ကမ္ဘာပေါ်မှာ မိခင် ဆိုတာ တယောက်တည်းသာ ရှိပါတယ်။ ဒါပေမယ့် မိခင်နဲ့ တူတဲ့ အမျိုးသမီး တယောက်ကို သင့်ရဲ့ ဇနီး အဖြစ် သော် လည်းကောင်း၊ ချစ်သူအဖြစ် သော်လည်းကောင်း ရရှိ ပိုင်ဆိုင်ထားတယ် ဆိုရင် အလွန်တရာမှ ကံကောင်း ပါပေတယ်။

(၁) စိတ်ပူတတ်ခြင်း

တစုံတခု ဆိုရင် မိခင် တယောက်လို စိတ်ပူပန် တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန် တတ်ကြပါတယ်။ သူတို့ရဲ့ အိမ်ထောင်ဘက်မှာ တစုံတခု ဖြစ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင် တယောက်နဲ့ အလားသဏ္ဍန် တူပါပေတယ်။

(၂) ကြင်နာ ယုယ မြတ်နိုးတတ်ခြင်း

အချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ် ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တခါတလေ အတိုင်းအထက် အလွန် ဖြစ်နေတတ် ပါတယ်။ ထိုသူတို့ဟာလည်း မိခင် တယောက် သားသမီးအပေါ် ကြင်နာ၊ ယုယ မြတ်နိုးခြင်းတွေနဲ့ ဆင်တူ ပါပေတယ်။

(၃) အခက်အခဲတွေကို ကူညီဖြေရှင်းပေးခြင်း

မိမိရဲ့ ခင်ပွန်းမှာ အခက်အခဲ ဖြစ်နေပြီ ဆိုရင် အားပေး နှစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေး တတ်ကြတဲ့ အမျိုးသမီးတွေလည်း များစွာ ရှိပါတယ်။

(၄) ပေးဆပ်မှုနဲ့ ချစ်ခြင်း

မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ ရယူလိုစိတ် လုံးဝ မပါ ပါဘူး။ ဒီလိုပဲ မိခင်နဲ့ တူတဲ့ အမျိုးသမီးတွေ ဟာလည်း မိမိရဲ့ အိမ်ထောင်ဘက် အမျိုးသား အပေါ်မှာ ရယူလိုစိတ် မရှိဘဲ ပေးဆပ်မှုနဲ့ ချစ်ကြပါတယ်။

(၅) စိတ်ညစ်ခြင်းတွေကို ဖယ်ရှားပေးခြင်း

မိမိရဲ့ ခင်ပွန်း တစုံတခုကြောင့် စိတ်ထိခိုက် နေမယ် ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မှုတွေကို ဖယ်ရှားပေး နိုင်အောင် ကြိုးစားတတ်ကြတယ်။ မိခင်နဲ့ တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေရင် သူတို့လည်း မပျော်တတ် ကြပါဘူး။ Crd

for zawgyi

မိခင်နဲ့တူသော မိန်းမကို ရှာပါ