တခါတုန်းက မာလီယမ်လို့ခေါ်တဲ့ လူငယ်ကလေးတယောက် ရှိတယ်။ မာလီယမ်က ဆင်းရဲတယ်၊ ကြင်နာတတ်တယ်။ ပန်းချီဆွဲတာကို ဝါသနာပါလွန်းလို့ နေရာတိုင်းမှာ ပုံတွေ ရေးဆွဲလေ့ ရှိတယ်။ တညမှာတော့ အဘိုးအိုတယောက်က သူ့ကို မှော်စုတ်တံတချောင်း ပေးခဲ့တယ်လို့ အိပ်မက် မက်ခဲ့တယ်။ အဲဒီမှော်စုတ်တံကို သုံးပြီး ဆင်းရဲသားတွေကို ကူညီဖို့လည်း ခိုင်းခဲ့တယ်။

သူအိပ်ရာကနိုးတဲ့အခါ မှော်စုတ်တံဟာ သူ့စားပွဲပေါ် ရောက်နေတာကို တွေ့လိုက်တယ်။ အဲဒီနေ့ကစပြီး မာလီယမ်ဟာ ဆင်းရဲသားတွေ အကူအညီလိုတဲ့ အချိန်တိုင်း သူရထားတဲ့ မှော်စုတ်တံကို သုံးပြီး ကူညီပေးခဲ့တယ်။

လယ်တွေ ရေသွင်းဖို့ ရေလိုနေတဲ့ လယ်သမားတွေကို မြင်တဲ့အခါ မာလီယမ်ဟာ အဲဒီမှော်စုတ်တံကို သုံးပြီး မြစ်တစင်းပုံကို ရေးဆွဲလိုက်တယ်။ ရေးဆွဲပြီးတာနဲ့ မြစ်ဟာ အသက်ဝင်လာတယ်။ လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာတွေ စိမ်းလန်းစိုပြေစေဖို့ အဲဒီမြစ်ထဲက ရေတွေကို လယ်ယာတွေထဲမှာ သွင်းယူနိုင်ကြတယ်။

ပြီးတော့ တောင်သူတွေဟာ မိသားစု စားသောက်ရေး အဆင်မပြေ ဖြစ်နေတာကို မြင်တဲ့အခါ မာလီယမ်က သူတို့ စားသောက်ဖို့ အစားအစာတွေကို ရေးဆွဲတယ်။ ဒီလိုနဲ့ မှော်စုတ်တံအကြောင်း လူသိများလာပြီး မာလီယမ့်ကိုလည်း ကျေးဇူးတင်နေကြတယ်။

ဒါပေမဲ့ အဲဒီရွာထဲမှာ အလွန်ကပ်စေးနဲတဲ့ သူဌေးတယောက် ရှိတယ်။ အဲဒီသူဌေးဟာ လူငယ်လေး မာလီယမ့်ဆီက မှော်စုတ်တံကို ခိုးယူဖို့ ကြံစည်နေပါတယ်။ သူ မှော်စုတ်တံကို ရချင်တာက လူတွေကို ကူညီဖို့ မဟုတ်ဘဲ အဲဒီမှော်စုတ်တံကို အသုံးချပြီး ချမ်းသာသထက် ချမ်းသာအောင် လုပ်ဖို့ပါ။

ဒါကြောင့် သူဌေးဟာ သူ့နောက်လိုက်တွေကို မာလီယမ့်အိမ်က မှော်စုတ်တံကို ခိုးယူခိုင်းပါတယ်။ သူ့နောက်လိုက်တွေဟာ မှော်စုတ်တံကို ရလာတဲ့အခါ အလွန်ပျော်နေတယ်။ ပြီးတော့ သူ့မိတ်ဆွေတွေကို သူ့အိမ်ကို အလည် ဖိတ်ခေါ်လိုက်ပါတယ်။ မှော်စုတ်တံအစွမ်းနဲ့ ရလာမဲ့ ပိုင်ဆိုင်မှုအသစ်တွေကို ကြွားဝါဖို့ ဖြစ်ပါတယ်။

သူဌေးဟာ မှော်စုတ်တံနဲ့ သူလိုချင်တာတွေကို ရေးဆွဲလိုက်ပေမဲ့ သူလိုချင်လို့ ရေးဆွဲလိုက်တဲ့ ပုံတွေဟာ အသက်ဝင်မလာပါဘူး။ မှော်စုတ်တံက အစွမ်းမပြတာကြောင့် ဒေါသတွေဖြစ်ပြီး မာလီယမ့်ကို ဖမ်းခေါ်ပြီး အကြပ်ကိုင်ပါတော့တယ်။ "မင်းက ငါ့အတွက် ငါလိုချင်တဲ့ပုံတွေ ဆွဲပေးပြီး အသက်ဝင်အောင် လုပ်ပေးရင် မင်းကို လွှတ်ပေးမယ်"

မာလီယမ်က လောဘတက်နေတဲ့ သူဌေးခိုင်းတာကို မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မာလီယမ့်မှာ စိတ်ကူးတခု ရှိနေပါတယ်။ ဒါကြောင့် မာလီယမ်က လောဘတက်နေတဲ့ သူဌေးကို ပြောလိုက်ပါတယ်။ "ကျွန်တော် ဘာပုံဆွဲပေးရမလဲ" ဆိုတော့ သူဌေးက "ရွှေတွေရဖို့ ရွှေတောင်ကြီးပုံ ဆွဲပေးပါ" လို့ ပြန်ပြောလိုက်တယ်။

မာလီယမ်ဟာ သူပြောတဲ့ ရွှေတောင်ကြီးပုံကို မဆွဲဘဲ ပင်လယ်ကြီးပုံကို ဆွဲလိုက်တယ်။ "ပင်လယ်ကြီးပုံကို ဘာလို့ဆွဲတာလဲ ရွှေတောင်ကြီးပုံပဲဆွဲပါ။ ခုချက်ချင်း ဆွဲပေး" လို့ သူဌေးက စိတ်ဆိုးပြီး ပြောလိုက်တယ်။ ဒါကြောင့် မာလီယမ်က ပင်လယ်ဝေးကွာတဲ့ နေရာတခုမှာ ရွှေတောင်ကြီးပုံကို ဆွဲလိုက်တယ်။

မာလီယမ်က ပြုံးလိုက်ပြီး သင်္ဘောတစင်းကို ရေးဆွဲလိုက်ပြန်ပါတယ်။ မာလီယမ်ဆွဲပြီးတာနဲ့ သူဌေးဟာ သင်္ဘောကို စီးပြီး ရွှေတောင်ကြီးဆီကို ထွက်သွားတော့တယ်။ သူဌေးစီးသွားတဲ့ သင်္ဘောဟာ ပင်လယ်ရဲ့ အလယ်ကို ရောက်နေတုန်းမှာ မာလီယမ်က သင်္ဘောကို ဖျက်ဆီးပစ်မဲ့ ရေလှိုင်းကြီးတခုကို ရေးဆွဲလိုက်တယ်။ သူဌေးဟာ ရေလှိုင်းနဲ့အတူ သင်္ဘောပျက်တဲ့အထဲ ပါသွားရှာပါတော့တယ်။

အဲဒီလို ဖြစ်ပြီးနောက် လူငယ်လေးမာလီယမ်ဟာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး ဆင်းရဲသားတွေကို ဆက်ပြီးကူညီနေခဲ့တယ်။ မှော်စုတ်တံအကြောင်းကို လူတိုင်းကသိပြီး သဘောကျနေကြတော့သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ နန္ဒမန်းကြယ် (တွင်းငယ်)

Zawgyi

ေမွာ္စုတ္တံေလး

တခါတုန္းက မာလီယမ္လို႔ေခၚတဲ့ လူငယ္ကေလးတေယာက္ ရွိတယ္။ မာလီယမ္က ဆင္းရဲတယ္၊ ၾကင္နာတတ္တယ္။ ပန္းခ်ီဆြဲတာကို ဝါသနာပါလြန္းလို႔ ေနရာတိုင္းမွာ ပုံေတြ ေရးဆြဲေလ့ ရွိတယ္။ တညမွာေတာ့ အဘိုးအိုတေယာက္က သူ႔ကို ေမွာ္စုတ္တံတေခ်ာင္း ေပးခဲ့တယ္လို႔ အိပ္မက္ မက္ခဲ့တယ္။ အဲဒီေမွာ္စုတ္တံကို သုံးၿပီး ဆင္းရဲသားေတြကို ကူညီဖို႔လည္း ခိုင္းခဲ့တယ္။

သူအိပ္ရာကႏိုးတဲ့အခါ ေမွာ္စုတ္တံဟာ သူ႔စားပြဲေပၚ ေရာက္ေနတာကို ေတြ႕လိုက္တယ္။ အဲဒီေန႔ကစၿပီး မာလီယမ္ဟာ ဆင္းရဲသားေတြ အကူအညီလိုတဲ့ အခ်ိန္တိုင္း သူရထားတဲ့ ေမွာ္စုတ္တံကို သုံးၿပီး ကူညီေပးခဲ့တယ္။

လယ္ေတြ ေရသြင္းဖို႔ ေရလိုေနတဲ့ လယ္သမားေတြကို ျမင္တဲ့အခါ မာလီယမ္ဟာ အဲဒီေမွာ္စုတ္တံကို သုံးၿပီး ျမစ္တစင္းပုံကို ေရးဆြဲလိုက္တယ္။ ေရးဆြဲၿပီးတာနဲ႔ ျမစ္ဟာ အသက္ဝင္လာတယ္။ လယ္သမားေတြဟာ သူတို႔ရဲ႕ လယ္ယာေတြ စိမ္းလန္းစိုေျပေစဖို႔ အဲဒီျမစ္ထဲက ေရေတြကို လယ္ယာေတြထဲမွာ သြင္းယူႏိုင္ၾကတယ္။

ၿပီးေတာ့ ေတာင္သူေတြဟာ မိသားစု စားေသာက္ေရး အဆင္မေျပ ျဖစ္ေနတာကို ျမင္တဲ့အခါ မာလီယမ္က သူတို႔ စားေသာက္ဖို႔ အစားအစာေတြကို ေရးဆြဲတယ္။ ဒီလိုနဲ႔ ေမွာ္စုတ္တံအေၾကာင္း လူသိမ်ားလာၿပီး မာလီယမ့္ကိုလည္း ေက်းဇူးတင္ေနၾကတယ္။

ဒါေပမဲ့ အဲဒီ႐ြာထဲမွာ အလြန္ကပ္ေစးနဲတဲ့ သူေဌးတေယာက္ ရွိတယ္။ အဲဒီသူေဌးဟာ လူငယ္ေလး မာလီယမ့္ဆီက ေမွာ္စုတ္တံကို ခိုးယူဖို႔ ႀကံစည္ေနပါတယ္။ သူ ေမွာ္စုတ္တံကို ရခ်င္တာက လူေတြကို ကူညီဖို႔ မဟုတ္ဘဲ အဲဒီေမွာ္စုတ္တံကို အသုံးခ်ၿပီး ခ်မ္းသာသထက္ ခ်မ္းသာေအာင္ လုပ္ဖို႔ပါ။

ဒါေၾကာင့္ သူေဌးဟာ သူ႔ေနာက္လိုက္ေတြကို မာလီယမ့္အိမ္က ေမွာ္စုတ္တံကို ခိုးယူခိုင္းပါတယ္။ သူ႔ေနာက္လိုက္ေတြဟာ ေမွာ္စုတ္တံကို ရလာတဲ့အခါ အလြန္ေပ်ာ္ေနတယ္။ ၿပီးေတာ့ သူ႔မိတ္ေဆြေတြကို သူ႔အိမ္ကို အလည္ ဖိတ္ေခၚလိုက္ပါတယ္။ ေမွာ္စုတ္တံအစြမ္းနဲ႔ ရလာမဲ့ ပိုင္ဆိုင္မႈအသစ္ေတြကို ႂကြားဝါဖို႔ ျဖစ္ပါတယ္။

သူေဌးဟာ ေမွာ္စုတ္တံနဲ႔ သူလိုခ်င္တာေတြကို ေရးဆြဲလိုက္ေပမဲ့ သူလိုခ်င္လို႔ ေရးဆြဲလိုက္တဲ့ ပုံေတြဟာ အသက္ဝင္မလာပါဘူး။ ေမွာ္စုတ္တံက အစြမ္းမျပတာေၾကာင့္ ေဒါသေတြျဖစ္ၿပီး မာလီယမ့္ကို ဖမ္းေခၚၿပီး အၾကပ္ကိုင္ပါေတာ့တယ္။ "မင္းက ငါ့အတြက္ ငါလိုခ်င္တဲ့ပုံေတြ ဆြဲေပးၿပီး အသက္ဝင္ေအာင္ လုပ္ေပးရင္ မင္းကို လႊတ္ေပးမယ္"

မာလီယမ္က ေလာဘတက္ေနတဲ့ သူေဌးခိုင္းတာကို မလုပ္ခ်င္ပါဘူး။ ဒါေပမဲ့ မာလီယမ့္မွာ စိတ္ကူးတခု ရွိေနပါတယ္။ ဒါေၾကာင့္ မာလီယမ္က ေလာဘတက္ေနတဲ့ သူေဌးကို ေျပာလိုက္ပါတယ္။ "ကြၽန္ေတာ္ ဘာပုံဆြဲေပးရမလဲ" ဆိုေတာ့ သူေဌးက "ေ႐ႊေတြရဖို႔ ေ႐ႊေတာင္ႀကီးပုံ ဆြဲေပးပါ" လို႔ ျပန္ေျပာလိုက္တယ္။

မာလီယမ္ဟာ သူေျပာတဲ့ ေ႐ႊေတာင္ႀကီးပုံကို မဆြဲဘဲ ပင္လယ္ႀကီးပုံကို ဆြဲလိုက္တယ္။ "ပင္လယ္ႀကီးပုံကို ဘာလို႔ဆြဲတာလဲ ေ႐ႊေတာင္ႀကီးပုံပဲဆြဲပါ။ ခုခ်က္ခ်င္း ဆြဲေပး" လို႔ သူေဌးက စိတ္ဆိုးၿပီး ေျပာလိုက္တယ္။ ဒါေၾကာင့္ မာလီယမ္က ပင္လယ္ေဝးကြာတဲ့ ေနရာတခုမွာ ေ႐ႊေတာင္ႀကီးပုံကို ဆြဲလိုက္တယ္။

မာလီယမ္က ၿပဳံးလိုက္ၿပီး သေဘၤာတစင္းကို ေရးဆြဲလိုက္ျပန္ပါတယ္။ မာလီယမ္ဆြဲၿပီးတာနဲ႔ သူေဌးဟာ သေဘၤာကို စီးၿပီး ေ႐ႊေတာင္ႀကီးဆီကို ထြက္သြားေတာ့တယ္။ သူေဌးစီးသြားတဲ့ သေဘၤာဟာ ပင္လယ္ရဲ႕ အလယ္ကို ေရာက္ေနတုန္းမွာ မာလီယမ္က သေဘၤာကို ဖ်က္ဆီးပစ္မဲ့ ေရလႈိင္းႀကီးတခုကို ေရးဆြဲလိုက္တယ္။ သူေဌးဟာ ေရလႈိင္းနဲ႔အတူ သေဘၤာပ်က္တဲ့အထဲ ပါသြားရွာပါေတာ့တယ္။

အဲဒီလို ျဖစ္ၿပီးေနာက္ လူငယ္ေလးမာလီယမ္ဟာ မိသားစုနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ၿပီး ဆင္းရဲသားေတြကို ဆက္ၿပီးကူညီေနခဲ့တယ္။ ေမွာ္စုတ္တံအေၾကာင္းကို လူတိုင္းကသိၿပီး သေဘာက်ေနၾကေတာ့သတဲ့။ ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ နႏၵမန္းၾကယ္ (တြင္းငယ္)