အလုပ်ဟာ ညတော်တော်နက်တဲ့အထိ မပြီးပါဘူး။

၂-၃ နာရီလောက် ခဏလေး အိပ်ပြီးတာနဲ့ လုပ်ငန်းခွင် ပြန်ဝင်ရပါတယ်။ အလုပ်အရမ်း လုပ်ရတာနဲ့ အိပ်ရေးမဝတာတင် မကပါဘူး။ အလုပ်ကြိုးစားတဲ့သူတွေရဲ့ စိတ်ဓာတ်ကို ပိုပြီး လေးစားလာမိတယ်လို့ Jennifer က ပြောပါတယ်။

လူတွေဟာ ကုန်စုံဆိုင်တွေ၊ စတိုးဆိုင်တွေမှာ ဟင်းသီးဟင်းရွက်တွေကို လွယ်လွယ်နဲ့ ဝယ်လို့ ရပေမယ့် ဒါတွေကို စိုက်ပျိုးတဲ့သူတွေ ဘယ်လောက်ထိ ပင်ပန်းခဲ့လဲဆိုတာ ကိုတော့ တွေးဖို့မေ့နေပါတယ်။

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်လိုမျိုး အရာတွေကို စိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးသမားတွေက ရာသီဥတုဒဏ်တွေ၊ ပိုးမွှားတွေရဲ့ ဖျက်စီးတာတွေ၊ ကျောရိုးနာကျင်မှုတွေ စတဲ့ ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါတယ်။ တချို့ဆိုရင် ကျန်းမာရေး မကောင်းတာတောင် စိုက်ခင်းထဲဆင်းပြီး အလုပ် လုပ်ရတဲ့သူတွေလည်း ရှိပါသေးတယ်။

Jennifer ဟာ ကောလိပ်တက်နေတဲ့ အချိန်အတွင်းမှာ အဆောင်မနေနိုင်ခဲ့တာကြောင့် ကောလိပ်နဲ့အိမ်ကို နေ့တိုင်း အသွားအပြန် လုပ်ခဲ့ရပါတယ်။ သူမရဲ့ စာလေ့လာမှု အချိန်တွေ၊ ကျောင်းတက်ရတဲ့ အချိန်တွေ၊ မိဘတွေကို လုပ်ကူပေးရတဲ့ အချိန်တွေ၊ ကောလိပ်နဲ့ အိမ်ကြားက အသွားအပြန်ကြာချိန်တွေကို တစ်နေ့တာအတွင်း လုံလောက်အောင် ကြိုးစားခဲ့ရပါတယ်။

“အရမ်းအရမ်းကို ပင်ပန်းတာကြောင့် လက်လျှော့ခဲ့ချင်ပေမယ့်လည်း မိဘတွေ၊ သူတို့ရဲ့ အိမ်မက်တွေ၊ အားပေးမှုတွေကြောင့် လက်မလျှော့ပဲ ဆက်ကြိုးစားနိုင်ခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။

ခက်ခက်ခဲခဲ ဘွဲ့ရအောင်ထားပေးခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးတွေကို မမေ့မလျော့အောင် ဘွဲ့ရပုံတွေကို စိုက်ခင်းထဲမှာပဲ သဘာဝကျကျ ရိုက်ကူးခဲ့ပါတယ်။ ဘွဲ့ရပုံတွေဟာ မိဘတွေကို လက်ဆောင်ပေးတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ဘွဲ့ရပြီးတော့ ခိုင်မာတဲ့ ခြေလှမ်းတွေကို စတင်နေပါပြီ။

Zombie (Lovemedia)

for zawgyi

မိဘေက်းဇူးကို အမွတ္ရသြားေအာင္ စိုက္ခင္းထဲမွာ ဘြဲ႕ဓါတ္ပုံ႐ိုက္ခဲ့တဲ့ မိန္းကေလး

မိဘေတြဟာ သူတို႔ရဲ႕ကေလးေတြကို တိုးတက္ေစခ်င္တဲ့ အတြက္ေၾကာင့္ ပညာေရးမွာ ေငြေၾကးအကုန္အက် ခံၿပီးေတာ့ သင္ေပးၾကပါတယ္။ တခ်ိဳ႕မိဘေတြဆိုရင္ ကေလးေတြကို စကားနဲ႔ေျပာဆို ဆုံးမေနတာထက္ သူတို႔ကိုယ္တိုင္ အေတြ႕အႀကဳံရေအာင္ လုပ္ငန္းခြင္ထဲကို လက္ေတြ႕ဆင္းခိုင္းေလ့ရွိပါတယ္။

မကၠဆီကိုကေန အေမရိကန္ကို ေ႐ႊ႕ေျပာင္းေနထိုင္တဲ့ မိသားစု တစ္စုဟာလည္း သူတို႔ရဲ႕သမီးကို ႀကိဳးစားျခင္းနဲ႔ ဇြဲရွိမႈတို႔ရဲ႕ အေရးပါတဲ့ အေၾကာင္းေတြကို သင္ေပးခဲ့ပါတယ္။ အခုအခ်ိန္မွာဆိုရင္ သူတို႔ရဲ႕သမီးဟာ ဘြဲ႕ရၿပီးေတာ့ မိဘေတြျဖစ္ခ်င္တဲ့ ဆႏၵကို ျဖည့္ဆည္းေပးႏိုင္ခဲ့ပါၿပီ။

Jennifer Rocha လို႔ေခၚတဲ့ မိန္းကေလးရဲ႕ မိဘေတြဟာ မကၠဆီကိုကေန အေမရိကန္ကို ေရာက္လာခဲ့ပါတယ္။ သူမကို ေကာလိပ္တက္ခိုင္းဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ထားခဲ့ေပမယ့္ တက္ဖို႔အတြက္ အဆင္မေျပခဲ့ပါဘူး။ ဒါ့ေၾကာင့္ မိဘေတြက ေ႐ႊ႕ေျပာင္းေတာင္သူေတြ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Jennifer ဟာ စာသင္ခ်ိန္ေတြ ၿပီးတဲ့အခါမွာ အိမ္ကို အေျပးအလႊား ျပန္လာၿပီးေတာ့ သူ႔မိဘေတြရဲ႕ အလုပ္ကို လုပ္ကူေပးခဲ့ရပါတယ္။ သူမ မိဘေတြရဲ႕ အလုပ္ဟာ ညေတာ္ေတာ္နက္တဲ့အထိ မၿပီးပါဘူး။ ၂-၃ နာရီေလာက္ ခဏေလး အိပ္ၿပီးတာနဲ႔ လုပ္ငန္းခြင္ ျပန္ဝင္ရပါတယ္။ အလုပ္အရမ္း လုပ္ရတာနဲ႔ အိပ္ေရးမဝတာတင္ မကပါဘူး။ အလုပ္ႀကိဳးစားတဲ့သူေတြရဲ႕ စိတ္ဓာတ္ကို ပိုၿပီး ေလးစားလာမိတယ္လို႔ Jennifer က ေျပာပါတယ္။

လူေတြဟာ ကုန္စုံဆိုင္ေတြ၊ စတိုးဆိုင္ေတြမွာ ဟင္းသီးဟင္း႐ြက္ေတြကို လြယ္လြယ္နဲ႔ ဝယ္လို႔ ရေပမယ့္ ဒါေတြကို စိုက္ပ်ိဳးတဲ့သူေတြ ဘယ္ေလာက္ထိ ပင္ပန္းခဲ့လဲဆိုတာ ကိုေတာ့ ေတြးဖို႔ေမ့ေနပါတယ္။ သစ္သီးေတြနဲ႔ ဟင္းသီးဟင္း႐ြက္လိုမ်ိဳး အရာေတြကို စိုက္ပ်ိဳးဖို႔အတြက္ စိုက္ပ်ိဳးေရးသမားေတြက ရာသီဥတုဒဏ္ေတြ၊ ပိုးမႊားေတြရဲ႕ ဖ်က္စီးတာေတြ၊ ေက်ာ႐ိုးနာက်င္မႈေတြ စတဲ့ ဒုကၡမ်ိဳးစုံကို ခံစားခဲ့ရပါတယ္။ တခ်ိဳ႕ဆိုရင္ က်န္းမာေရး မေကာင္းတာေတာင္ စိုက္ခင္းထဲဆင္းၿပီး အလုပ္ လုပ္ရတဲ့သူေတြလည္း ရွိပါေသးတယ္။

Jennifer ဟာ ေကာလိပ္တက္ေနတဲ့ အခ်ိန္အတြင္းမွာ အေဆာင္မေနႏိုင္ခဲ့တာေၾကာင့္ ေကာလိပ္နဲ႔အိမ္ကို ေန႔တိုင္း အသြားအျပန္ လုပ္ခဲ့ရပါတယ္။ သူမရဲ႕ စာေလ့လာမႈ အခ်ိန္ေတြ၊ ေက်ာင္းတက္ရတဲ့ အခ်ိန္ေတြ၊ မိဘေတြကို လုပ္ကူေပးရတဲ့ အခ်ိန္ေတြ၊ ေကာလိပ္နဲ႔ အိမ္ၾကားက အသြားအျပန္ၾကာခ်ိန္ေတြကို

တစ္ေန႔တာအတြင္း လုံေလာက္ေအာင္ ႀကိဳးစားခဲ့ရပါတယ္။ “အရမ္းအရမ္းကို ပင္ပန္းတာေၾကာင့္ လက္ေလွ်ာ့ခဲ့ခ်င္ေပမယ့္လည္း မိဘေတြ၊ သူတို႔ရဲ႕ အိမ္မက္ေတြ၊ အားေပးမႈေတြေၾကာင့္ လက္မေလွ်ာ့ပဲ ဆက္ႀကိဳးစားႏိုင္ခဲ့ပါတယ္” လို႔ သူမက ေျပာပါတယ္။

ခက္ခက္ခဲခဲ ဘြဲ႕ရေအာင္ထားေပးခဲ့တဲ့ မိဘေတြရဲ႕ ေက်းဇူးေတြကို မေမ့မေလ်ာ့ေအာင္ ဘြဲ႕ရပုံေတြကို စိုက္ခင္းထဲမွာပဲ သဘာဝက်က် ႐ိုက္ကူးခဲ့ပါတယ္။ ဘြဲ႕ရပုံေတြဟာ မိဘေတြကို လက္ေဆာင္ေပးတဲ့ ပုံေတြပဲ ျဖစ္ပါတယ္။ သူမဟာ အခုဆိုရင္ ဘြဲ႕ရၿပီးေတာ့ ခိုင္မာတဲ့ ေျခလွမ္းေတြကို စတင္ေနပါၿပီ။

Zombie (Lovemedia)