တခါတုန်းက ကြွက်သုံးကောင် ရှိတယ်။ တနေ့တော့ ဆီအိုးကြီး တအိုးထဲက ဆီကို ခိုးသောက်ကြမယ် ဆိုပြီး သုံးကောင်သား ထွက်လာခဲ့ကြတယ်။ ဒါပေမယ့် အိုးကြီးကသာ ကြီးပြီး မြင့်နေတာ အထဲကဆီက ဖင်ကပ်ပဲ ရှိတယ်။ ဒီတော့ အိုးထဲဝင်ပြီး ဆီခိုးသောက်ဖို့ ကိစ္စက ပြဿနာ ဖြစ်နေရော ဆိုပါတော့။

ဒီတော့ အဲဒီပြဿနာ ဘယ်လိုရှင်းကြမလဲ စဉ်းစားကြတယ်။ နောက်ဆုံးတော့ အကြံ ရသွားတယ်။ အကြံက ဒီလိုပါ။ တကောင်ရဲ့ အမြီးဖျားကို တကောင်က ပါးစပ်နဲ့ ကိုက်ရမယ်။ သုံးကောင်ဆိုတော့ ကြွက်တန်းရှည်ကြီး ဖြစ်သွားမယ်။

မဲနှိုက်ပြီး ပထမမဲ ကျတဲ့ကောင်က အောက်ဆုံးမှာနေ၊ အိုးထဲကဆီကို အရင်သောက်။ ဒုတိယကောင်က အလယ်က၊ တတိယမဲကျတဲ့အကောင်က အိုးနှုတ်ခမ်းပေါ်မှာနေ။ ဒီလိုနဲ့ တလှည့်စီ သောက်ကြမယ်။ ဒါဆို ဖြစ်တယ်ပေါ့လေ။

သဘောတူတယ်။ မဲနှိုက်တယ်။ ပြီးတော့ သစ္စာဆိုကြတယ်။ ကျွန်တော်တို့သည် ကိုယ့်သောက်အလှည့် ကျသော်လည်း တကိုယ်ကောင်း မဆန်ကြပါ။ ညီတူညီမျှ ဖြစ်စေရပါမည် ပေါ့လေ။

အဲဒီလိုနဲ့ တကောင်အမြီးဖျား တကောင်ကိုက်ပြီး ဆင်းကြတယ်။ တကောင်က အိုးနှုတ်ခမ်းပေါ်က၊ တကောင်က အလယ်က၊ တကောင်က ဆီအိုးထဲက ဆီဖင်ကပ်နဲ့ ထိလုထိခင်ကလေး။

ပထမဆုံး စသောက်ခွင့် မဲကျတဲ့ အောက်ဆုံးက ကောင်က စဉ်းစားတယ်။ "ဟ ဆီက တကယ့်ကို နည်းနည်းလေးပါလား။ ငါပထမကျတာကိုက ငါအဝသောက်ဖို့ ဖြစ်လာတာ။ သစ္စာတွေဘာတွေ လုပ်မနေတော့ပါဘူး။ သောက်ရတုန်း ဝအောင် အုပ်ထားမှ"

အဲဒီအချိန်မှာ ဒုတိယတကောင်ကလည်း သူ့ဟာသူ တွေးတယ်။ "ဆီက တကယ့်တကယ်ကျတော့ ဘာမှ မရှိပါလား။ သောက်ကျိုးနဲ။ ပထမကောင်က အကုန်အုပ်သွားရင် ငတ်ရချေသေးရဲ့။ အကောင်းဆုံးကတော့ ငါပါ ခုန်ချပြီး သောက်လိုက်တာက ပိုသေချာမယ် ထင်ပါရဲ့"

အဲဒီအချိန်ကလေးမှာပဲ အိုးနှုတ်ခမ်းပေါ်က တတိယကောင်ကလည်း တွေးတယ်။ "အပေါ်က ကြည့်ရသလောက် ဆီက ဘယ်လိုမှ သုံးကောင် မလောက်နိုင်ဘူး။ ဟိုနှစ်ကောင် အရင်သောက်တာနဲ့ပဲ ငါ့အလှည့်ကျရင် ဘာမှကို ကျန်မှာမဟုတ်တော့ဘူး။ ခုန်ချလိုက်တာ အကောင်းဆုံးပဲ"

အဲဒီလိုနဲ့ ဒုတိယကောင်နဲ့ တတိယကောင်က တကောင် တကောင် ကိုက်ထားတဲ့ အမြီးတွေကို လွှတ်ချလိုက်တယ်။ ပြီးတော့ တပြိုင်နက်တည်း ခုန်ချလိုက်ကြရော ဆိုပါတော့။

ဒီလိုနဲ့ ကြွက်သုံးကောင်စလုံး အိုးစောက်နက်ကြီးထဲ ကျနေလိုက်တာ တသက်လုံး သူတို့ဟာ သူတို့လည်း မတက်နိုင်ဘူး။ ဘယ်သူကမှလည်း လာမကယ်ဘူး။ နေဝင်းမြင့်

Zawgyi

ႂကြက္သုံးေကာင္ႏွင့္ ဆီအိုးၾကီး

တခါတုန္းက ႂကြက္သုံးေကာင္ ရွိတယ္။ တေန႔ေတာ့ ဆီအိုးႀကီး တအိုးထဲက ဆီကို ခိုးေသာက္ၾကမယ္ ဆိုၿပီး သုံးေကာင္သား ထြက္လာခဲ့ၾကတယ္။ ဒါေပမယ့္ အိုးႀကီးကသာ ႀကီးၿပီး ျမင့္ေနတာ အထဲကဆီက ဖင္ကပ္ပဲ ရွိတယ္။ ဒီေတာ့ အိုးထဲဝင္ၿပီး ဆီခိုးေသာက္ဖို႔ ကိစၥက ျပႆနာ ျဖစ္ေနေရာ ဆိုပါေတာ့။

ဒီေတာ့ အဲဒီျပႆနာ ဘယ္လိုရွင္းၾကမလဲ စဥ္းစားၾကတယ္။ ေနာက္ဆုံးေတာ့ အႀကံ ရသြားတယ္။ အႀကံက ဒီလိုပါ။ တေကာင္ရဲ႕ အၿမီးဖ်ားကို တေကာင္က ပါးစပ္နဲ႔ ကိုက္ရမယ္။ သုံးေကာင္ဆိုေတာ့ ႂကြက္တန္းရွည္ႀကီး ျဖစ္သြားမယ္။

မဲႏႈိက္ၿပီး ပထမမဲ က်တဲ့ေကာင္က ေအာက္ဆုံးမွာေန၊ အိုးထဲကဆီကို အရင္ေသာက္။ ဒုတိယေကာင္က အလယ္က၊ တတိယမဲက်တဲ့အေကာင္က အိုးႏႈတ္ခမ္းေပၚမွာေန။ ဒီလိုနဲ႔ တလွည့္စီ ေသာက္ၾကမယ္။ ဒါဆို ျဖစ္တယ္ေပါ့ေလ။

သေဘာတူတယ္။ မဲႏႈိက္တယ္။ ၿပီးေတာ့ သစၥာဆိုၾကတယ္။ ကြၽန္ေတာ္တို႔သည္ ကိုယ့္ေသာက္အလွည့္ က်ေသာ္လည္း တကိုယ္ေကာင္း မဆန္ၾကပါ။ ညီတူညီမွ် ျဖစ္ေစရပါမည္ ေပါ့ေလ။

အဲဒီလိုနဲ႔ တေကာင္အၿမီးဖ်ား တေကာင္ကိုက္ၿပီး ဆင္းၾကတယ္။ တေကာင္က အိုးႏႈတ္ခမ္းေပၚက၊ တေကာင္က အလယ္က၊ တေကာင္က ဆီအိုးထဲက ဆီဖင္ကပ္နဲ႔ ထိလုထိခင္ကေလး။

ပထမဆုံး စေသာက္ခြင့္ မဲက်တဲ့ ေအာက္ဆုံးက ေကာင္က စဥ္းစားတယ္။ "ဟ ဆီက တကယ့္ကို နည္းနည္းေလးပါလား။ ငါပထမက်တာကိုက ငါအဝေသာက္ဖို႔ ျဖစ္လာတာ။ သစၥာေတြဘာေတြ လုပ္မေနေတာ့ပါဘူး။ ေသာက္ရတုန္း ဝေအာင္ အုပ္ထားမွ"

အဲဒီအခ်ိန္မွာ ဒုတိယတေကာင္ကလည္း သူ႔ဟာသူ ေတြးတယ္။ "ဆီက တကယ့္တကယ္က်ေတာ့ ဘာမွ မရွိပါလား။ ေသာက္က်ိဳးနဲ။ ပထမေကာင္က အကုန္အုပ္သြားရင္ ငတ္ရေခ်ေသးရဲ႕။ အေကာင္းဆုံးကေတာ့ ငါပါ ခုန္ခ်ၿပီး ေသာက္လိုက္တာက ပိုေသခ်ာမယ္ ထင္ပါရဲ႕"

အဲဒီအခ်ိန္ကေလးမွာပဲ အိုးႏႈတ္ခမ္းေပၚက တတိယေကာင္ကလည္း ေတြးတယ္။ "အေပၚက ၾကည့္ရသေလာက္ ဆီက ဘယ္လိုမွ သုံးေကာင္ မေလာက္ႏိုင္ဘူး။ ဟိုႏွစ္ေကာင္ အရင္ေသာက္တာနဲ႔ပဲ ငါ့အလွည့္က်ရင္ ဘာမွကို က်န္မွာမဟုတ္ေတာ့ဘူး။ ခုန္ခ်လိုက္တာ အေကာင္းဆုံးပဲ"

အဲဒီလိုနဲ႔ ဒုတိယေကာင္နဲ႔ တတိယေကာင္က တေကာင္ တေကာင္ ကိုက္ထားတဲ့ အၿမီးေတြကို လႊတ္ခ်လိုက္တယ္။ ၿပီးေတာ့ တၿပိဳင္နက္တည္း ခုန္ခ်လိုက္ၾကေရာ ဆိုပါေတာ့။

ဒီလိုနဲ႔ ႂကြက္သုံးေကာင္စလုံး အိုးေစာက္နက္ႀကီးထဲ က်ေနလိုက္တာ တသက္လုံး သူတို႔ဟာ သူတို႔လည္း မတက္ႏိုင္ဘူး။ ဘယ္သူကမွလည္း လာမကယ္ဘူး။ ေနဝင္းျမင့္