ခွေးစိတ်သည် အမဲရိုးနောက်လိုက်သည်။ မျောက်စိတ်သည် ဟိုပင် သည်ပင်ကူးသည်။ အတိုဆုံးနှင့် အထိရောက်ဆုံး ဆောင်ပုဒ်လေးတခု ဖြစ်သည်။ ထိုဆောင်ပုဒ်ကို ဇင်ဝါဒတွင် တရားပြရာ၌ အသုံးပြုကြောင်း သိရသည်။ YouTube ပေါ်တွင် ခွေးပြိုင်ပွဲတခုကို ကြည့်ရသည်။ ခွေးတအုပ်သည် အမဲရိုးနောက်ကို အသေအလဲ လိုက်နေကြသည်။ ခွေးပြိုင်ပွဲကိုကြည့်ပြီး အလောင်းအစားလုပ်သူတွေက လုပ်နေကြသည်။ ဘယ်ခွေး တစ်ချိတ်မည်နည်း။

ခွေးဆိုသည်ကား တစ်တွေ၊ နှစ်တွေ၊ သုံးတွေ မသိ။ ပထမ၊ ဒုတိယ၊ တတိယဆိုသည်ကို နားမလည်။ အမဲရိုးကို ရှေ့က ယူပြေးရာနောက်ကို တကောက်ကောက် လိုက်ဟပ်ကြမည်သာ ဖြစ်သည်။ ပိုဆိုးသည်ကား ထိုခွေးတိရစ္ဆာန်တွေသည် အမဲရိုးမှာ အစစ်မဟုတ် ဆိုသည်ကို မသိခြင်းဖြစ်သည်။ အမဲရိုး အတုကိုပင် သေကောင်ပေါင်းလဲ လိုက်ဖမ်းနေကြသော အစစ်မှန်း အတုမှန်း နားမလည်သည့် ခွေးတွေလည်း ရှိနေသည်။

ခွေးဆိုသည်မှာ သူနှင့်ရင်းနှီးသည့် အရာမှန်သမျှကို အတုဖြစ်စေ၊ အစစ်ဖြစ်စေ လက်ခံတတ်သည့်သဘော ရှိသည်ဟုဆိုသည်။ ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းဆိုသည်မှာ စိတ်နှင့်သာ ဆိုင်သည်။ ခွေးတကောင်သည် သူတခုခုကို နှစ်သက်မိပြီဆိုလျှင် ထိုနှစ်သက်မိသည့်အရာကိုသာ အသေစွဲကာ မှတ်ထားတတ်သည်။

ထို့ကြောင့် အမဲရိုးကို နှစ်သက်အောင် လုပ်ထားလိုက်လျှင် ထိုခွေးသည် သူ့အမြင်အာရုံတွင် ပေါ်လာသည့် အမဲရိုးမှာ အစစ်ဖြစ်စေ၊ ပလတ်စတစ် အမဲရိုးဖြစ်စေ ထိုအရာအပေါ်တွင်သာ စွဲလမ်း မြတ်နိုး ခုံမင်ခြင်း ဖြစ်တတ်သည်။ ထို့ကြောင့် ခွေးတကောင်ကို ကိုယ့်အပေါ် သစ္စာရှိစေချင်လျှင် သူ့စိတ်ထဲတွင် တခုခုကို စွဲနေအောင် လုပ်ပေးထားလိုက်ရန်သာ ဖြစ်သည်။

ငါ့သခင်မှ ငါ့သခင် ဖြစ်နေစေချင်လျှင်၊ ထိုသခင်သည် သူမှသူ ဖြစ်နေစေရန် ကောင်းစွာ လေ့ကျင့်သင်ကြား ပေးထား၍ ရနိုင်သည်။ ခွေးသည် အစွဲအလမ်း ကြီးသည်။ ထိုသဘောကို နားလည်ထားလျှင် ခွေးကိုကောင်းစွာ လေ့ကျင့်သင်ကြားပေးထား၍ ရသည်။

လူတွေက စိတ်ကို မျောက်နှင့်လည်း တင်စားလေ့ ရှိပါသည်။ မျောက်စိတ်ဟု ဆိုလိုက်လျှင် တည်ငြိမ် ငြိမ်သက်ခြင်းမရှိ။ ဟိုပင်သည်ပင်ကူးချင်သည့် စိတ်ရှိသူဟု ဆိုလိုရင်းဖြစ်သည်။ မျောက်စိတ်သည် အမြဲ ပြောင်းလဲ လှုပ်ရှားနေတတ်သည်။ ထို့ပြင် မျောက်စိတ်သည့် ခန့်မှန်းရခက်လှသည်။ အယဉ်ထက် အရိုင်းဘက်ကို အားသန်သည့် ဖျက်လိုဖျက်ဆီးများသော စိတ်မျိုးလည်း ဖြစ်သည်။

ဇင်သဘောတရားတွင် တရားထိုင်ခိုင်းလျှင် ခွေးစိတ်လိုမျိုး အစွဲကိုလည်း ဖြုတ်ခိုင်းသည်။ မျောက်စိတ်လိုမျိုး အလှုပ်ကိုလည်း တည်ငြိမ်အောင် ကျင့်ခိုင်းသည်။ ခွေးစိတ်နှင့် မျောက်စိတ် ရှိနေသမျှ တရားမရနိုင်ဟု ဆိုသည်။ တရားထိုင်ခြင်းသည် အစွဲလည်းဖြုတ်၊ အတွေးတွေကိုလည်း ဖြုတ်ရသည့် အလုပ်တခု ဖြစ်သည်။ စိတ်ကို မည်သူကမျှ ခွေးကဲ့သို့ ဦးဆောင်ပြီး ကြိုးဖြင့် ဆွဲသွားခြင်း၊ ထိန်းထားခြင်းကို လက်မခံသလို၊ မျောက်ကို ငြိမ်စေရန် ဆိုကာ လှောင်အိမ်ထဲ ထည့်ထားခြင်းမျိုးကိုလည်း လက်မခံပေ။

စိတ်သည် မိမိကိုယ်က ဖြစ်လာသည့်အတွက် ထိုစိတ်ကို နှောင်ကြိုးမလို၊ လှောင်အိမ်မလို ကိုယ်တိုင်ကပင် ထိန်းသိမ်းနိုင်ရမည်ဟု ဆိုလိုပါသည်။ ခွေးသည် သခင်အပေါ် သစ္စာရှိသည်။ ကိုယ့်ကို အစာကျွေးသည့် သခင်၏လက်ကို ပြန်ကိုက်လေ့ မရှိဟု ဆိုသည်။

ခွေးဆိုသည့်မျိုးမှာ အခြားအားကိုးရာ မရှိလျှင် ထမင်းကျွေးသည့် သခင်ဆီသို့သာ ပြန်လာတတ်သည်။ ထို့ကြောင့် အနှောင်အဖွဲ့ ခံရမည်ကို သိသိနှင့် ချည်တိုင်ဆီသို့ ပြန်နေသော ခွေးစိတ်မျိုး မထားရန်လိုသည်ဟု ဇင်ဝါဒတရားက ပြဆိုထားသည်ကို တွေ့ရသည်။ တရားသဘောဖြင့်သာ ရှုဖတ်ကြစေလိုပါသည်။ (Ref: Doggy Mind and Monkey Mind) တင်ညွန့်

Zawgyi

ေခြးစိတ္ႏွင့္ ေမ်ာက္စိတ္

ေခြးစိတ္သည္ အမဲ႐ိုးေနာက္လိုက္သည္။ ေမ်ာက္စိတ္သည္ ဟိုပင္ သည္ပင္ကူးသည္။ အတိုဆုံးႏွင့္ အထိေရာက္ဆုံး ေဆာင္ပုဒ္ေလးတခု ျဖစ္သည္။ ထိုေဆာင္ပုဒ္ကို ဇင္ဝါဒတြင္ တရားျပရာ၌ အသုံးျပဳေၾကာင္း သိရသည္။ YouTube ေပၚတြင္ ေခြးၿပိဳင္ပြဲတခုကို ၾကည့္ရသည္။ ေခြးတအုပ္သည္ အမဲ႐ိုးေနာက္ကို အေသအလဲ လိုက္ေနၾကသည္။ ေခြးၿပိဳင္ပြဲကိုၾကည့္ၿပီး အေလာင္းအစားလုပ္သူေတြက လုပ္ေနၾကသည္။ ဘယ္ေခြး တစ္ခ်ိတ္မည္နည္း။

ေခြးဆိုသည္ကား တစ္ေတြ၊ ႏွစ္ေတြ၊ သုံးေတြ မသိ။ ပထမ၊ ဒုတိယ၊ တတိယဆိုသည္ကို နားမလည္။ အမဲ႐ိုးကို ေရွ႕က ယူေျပးရာေနာက္ကို တေကာက္ေကာက္ လိုက္ဟပ္ၾကမည္သာ ျဖစ္သည္။ ပိုဆိုးသည္ကား ထိုေခြးတိရစာၦန္ေတြသည္ အမဲ႐ိုးမွာ အစစ္မဟုတ္ ဆိုသည္ကို မသိျခင္းျဖစ္သည္။ အမဲ႐ိုး အတုကိုပင္ ေသေကာင္ေပါင္းလဲ လိုက္ဖမ္းေနၾကေသာ အစစ္မွန္း အတုမွန္း နားမလည္သည့္ ေခြးေတြလည္း ရွိေနသည္။

ေခြးဆိုသည္မွာ သူႏွင့္ရင္းႏွီးသည့္ အရာမွန္သမွ်ကို အတုျဖစ္ေစ၊ အစစ္ျဖစ္ေစ လက္ခံတတ္သည့္သေဘာ ရွိသည္ဟုဆိုသည္။ ႀကိဳက္ျခင္း၊ မႀကိဳက္ျခင္း၊ ႏွစ္သက္ျခင္း၊ မႏွစ္သက္ျခင္းဆိုသည္မွာ စိတ္ႏွင့္သာ ဆိုင္သည္။ ေခြးတေကာင္သည္ သူတခုခုကို ႏွစ္သက္မိၿပီဆိုလွ်င္ ထိုႏွစ္သက္မိသည့္အရာကိုသာ အေသစြဲကာ မွတ္ထားတတ္သည္။

ထို႔ေၾကာင့္ အမဲ႐ိုးကို ႏွစ္သက္ေအာင္ လုပ္ထားလိုက္လွ်င္ ထိုေခြးသည္ သူ႔အျမင္အာ႐ုံတြင္ ေပၚလာသည့္ အမဲ႐ိုးမွာ အစစ္ျဖစ္ေစ၊ ပလတ္စတစ္ အမဲ႐ိုးျဖစ္ေစ ထိုအရာအေပၚတြင္သာ စြဲလမ္း ျမတ္ႏိုး ခုံမင္ျခင္း ျဖစ္တတ္သည္။ ထို႔ေၾကာင့္ ေခြးတေကာင္ကို ကိုယ့္အေပၚ သစၥာရွိေစခ်င္လွ်င္ သူ႔စိတ္ထဲတြင္ တခုခုကို စြဲေနေအာင္ လုပ္ေပးထားလိုက္ရန္သာ ျဖစ္သည္။

ငါ့သခင္မွ ငါ့သခင္ ျဖစ္ေနေစခ်င္လွ်င္၊ ထိုသခင္သည္ သူမွသူ ျဖစ္ေနေစရန္ ေကာင္းစြာ ေလ့က်င့္သင္ၾကား ေပးထား၍ ရႏိုင္သည္။ ေခြးသည္ အစြဲအလမ္း ႀကီးသည္။ ထိုသေဘာကို နားလည္ထားလွ်င္ ေခြးကိုေကာင္းစြာ ေလ့က်င့္သင္ၾကားေပးထား၍ ရသည္။

လူေတြက စိတ္ကို ေမ်ာက္ႏွင့္လည္း တင္စားေလ့ ရွိပါသည္။ ေမ်ာက္စိတ္ဟု ဆိုလိုက္လွ်င္ တည္ၿငိမ္ ၿငိမ္သက္ျခင္းမရွိ။ ဟိုပင္သည္ပင္ကူးခ်င္သည့္ စိတ္ရွိသူဟု ဆိုလိုရင္းျဖစ္သည္။ ေမ်ာက္စိတ္သည္ အၿမဲ ေျပာင္းလဲ လႈပ္ရွားေနတတ္သည္။ ထို႔ျပင္ ေမ်ာက္စိတ္သည့္ ခန႔္မွန္းရခက္လွသည္။ အယဥ္ထက္ အ႐ိုင္းဘက္ကို အားသန္သည့္ ဖ်က္လိုဖ်က္ဆီးမ်ားေသာ စိတ္မ်ိဳးလည္း ျဖစ္သည္။

ဇင္သေဘာတရားတြင္ တရားထိုင္ခိုင္းလွ်င္ ေခြးစိတ္လိုမ်ိဳး အစြဲကိုလည္း ျဖဳတ္ခိုင္းသည္။ ေမ်ာက္စိတ္လိုမ်ိဳး အလႈပ္ကိုလည္း တည္ၿငိမ္ေအာင္ က်င့္ခိုင္းသည္။ ေခြးစိတ္ႏွင့္ ေမ်ာက္စိတ္ ရွိေနသမွ် တရားမရႏိုင္ဟု ဆိုသည္။ တရားထိုင္ျခင္းသည္ အစြဲလည္းျဖဳတ္၊ အေတြးေတြကိုလည္း ျဖဳတ္ရသည့္ အလုပ္တခု ျဖစ္သည္။ စိတ္ကို မည္သူကမွ် ေခြးကဲ့သို႔ ဦးေဆာင္ၿပီး ႀကိဳးျဖင့္ ဆြဲသြားျခင္း၊ ထိန္းထားျခင္းကို လက္မခံသလို၊ ေမ်ာက္ကို ၿငိမ္ေစရန္ ဆိုကာ ေလွာင္အိမ္ထဲ ထည့္ထားျခင္းမ်ိဳးကိုလည္း လက္မခံေပ။

စိတ္သည္ မိမိကိုယ္က ျဖစ္လာသည့္အတြက္ ထိုစိတ္ကို ေႏွာင္ႀကိဳးမလို၊ ေလွာင္အိမ္မလို ကိုယ္တိုင္ကပင္ ထိန္းသိမ္းႏိုင္ရမည္ဟု ဆိုလိုပါသည္။ ေခြးသည္ သခင္အေပၚ သစၥာရွိသည္။ ကိုယ့္ကို အစာေကြၽးသည့္ သခင္၏လက္ကို ျပန္ကိုက္ေလ့ မရွိဟု ဆိုသည္။ ေခြးဆိုသည့္မ်ိဳးမွာ အျခားအားကိုးရာ မရွိလွ်င္ ထမင္းေကြၽးသည့္ သခင္ဆီသို႔သာ ျပန္လာတတ္သည္။ ထို႔ေၾကာင့္ အေႏွာင္အဖြဲ႕ ခံရမည္ကို သိသိႏွင့္ ခ်ည္တိုင္ဆီသို႔ ျပန္ေနေသာ ေခြးစိတ္မ်ိဳး မထားရန္လိုသည္ဟု ဇင္ဝါဒတရားက ျပဆိုထားသည္ကို ေတြ႕ရသည္။ တရားသေဘာျဖင့္သာ ရႈဖတ္ၾကေစလိုပါသည္။ (Ref: Doggy Mind and Monkey Mind) တင္ၫြန႔္