ယောက်ျားတယောက် အိမ်ထောင်ကျပြီးတဲ့ နောက်မှာ သူ့ရဲ့သိက္ခာ၊ သူ့ရဲ့ အောင်မြင်မှု၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ချင်ရင် သူ့ဘေးက ဇနီးသည်ကို ကြည့်ပါ။

ဘေးက ဇနီးသည်ဟာ အပျိုဘဝကထက် အရောင်မှိန်သွားတယ်၊ ပျော်ရွှင်မနေဘူး ပင်ပန်းနေမယ်၊ ပိုသီဖတ်သီ ပိုဖြစ်လာတယ်ဆိုတာ လင်ယောင်္ကျားက စီးပွားရှာရာမှာ၊ အိမ်ထောင့်အရေးမှာ ညံ့ဖျင်းလို့ ဖြစ်တယ်။

သူများသားသမီးကို လက်ထပ်ယူတယ်ဆိုတာ သူ့မိဘက ချစ်ပေးနိုင်သလို စောင့်ရှောက်ပေးနိုင်သလို တာဝန်ယူနိုင်မှ လက်ထပ်ပါ။ လေကြီးလေကျယ် ပြောတတ်ရုံနဲ့ အိမ်ထောင်တခုက ပြည့်စုံသွားတာ မဟုတ်ပါဘူး။

သားသမီး ဘယ်နှစ်ယောက်ရရ၊ ကလေးဘယ်နှစ်ယောက်မွေးမွေး မိန်းမဆိုတာ အလှပြင်ချိန် ကိုယ်ပိုင်အချိန် ရှိကိုရှိရမယ်။ မိန်းမတွေဟာ မိသားစုကို တည်ဆောက်သလို ကိုယ့်ကိုယ်ကိုလည်း တည်ဆောက်ရမယ်။

ယောက်ျားက ဘယ်လောက် တန်ဖိုးကြီးတာတွေ ဝတ်ထားဝတ်ထား၊ ဘေးက မိန်းမက အရောင်မှိန် စုတ်ပြတ်နေရင် အလကားပါပဲ။ လူကြားထဲသွားရင် ဘယ်သူမှ ယောက်ျားကို မကြည့်ဘူး၊ ဘေးက မိန်းမကိုပဲ ကြည့်ပြီး အကဲခတ်ကြတာ။

လင်ယောက်ျားတိုင်း ကိုယ့်ဇနီးသည် ကိုယ့်အိမ်ထောင်ရှင်မကို တန်ဖိုးထားချစ်ခင်ပြီး ဂုဏ်တက်အောင် နေတတ်ကြပါစေ။ ဇနီးသည်တိုင်းလည်း ကိုယ့်ယောက်ျားအပေါ် တာဝန်ကျေသူ ဖြစ်ကြပါစေ။ crd

Zawgyi

ေယာက္်ားေကာင္းမေကာင္း သိခ်င္ရင္ သူ႔မိန္းမကိုၾကည့္

ေယာက္်ားတေယာက္ အိမ္ေထာင္က်ၿပီးတဲ့ ေနာက္မွာ သူ႔ရဲ႕သိကၡာ၊ သူ႔ရဲ႕ ေအာင္ျမင္မႈ၊ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈကို ျမင္ခ်င္ရင္ သူ႔ေဘးက ဇနီးသည္ကို ၾကည့္ပါ။

ေဘးက ဇနီးသည္ဟာ အပ်ိဳဘဝကထက္ အေရာင္မွိန္သြားတယ္၊ ေပ်ာ္႐ႊင္မေနဘူး ပင္ပန္းေနမယ္၊ ပိုသီဖတ္သီ ပိုျဖစ္လာတယ္ဆိုတာ လင္ေယာက်ၤားက စီးပြားရွာရာမွာ၊ အိမ္ေထာင့္အေရးမွာ ညံ့ဖ်င္းလို႔ ျဖစ္တယ္။

သူမ်ားသားသမီးကို လက္ထပ္ယူတယ္ဆိုတာ သူ႔မိဘက ခ်စ္ေပးႏိုင္သလို ေစာင့္ေရွာက္ေပးႏိုင္သလို တာဝန္ယူႏိုင္မွ လက္ထပ္ပါ။ ေလႀကီးေလက်ယ္ ေျပာတတ္႐ုံနဲ႔ အိမ္ေထာင္တခုက ျပည့္စုံသြားတာ မဟုတ္ပါဘူး။

သားသမီး ဘယ္ႏွစ္ေယာက္ရရ၊ ကေလးဘယ္ႏွစ္ေယာက္ေမြးေမြး မိန္းမဆိုတာ အလွျပင္ခ်ိန္ ကိုယ္ပိုင္အခ်ိန္ ရွိကိုရွိရမယ္။ မိန္းမေတြဟာ မိသားစုကို တည္ေဆာက္သလို ကိုယ့္ကိုယ္ကိုလည္း တည္ေဆာက္ရမယ္။

ေယာက္်ားက ဘယ္ေလာက္ တန္ဖိုးႀကီးတာေတြ ဝတ္ထားဝတ္ထား၊ ေဘးက မိန္းမက အေရာင္မွိန္ စုတ္ျပတ္ေနရင္ အလကားပါပဲ။ လူၾကားထဲသြားရင္ ဘယ္သူမွ ေယာက္်ားကို မၾကည့္ဘူး၊ ေဘးက မိန္းမကိုပဲ ၾကည့္ၿပီး အကဲခတ္ၾကတာ။

လင္ေယာက္်ားတိုင္း ကိုယ့္ဇနီးသည္ ကိုယ့္အိမ္ေထာင္ရွင္မကို တန္ဖိုးထားခ်စ္ခင္ၿပီး ဂုဏ္တက္ေအာင္ ေနတတ္ၾကပါေစ။ ဇနီးသည္တိုင္းလည္း ကိုယ့္ေယာက္်ားအေပၚ တာဝန္ေက်သူ ျဖစ္ၾကပါေစ။ crd