တရံရောအခါ ဗာရာဏသီပြည်အနီး၌ လက်သမားရွာကြီးတရွာရှိသည်။ ထိုရွာတွင် လက်သမားတထောင် နေထိုင်သည်။ သူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာခဲ့ရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာကြသည်။ ကြွေးမြီများ ထူလာကြသည်။

သို့ဖြင့် ထိုရွာ၌ ဆက်လက်နေထိုင်ရန် မသင့်တော်သောကြောင့် ဧရာမလှေကြီးတစင်း ပြုလုပ်ကာ မိသားစုများကိုပါ တင်ဆောင်၍ ရေလမ်းခရီးဖြင့် ထွက်ခွာလာခဲ့ကြသည်။

သူတို့သည် သမုဒ္ဒရာ အလယ်သို့ ရောက်သောအခါ ကျွန်းငယ်တခုကို တွေ့ရှိကြသည်။ ထိုကျွန်းငယ်မှာ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံ ပေါများသည်။ ထိုကျွန်းတွင် သဘော်ပျက်သဖြင့် ဦးစွာရောက်နှင့်နေသော ယောက်ျားတယောက်ကို သူတို့တွေ့သည်။ ထိုသူက "အဆွေတို့၊ သည်ကျွန်းမှာ အစားအစာ ပေါများသည်။ ဘေးအန္တရာယ်လည်း မရှိ။

သို့ရာတွင် သည်ကျွန်းကို နတ်များစောင့်သည်။ နတ်တို့သည် လူသားတို့၏ ကျင်ကြီး ကျင်ငယ်တို့ကို အလွန် စက်ဆုပ်ကြသည်။ အဆွေတို့ ဤကျွန်းတွင် နေလိုပါက ကျင်ကြီးကျင်ငယ်များကို အရမ်းမစွန့်ပါနှင့်။ သဲများကို ယက်၍ တွင်းပြုပြီးမှ စွန့်ပါ။ ထို့နောက် သဲဖြင့်ပြန်၍ ဖုံးအုပ်ပါ" ဟူ၍ သတိပေးပြောဆိုသည်။ လက်သမားတို့သည် ထိုကျွန်းမှာပင် အခြေချနေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

လက်သမားတထောင်တွင် ခေါင်းဆောင်အကြီးအမှူး နှစ်ယောက်ရှိသည်။ ခေါင်းဆောင်တဦးက လက်သမားငါးရာကို အုပ်ချုပ်၍ ကျန်ခေါင်းဆောင်တဦးက ကျန်လက်သမားငါးရာကို အုပ်ချုပ်သည်။ ခေါင်းဆောင်နှစ်ဦးတွင် တဦးသည် ပညာရှိသည်။ တဦးကား ပညာမဲ့သည်။

လက်သမားများသည် ကျွန်းပေါ်တွင် အခြေချနေလာရာမှ အတန်ကြာသော် ပညာမဲ့ခေါင်းဆောင်နှင့် ငယ်သားများသည် ကြံရည်ကို သေအရက်ပြု၍ သောက်စားမူးယစ်ကြသည်။ သီဆို ကခုန်ကြသည်။ ထို့နောက် ကျင်ကြီးကျင်ငယ်တို့ကို စည်းကမ်းတကျ မစွန့်ကြတော့။ ပြန်၍လည်း ဖုံးအုပ်ခြင်း မပြုကြ။

ထိုအခါ ကျွန်းစောင့်နတ်တို့သည် လွန်စွာ အမျက်ထွက်ကြသည်။ ၁၅ ရက် လွန်မြောက်လျှင် သမုဒ္ဒရာရေကို တက်စေ၍ ကျွန်းဆေးအံ့၊ လူအများကို သေစေအံ့ဟု စီစဉ်ကြသည်။ ထိုနတ်တို့တွင် ကြင်နာတတ်သော နတ်တပါး ပါသည်။

ထိုနတ်က လူအများကို မပျက်စီးစေလို။ ကျွန်းနေ လက်သမားများထံ လာရောက်၍ ဘေးဖြစ်မည့် အကြောင်းစုံကို ပြောပြသည်။ ၁၅ ရက် ရက်မတိုင်မီ ထွက်ပြေးကြရန်လည်း နှိုးဆော်သည်။

ထို့နောက် ရက်စက်သော နတ်တပါး ရောက်လာပြန်သည်။ ထိုနတ်က လက်သမားတို့အား "ပထမပြောသွားသော နတ်သားသည် သင်တို့ကို မလိုမုန်းထား၍ ပြောဆိုခြင်းဖြစ်သည်။ ဤကျွန်းတွင်သာ နေကြပါ။ တစုံတရာ ဘေးမရှိပါ" ဟု ပြောဆိုပြန်သည်။ ဤတွင် ပညာရှိခေါင်းဆောင်က စဉ်းစားချင့်ချိန်ပြီးလျှင်

"အဆွေတို့ လှေတို့ကို အသင့်စီရင်၍ ထားကြမှ သင့်မည်။ ပထမနတ်၏ စကားမှန်သော် ရေတက်သောအခါ လှေဖြင့်ထွက်ခွာကြမည်။ ဒုတိယနတ်၏ စကားမှန်သော် လှေတို့ကို သင့်တော်ရာ၌ ထား၍ ဤကျွန်းတွင်ပင် ဆက်လက်နေကြမည်" ဟု အဖော်လက်သမားတို့ကို ဆို၏။

ထိုစကားကို ပညာမဲ့ခေါင်းဆောင်က လက်မခံ။ "အဆွေ သင်သည် အလုပ်ပို လုပ်လိုသူဖြစ်သည်။ ပထမနတ်သားသည် ငါတို့ကိုမုန်း၍ ဆိုခြင်းဖြစ်သည်။ ဒုတိယနတ်သားသည်ကား ချစ်၍ဆိုခြင်း ဖြစ်သည်။ ဤသာယာသော ကျွန်းကို ငါတို့ အဘယ့်ကြောင့်စွန့်ရအံ့နည်း။ လှေပြုလုပ်ရန် မလို" ဟု ဆို၏။

ဆိုသည့်အတိုင်းလည်း မိမိ၏ငယ်သားငါးရာတို့ကို လှေမပြုလုပ်ရန် ညွှန်ကြား၏။ သူ၏ ငယ်သားများကလည်း သူတို့ဆရာစကားကို နားထောင်ကာ ဘာမှမလုပ်၊ သောက်စားမူးယစ်၍သာ နေကြလေ၏။

ပညာရှိခေါင်းဆောင်ကမူ မိမိ၏ငယ်သားများကို လှေပြုလုပ်စေသည်။ စားရေရိက္ခာ အပြည့်အစုံ ရှာဖွေ၍ လှေပေါ်သို့ တင်စေသည်။ ငယ်သားများကလည်း ပညာရှိခေါင်းဆောင်၏ စကားကိုနာယူကာ အစစအရာရာ အသင့်ပြုလုပ်ထားကြသည်။

၁၅ ရက် စေ့သော် ကြင်နာတတ်သော ပထမနတ်ပြောသည့် အတိုင်းပင် သမုဒ္ဒရာရေတို့သည် ကျွန်းပေါ်သို့ တရိပ်ရိပ် တက်လာသည်။ ခါးလယ်ခန့် ရောက်သောအခါ ပညာရှိခေါင်းဆောင်နှင့် ငယ်သားငါးရာတို့သည် လှေကြီးပေါ်သို့ တက်၍ လှော်ကာ ထွက်ခွာသွားကြလေသည်။

ပညာမဲ့ခေါင်းဆောင်နှင့် ငယ်သားများမူကား မမှုကြ။ ကျွန်းဆေးခြင်းမျှသာ ဖြစ်သည်။ ရေတို့သည် ခါးလယ်အထိသာ ရောက်နိုင်သည်။ ထို့ထက်တိုး၍ မရောက်နိုင် ဟုဆိုကာ အေးဆေးစွာ နေကြသည်။ သို့ရာတွင် သူတို့ထင်သကဲ့သို့ မဟုတ်။

သမုဒ္ဒရာရေသည် ခါးလယ်မှပခုံး၊ ပခုံးမှဦးခေါင်း၊ ဦးခေါင်းမှ ထန်းတဖျား တိုင်အောင် တက်လေတော့သည်။ သည်တွင် ပညာမဲ့ ခေါင်းဆောင်နှင့် တကွ ထိုသူကို ဆည်းကပ်သူ ငယ်သားငါးရာစလုံး ရေနစ်သေဆုံး သွားကြလေ၏။ crd

Zawgyi

ပညာမဲ့ေသာ ေခါင္းေဆာင္

တရံေရာအခါ ဗာရာဏသီျပည္အနီး၌ လက္သမား႐ြာႀကီးတ႐ြာရွိသည္။ ထို႐ြာတြင္ လက္သမားတေထာင္ ေနထိုင္သည္။ သူတို႔သည္ ထို႐ြာ၌ ၾကာျမင့္စြာ ေနထိုင္လာခဲ့ရာမွ လုပ္ငန္းမ်ား မေအာင္ျမင္ ျဖစ္လာၾကသည္။ ေႂကြးၿမီမ်ား ထူလာၾကသည္။ သို႔ျဖင့္ ထို႐ြာ၌ ဆက္လက္ေနထိုင္ရန္ မသင့္ေတာ္ေသာေၾကာင့္ ဧရာမေလွႀကီးတစင္း ျပဳလုပ္ကာ မိသားစုမ်ားကိုပါ တင္ေဆာင္၍ ေရလမ္းခရီးျဖင့္ ထြက္ခြာလာခဲ့ၾကသည္။

သူတို႔သည္ သမုဒၵရာ အလယ္သို႔ ေရာက္ေသာအခါ ကြၽန္းငယ္တခုကို ေတြ႕ရွိၾကသည္။ ထိုကြၽန္းငယ္မွာ ဆန္ေရစပါးႏွင့္ သီးႏွံမ်ိဳးစုံ ေပါမ်ားသည္။ ထိုကြၽန္းတြင္ သေဘာ္ပ်က္သျဖင့္ ဦးစြာေရာက္ႏွင့္ေနေသာ ေယာက္်ားတေယာက္ကို သူတို႔ေတြ႕သည္။ ထိုသူက "အေဆြတို႔၊ သည္ကြၽန္းမွာ အစားအစာ ေပါမ်ားသည္။ ေဘးအႏၲရာယ္လည္း မရွိ။

သို႔ရာတြင္ သည္ကြၽန္းကို နတ္မ်ားေစာင့္သည္။ နတ္တို႔သည္ လူသားတို႔၏ က်င္ႀကီး က်င္ငယ္တို႔ကို အလြန္ စက္ဆုပ္ၾကသည္။ အေဆြတို႔ ဤကြၽန္းတြင္ ေနလိုပါက က်င္ႀကီးက်င္ငယ္မ်ားကို အရမ္းမစြန႔္ပါႏွင့္။ သဲမ်ားကို ယက္၍ တြင္းျပဳၿပီးမွ စြန႔္ပါ။ ထို႔ေနာက္ သဲျဖင့္ျပန္၍ ဖုံးအုပ္ပါ" ဟူ၍ သတိေပးေျပာဆိုသည္။ လက္သမားတို႔သည္ ထိုကြၽန္းမွာပင္ အေျခခ်ေနထိုင္ရန္ ဆုံးျဖတ္လိုက္ၾကသည္။

လက္သမားတေထာင္တြင္ ေခါင္းေဆာင္အႀကီးအမႉး ႏွစ္ေယာက္ရွိသည္။ ေခါင္းေဆာင္တဦးက လက္သမားငါးရာကို အုပ္ခ်ဳပ္၍ က်န္ေခါင္းေဆာင္တဦးက က်န္လက္သမားငါးရာကို အုပ္ခ်ဳပ္သည္။ ေခါင္းေဆာင္ႏွစ္ဦးတြင္ တဦးသည္ ပညာရွိသည္။ တဦးကား ပညာမဲ့သည္။ လက္သမားမ်ားသည္ ကြၽန္းေပၚတြင္ အေျခခ်ေနလာရာမွ အတန္ၾကာေသာ္ ပညာမဲ့ေခါင္းေဆာင္ႏွင့္ ငယ္သားမ်ားသည္ ႀကံရည္ကို ေသအရက္ျပဳ၍ ေသာက္စားမူးယစ္ၾကသည္။ သီဆို ကခုန္ၾကသည္။ ထို႔ေနာက္ က်င္ႀကီးက်င္ငယ္တို႔ကို စည္းကမ္းတက် မစြန႔္ၾကေတာ့။ ျပန္၍လည္း ဖုံးအုပ္ျခင္း မျပဳၾက။

ထိုအခါ ကြၽန္းေစာင့္နတ္တို႔သည္ လြန္စြာ အမ်က္ထြက္ၾကသည္။ ၁၅ ရက္ လြန္ေျမာက္လွ်င္ သမုဒၵရာေရကို တက္ေစ၍ ကြၽန္းေဆးအံ့၊ လူအမ်ားကို ေသေစအံ့ဟု စီစဥ္ၾကသည္။ ထိုနတ္တို႔တြင္ ၾကင္နာတတ္ေသာ နတ္တပါး ပါသည္။ ထိုနတ္က လူအမ်ားကို မပ်က္စီးေစလို။ ကြၽန္းေန လက္သမားမ်ားထံ လာေရာက္၍ ေဘးျဖစ္မည့္ အေၾကာင္းစုံကို ေျပာျပသည္။ ၁၅ ရက္ ရက္မတိုင္မီ ထြက္ေျပးၾကရန္လည္း ႏႈိးေဆာ္သည္။

ထို႔ေနာက္ ရက္စက္ေသာ နတ္တပါး ေရာက္လာျပန္သည္။ ထိုနတ္က လက္သမားတို႔အား "ပထမေျပာသြားေသာ နတ္သားသည္ သင္တို႔ကို မလိုမုန္းထား၍ ေျပာဆိုျခင္းျဖစ္သည္။ ဤကြၽန္းတြင္သာ ေနၾကပါ။ တစုံတရာ ေဘးမရွိပါ" ဟု ေျပာဆိုျပန္သည္။ ဤတြင္ ပညာရွိေခါင္းေဆာင္က စဥ္းစားခ်င့္ခ်ိန္ၿပီးလွ်င္ "အေဆြတို႔ ေလွတို႔ကို အသင့္စီရင္၍ ထားၾကမွ သင့္မည္။ ပထမနတ္၏ စကားမွန္ေသာ္ ေရတက္ေသာအခါ ေလွျဖင့္ထြက္ခြာၾကမည္။ ဒုတိယနတ္၏ စကားမွန္ေသာ္ ေလွတို႔ကို သင့္ေတာ္ရာ၌ ထား၍ ဤကြၽန္းတြင္ပင္ ဆက္လက္ေနၾကမည္" ဟု အေဖာ္လက္သမားတို႔ကို ဆို၏။

ထိုစကားကို ပညာမဲ့ေခါင္းေဆာင္က လက္မခံ။ "အေဆြ သင္သည္ အလုပ္ပို လုပ္လိုသူျဖစ္သည္။ ပထမနတ္သားသည္ ငါတို႔ကိုမုန္း၍ ဆိုျခင္းျဖစ္သည္။ ဒုတိယနတ္သားသည္ကား ခ်စ္၍ဆိုျခင္း ျဖစ္သည္။ ဤသာယာေသာ ကြၽန္းကို ငါတို႔ အဘယ့္ေၾကာင့္စြန႔္ရအံ့နည္း။ ေလွျပဳလုပ္ရန္ မလို" ဟု ဆို၏။ ဆိုသည့္အတိုင္းလည္း မိမိ၏ငယ္သားငါးရာတို႔ကို ေလွမျပဳလုပ္ရန္ ၫႊန္ၾကား၏။ သူ၏ ငယ္သားမ်ားကလည္း သူတို႔ဆရာစကားကို နားေထာင္ကာ ဘာမွမလုပ္၊ ေသာက္စားမူးယစ္၍သာ ေနၾကေလ၏။

ပညာရွိေခါင္းေဆာင္ကမူ မိမိ၏ငယ္သားမ်ားကို ေလွျပဳလုပ္ေစသည္။ စားေရရိကၡာ အျပည့္အစုံ ရွာေဖြ၍ ေလွေပၚသို႔ တင္ေစသည္။ ငယ္သားမ်ားကလည္း ပညာရွိေခါင္းေဆာင္၏ စကားကိုနာယူကာ အစစအရာရာ အသင့္ျပဳလုပ္ထားၾကသည္။ ၁၅ ရက္ ေစ့ေသာ္ ၾကင္နာတတ္ေသာ ပထမနတ္ေျပာသည့္ အတိုင္းပင္ သမုဒၵရာေရတို႔သည္ ကြၽန္းေပၚသို႔ တရိပ္ရိပ္ တက္လာသည္။ ခါးလယ္ခန႔္ ေရာက္ေသာအခါ ပညာရွိေခါင္းေဆာင္ႏွင့္ ငယ္သားငါးရာတို႔သည္ ေလွႀကီးေပၚသို႔ တက္၍ ေလွာ္ကာ ထြက္ခြာသြားၾကေလသည္။

ပညာမဲ့ေခါင္းေဆာင္ႏွင့္ ငယ္သားမ်ားမူကား မမႈၾက။ ကြၽန္းေဆးျခင္းမွ်သာ ျဖစ္သည္။ ေရတို႔သည္ ခါးလယ္အထိသာ ေရာက္ႏိုင္သည္။ ထို႔ထက္တိုး၍ မေရာက္ႏိုင္ ဟုဆိုကာ ေအးေဆးစြာ ေနၾကသည္။ သို႔ရာတြင္ သူတို႔ထင္သကဲ့သို႔ မဟုတ္။ သမုဒၵရာေရသည္ ခါးလယ္မွပခုံး၊ ပခုံးမွဦးေခါင္း၊ ဦးေခါင္းမွ ထန္းတဖ်ား တိုင္ေအာင္ တက္ေလေတာ့သည္။ သည္တြင္ ပညာမဲ့ ေခါင္းေဆာင္ႏွင့္ တကြ ထိုသူကို ဆည္းကပ္သူ ငယ္သားငါးရာစလုံး ေရနစ္ေသဆုံး သြားၾကေလ၏။ crd