တရက်တော့ စိတ္တဇဆေးရုံရှေ့မှာ ကားတစီးဟာ ဘီးပေါက်သွားပါတယ်။ ကားဆရာဟာ ပေါက်သွားတဲ့ ဘီးကို စပါယ်ယာဘီးနဲ့ လဲပြီး တပ်နေတယ်။

ဘီးတွေ ဖြုတ်လဲပြီးလို့ ပြန်တပ်မဲ့ အချိန်မှာ မူလီနတ်ခေါင်းတွေ အကုန်လုံး ရေမြောင်းအပေါက်ထဲ ကျကုန်လို့ တလုံးမှ မကျန်တော့ဘူး။

ကားဆရာလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ သူဟာ ပတ်ဝန်းကျင်မှာ အကူညီတောင်းဖို့ လိုက်ကြည့်နေချိန် ဆေးရုံထဲက စိတ်ဝေဒနာသည် တဦးက အခုလို ပြောတယ်။

"ကျန်တဲ့ဘီးသုံးလုံးက နတ်ခေါင်းတလုံးစီ ဖြုတ်ပြီး စပါယ်ယာဘီးကို ပြန်တပ်လိုက်လေကွာ။ ကားအပိုပစ္စည်း ရောင်းတဲ့ဆိုင် ရောက်တဲ့ထိတော့ မောင်းသွားလို့ ရပါတယ် ကွ"

ထိုအခါ ကားဆရာလည်း သူပြောတဲ့အတိုင်း လုပ်ပြီး ကျေးဇူးတင်စကား ပြောတာပေါ့။ "ကျွန်တော် မတွေးမိတာကို ပြောပြပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။

ဒါပေမဲ့ ကျနော်တခု မရှင်းလို့ မေးပါရစေ။ ခင်ဗျားလိုလူက ဒီလို စိတ္တဇဆေးရုံကို ရောက်နေတာ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ဘူးဗျာ"

ထိုအခါ ကျေးဇူးရှင် စိတ်ဝေဒနာသည် ပြန်ပြောတာက "ဟ ငါက ရူးနေလို့သာ ဒီဆေးရုံ ရောက်လာတာ မင်းလိုတော့ ဉာဏ်မတုံးဘူးကွ" တဲ့။ crd

Zawgyi

ဉာဏ္တုံးေသာသူ

တရက္ေတာ့ စိတၱဇေဆး႐ုံေရွ႕မွာ ကားတစီးဟာ ဘီးေပါက္သြားပါတယ္။ ကားဆရာဟာ ေပါက္သြားတဲ့ ဘီးကို စပါယ္ယာဘီးနဲ႔ လဲၿပီး တပ္ေနတယ္။

ဘီးေတြ ျဖဳတ္လဲၿပီးလို႔ ျပန္တပ္မဲ့ အခ်ိန္မွာ မူလီနတ္ေခါင္းေတြ အကုန္လုံး ေရေျမာင္းအေပါက္ထဲ က်ကုန္လို႔ တလုံးမွ မက်န္ေတာ့ဘူး။

ကားဆရာလည္း စိတ္ပ်က္လက္ပ်က္ ျဖစ္သြားတယ္။ သူဟာ ပတ္ဝန္းက်င္မွာ အကူညီေတာင္းဖို႔ လိုက္ၾကည့္ေနခ်ိန္ ေဆး႐ုံထဲက စိတ္ေဝဒနာသည္တဦးက အခုလို ေျပာတယ္။

"က်န္တဲ့ဘီးသုံးလုံးက နတ္ေခါင္းတလုံးစီ ျဖဳတ္ၿပီး စပါယ္ယာဘီးကို ျပန္တပ္လိုက္ေလကြာ။ ကားအပိုပစၥည္း ေရာင္းတဲ့ဆိုင္ ေရာက္တဲ့ထိေတာ့ ေမာင္းသြားလို႔ ရပါတယ္ ကြ"

ထိုအခါ ကားဆရာလည္း သူေျပာတဲ့အတိုင္း လုပ္ၿပီး ေက်းဇူးတင္စကား ေျပာတာေပါ့။ "ကြၽန္ေတာ္ မေတြးမိတာကို ေျပာျပေပးလို႔ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။

ဒါေပမဲ့ က်ေနာ္တခု မရွင္းလို႔ ေမးပါရေစ။ ခင္ဗ်ားလိုလူက ဒီလို စိတၱဇေဆး႐ုံကို ေရာက္ေနတာ ကြၽန္ေတာ္ ဘယ္လိုမွ နားမလည္ႏိုင္ဘူးဗ်ာ"

ထိုအခါ ေက်းဇူးရွင္ စိတ္ေဝဒနာသည္ ျပန္ေျပာတာက "ဟ ငါက ႐ူးေနလို႔သာ ဒီေဆး႐ုံ ေရာက္လာတာ မင္းလိုေတာ့ ဉာဏ္မတုံးဘူးကြ" တဲ့။ crd